Sunday, November 28, 2010

တစ်စုံတစ်ရာသော အပိုင်းအခြားဟူ၍ သတ်မှတ်ရန် မရှိသည့် နတ္တိလောက မှသည် အလုံးစုံသော ပိုင်းခြားမှုတို့ ဖြစ်ထွန်းရာ အနန္တစကြာဝဠာဆီသို့ (၂)


ဗုဒ္ဓဘာသာ နှင့် အာဒိဝေဒ ဝေဒန္တတို့၏ ပန်းတိုင်လမ်းဆုံး။ ။

နိဗ္ဗာန် နှင့် မောက္ခသည် အတူတူ ပဲလား ။

ဒေးဗစ်လွိုင်း၏ ပါရဂူဘွဲ့ စာတမ်း။ ။ ဒေါက်တာလွိုင်းထံမှ ခွင့်ပြုချက်ရယူပြီး ရှင်းလင်းစေရန်အလို့ဌာ

မူရင်းထက် အတန်ငယ်ကျယ်ဝန်းပြန်ဆိုပါသည်။


အင်္ဂလိပ်မူရင်း။ ။
Enlightenment in Buddhism and Advaita Vedanta:
Are Nirvana and Moksha the Same?[*]

David Loy



အိန္ဒိယ အတွေးအခေါ်စနစ်နှင့် အနောက်တိုင်း အတွေးအခေါ်စနစ်တို့ ၏ အဓိကခြားနားချက်မှာ အိန္ဒိယ အတွေးအခေါ်စနစ် အားလုံးသည် ပန်းတိုင်လမ်းဆုံး (သို့) လွတ်မြောက်မှုကို တသမှတ်တည်း ညွှန်းဆိုကြပါသည်။

ပန်းတိုင်လမ်းဆုံးကို အိန္ဒိယစနစ် များတွင် ကေဝါရ၊ နိဗ္ဗာန၊
မောက္ခ စသဖြင့် နာမည် အမျိုးမျိုး နှင့် ဖော်ပြကြသော်လည်း ယင်းတို့သည် သဘောတရား အားဖြင့် အံ့သြစဖွယ် နီးစပ်တူညီနေကြောင်း တွေ့ရပေသည်။ အထင်ရှားဆုံး သဘောသွား တူညီမှုမှာ ပန်းတိုင်လမ်းဆုံးဟူသည် ဆင်ခြင်ပိုင်းခြားတတ်သော ဉာဏ်သက်သက်မျှဖြင့်လည်း နားလည်သိမြင်နိုင်ကြောင်း မဟုတ် ဆိုသည့်အချက်ပင် ဖြစ်ပေမည်။ အဘယ်ကြောင့်ဆိုသော် ပန်းတိုင်လမ်းဆုံးသည် အသိသညာတို့၏ မှတ်သားချိတ်ဆက်မှုဖြင့်သာ တွေးခေါ်သိမြင်တတ်သော သိမှုနယ်ပယ်သဘော အသီးသီးကို လွန်မြောက်နေ၍ ဖြစ်သည်။ ဆိုခဲ့သော သဘောအားဖြင့် အိန္ဒိယ စနစ်တို့သည် ပန်းတိုင်အကြောင်းကို တွက်ဆိုရာတွင် အသိသညာ ဒဿနိက သဘောနယ်ပယ် ကို လွန်မြောက်၍ အမှန်တရားနှင့် တသားတည်းကျသွားသည့် အခြေအနေတစ်ခုအဖြစ် ဖွင့်ဆိုကြပါသည်။


ဤစာတမ်းသည် အိန္ဒိယစနစ်တို့ဝယ် အငြင်းပွားမှု အဖြစ်ဆုံးဖြစ်သည့် ပန်းတိုင်လမ်းဆုံးကို ရောက်ခဲ့လျှင် ဘာဖြစ်သွားသလဲ ဆိုသည့် ပုစ္ဆာကို သုံးသပ်ဖို့ ရည်ရွယ်ပါသည်။ ပန်းတိုင်လမ်းဆုံးကို မျက်မှောက်ပြုသော အတွေ့ အကြူံသည် စစ်ဆေးသိရှိနိုင်သော အရာမဟုတ်ပေမယ့် သေချာဃဏ သုံးသပ်ဖို့ အလိုအပ်ဆုံး သဘောတရားဖြစ်သည်။ နိဗ္ဗာန်ဟူသည် လောကုတ္တရာစနစ် အားလုံး၏ ချိုးကွေ့ရာ လမ်းဆုံတံခါး ဖြစ်သလို လောကဆိုတာ ဘာလဲဆိုသည့် တကယ့်သစ္စာတရားကို ယုံမှားမှုကင်းစွာဖြင့် မျက်ဝါးထင်ထင် မြင်တွေ့ခွင့် ရခြင်း ဟူသည့် ကိစ္စပြီးဆုံးမှုလည်း ဖြစ်သည်။ ပန်းတိုင်လမ်းဆုံးနှင့် စပ်လျဉ်းပြီး သမ်ခယ-ယောဂ စနစ်၊ ရှေးဦး ဗုဒ္ဓဝါဒ စနစ်၊ ဂုရု သျှမ်ခယ၏ အာဒိဝေဒ ဝေဒန္တစနစ် ဟူသော အရေးပါသည့် အိန္ဒိယစနစ် သုံးမျိုးကို ကျွနု်ပ် သုံးသပ်ပြဆိုသွားပါမည်။


ကျွန်ုပ်၏ ပါရဂူကျမ်းက အဓိကတင်မည့် ဝါဒမှာ ပန်းတိုင်လမ်းဆုံးဟူသည် သညာဖြင့် သိအပ်သော သိမှုနယ်ပယ်မှ လွန်မြောက်နေခြင်းဟု ယင်းဝါဒအားလုံးက ဝန်ခံထားပါလျှင် ယင်းကွဲပြားသည့် စနစ်များသည် တစ်ခုတည်းသော အတွေ့အကြုံကို ရည်ညွှန်းနေတာ ဖြစ်နေမလားဟူသည့် အယူအဆဖြစ်ပါသည်။ ထိုကဲ့သို့ သံသယဖြစ်ဖို့ ဆိုတာ ခဲယဉ်းလှသည်တော့ မဟုတ်။ စနစ်တစ်ခုစီက မတူသောသီးသန့် အတွေ့ အကြုံတစ်ခုစီကို ညွှန်းဆိုနေတာလည်း ဖြစ်ကောင်းဖြစ်လိမ့်မည်။သို့ပေမယ့် ပိုပြီးဖြစ်နိုင်ချေများတာက မတူညီသော လောကုတ္တရာ တက္ကစနစ်တို့သည် ကွဲပြားသော အမြင်ဖြင့် တစ်ခုတည်းသော အတွေ့အကြုံ၏ အပြားပြားသော သဘာဝကို မိမိရူဒေါင့်ဖြင့် မိမိဖွင့်ဆိုပြနေခြင်း ပိုဖြစ်နိုင်သည်။ ဥပမာ အားဖြင့် သမ်ခယစနစ်၏ ပန်းတိုင်လမ်းဆုံးဖြစ်သည့်  နှောင်ကြိုးအားလုံးကို ဖြတ်ပြစ်ပြီးနောက် တစ်ခုထီးထီးသာ ကျန်နေခြင်း ဆိုသည့် ကေဝါရ သည် ရုပ်နာမ်ခန္ဓာတည်းဟူသောလောက (ဝါ) ပရခရတိ နှင့် ရောယှက်သိမြင် နေခြင်းမှ လွတ်မြောက်ပြီး ပရခရတိမှ လုံးဝသီးခြားဖြစ်သည့် အသိဓာတ်သဘာဝသက်သက်သာ ဖြစ်သော ပူရုရှား ကို ပြန်လည်သက်ဆင်း သိမြင်ခြင်း ဖြစ်သည်။(အဆိုပါ ဥပမာကို ပြဆိုခဲ့သော်ငြား) ဤစာတမ်းမှနေ၍ လောကုတ္တရာစနစ်တို့၏ ကွဲပြားနေမှုကို စေ့စပ်ညိုနိုင်းပေးရန် ရည်ရွယ်ရင်းမရှိ။ လောကသစ္စာကို ဖွင့်ဆိုဖို့ ကြိုးပမ်းသော ဤစနစ်တို့တွင် ဘယ်လိုမှစေ့စပ်ပေးဖို့ရန် မတတ်သာရာသော ကွဲပြားနေမှုများရှိနေပါသည်။ သမ်ခယစနစ်သည် မာယာကိုပြုသော အရှိလောကနှင့် သိတတ်မှုကိုပြုသော ပကတိသိစိတ် ဆိုသည့် နှစ်ခုကွဲပြားခြင်း
အယူအဆပေါ်တွင် အခြေပြုတည်ဆောက်ထားသည်။ ရှေးဦးဗုဒ္ဓဘာသာသည် သီးခြားဖြစ်သော ဓမ္မဓာတုတို့၏ သတ္တိသဘာဝအသီးသီးတို့ ကွဲပြားခြင်း အယူအဆပေါ်တွင် အခြေပြုတည်ဆောက်ထားသည်။ အာဒိဝေဒ ဝေဒန္တကတော့ တသားတည်းသော
လောက အလုံးစုံ ဆိုသော အန္တိမဗြဟ္မာစနစ်ကို အခြေပြုတည်ဆောက်ထားသည်။ ဤစာတမ်း၏ ရည်ရွယ်ရင်းမှာ အမှန်တရား၏ သဘောကို ဖွင့်ဆိုရှင်းပြမှုတို့ ဤကဲ့သို့ မတူညီသော်ငြား ပန်းတိုင်လမ်းဆုံးတွင် ဖြစ်ပွားသည့် တစ်မျိုးတည်းသော အတွေ့အကြုံကို ယင်းဝါဒတို့သည် မတူညီသော စနစ်ရူဒေါင့်တို့မှ ဖွင့်ဆိုပြနေသလားဆိုသည့် အချက်ဖြစ်ပါသည်။


ပြဆိုခဲ့သော စနစ်သုံးခုသည် လောကုတ္တရာ ဝါဒအမျိုးမျိုးထဲတွင် အထင်ရှားဆုံးအတန်းမှာ ပါဝင်ပါသည်။ အိန္ဒိယစနစ်အားလုံးကို ဤသုံးခုက ကိုယ်စားပြုနေသည် ဟုလည်း ယူမှတ်နိုင်သည်။ ထို့ပြင်မစွ ၎င်းတို့သည် (အနောက်တိုင်း) အတွေးအခေါ်ဗေဒ၏ ဆယ့်နှစ်ရာသီပင်ပုစ္ဆာဖြစ်သော သိခြင်းကိုပြုသောအရာနှင့် အသိခံရသောအရာ နှစ်ခု၏ ဆက်နွယ်မှုဆိုတာ ဘာလဲဆိုသည်ကို ရှင်းပြဖို့ကြိုးစားသည့် သိမှတ်ထိုက်ဖွယ် နည်းပရိယာယ်ကွဲများလည်း ဖြစ်သည်။


*ဤစာတမ်းသည် စင်ကာပူနိုင်ငံ အမျိုးသားတက္ကသိုလ်သို့ တင်သွင်းမည့် နှစ်ခုဟူ၍ ကွဲပြားမှုမရှိ အမည်ရသည့် ပါရဂူဘွဲ့စာတမ်း၏ အစိတ်အပိုင်းတစ်ခုဖြစ်ပါသည်။ ကျွန်ုပ်၏ လုပ်ဖော်ကိုင်ဖက် ဒေါက်တာ ရောဘတ်စတက်ကာမှနေ၍ အလွန်အသုံးတည့်သည့် အကြံဉာဏ်များဖြင့် ရှေ့ပိုင်း အကြမ်းတည်းဖြတ်မှုများတွင် ကူညီခဲ့ပါသည်။

သမ်ခယ-ယောဂ သည် သိခြင်းကိုပြုသောအရာနှင့် အသိခံရသောအရာ ဟူပြီး နှစ်ခုကွဲပြားမှု ဝါဒအားလုံးတို့၏ ရှေးဦးအကျဆုံး၊အခြေခံ အကျဆုံး၊ နှင့် အပြင်းထန်ဆုံး မူရင်းဝါဒ ဖြစ်တန်ရာသည်။ သမ်ခယယောဂတွင် ပကတိသိစိတ် (ပူရုရှား)နှင့် တည်ရှိသော လောက (ပရခရတိ) အရာနှစ်ခုမှာ အလွန်အကျွံ ကွဲပြားရကား ၄င်းတို့ နှစ်ခုကြားတွင် ဆက်သွယ်မှုလည်းမရှိ ပူးပေါင်းဆောင်ရွက်ခြင်းလည်းမရှိ။ (သိခြင်းဟူသော မူလဘူတဓာတ်သည် လည်းကောင်း အသိခံရသော လောကဓာတ်သည် လည်းကောင်း မိမိပင်ကိုယ်အစွမ်းအားဖြင့်သာ သီးသန့် လွတ်လပ်စွာရပ်တည်သော ဓါတ်များဖြစ်သည်ဟု ဆိုလိုသည်။)

ရှေးဦးဗုဒ္ဓဘာသာ သည်
သိခြင်းကိုပြုသောအရာနှင့် အသိခံရသောအရာ နှစ်ခုလုံးကို (ပဌာန်းဆက်) တစ်ဆက်တည်း အဖြစ် ပေါင်းစည်းလိုက်ပါသည်။ သိခြင်းဟူသော သဘောသည် အကြောင်းရင်းတို့ကို ထောက်တည်၍သာ ဖြစ်ရသည်။ မိမိဟုထင်ခြင်းသည် ခန္ဓာငါးပါးတည်းဟူသော
ဥပါဒါန်အာရုံတို့၏ လှည့်ပတ်မှုကို အမှန်ထင်သည့် သဘောသက်သက်သာ ဖြစ်သည်။ (လောကကို) ရူံ့ပစ်လိုက် သည်မှာ မိမိသည် တကယ်တော့ ဘာမှမရှိ အနှစ်မရှိ ဗလာဟင်းလင်းသာ ဖြစ်သည်။ ဘာမှမရှိခြင်းသည်လည်း တစ်စုံတစ်ခုသော ကွက်လပ် ဖြစ်ကျန်နေသည်မဟုတ်။ မိမိဟူ၍ သတ်မှတ်၍ရသော အရာဟူ၍ လုံးဝဥဿုံ မရှိကိုမရှိခြင်း အနှစ်ရှိသည့် အရာဟူပြီး ရှိကိုမရှိခြင်း အရာ ဆို၍ မရှိခြင်းဖြစ်သည်။

အာဒိဝေဒ ဝေဒန္တဂိုဏ်းကတော့ အသိခံရသောအရာနှင့် သိမှုကိုပြုသောအရာကို တစ်သားတည်း ပေါင်းစည်းပစ်လိုက်ပါသည်။ ဗြဟ္မာ၏ အပြင် တစ်ခြားတစ်စုံတစ်ရာ ဟူ၍မရှိ။ ဗြဟ္မာသည် နောက်ထပ်တစ်ဦးထပ်မရှိခြင်း ဟူသော လောကသစ္စာ ဖြစ်ပါသည်။ ဗြဟ္မာသည် နှစ်ခုမကွဲပြားသော၊ မိမိကိုယ်တိုင် ပြိုးပြက်ထွန်းလင်းသော တစ်ခုတည်းသော အသိအလင်းဖြစ်သည့် အတွက် လောကတစ်ခုလုံးသည် ဗြဟ္မာ၏ အသွင်အပြင်မျှသာဖြစ်ပြီး အရာအားလုံးသည် ယင်းအသိအလင်း အတ္တ (ဗြဟ္မာ) တစ်ခုတည်း သက်သက်သာ ဖြစ်သည် ဟု ယူပါသည်။

မှတ်သားထိုက်သည်မှာ နှစ်ခုကွဲပြားခြင်းဟူသော ဝေါဟာရသည် သိမှုကိုပြုသောအရာနှင့် အသိခံရသောအရာဟူ၍ ကွဲပြားခြင်းကိုဆိုလိုသလို ငါဟူသောအရာနှင့် ငါမဟူသောအရာ ဟူပြီး ကွဲပြားခြင်းကိုလည်း ဆိုလိုပါသည်။ ဤ နှစ်ခုကွဲပြားခြင်း မူကွဲများသည် တစ်ထပ်တည်းမကျ။ သို့သော် သဘောသွားအားဖြင့် နီးစပ်ဆင်တူမှု ရှိသည်။ ကျွန်ုပ်တို့ ဆက်လက်စူးစမ်းလေ့လာမည့် ကိစ္စများအတွက် ဤမူကွဲများကို သဘောအားဖြင့် အတူတူအဖြစ်သာ သတ်မှတ်ပြီး သုံးသပ်စဉ်းစားသွားမည် ဖြစ်သည်။

သမ်ခယ-ယောဂ သည် လောကကို စနစ်နှစ်ခုဟု ပိုင်းခြားပြီးမြင်သည်။ ယင်းပိုင်းခြားထားသော စနစ်နှစ်ခုသည် ထပ်တူနီးပါးမျှ ကျနေသဖြင့် ယင်းတို့ကို မကြာခဏ တစ်ခုတည်းအဖြစ်လည်း ပေါင်းစည်းပစ်လေ့ရှိသည်။ ယင်းတို့သည် နှစ်ခုဟူ၍ ကွဲပြားခြင်း စနစ်နှင့် အကြုံးဝင်သည်။ အဘယ်ကြောင့်ဆိုသော် လောကသစ္စာသည် ပြောင်းလဲမှုမရှိ စင်ကြယ်သော၊ သိတတ်ခြင်းကို ပြုအပ်သော မူလဝတ္ထု ပူရုရှား နှင့် ပူရုရှားမှ အခြားဖြစ်သည့် အလုံးစုံသော သဘာဝလောကဓာတ်တည်းဟူသော ပရခရတိ အခြေခံသဘောတရားနှစ်ခုအပေါ်တွင် အခြေပြုတည်ဆောက်ထားသည် ဟု သမ်ခယ-ယောဂက ယူသည်။ ဤဝါဒကို ပြင်သစ်အတွေးအခေါ်ရှင် ဒက်ကားတီး၏ နှစ်ခုကွဲပြားမှု ကာတီးစီယန်းဝါဒနှင့် မမှားဖို့လိုသည်။ သမ်ခယက တင်ဆိုသော ပရခရတိ (ဝါ) လောကသည် ရုပ်တရား နာမ်တရား ဖြစ်စဉ် အားလုံးပါဝင်သည်။ ပူရုရှားသည် သိမှုကိုပြုသော အရာသက်သက်မျှသာ ဖြစ်ပြီး ယင်းမှပြုအပ်သော အရာဟူ၍ မရှိ (ထို့ကြောင့် ငါသည် စဉ်းစားတတ်မှုရှိ၍ စဉ်းစားသောသူ ငါရှိသည် ဟူသော ကားတီးစီယန်းဝါဒ နှင့် လုံးဝကွဲပြားသွားသည်။) ။ သို့သော် လောကတစ်ခွင်လုံးသည် ပူရုရှားကို အမှီပြု၍သာ ဖြစ်ပေါ်ရသည်။ အဝိဇ္ဇာပိတ်မှောင်နေသော အခြေအနေတွင် ကျွန်ုပ်တို့သည် ပူရုရှားနှင့် လောကကို ခွဲခြားပြီးမသိနိုင်။ ပကတိအားဖြင့် သန့်စင်သော ကြေးမုံပြင်တစ်ချပ်သက်သက်သာ ဖြစ်သည့် သိတတ်ခြင်းကို ပြုရုံသာပြုသော မူလဝတ္တုသည် မိမိမှန်မျက်နှာပြင်ပေါ်တွင် ထင်ဟပ်လာသော ပုံရိပ်များကို မှားယွင်းစွာ မိမိအဖြစ် ယူမိသည်။ ထို့ကြောင့် မိမိ မှနေပြီး မိမိ၏ ဟု ချဲ့တွင် လာသော နာမ်တရား ရုပ်တရား နှင့် ပိုင်ဆိုင်မှုကို ဆုပ်ကိုင်စွဲယူ သော အဝိဇ္ဇာသဘာဝများ ဖြစ်ပွားလာရသည်။ သိမှုသက်သက်သာ ဖြစ်သော မူလဝတ္တု ပူရုရှား သည် ထိုသို့ရွေ့လျောဆုတ်ယုတ်(ချဲ့တွင် = ဆုတ်ယုတ်) ရကား ၄င်းသည် မိမိနှင့် လောက၏ ပကတိအားဖြင့် ကွဲပြားနေခြင်းကိုမျှ မသိစွမ်းနိုင်တော့။ အမှန်တော့ ပူရုရှားသည် ပရခရတိ (ဝါ) ချဲ့ထွင်ခြင်းကိုဖြစ်စေသော လောက ကိုယ်၌ ၏ အခြေခံဇစ်မြစ် ဗုဒ္ဓိ ဓါတ်သဘာဝ ဖြစ်သည်။ ယင်းပင်ကို အခြေအနေ ဗုဒ္ဓိသဘာဝတွင် ပူရုရှားသည် ပရခရတိ (လောက) နှင့် မိမိ၏ အကြွင်းမဲ့ ကွဲပြားခြင်းကို ဧကဂတာခေါ် (လောကနှင့်) ရောယှက်မှုမရှိတော့ဘဲ တစ်ခုတည်းသာကျန်ခြင်း၊ အမှီအကြောင်းရင်း ကင်းမဲ့ခြင်း၊ ဥပက္ခာဖြင့် (စွဲလမ်းချဲ့တွင်မှုမရှိဘဲ) သဘာဝလောကကို ရူရုံသက်သက်သာရူခြင်းတည်းဟူသော သတ္တိတို့နှင့်အတူ စင်ကြယ်စွာသိမြင်သည်။

သမ်ခယ-ယောဂ သည် များစွာ ဝေဖန်ခံရပြီး စနစ်၏ ချို့ယွင်းချက်များမှာ ကောင်းစွာပေါ်လွင်ပြီးဖြစ်သည်။ စနစ်၏ အဓိက ဝေဝါးရှုပ်ထွေးမှုမှာ ပူရုရှားနှုင့် ပရခရတိကို ခြားနားသော သီးသန့်ဖြစ်သော တစ်ဖက်စွန်းစီ အဖြစ် ယူရကား ယင်း အခြေခံဝတ္တုနှစ်ခုသည် အတူတကွ ပူးပေါင်းမှု မရှိနိုင်ခြင်းဆိုသော အချက်ဖြစ်သည်။ အခြေခံသဘောတရားနှစ်ခု၏ အညမညဖြစ်စဉ်ကို ဥပမာပေးလေ့ရှိသည်မှာ ခြေကောင်းသော မျက်ကန်းတစ်ယောက်က မျက်စိကောင်းသော ခြေကျိုးဒုက္ခိတ တစ်ဦးကို သယ်ရွက်လာခဲ့ခြင်း ဖြစ်သည်။ ဤဥပမာသည် ဥပမာကောင်းတစ်ခုတော့မဟုတ်။ အဘယ်ကြောင့်ဆိုသော် လူနှစ်ယောက်လုံးသည် သိတတ်နိုင်စွမ်း ရှိနေသော်ငြား ပရခရတိလောကဓာတ် သက်သက်သည် ထိုသို့ သိတတ်နိုင်စွမ်းမရှိ။ သည်ဝိရောဓိကို ခြေကျိုးသည် ဘယ်မှသွားလိုသော ဆန္ဒမရှိရကား (ထိုမသွားလိုသော) သူ့သဘောဆန္ဒအတိုင်းသာ ဘာသာနေပြီး မျက်ကန်းကတော့ သိစိတ်ဟူပြီး လုံးလုံးမရှိဟူပြီး ခင်းပြပါက ဤဥပမာသည် ပိုပြီးဆီလျော်နိုင်သည်။ ပြန်ခင်းပြသော ဥပမာကိစ္စမျိုးတွင် သိသာသည်မှာ ခြေကျိုးနှင့် အကန်းသည် ပူးပေါင်းလိမ့်မည် မဟုတ်။ သို့သော် သမ်ခယ-ယောဂကမူ အနန္တစကြာဝဠာတစ်ခုလုံးသည် ပူရုရှားနှုင့် ပရခရတိ၏ အပြန်အလှန်သက်ရောက်မှု အညမညဖြစ်စဉ်မှသာ ပေါက်ပွားလာခဲ့သည်ဟု ဝါဒကို တင်ပါသည်။

သမ်ခယသည် လောကကို ဖွင့်ဆိုသော လောကုတ္တရာ အယူအဆစနစ်ဖြစ်ပြီး ယောဂမှာ ကေဝါရ(နိဗ္ဗာန်) သို့ လွတ်မြောက်ရာ ကျင့်စဉ်လမ်းဖြစ်သည်။ ယောဂကျင့်စဉ်လမ်းမှ ရှစ်ပါးသော အလေ့အထများသည် ဝေဒန္တနှင့် ဆန့်ကျင်မှု အလျဉ်းမရှိသည်မှာ ထင်ရှားလှစွာသည်။ တကယ်ဆိုလျှင် ယောဂကျင့်စဉ်လမ်းသည် သမ်ခယစနစ်ထက် ဝေဒန္တစနစ်၏ လောကုတ္တရာ အယူအဆနှင့် သာပြီး အံဝင်ဆီလျော်သည်။ ရှစ်ပါးသော အလေ့အထ၏ အမြင့်ဆုံးအဆင့် ဖြစ်သည့် သမာဓိအဆင့်တွင် ယောဂီ၏စိတ်သည် မိမိ၏ အတ္တကို ပယ်နိုင်ပြီး ဈာန်အာရုံသက်သက်မှပြုသော သိစိတ်ဖြင့်သာ တည်သည်။ သို့သော် ဤအဆင့်တွင်ရှိ ယောဂီ၏ အရှိကို အရှိ ပကတိသက်သက် အတိုင်းသာ ရူသော အတွေ့အကြုံ သည် နှစ်ခုကွဲပြားမှုကို ပယ်နိုင်သော အတွေ့အကြုံမျိုး ဖြစ်နေသည်။ တစ်ဖန်အားဖြင့် ယောဂ၏ အမြင့်ဆုံးပန်းတိုင်မှာ ပကတိသော သိမှုသက်သက်ကိုသာ ပြုသောစိတ်သည် ယင်းသိစိတ်မှ ပိုင်းခြားသတ်မှတ်သော အရာအားလုံးနှင့် ခွဲထွက်လာနိုင်ခြင်းဖြစ်သည်။ မှတ်သားအပ်သည်မှာ ယောဂ၏ ယင်း အရှိကိုအရှိ ပကတိအတိုင်းသာ နောက်ဆုံးသိမြင်လေသည့် အတွေ့အကြုံသည် ဝေဒန္တ၏ လမ်းဆုံးပန်းတိုင်ဖြစ်သည့် စကြာဝဠာတစ်ခုလုံးအား အတ္တသက်သက်မျှသာဖြစ်သည် ဟု သိမြင်သွားခြင်းဟူသော အယူအဆနှင့် လွန်စွာ နီးစပ်သွားခြင်းကို ဖြစ်သည်။ (၁)

ကျွန်ုပ်တို့စူးစမ်းလေ့လာမည့် ကိစ္စနှင့် စပ်လျဉ်းပြီး ပူရုရှား၏အထင်ရှားဆုံးအချက်မှာ ဂျိန်းစနစ်၏ ဇီဝ၊ ဝေဒန္တ နှင့် နာယာရ-ဝေသျှီသိက၏ အတ္တကဲ့သို့ ပူရုရှားသည် ထာဝရတည်မြဲပြီး ၎င်း၏ လွတ်မြောက်၍ စစ်မှန်သော အခြေအနေတွင် ၎င်းသည် နေရာအနှံ့ လွှမ်းခြုံတည်ရှိသည် ဟူသောသတ္တိဖြစ်ပါသည်။ ထိုကဲ့သို့ နေရာအနှံ့ ပျံ့နှံ့တည်ရှိမှုသည် ပူရုရှား၏ ထင်ရှားသည့် ဝိသေသလက္ခဏာဖြစ်သည်။ ဤလက္ခဏာကို မဖော်ပြထားပါက ပူရုရှားတည်းဟူသော အမြုတေဓာတ်သည် ခန္ဓာကိုယ်၏ တစ်နေရာရာ ဆိုကြပါစို့ - မျက်လုံးနှစ်လုံး၏ နောက်ဘက်တွင် ကိန်းအောင်းနေသော တိုင်းတာ၍ မရအောင်သေးငယ်သည့် အစက်ကလေးတစ်ခု အဖြစ် မှတ်ယူမိပေလိမ့်မည်။သို့ရာတွင် ပူရုရှား၏ အလုံးစုံပျံ့နှံ့တည်ရှိမှုကို ဝါဒတင်မိသော သမ်ခယစနစ်သည် စောဒနာပြုသော ပုစ္ဆာတစ်သီတစ်တန်းနှင့် ရင်ဆိုင်ရပါတော့သည်။ တစ်ခုနှင့်တစ်ခု မြှေးယှက်ဆက်နွယ်ခြင်းမရှိဘဲ မိမိဝိသေသအားဖြင့်သာ မိမိထင်ရှားသည့် ယင်း ရေတွက်၍ မရအောင်များပြားသော ဒါမှမဟုတ်လည်း အလွန်တရာကို များပြားလှစွာသော ပူရုရှားတို့သည် မည်ကဲ့သို့များ အလုံးစုံသော လောကတစ်ခွင်အာကာသအနှံ့ တစ်ခုကိုတစ်ခု တွန်းထိုးခြင်းမရှိဘဲ ပျံနှံ့လွှမ်းခြုံနိုင်ပါသနည်း။ ယင်းစောဒနာကိုမှီပြီး ဆက်လက်ရှာဖွေတွေ့ရှိသော ဝါဒ၏ပြဿနာများမှာ ချဲ့ထွင်မှုမရှိသေးသော ပူရုရှားတစ်ခုစီသည် သတ္တဝါတစ်ဦးချင်းစီ၏ ဗုဒ္ဓိဓာတ် တစ်ခုစီ(ဝါ) သီးခြားပင်ကိုစိတ် တစ်ခုစီနှင့်သာ ဆက်နွယ်နေသည်ဆိုခြင်းနှင့် လွတ်မြောက်လာသော ပူရုရှားသည် နေရာအနှံ့တည်ရှိပြီး ပရခရတိလောကအားလုံးနှင့်တကွ အတူတွဲလျက်ရှိပါလျက် ယင်းလောကတို့၏ သက်ရောက်မှုကို မခံရခြင်းဟုဆိုခြင်း တို့ဖြစ်သည်။

ဤစောဒနာတို့ကို (က) ပူရုရှားတို့ကို တစ်ခုချင်းစီ သီးသန့်ဖြစ်တည်သည် ဟုယူမည့်အစား တစ်ခုတည်းသော

အန္တိမအသိဓာတ် တစ်ခု၏ ကွဲပြားသောတည်ရှိမှုများ (သို့) ပုံရိပ်များသက်သက်သာ ဟုယူခြင်း (ခ) ပရခရတိ (လောက) ကိုလည်း ယင်း အန္တိမအသိဓာတ်မှ သီးခြားရပ်တည်သော အရာဟုမယူဘဲ အန္တိမ အသိဓာတ်၏ အစိတ်အပိုင်းတစ်ခု အဖြစ်သာယူခြင်း တို့ဖြင့် ပြေလည်စေနိုင်ပါသည်။ သို့သော် ဤသို့ဖြေရှင်းခြင်းသည် ရေသောက်မြစ် သဘောတရားကိုက နှစ်ခုဖြစ်နေသော ပူရိရှားနှင့် ပရခရတိ၏ တစ်ခုချင်းသတ်သတ်စီသာဖြစ်သည်ဆိုသော နှစ်ခုကွဲပြားခြင်းဝါဒကို စွန့်ခွာခြင်းဖြစ်နေရာ သမ်ခယ-ယောဂစနစ်ကို လုံးဝခြားနားသော စနစ်တစ်ခုသို့ပြောင်းလဲလိုက်မိပြီးသားဖြစ်နေသည်။ သမ်ခယစနစ်သည် "လောကအလုံးစုံသည် တစ်ခုတည်းသော ဗြဟ္မာ" ကို ယူသည့် သျှမ်ခယ၏ အာဒိဝေဒ ဝေဒန္တစနစ်နှင့် ထပ်တူဖြစ်သွားလိမ့်မည်ဖြစ်သည်။


ထို့ကြောင့် အပြင်းထန်ဆုံးသော နှစ်ခုကွဲပြားခြင်းဝါဒ သမ်ခယ သည် ကျရူံးနေပါသည်။ ဤကျရူံးခြင်းသည် မမျှော်လင့်ဘဲ ဖြစ်ပွားရသည်မဟုတ်ဘဲ ဝါဒကိုယ်၌က အခြေခံတည်ဆောက်မှုတွင် ကြောင်းကျိုးဆီလျော်အောင် မတည်ဆောက်နိုင်သောကြောင့်ဖြစ်သည်။ နှစ်ခုကွဲပြားခြင်းကို ပြင်းထန်စွာယူရာ အခြေခံအကြောင်းနှစ်ခု၏ မည်သည့် ပူးပေါင်းခြင်းကို မဆို ဤဝါဒတွင် မထည့်သွင်းထားနိုင်တော့ပါ။


နိဗ္ဗာန်သည် ဗုဒ္ဓဝါဒတွင် အကြီးမားဆုံးသော ပြဿနာတစ်ခုဖြစ်နိုင်ပါသည်။ အဘယ်ကြောင့်ဆိုသော် ဗုဒ္ဓကိုယ်တိုင် ယင်းကို ကိုတင်မှန်းဆ ဆင်ခြင်ခြင်းကို ငြင်းပယ်ခဲ့သောကြောင့်ဖြစ်သည်။ ဗုဒ္ဓ၏ အာဘော်မှာ နိဗ္ဗာန်ဆိုတာ ဘာလဲလို့သိချင်လျှင် နိဗ္ဗာန်ကိုရအောင်လုပ်ဆိုတာပဲ ဖြစ်သည်။ သို့သော် သိသာသည်မှာ နိဗ္ဗာန်သည် ပကတိသော သိမှုသက်သက်ကို ခွဲထုတ်ပြစ်လိုက်ခြင်း မဟုတ်ဆိုတာတော့ ထင်ရှားသည်။ အဘယ်ကြောင့်ဆိုသော် ဤသို့သော (ပကတိ မူလ ဇစ်မြစ် စသဖြင့်) အမြုတေ တစ်စုံတစ်ရာ ရှိသည်ဆိုတာမျိုး ရှေးဦးဗုဒ္ဓဘာသာတွင် မပါဝင်ခဲ့ပါ။ ဗုဒ္ဓဘာသာ၏ ဝိသေသမှာ ငါဟူပြီး အနှစ်တစ်စုံတစ်ရာရှိသည် ဆိုခြင်း သို့တည်းမဟုတ် ရှိခဲ့သည်ဆိုခြင်းကို လုံးဝငြင်းပယ်ခြင်းဖြစ်သည်။ ခန္ဓာငါးပါးတည်းဟူသော ရုပ်နာမ်အစုအဝေးတို့၏ မပြတ်သော အညမညဖြစ်စဉ်တို့သာ ရှိပြီး ယင်းခန္ဓာငါးပါးသည် ငါဟူလို့လည်း တကယ့်သဘောတွင် မမည်။ အမှန်မှာ ငါဟူသည်မှာ ယင်း (တစ်ခုမှ ငါမဟုတ်သော၊ စုပေါင်း၍လည်းငါမဟုတ်သော။ အပြင်တစ်စုံတစ်ရာသည်လည်း ငါမဟုတ်သော) ခန္ဓာငါးပါး၏ အညမညအကျိုးပြုခြင်းကို လွဲမှားစွာ သိမှတ်နေခြင်းဖြစ်သည်။ ဗုဒ္ဓ အလေးထားမှာကြားခဲ့သည်မှာ ယောဂီသည် မည်သည့် အရာကိုမှ ငါယူပြီး မပိုင်းခြားမသတ်မှတ်နိုင်ကြောင်း ဖြစ်ပါသည်။ (ရူပက္ခန္ဓာသည်လည်း ငါမဟုတ်၊ ဝေဒနာက္ခန္ဓာသည်လည်း ငါမဟုတ်၊ သညက္ခန္ဓာသည်လည်း ငါမဟုတ်၊ သင်္ခါရက္ခန္ဓာသည်လည်း ငါမဟုတ်၊ဝိညာဏက္ခန္ဓာသည်လည်း ငါမဟုတ်၊ ယင်းခန္ဓာငါးပါးလုံး၏ စုပေါင်းပြည့်စုံခြင်း သည်လည်း ငါမဟုတ်၊ ခန္ဓာငါးပါးအပြင်ဘက်တွင် ငါသည်ဖြစ်တည်ခြင်းလည်း မဟုတ်။)


နိဗ္ဗာန၏ လက္ခဏာကို ဖြစ်ကောင်းဖြစ်ချေ ဖွင့်ဆိုနိုင်သည်မှာ ယင်းအတွေ့အကြုံသည် ငါဟူပြီး မရှိခြင်းကို သိမြင်ခြင်းဖြစ်သည်။ သို့ရာတွင် ဤသို့သိမြင်ခြင်းမှာ ဘာဖြစ်သွားတာလဲ၊ ယင်းသိခြင်းကို သိသွားသော အတွေ့အကြုံဟာ ဘာလဲဆိုသည်ကတော့ မရှင်းလင်းလှပါ။ ဗုဒ္ဓကနေပြီး နိဗ္ဗာန်ကို လုံးဝချုပ်ပျောက်သွားခြင်းလည်းမဟုတ်၊ ထာဝရအသက်ကိုရရှိသွားခြင်းလည်း မဟုတ်ဟူပြီး အလေးအနက်ထား သင်ကြားခဲ့ခြင်းကလည်း နဂိုကမှ အဆန်းတကြယ်ဖြစ်နေသည့် ပဟေဠိကို အဖြေညှိုရန် ခက်စေချေသည်။ ဤအချက်ကို ဗုဒ္ဓမှ ဖော်ပြထားဖို့ လိုသည်ကလည်း ထင်ရှားပါသည်။ အဘယ်ကြောင့်ဆိုသော် ဗုဒ္ဓဝါဒအရ မည်သည့်အခါကမှ ပျက်စီးချုပ်ပျောက်စရာ သို့မဟုတ် ထာဝရစံစားနေထိုင်နိုင်ရာသော ငါ ဟူသည်မှာ မရှိခဲ့သည့် အတွက်ဖြစ်သည်။ သို့သော် ကျွန်ုပ်တို့၏ တွေးခေါ်မှုသည် တစ်ခုခုမှ ပြုလုပ်ဖြစ်ပေါ်နေသည် ဟုယူသော တွဲလျက်သာဖြစ်ခြင်းဆိုသည်ကို အခြေခံထားရကား (ဥပမာ အားဖြင့် ဘာသာစကားအားလုံး၏ ဝါကျတိုင်းသည် တစ်စုံတစ်ဦးနှင့် တစ်စုံတစ်ရာသောအကြောင်းဖြစ်ခြင်း ဟူသော သဘောတရားကို တည်၍သာ တည်ဆောက်ကြရသည်။ အို ဟူသော အတိုဆုံးသောဝါကျသည်ပင် တစ်စုံတစ်ဦး၏ အံ့သြမှုရှိကိုရှိသည်ဆိုပြီး ကျွန်ုပ်တို့ယူဆထားခြင်းကို အခြေခံပြီးသာ တည်ဆောက်ပါသည်။) ယင်းသို့သော (သဘာဝဘာသာစကား) အတွေးအခေါ်ဖြင့်သာ သုံးသပ်ဆင်ခြင်နေသရွေ့ ဗုဒ္ဓဝါဒ(၏နိဗ္ဗာန်) သည် ရှုပ်ထွေးဖွယ် ဖြစ်နေပါသည်။


မည်သို့ပင် ဆိုစေကာမူ ပါဠိကျမ်းဂန်မူရင်းတွင် အနှစ် မူလဓာတ်ကို ငြင်းပယ်လေ့ရှိသည့် ထေရဝါဒ၏ ပုံမှန်ပြန်ဆိုမှုနှင့် ကွဲလွဲနေသည့် စာသားအချို့ကို တွေ့ရပါသည်။ ဥပမာအားဖြင့် မဇ္မျိမနိကာယ် ဗြဟ္မာနိမန္တာန်တိက သုတ်တွင်

ဤ (နိဗ္ဗာန်)ကို ဘာမှမရှိသော ဟင်းလင်းကွက်လပ်ဖြစ်ကျန်နေသော အရာ ဟု မထင်ကြကုန်လင့်။ ယင်းသည် ပိုင်းခြားမှုမရှိသော မကန့်သတ်နိုင်သော နေရာအနှံ့ထွန်းလင်းသော သိစိတ်ဖြစ်၏ (ဝိညာနံ အနိဒဿနံ အနတ္တံ သဗ္ဗသောပ္ပဟံ) ။ ယင်းသည် သင်္ခါရက္ခန္ဓာတို့နှင့် ထိစပ်ခြင်းမရှိ မည့်သည့်ဓာတ်သဘော၏ ပြုပြင်စီရင်ခြင်းကိုမှ မခံရဟု ဗုဒ္ဓမှ ဖွင့်ဆိုထားပါသည်။


အထက်ပါဖွင့်ဆိုချက်ကို ဒီဃနိကာယ်(ဈ၊၂၁၃) ကေဝန္တသုတ်တွင် ပြန်တွေ့ရပါသည်။ သည် အခါမှာတော့ ဤသို့ဗုဒ္ဓက ဖြည့်စွက်ပါသည်။ "ဤ၌ ပြုပြင်အပ်သော အကြောင်းတရားတို့အားဖြင့်သာ ဖြစ်ရသည့် သိစိတ် (သင်္ခါရ-ဝိဉာဏ) ဆုံးအပ်ချေသည်။" (၂) သို့ဖြစ်ရကား ထိုကဲ့သို့ ပြုပြင်အပ်သော အကြောင်းတရားတို့အားဖြင့်သာ ဖြစ်ရသော သိစိတ်ဝိဉာဏ နှင့် ပြုပြင်အပ်သော အကြောင်းတရားတို့မှ ကင်းလွတ်သော အကန့်အသတ်ကင်းမဲ့ပြီး နေရာအနှံ့ထွန်းလင်းသည်ဆိုသော သိစိတ်ဝိဉာဏသဘောသည် ထေရဝါဒမှယူသည့် သိစိတ်ဝိဉာဏ ဟူသမျှသည် အကြောင်းတရားသင်္ခါရနှင့် ကင်းပြီးမဖြစ်ဟူသော သဘောနှင့် ရှေ့နောက်မညီကွဲလွဲနေသည်။ အခြားတစ်ဖက်တွင်မူ ယင်း(မူရင်း)ဖွင့်ဆိုချက်သည် ဝေဒန္တ္တသဘောနှင့် များစွာနီးစပ်ကိုက်ညီသွားသည်။အဆိုပါ ဗြဟ္မာနိမန္တာန်တိက သုတ္တန် နေရာတော်တော်များများတွင် ဗုဒ္ဓသည် နေရာအနှံ့ ပျံ့နှံ့လွှမ်းခြုံသည် ဆိုသော တစ်ခုတည်းသော ဖန်ဆင်းရှင် ဗြဟ္မာဝါဒကို ဝေဖန်သော်လည်း အဝေတ ဝါဒ၏ အရှင်ဟူသော သဘောကို မဆိုလိုသည့် ပကတိသက်သက်ဖြစ်သော (လောကနှင့်တသားတည်းဖြစ်သည့်) ဗြဟ္မာဓာတ်သဘောကို မူ မည်သည့်အခါကမှ မဝေဖန်ခဲ့ကြောင်းလည်း တွေ့ရှိရမည်ဖြစ်ပါသည်။

သျှမ်ခရ၏ အာဒိဝေဒ (နှစ်ခုကွဲပြားခြင်းမရှိ) ဝေဒန္တသည် လက်ဆင့်ကမ်းလာခဲ့သော ရှေးဦး ဥပနိသျှအတွေးအခေါ်များကို စနစ်တကျ ကောင်းစွာစုစည်းထားသည့် စနစ်ဖြစ်သည်။ ယင်းစနစ်တွင် ဗြဟ္မာနှင့် အတ္တမံ သဘောတရားနှစ်ခုသည် အခရာဖြစ်သည်။ ဗြဟ္မာသည် အကန့်အသတ်မဲ့ကျယ်ပြော၏။ ယင်းဗြဟ္မာသည် သိတတ်မှုကိုပြုသောအရာနှင့် အသိခံရသောအရာဟူ၍ နှစ်ခုကွဲပြားသည်ဟု ပိတ်ဖုံးနေခြင်းကို ကျော်လွန်သွားသော အခါ မိမိကိုယ်ကို (တစ်ဦးတည်းသာ အမှန်တကယ်ရှိသည်ကို) သတိမူသောအားဖြင့် မိမိဘာသာထွန်းလင်းချေ၏။ မည်သူတစ်ဦးတစ်ယေက်မှ ကြွင်းကျန်ခြင်းမရှိဘဲ အလုံးစုံသောသတ္တဝါတို့ ပါဝင်ခြင်းအားဖြင့် ဗြဟ္မာ၏ အထင်ရှားဆုံးဝိသေသမှာ ၎င်း၏အပြင်တွင် ဘယ်သူမှမရှိသော နှစ်ယောက်မရှိ လက္ခဏာ ဖြစ်တန်ရာသည်။ ထို့ကြောင့် ကျွန်ုပ်တို့အားလုံး၏ မှန်ကန်သောမိမိ
အတ္တမံ ဟူသည် ဗြဟ္မာ၏ လက္ခဏာပင်ဖြစ်သည်။ "သ သီဝံ အဇိ သင်သည်ယင်းသာဖြစ်၏ " (သင်သည် တခြားမဟုတ် ဗြဟ္မာ ကိုယ်တိုင်သာတည်း) ၊"အရာအားလုံးသည် အတ္တသာတည်း" ၊"အတ္တမှလွဲ၍ တပါးမရှိ"၊ "လောကတစ်ခွင်လုံးကို အမြတ်ဆုံးမိမိ တစ်ဦးတည်းသာဟု မြင်ခြင်းသည် သံသရာနှောင်ကြိုးကို ဖြတ်တောက်နိုင်ခြင်းဖြစ်၏"၊ "ဤသည်ကို မြင်သောသူသည် အရာအားလုံးသည် အမြတ်ဆုံးမိမိ နှင့် ထပ်တူ တစ်ခုတည်းသာဖြစ်ချေသတည်း ယုံမှားမှုကင်းခြင်းသည် ဖြစ်သတည်း"။(၃)

ထို့ကြောင့် (အများသူငါ နားလည်မှုကွဲလွဲနေသလို) အတ္တသည် ဗြဟ္မာ၏ သီးသန့်ဖြစ်ပြီး အဆုံးတွင် ဗြဟ္မာနှင့် ပြန်လည်ပေါင်းစည်းသွားသည်ဟု ဤဝါဒကို မယူမှတ်သင့်ပါ။ အတ္တကို သိမြင်ခြင်းသည် ဗြဟ္မာကိုသိမြင်ခြင်းသာဖြစ်၏။ တကယ်တော့ အတ္တ နှင့် ဗြဟ္မာ ဝေါဟာရနှစ်ခုလုံးကို ဥပနိသျှကျမ်းအချို့တွင် အလဲအလှယ်နှင့် သုံးစွဲကြောင်းတွေ့ရပါသည်။ ဗုဒ္ဓဘာသာဝင်တို့ နားလည်စေရန်ရှင်းပြနိုင်သော နည်းလမ်းတစ်ရပ်မှာ သိစိတ်ဝိဉာဏ် (သို့) မိမိသည် ဉာဏ်အလင်းဖြစ်ပေါ်ရာတွင် လေ့ကျက်မှုအတွေ့အကြုံ အားဖြင့်သိမြင်ခြင်း (စက္ခုံဥဒပါဒိ)ကို အခြေခံရပါသည်။ ထိုသို့ပျိုးထောင်လာခဲ့သော ဝိဉာဏ်သည် အမှန်တရားကို သိမြင်သော အခါ မိမိသည် တစ်ခုတည်းသာရှိသည့် ဗြဟ္မာသာဖြစ်ကြောင်း မကွဲပြားဘဲမြင်ပါသည်။ ဤအဖြစ်အပျက်ကိုပဲ နောက်တစ်မျိုး ပြောဆိုပါလျှင် တကယ်ကတော့ ဗြဟ္မာသည် မိမိ၏စစ်မှန်သောသဘာဝကို ပြန်လည်သိမြင်ခြင်းဖြစ်သည်။ မျိုးထွေကွဲပြားပြီးရွှေ့လျားပြောင်းလဲသော လောကအစုံသည် တကယ်ကတော့ မာယာ လှည့်စားမှုသာဖြစ်သည်။ အလုံးစုံပါဝင်သော အန္တိမမိမိ မှလွဲပြီး အခြားမဲ့မရှိ။ ဝါဒမှသုံးစွဲသော (မိမိ)ဝေါဟာရသည် ကို့ရို့ကားရားနိုင်ပါသည်။ အဘယ်ကြောင့်ဆိုသော် (ဘာသာစကား၏ ရည်ရွယ်ရင်းအရ) မိမိဟုဆိုခဲ့ပါလျှင် မိမိမဟုတ်သော အခြားတစ်စုံတစ်ရာကို ခြားနားပြရန် ရည်ညွှန်းလျက်ရှိသည် (ကျွန်ုပ်တို့သည် ဤကိစ္စကို နောင်တစ်နေရာတွင်စူးစမ်းဦးမည် ဖြစ်သည်)။ ထို့ကြောင့် တကယ်ကတော့ အတ္တ(ဝါ) အမြတ်ဆုံးမိမိ (ဝါ) မိမိကိုယ်တိုင် သည် ပိုလျှံနေသောဝေါဟာရအဖြစ် ပယ်ချနိုင်ပါသည် (မိမိကိုယ်တိုင်ဟု ဆိုသည်နှင့် မိမိကိုယ်တိုင်မဟုတ်သူတစ်ဦးကို ရည်ညွှန်းနေ၍ ဖြစ်သည်)။ အဘယ်ကြောင့်ဆိုသော် ယင်းသည် တစ်ခုတည်းသာရှိသော ဗြဟ္မာမှကွဲနေသည့် အရာတစ်ခုအဖြစ် ရည်ညွှန်းနေသောကြောင့်ဖြစ်သည်။ လိုအပ်သလောက်သာ ဝေါဟာရတို့ကို သုံးစွဲခြင်းက ပိုပြီး သင့်တော် ကောင်းပါသည်။ (၄)

သျှမ်ခယ၏ ဝါဒအရ မောက္ခ(သို့) လွတ်မြောက်ခြင်းသည် မိမိသည် အမြဲတမ်း ဗြဟ္မာဖြစ်နေပြီးသား (မှတ်ချက်။ ။ ဤဝါဒသည် မဟတ္တမဂန္ဓီမှ လွတ်လပ်ရေးတိုက်ပွဲတွင် ပဓာနကျသော လောကဓမ္မအဖြစ် အသုံးပြုကိုင်ယူခဲ့သော ဝါဒဖြစ်ပါသည်။ ဤအတွေးအခေါ်သည် ခရစ်ယာန်ဝါဒကို အခြေပြု မြစ်ဖြားခံသည့် လောကဓမ္မမှ နှင်းအပ်ထားသော မည်သို့သော အကြောင်းနှင့်မှ
ပယ်ဖျက်ရုပ်သိမ်းပိုင်ခွင့်မရှိသည့် လူ့အခွင့်အရေးနှင့် တစ်သဘောတည်း ဖြစ်သည်။) ဆိုသည်ကို သိမြင်ခြင်း ဖြစ်ပါသည်။ ငါဟူသော အတ္တနှင့်ယှဉ်သည့် ဝိဉာဏ်သည် ဤနေရာတွင် ချုပ်ငြိမ်းချေ၏။ သို့သော် ချုပ်ငြိမ်းသွားသောဝိဉာဏ်သည် နှစ်ခုဟူ၍ကွဲပြားခြင်းမရှိသော သန့်ရှင်းသည့် ပကတိဝိဉာဏ်မဟုတ်။ ယင်း မူလ ပကတိဝိဉာဏ်တည်း ဟူသော ကြေးမုံပြင်တွင် ထင်ဟပ်လာသော ပုံရိပ်(အတ္တ)၏ ချုပ်ငြိမ်းခြင်းဖြစ်သည်။ ဤနေရာတွင် အထူးစူးစိုက်သိမှတ်သင့်သည်မှာ ယင်းအဖြစ်သည် ဗြဟ္မာအဖြစ်ကို ရရှိသွားခြင်းလည်းမဟုတ်၊ဗြဟ္မာနှင့် ပြန်လည်ပေါင်းစည်းသွားသည်လည်းမဟုတ်။ ယင်းအဖြစ်သည် မိမိသည် အမြဲတစေ ဗြဟ္မာဖြစ်ခဲ့မှန်း သိမြင်သွားခြင်းသက်သက် ဖြစ်သည်။ သျှမ်ခယက ဥပမာပေးသည်မှာ အဖုံးပိတ်ထားသော (ရေထည့်ရန်) ကရား ထဲတွင် အာကာသကွက်လပ်(မှတ်ရန်။ ၊ အာကာသဟု ဆိုသောကြောင့် ဒြပ်ကင်းမဲ့ခြင်းကို ရည်ညွှန်းချေသည်) ရှိ၏။ တကယ်တော့ ယင်းကရားထဲက အာကာသကွက်လပ်သည် စကြာဝဠာတစ်ခုလုံး၏ အာကာသကွက်လပ် (ဒြပ်ကင်းမဲ့နေခြင်း) သဘောနှင့် တစ်ဆက်တည်းသာဖြစ်၏။ သို့သော် (ကရားဟူသော) လှည့်စားမှုက ကြားခံနေသောကြောင့် ယင်း(ဒြပ်မဲ့သဘော)၏ တစ်ခုတည်းဖြစ်ခြင်းကို မမြင်မသိကြ။ ဤအချက်ကို ရူခြင်းအားဖြင့် တကယ်က ဘာမှရယူရန်လည်းမရှိ။ ယင်းဘာမှ ရယူရန်မရှိ ဟူသော ဤသဘောသွားသည် ယောဂမှာရော ဗုဒ္ဓဘာသာမှာရော (မဟာယာနကို ပိုပြီးညွှန်း၏။ သို့သော် ထေရဝါဒကျမ်းရင်းတို့ကို နိဗ္ဗာန်မဂ်ဖိုကို ရက်တိုတို နှင့် ရလိုပါ၏ ဟူသော အတွေးအခေါ်မျိုးတို့ကို ပယ်ပြီး ချင့်ချိန်စွာ သုံးသပ်ပါကလည်း တစ်သဘောတည်း ဖြစ်ပါသည်။) အတူတူဖြစ်၏။ ဘယ်လိုဘဲ အမျိုးအမည်ကွဲပြားနေသည် ဖြစ်ပစေ တစ်စုံတစ်ဦး၏ ပကတိမိမိ (သို့) ဗုဒ္ဓသဘာဝသည် ထာဝရ သန့်ရှင်းပြီး မြှေးယှက်ခြင်းကင်းမဲ့ချေ၏။ ယောဂစနစ်၏ ပူရုရှားမှာ မတုန်လှုပ်သော မြင်သူ မြင်ရုံသာ မြင်တတ်မြဲမြဲမြင်သူ သက်သက်ဖြစ်၏။ နာကျင်မှုနှင့် ပျော်ရွှင်ခြင်း ယင်းတွင်မရှိ။ ဗုဒ္ဓဘာသာအရလည်း ငါ (ဟူသော ပိုင်းခြားသည့် သဘောတရား) သည် ဘယ်တုန်းကမှလည်းမရှိခဲ့။ (ယင်းပိုင်းခြား၍) ငါဟူပြီးမှတ်ယူခြင်းသည် စင်စစ် ကယောင်ကတမ်း မှားမှားယွင်းယွင်း သိမြင်ခြင်းသာဖြစ်၏။ (၅)


ပြဆိုခဲ့သည့်အားလျော်စွာ ပါဠိတော်သုတ္တန်အချို့တွင် ဝေဒန္တသဘောသွားပါသလို ဥပနိသျှကျမ်းအချို့တွင်လည်း ဗုဒ္ဓအာဘော် သဘောသွားကို အပြန်အလှန်တွေ့ရှိရပါသည်။ ဟုတ်ပေကောင်းကောင်း အထင်ရှားဆုံးသက်သေမှာ ဗြဟ္မဒတ်ရာဏယက လာ ယာဇနဝါကျ၏ သူ၏ဇနီး မေထေရီကို မှာကြားသော "ယင်းအခြေခံဘူတဓာတ်များမှ နေ၍ ဖြစ်ပွားလာသော တစ်ဦးသည် ယင်းအခြေခံဘူတဓာတ်များအဖြစ် ချုပ်ပျောက်သွားချေ၏။ သေသည် (လွတ်မြောက်သူ၏ ခန္ဓာဝန်ချခြင်း) ၏ အခြားမဲ့၌ သိစိတ်ဝိဉာဏ်သည် မရှိ" (နာ ပရီတရ သံဇန သတိ) ။ အံ့အားသင့်သွားသော မေထေရီကို ဆက်ရှင်းပြသည်မှာ သိရိုးသိနေကျ နှစ်ခုဟူ၍ ပိုင်းခြားသိနေသရွေ့ အကြင်သည် အခြားအကြင်ကို မြင်၏။ အမှန်ကို သိမြင်သော အခါတွင် အရာရာ(တည်းဟူသော လောက) သည် အကြင် ပိုင်ဆိုင်ခဲ့သော မိမိသာဖြစ်သွားချေ၏။ တစ်ခုတည်းသာ တည်သော ဤမိမိသည် ဘယ်သူ့ကို မြင်၍ မည်သည့်အချင်းအားဖြင့် မြင်အပ်မည်နည်း။ မည်သူ့ကိုစွဲ၍ မြင်အပ်သော အချင်းသည် ဖြစ်တည်မည်နည်း။ သိမြင်ပြီးသောသူကို (မသိသေးသော အကြင်)သည် မည်သည့်အချင်းအားဖြင့် သိမြင်အပ်ပါမည်နည်း။ ထို(သိမြင်ပြီးသော) အန္တိမမိမိကို သိတတ်မှုရာ မစွမ်းခြင်းသည်ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် ယင်းသည် (ကွဲပြားမှသာ) သိသော အသိမှ အမြဲတစေ ကင်းလွတ်နေသောကြောင့်သာတည်း။ (နှစ်(လေး) ၁၂-၁၅)

သျှမ်ခရက ဖွင့်ဆိုပြသည်မှာ ဗြဟ္မာဖြစ်ကြောင်းသိမြင်သော အခါတွင် ယင်းသည် သီးသန့်တစ်ခုခုကိုသိခြင်း (ဝါ) နှစ်ခုကွဲပြားသော သိခြင်းမဟုတ်။ သိခြင်းသဘောသည် ငါသဘောနှင့် သည် နေရာတွင် အလားတူပြဿနာနှင့် ကြုံကြိုက်လေသည်။ ငါဆိုတာရှိသည်ဟု ယူဆသည်နှင့် ငါမဟုတ်သောသူ ရှိသည်ဆိုသော အယူအဆသည် တပါတည်းပါဝင်နေသလိုပင် သိတတ်သောအရာဆိုတာ ရှိသည်ဟုဆိုသည်နှင့် အသိခံရသော အရာလည်း ရှိရမည်ဟု ဆွဲကိုင်ထားပြီး ဖြစ်သည်။ ထို့ကြောင့် အသိခံရသော အရာမရှိသော သိခြင်းဆိုသည်မှာ နားလည်ရန် အလွန်တရာခက်ခဲသော သဘောတရားဖြစ်သလို ယင်းသဘောတရားသည် ဝါဒ၏ ချောမဏ္ဏပ်တိုင် လည်းဖြစ်နေပါသည်။ ဥပမာအားဖြင့် အင်္ဂလိပ်ဘာသာစကားတွင် သိမှုကို ပြသော ဝါကျ ကြိယာအားလုံးသည် သိမှုမှတစ်ပါးသော အရာတစ်ခုကို ရည်ပြီးသာ သုံးကြရကား ယင်းကြိယာတို့ကို သုံးနူန်းသည့် အခါ ကတ္တားရော ကံရော အမြဲပါဝင်ရပါသည်။ (ငါသည်...ကို သိ၏ ၊ သင်သည်...ကို သတိမူမိ၏၊ သူသည်..ကို သဘောပေါက်၏)(၆) သည်လိုဆိုလျှင် ကတ္တား သို့မဟုတ် ကံတစ်ခုခု ပျက်ယွင်းနေသော သိခြင်းဆိုတာ သိခြင်းမည်ပါမည်လား။ ဝေဒန္တစနစ်အရ ကတ္တားဟူသော မိမိ သည် ရှိစကောင်းပါ၏။ သို့သော် ကံဆိုသော အသိခံရသောအရာဟု မရှိ။ သိခြင်း အဖြစ် မည်နိုင်ပါသည်ဟုပဲဖြေဖြေ မမည်နိုင်ပါဘူးဟု ဘဲဖြေဖြေ အဖြေနှစ်ခုလုံးတွင် လုံလောက်သော ဆင်ခြေများ ရှိပါသည်။

ပြဆိုခဲ့သလို ရှေးဦး ဗုဒ္မဘာသာနှင့် ဝေဒန္တတွင် သဘောသွားတူများ ရှိခဲ့သည်မှာ ထင်ရှားသလို ဗုဒ္ဓဘာသာအတွင်းမှာပင် သဘောသွားကွဲလွဲနေမှုတို့ကိုလည်း တွေ့မြင်ရပါသည်။ ထေရဝါဒ၏ အဘိဓမ္မာဝါဒရှင်တို့၏ သုံးသပ်ချက်မှာ စစ်မှန်မှုဟူသည် တကယ်က တစ်သီးတစ်ခြားစီကွဲပြားနေသော ဓမ္မ (ဓာတု(ဝါ)ဓာတ်) တို့သာဖြစ်သည်။ ယင်းဓမ္မဓာတ်တို့ အမှီသဟဲ အကျိုးသက်ရောက်ခြင်းအားဖြင့် မိမိဟူပြီး ယုံမှားမှု ဖြစ်ပေါ်ရသည်။ နိဗ္ဗာန်ဟူသည် ယင်းစည်းနှောင်ပူးပေါင်းမှုတို့၏ ကုန်ရာချုပ်ရာ ဖြစ်ပြီး ယင်း(ယခင်ကပေါင်းစုခဲ့သော) ဓာတ်တို့၏ ပကတိ ငြိမ်နေပြီး မိမိဘာသာ မိမိတို့ သီးခြားရပ်တည်သော အခြေအနေဖြစ်၏။ သိစိတ်ဝိဉာဏ်သည်လည်း ယင်းဓာတ်တို့၏ အမှီသဟဲ အကျိုးသက်ရောက်ခြင်းအားဖြင့်သာ ဖြစ်ရကား ယင်းအခြေအနေ(နိဗ္ဗာန်)သည် သိစိတ်ဝိဉာဏ်၏ ကုန်ရာချုပ်ရာအဖြစ်လည်း မှတ်ယူမိပုံရပါသည်။

မဟာယာနဗုဒ္ဓဘာသာသည် ဓမ္မ (ဓာတု) ကို သဘောတရားအနေဖြင့် လက်ခံသော်လည်း ယင်းဓမ္မတို့၏ အမှန်တကယ်ရှိခြင်း ဟူသည်ကို ငြင်းပယ်ပါသည်။ အဘယ်ကြောင့်ဆိုသော် ယင်းဓာတုတို့သည်လည်း မိမိသဘောအားဖြင့် မိမိမရပ်တည်နိုင်ပါ။ ယင်းတို့သည် နိုင်းယှဉ်မှုအားဖြင့်သာ သိရှိရသော သဘောတရားဖြစ်သည်။ နာဂဇုန၏ မဒရာမိက ဝါဒအရ ယင်းဓာတုကို သိမြင်ခြင်းထက် ပိုပြီးမြင့်မားသော ပြည့်စုံသောအမှန်တရားတွင် မည်သည့်မှည့်ခေါ်ခြင်းကိုမှ မပြုနိုင်တော့ ဟုဆိုထားခဲ့ရာ ယောဂကာရ (ဝါ) ဝိဉာဏ်သာလျှင်ရှိခြင်းဟူသော ကျောင်းတော်အလိုအရ ယင်းသို့ဆိုခြင်းဖြင့် မဟာယာနသည် ဝေဒန္တနှင့် များစွာနီးစပ်သွားလေ၏။ မဟာယာနနှင့် အာဒိဝေဒဝေဒန္တဂိုဏ်း၏ သဘောသွားတူမှုတို့မှာ ကောင်းစွာသတိပြုပြီးဖြစ်သည်။ ယင်းသဘောသွားတူနေမှုတို့မှာ ပေါ်လွင်လွန်းရကား တချို့မှ မှတ်ချက်ပြုကြသည်မှာ ယင်းစနစ်နှစ်ခုသည် ပင်ရင်းစနစ်တစ်ခုမှ ပေါက်ပွားလာခဲ့သည်ဟု ယူမှတ်မိကြောင်းဖြစ်သည်။ အံအားသင့်စရာ အချက်တစ်ခုမှာ သျှမ်ခရနှင့် ၄င်းရှေ့က ဆရာ ဂေါဒပါဒ နှစ်ဦးလုံးကို စွပ်စွဲကြသည်မှာ ဗုဒ္ဓဘာသာဝါဒကို ဟိန္ဒူဘာသာထဲသို့သွပ်သွင်းလာခဲ့သူ သစ္စာဖောက်များဟူ၍ ဖြစ်သည်။ အခြားတစ်ဖက်တွင်လည်း ထေရဝါဒဘက်မှ မဟာယာနဘက်ကို စွဲဆိုသည်မှာ ဗုဒ္မဘာသာကို ယခင်ဟိန္ဒူစနစ်အဖြစ် ပြန်လည်ရွေ့လျောအောင် လုပ်ဆောင်နေသူများ ဟူပြီးဖြစ်သည်။ချအန်း ဗုဒ္ဓဝါဒ၏ ဆရာတစ်ဦးဖြစ်သူ ဟောင်ပေါင်းက စီရင်ရေးသားခဲ့သည်မှာ ဥပနိသျှကျမ်းတစ်ဆူ အဖြစ် လွယ်လင့်တကူ သတ်မှတ်နိုင်သော တစ်ခုတည်းသောစိတ် ဟူ၍ဖြစ်သည်။ မိမိ၏ သစ္စာဉာဏ်အလင်းနှင့် ပတ်သက်ပြီး ဂျပန်ဇင်ဗုဒ္ဓဝါဒ၏ ဆရာတစ်ဦးဖြစ်သူ ဒိုဂန်ကရေးသားခဲ့သည်မှာ "ငါရှင်းလင်းစွာ သိမြင်ခဲ့ရသည်မှာ (ငါ၏) စိတ်သည် တောင်မြင့်တို့မှလည်းကောင်း မြစ်နဒီတို့မှလည်းကောင်း အပြောကျယ်သော ကမ္ဘာမြေမှလည်းကောင်း နေမှလည်းကောင်း လမှလည်းကောင်း ကြယ်တာရာတို့မှ လည်းကောင်း အခြားမဲ့ဖြစ်သော အရာမဟုတ်။" ဟူချေ၏။ ထို့ကြောင့် မဟာယာနဝါဒ နှင့် ဝေဒန္တဝါဒတို့ စကားစစ်ထိုးပွဲ လုပ်မည်ဆိုပါက လက်ဝှေ့ရေးသတ်သူနှစ်ဦးကို ကျောချင်းဆိုင် ကြိုးတုပ်နှောင်ထားပြီး ထိုးခိုင်းချင်းမျိုး ဖြစ်နေပါလိမ့်မည်။


ဤကဲ့သို့ ဝါဒသဘောသွားတူချင်းမျိုးကို တွေ့ရသော်လည်း ရှေးဦးဗုဒ္ဓဘာသာနှင့် ဝေဒန္တတို့ အပြင်းအထန်ကွဲလွဲနေသေး သည်မှာ မငြင်းသာပါ။ ဗုဒ္ဓဘာသာက မိမိဟူ၍မရှိ(အနတ္တ) ဟု ဆိုချိန်တွင် ဝေဒန္တက အရာရာသည် မိမိ (အတ္တ)ပင်ဖြစ်သတည်းဟု ကွဲကွာကြသည်။ (နဂိုထဲကမှ မရှိသော၊ ဘာသာစကား၏ သဘောအားဖြင့်သာ ရော်ရမ်း၍ ရှိသည်ဟု ထင်နေသော) သိတတ်မှုကိုပြုသော တစ်စုံတရာသည်လည်း နိဗ္ဗာန်တွင်မရှိ။ သို့သော် ဝေဒန္တ ဝါဒလာ မောက္ခဟူသော လွတ်မြောက်ခြင်းမှာ အရာရာသည် သိတတ်မှုကို ပြုသော တစ်ခုတည်းသော အရာဖြစ်နေခြင်း (ဖြစ်နေခဲ့ပြီးဖြစ်ခြင်းကို) သိမြင်ခြင်း ဖြစ်ချေသည်။ စနစ်နှစ်ခုသည် ဟိုဘက်တစ်စွန်းနှင့် သည်ဘက်တစ်စွန်း ကွဲကွာနေရာတွင် ယင်းသို့ ကွဲကွာနေသော စနစ်များသည် တစ်ခုကတစ်ခု၏ မှန်ပြင်ပုံရိပ်သဖွယ် ဖြစ်ပေါ်နေခြင်းမှာ လွန်စွာ စိတ်လှုပ်ရှားဖို့ကောင်းသည့် အချက်ဖြစ်သည်။ စနစ်နှစ်ခုလုံးသည် (တူညီသော ရည်ရွယ်ရင်းကိစ္စ ဖြစ်သည့်) မိမိဟူသောအရာ နှင့် မိမိမဟုတ်သောအရာ၏ ဆက်နွယ်မှု (နှစ်ခုဟူ၍ ကွဲပြားခြင်း) ပြဿနာ ကို (တူညီသည့် ပင်ရင်းနည်းလမ်းဖြစ်သည့် နှစ်ခုကို တစ်ခုတည်းဖြစ်အောင်) လုံးချလိုက်သောနည်းဖြင့် ဖြေရှင်းဖို့ ကြိုးစားရင်း ခြားနားသည့် အဆုံးစွန်သော တစ်ဖက်စွန်းစီကို အသီးသီးဆုပ်ကိုင်မိပြီး ဖြစ်သွားလေသည်။ အနတ္တဗုဒ္ဓဝါဒတွင် မိမိမဟုတ်က မိမိ(အားလုံး)ကို မျိုပစ် လိုက်သည်။ အတ္တဝါဒဝေဒန္တကလည်း မိမိသာလျှင်ရှိခြင်း ဆိုပြီး မိမိမဟုတ်(အားလုံး)ကို မျိုပစ်လိုက်သည်။ စောဒနာပြုအပ်သည်မှာ ယင်းတို့သည် တစ်ခုတည်းသော သဘောကို ရည်ညွှန်းနေတာ ဖြစ်မလားဆိုသည့် မေးခွန်းဖြစ်ပါသည်။


သစ္စာဉာဏ်အလင်း(ဝါ) ကိစ္စပြီးဆုံးခြင်းသည် ဘာမှမရှိတော့တာ အဖြစ်ရှုံ့သွားတာလား၊ ဒါမှမဟုတ် လောကတစ်ခုလုံးနှင့် တစ်ထပ်တည်းကျသွားတာလား။ ယင်းပြဿနာနှင့် ပတ်သက်၍ အတွေးအခေါ်ရှင် ဗစ်ဂန်စတိုင်း ၏ ၁၉၁၄ မှ ၁၉၁၆ အတွင်း မှတ်စုစာအုပ်များ တွင် အမြွက်သဘော တွေ့ရသည်မှာ-


ဤမိမိသည် အတွေးအခေါ်၏မျက်နှာပြင်တွင် ကမ္ဘာကြီးတလွှား လျှောက်သွားသည်နှင့်အတူ ကမ္ဘာလောကကြီးသည် မိမိ၏ လောကကြီးပင် ဖြစ်သွားချေသတည်း။ (၁၉၁၆ ၈လပိုင်း ၁၂ရက်နေ့)


ဤတွင် မိမိစိတ်မှလွဲ၍ ပြင်ပတစ်စုံတရာမရှိဝါဒ နှင့် လောကဓာတ်အသီးသီး၏ ပဓာနသဘောတွင် ကွဲပြားရှိတည်ခြင်းကို လက်ခံသောဝါဒ တို့သည် ကျွန်ုပ်တို့် စေ့စေ့တင်းကြပ် တွေးတောသော အခါတွင် တိုက်ဆိုင်နေမှုကို တွေ့နိုင်ပါသည်။ မိမိစိတ်မှလွဲ၍ ပြင်ပတစ်စုံတရာမရှိဝါဒ တွင် ငါသည် ဆက်လက်ချုံ့၍ မရသော အမှတ်ဖြစ်ပြီးလျှင် တခြားကျန်ရှိသောအရာအားလုံးမှာမူ လောကသဘာဝသစ္စာတရား၏ သဟဇာတပြုမူမှု အကျိုးသက်သက်ဖြစ်ပါသည်။ (၁၉၁၆ ၉လပိုင်း ၂ရက်နေ့)


အဆုံးတွင် ငါသည်လည်း ငါမှလွဲသော လောကကြီးတစ်ခုလုံး၏ အစိတ်အပိုင်းတစ်ခုဖြစ်နေသလို တစ်ခြားဘက်မှ ကြည့်ပြန်လျှင်လည်း ငါသည်ပင်မကျန်ရှိ ဘာမှမကျန်ရှိတော့သလို ငါတွေနှင့် လောကတစ်ခုလုံးသည် တစ်ခုတည်းသာဖြစ်သည် ဟူပြီးလည်း ကျွန်ုပ်သိနားလည်မိ၏။ ဤအချင်းအရာအားဖြင့် စေ့စေ့တင်းကြပ် တွေးတောသောအခါတွင် စိတ်သာပဓာနရှိတည်မှုဝါဒသည် လောကဓာတ်အသီးသီး၏ ပဓာနသဘောတွင် ကွဲပြားရှိတည်ခြင်းကို လက်ခံသောဝါဒ သဘောသွားကို ဦးတည်နေကြောင်း တွေ့ရပေသည်။ (၁၉၁၆ ဆယ်လ ၁၅ရက်နေ့)

ဗစ်ဂန်စတိုင်း ၏ ဝေါဟာရများနှင့် ၎င်းမှနေ၍ ဖြေရှင်းရန်ကြိုးစားနေသည့် ပြဿနာများသည် ကျွန်ုပ်တို့၏ (စဉ်းစားရိုးစဉ်းစားစဉ်) သဘောသဘာဝနှင့် ခြားနားနေမည် ဖြစ်သော်လည်း ကျွန်ုပ်တို့၏ ပန်းတိုင်လမ်းဆုံးကို စောဒနာပြုခြင်း ကိစ္စအတွက်မူ တာသွားသော အဓိပ္ပါယ်အတ္တာယ တစ်ခုဖြစ်ပါသည်။ ရှေးဦးဗုဒ္ဓဘာသာသည် လောကကြီးကို ရှုံ့ပစ်ချလာရာတွင် ဆက်လက်ချုံ့ရန်ကိစ္စ မရှိတော့သော ဘာမှမရှိဟူသော အမှတ်သို့ ဆိုက်ရောက်ခဲ့ပြီးလျှင် သျှမ်ခရကလည်း ထိုနည်းအတူ လောကကြီးကို ရှုံ့ပစ်ချလာရာတွင် ဆက်လက်ချုံ့ရန်ကိစ္စ မရှိတော့သော လောကတစ်ခုလုံး တစ်ခုတည်းသာရှိခြင်း အမှတ်သို့ ဆိုက်ရောက်ခဲ့ချေသည်။ သိအပ်သည်မှာ စနစ်နှစ်ခုလုံးသည် တူညီသော ဖြစ်စဉ်တစ်ခုတည်းကို ဖော်ပြနေခြင်းဖြစ်သည်။

ပြဆိုခဲ့ပြီးသလို သမ်ခယ-ယောဂ၊ ဗုဒ္မဝါဒနှင့် ဝေဒန္တတည်းဟူသော လောကုတ္တရာလမ်း အားလုံးသည် ငြိတွယ်မှုနှောင်ကြိုးကို အကြွင်းမဲ့ ပယ်ဖြတ်ခြင်း သဘောတွင် အတူတူ ဖြစ်ပါသည်။ တစ်စုံတစ်ဦးသည် ရုပ်၏ဆောင်ရာ စိတ်၏ဖြစ်ရာ မည်သည့်သဘောဖြစ်စဉ်ကိုမှ အမှန်တရားဟု မကိုင်စွဲမိစေရန် ဤလောကုတ္တရာလမ်း အားလုံးက တိုက်တွန်းသွန်သင်လေသည်။ အရာရာကို သူ့သဘောအလျှောက်သာ လွတ်ထားပြီး ကြောင့်ကြမဲ့ နှလုံးသွင်းမှုကို တိုက်တွန်းသွန်သင်နေခြင်း ဖြစ်သည်။ ဤ သူ့သဘောအလျှောက်သာ သွားခဲ့လျှင် အဆုံးမှာ မိမိဟူသော သဘောသည် ဆက်လက်ချုံ့ပစ်စရာ မရှိတော့သော အမှတ်သို့ ဆိုက်ရောက်ခြင်းကို သစ္စာအလင်းကို သိမြင်ခြင်း ကိစ္စပြီးဆုံးခြင်းဟု စနစ်အားလုံးက ရည်ညွှန်းချေသည်။ ဤ မိမိကို ဆက်ချုံ့ရန် ကိစ္စမရှိတော့သော အမှတ်၌ တခြားကျန်ရှိသောအရာအားလုံးမှာ လောကသဘာဝသစ္စာတရား၏ သဟဇာတပြုမူမှုသက်သက်သာတည်း ဟု မြင်တွေ့ခြင်းဖြစ်သည်။ တစ်ဖက်သော ဗုဒ္ဓဝါဒတွင် ဤချုံ့ရန်ကိစ္စမရှိသော အမှတ်ပင်မကျန်ရှိတော့။ ယင်းကို သုညတာ(သို့) အနှစ်တရားဟူ၍ တစ်စုံတစ်ရာမရှိခြင်းဟု ဗုဒ္ဓဝါဒက ခေါ်တွင်လေသည်။ အခြားတစ်ဖက်သော ဝေဒန္တဝါဒကမူ ယင်းချုံ့ရန်မရှိသော အမှတ်ကျန်ရစ်နေ၍ ယင်းအမှတ်သည် အရာရာ သို့တည်းမဟုတ် တစ်လောကလုံး သို့သော် ပြောင်းလဲသွားသော ပကတိမိမိ အတွင်းတွင်သာ လောကဟုသိခြင်း ဟူသော သဘောဖြစ်သည်။ ယင်းမိမိအတွင်းတွင်သာ လောကဟုသိခြင်းသည် ဝေဒန္တ၏ နှစ်ခုဟူ၍ ကွဲပြားခြင်းမရှိသော တစ်ခုတည်းသော ဗြဟ္မာဖြစ်ပါသည်။

ဇင်ဗုဒ္ဓဘာသာစနစ်သည် အိန္ဒိယ၏ ပင်ရင်းစနစ်တစ်ခု မဟုတ်သော်ငြား ဆွေးနွေးရှင်းလင်းချက်တွင် ဥပမာအဖြစ် သုံးစွဲနိုင်ပါသည်(၇)။ ဂျိုရူ၏ ပထမဦးဆုံး သစ္စာရှာဖွေမှု ပဟေဠိတွင် ယောဂီတပည့်ကို မူ (နတ္တိသဘာဝ (သို့) ပကတိဗုဒ္ဓသဘာဝ) နှင့် တစ်သားတည်း ဖြစ်လာစေရန် ကိစ္စတစ်ခုကိုသာ အာရုံထားပြီး ကျန်အရာအားလုံးကို သူ့သဘောအတိုင်းသာ လွတ်ထားရန် မှာကြားချေ၏။ ယောဂီသည် အသက်ရူမှု စည်းချက်နှင့်လိုက်ပြီး မိမိစိတ်အတွင်းမှ မူကို အဖန်တလဲလဲ မန္တာန်အဖြစ် ရွတ်ဆိုလေသည်။ ပထမတွင် စိတ်အာရုံတို့ထွေပြားနေပြီး မူကို အာရုံမစူးစိုက်နိုင်။ သို့သော် သည်းခံကြိုးစားခြင်းအားဖြင့် အခြားသောစိတ်အာရုံတို့ကို ယောဂီသည် တစတစနှင့် ပယ်ရှားပြီး မူနှင့်တသားတည်းကျမှု ပိုပြီးဖြစ်လာချေသည်။ ဤသို့ တိုးတက်လာသောအခါ ယောဂီတွင် ငါတည်းဟူသော အာရုံနှင့် နှီးနွယ်နေသည့် မိမိပုံရိပ်များ၊ သိမှတ်သားမှုများ၊ မျှော်လင့်မှုများ နှင့် စီမံပြုမူချက်များ တစတစနှင့် လျော့ပါးလာပြီးလျှင် ငါဆိုသော အာရုံ၏ စေစားပြင်းထန်မှုတို့ ယုတ်လျော့လာချေသည်။ အဆုံးတွင် မူကို ရွတ်ဆိုနေသော ငါ တစ်စုံတစ်ဦးဟူ၍ သတိမူမှု မရှိတော့ဘဲ မူသာလျှင် ကြွင်းကျန်တည်ရှိနေသော အခြေအနေသို့ ဆိုက်ရောက်ချေသည်။ ဤ အဆင့်တွင် မူသည်မူကို ပြုနေသတည်း။ ကန်ရှိုဟုခေါ်သော ကိစ္စပြီးဆုံးခြင်း (နိရောဓသစ္စာသို့ ဆိုက်ရောက်ခြင်း) သည် ယင်းရင့်မာပြီးသော ယောဂီအား မူအပါအဝင် အားလုံးကို လွတ်ချလိုက်ခြင်း ကို ဖြစ်စေသော အလန့်တကြားနိုးကြားသွားစေသော အတွေ့အကြုံတစ်ခုကို ကြုံတွေ့သောအခါတွင် ဖြစ်ပွားချေသည်။ ဤ နောက်ဆုံးပန်းတိုင်သို့ ဆိုက်ရောက်ရန် တဖြည်းဖြည်းနှင့်သာ ပျိုးထောင်ရသော်လည်း ကိစ္စပြီးဆုံးသော အသိသည် ရှောင်တခင်ဖြစ်ပွားလေသည်။ ယင်းသည် လမ်းညွှန်ပေးသော ဇင်ဆရာမှ တပည့်ယောဂီ၏ ရင့်ကျက်ပြီးဆုံးအံ့သော အချိန်ကို တိကျစွာ အချိန်ကိုက် ခန့်မှန်းနိုင်ပြီး လွတ်မြောက်ရာသောအကြောင်းကို အမြွက်ပြ ညွှန်ကြားလေသောအခါ ယောဂီသည် ခုန် ပြီးထွက်သွားနိုင်သော အခြေအနေဖြစ်သည်။ များစွာသော ဇင်နိပါတ်တို့တွင် ဆရာ၏ ကြိမ်းမောင်းခြင်း ရိုက်နှက်ခြင်းနှင့်အတူ တပည့်ယောဂီသည် မိမိ၏ မိမိဟူသောအဖြစ်၏ အချက်နေရာ သစ္စာတရားသို့ဆိုက်ရောက်ခြင်းကို ပြသလေ့ရှိသည်။ တခြားတနည်းဆိုပါမူ ယင်းအတွေ့အကြုံသည် နှစ်ခုမကွဲပြားဘဲ တွေ့ကြုံခြင်းဖြစ်သည်။ ယောဂီအန်မွန်သည် ခြေကျင်းဝတ်ကျိုး လေသောအခါ သူသည် မိမိအဖြစ်၏ ရှိတည်ခြင်းကို မသိတော့ဘဲ လောကကြီးတစ်ခုလုံးသည် သူ့လောကအဖြစ်သာ ယင်းတစ်ခုတည်းသော ကြီးစွာ နာကျင်သော ဝေဒနာနှင့် တစ်သားတည်း တည်ချေသတည်း။

ယင်းအတွေ့အကြုံသည် မိမိဟူ၍ မရှိတော့သော လောကဖြစ်ရကား ပုံစံပြောင်းသွားသော လောကဖြစ်ပါသည်။ အလင်းမရမီ အခြေအနေက ယဉ်ပါးပြီးဖြစ်သော သဘာဝလောကတွင် အရူခံရုပ်ပစ္စည်းအားလုံးသည် ယင်းတို့ကိုရူသော မိမိအတ္တဟူသော အသိတရားနှင့် မျှခြေသဘောအားဖြင့် ယှဉ်တွဲတည်ရှိကြသည်။ ယင်းမိမိအတ္တနှင့် အခြားသဘာဝဟူပြီး ကွဲပြားမှု လွင့်ပျောက်သွားခြင်းအတွက် သတိမူခြင်းသက်သက် ဟူသောအရာသည် ရှင်းလင်းဖွင့်ဆိုချက် အသစ်တစ်ခု လိုအပ်ပါသည်။ ယခင်တုန်းက လောကကြီးကို ရူသောအရာတစ်ခုဟု ထင်ထားခဲ့သော ယင်း သတိမူခြင်းသက်သက်သာ ဖြစ်သော အရာသည် ယခုအခါ လောကကြီးနှင့် တစ်ပေါင်းတည်း ဖြစ်သွားသည်။ သိစိတ်သည် ငါဆိုသည့် ချက်(အစွဲ)ကို ကိုင်စွဲပြီး ဆက်လက် မပြုမူနိုင်တော့ခြင်း၊ တစ်ပါးသော အပြင်ဝတ္တု နှင့် မိမိ၏ ကွဲပြားနေသောအားဖြင့်သာ မြင်ခြင်းမျိုး မရှိတော့ခြင်း၊ ယင်းသို့သော အဝိဇ္ဖာ သဘောတို့ချုပ်ငြိမ်းလေသော အခါ မိမိဘာသာသက်သက်သာ ပကတိထွန်းလင်းသော သဘောကို ယောဂီသည် ရှာဖွေတွေ့ရှိခြင်းဖြစ်သည်။ ဤဖြစ်စဉ်ကို သိခြင်းကို ပြုအပ်သောအရာဟူ၍ မရှိခြင်း သို့တည်းမဟုတ် နှစ်ခုဟူပြီးကွဲပြား၍ မမြင်ခြင်း ဟု ခေါ်ဆိုနိုင်ကောင်း ပါသည်။ ရှေးဦးဗုဒ္ဓဝါဒက ပထမဝေါဟာရကို ယူပြီး သိစိတ်ဝိဉာဏ်သည် ဝိဉာဏ်မှသိအပ်သော အခြားအရာ အားလုံးတို့နည်းတူ မရှိသောအရာသာ ဖြစ်သည်ဟု ကြွေးကြော်သည်။ သျှမ်ခယက ဒုတိယဝေါဟာရကို ယူပြီး အရာရာသည် သိခြင်းကို ပြုတတ်သော အရာသာဖြစ်သည် ဟု ကြွေးကြော်သည်။ တစ်ဖက် ဗုဒ္ဓဘာသာမှ အနှစ်တစ်စုံတစ်ရာ ငါဟူ၍ မရှိ၊ (ဖန်တီးအပ်သော သင်္ခါရဖြစ်စဉ်တည်း ဟူသော) ဓမ္မဓာတ်တို့သာ ရှိစကောင်း၏။ တစ်ဖက်မှလည်း အရာအားလုံးသည် အနှစ်အားဖြင့် ငါသာ ဖြစ်သတည်းဟု ဆိုရာ တကယ်တော့ ဝါဒနှစ်ခုလုံး၏ အခြေခံသည် (ငါနှင့်အခြားတပါးဟူ၍ ကွဲပြားနေမှုတည်း ဟူသော သဘောကို ငြင်းပယ်လိုခြင်းအကြောင်းရင်းတွင်) တူညီနေရာ နှစ်ခုလုံးသည် ညီတူမျှတူ မှန်ကန်နေပုံရသည်။ ဒါမှမဟုတ် နှစ်ခုလုံးသည် ညီတူမျှတူ မှားယွင်းနေတာလဲ ဖြစ်နိုင်သည်။ (၎င်းတို့ ငြင်းပယ်သော နှစ်ခုကွဲပြားခြင်း (သို့တည်းမဟုတ်) ပလေတို၏ အသီးသီးသာ ကွဲပြားသော လောကဓာတ်အခြေခံသဘောများ၏ ကွဲပြားသော ဇာတ်မြစ် အနှစ်ရှိခြင်း ဟူသော ဝါဒသာ မှန်ကန်ပါလျှင် ဝါဒနှစ်ခုလုံး ကျရူံးပါသည်။ ၎င်းတို့၏ နှစ်ခုကွဲပြားခြင်းကို ငြင်းပယ်မှု မှန်ကန်ပါလျှင် ဝါဒနှစ်ခုလုံးသည် ညီတူမျှတူမှန်ကန်သွားပါလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ဝါဒနှစ်ခုလုံးသည် အနှစ်ဓာတ်သဘာဝများအရ ကွဲပြားနေခြင်းဆိုသည်ကို အကြွင်းမဲ့ငြင်းပယ်ခြင်းသာ ရည်ရွယ်လိုရင်းဖြစ်၍ အဆုံးတွင် အနတ္တသဘောသွားဖြစ်သော မိမိဟူ၍ မရှိခြင်းကိုဘဲ ဦးတည်နေသောကြောင့် ဖြစ်ပါသည်။) ယင်းဝါဒတို့ မှန်သလား မှားသလားဆိုတာကတော့ ကြည့်ရူသူက ဘယ်ရူဒေါင့်မှနေပြီး ဆုံးဖြတ်နေသလဲဆိုသည့် အပေါ်မှာ မူတည်ပေသည်။ ဝါဒနှစ်ခုလုံး၏ သဘောသွားမှာ တစ်သဘောတည်းကို ဖော်ပြနေသည်။ ရှင်းလင်းသေချာတာကတော့ ကိစ္စလမ်းဆုံးတွင် သိမှုကိုပြုတတ်သော အရာနှင့် အသိခံရသော အရာဟူ၍ မရှိ။ သို့တည်းမဟုတ် သိတတ်သော ငါနှင့် ယင်းငါက ထိပ်တိုက်တွေ့သော လောက ဟူ၍ ကွဲပြားခြင်းမရှိ ဆိုတာပဲဖြစ်ပါသည်။(၈)

ထိုသို့ (ငါနှင့် အခြားတစ်ပါးသောအရာကို ငြင်းပယ်လိုခြင်းတည်း ဟူသော) တစ်သမတ်တည်းသော သဘောကို ရည်ရွယ်ခြင်းရှိခဲ့ပါလျှင် အဘယ်ကြောင့် ဗုဒ္မဘာသာတွင် ဝေဒန္တက ဗြဟ္မာနှင့် အလားတူတာ မရှိသလဲ ဟု စောဒနာပြုဖွယ် ဖြစ်လာပါသည်။ ရှေးဦးဗုဒ္ဓဘာသာသည် မျိုးစုံသော အသီးအခြားဖြစ်သော သတ္တိများစွာကွဲပြားသော ဓမ္မများကိုသာ သစ္စာတရားအဖြစ် ညွှန်းပြီး အမြတ်ဆုံးတစ်ခုတည်းသာရှိခြင်း ဆိုသော ဗြဟ္မာကို သစ္စာတရား အဖြစ် မညွှန်းခဲ့ပါ။ ဝါဒက မိမိဆိုသည်ကို သုံးသပ်သောအခါ မိမိသည် ပျောက်ဆုံးသွား၍ (ပြုပြင်အပ်သော သင်္ခါရ)လောကဓမ္မတို့၏ အမှန်တည်ရှိ (ဖန်တီး)ခြင်း သဘောမှာ မရွှေ့လျော မပျောက်ဆုံးပါ။ နောက်ပိုင်းတွင် ဗုဒ္ဓဝါဒက (မရွေ့လျော မပြောင်းလဲသော သဘောမှာ သဿတဒိဌိ နှင့် များစွာနီးရကား) ပြုပြင်ပြောဆိုသည်မှာ ယင်း ပြုပြင်အပ်သော

သင်္ခါရလောက ဓမ္မတို့သည်လည်း (မိမိပင်ကို အနှစ်အားဖြင့် အစွမ်းသတ္တိ ရှိနေခြင်း မဟုတ်ဘဲ) နိုင်းယှဉ်မှုသဘောအားဖြင့် သာလျှင် မိမိ၏သတ္တိကို ဆောင်ကြောင်း သိစေအပ် သောကြောင့် ယင်းတို့သည်လည်း အစစ်အမှန်တည်ရှိနေသော တရားမဟုတ၊် စင်စစ်အားဖြင့် ဓမ္မဓာတုတည်းဟူသော သင်္ခါရသဘောတို့သည်လည်း သုညသာတည်း ဟူ၍ဖြစ်သည်။ သုညတာသဘောသည် ငါဟူ၍မရှိခြင်းကို ရည်ညွှန်းမည်ကာ မဟုတ်တော့ဘဲ အားလုံးသော သဘာဝတို့၏ အခြေခံအကျဆုံးသော လက္ခဏာအဖြစ် ညွှန်းဆိုလာခဲ့သည်။ ထိုအခါတွင် သုညတာ၏ ကိစ္စသတ္တိသည် ဝေဒန္တ၏ တစ်ခုတည်းသော ဗြဟ္မာနှင့် နီးစပ်သွားချေသည်။ သို့သော် စောကြောဖွယ် ရှိသည်မှာ နောက်တစ်ယောက် ထပ်မရှိသော ဗြဟ္မာနှင့် (ဘာမှမရှိသော) သုညတာတို့ စေ့စပ်ပြေလည် နိုင်မလားဟူသော မေးခွန်းဖြစ်ပါသည်။


ကျွန်ုပ်၏ အဖြေမှာ ခေတ်ပေါ်ဇင်ဆရာတစ်ဦး ဖြစ်သော ယာမာဒ ကောင်ရိုရှိ၏ ဟောမြွက်မှုကို အခြေခံပါသည်။ အရာဝတ္ထုတို့၏ စစ်မှန်သော သဘာဝနှင့် စပ်လျဉ်းပြီး ဆရာက ဆိုမြွက်သည်မှာ "ပကတိသဘာဝတွင် အရာရာသည် တစ်ခုတည်းသာတည်း။ ထို့ကြောင့် ယင်းတစ်ခုသည်ပင် မရှိသတည်း" ဟု ဖြစ်သည်။ ယင်းမြွက်ဆိုမှု၏ ဆိုလိုရင်းမှာ အကယ်၍ တစ်ခုတည်းသာရှိခဲ့ပါလျှင်၊ ယင်းအလုံးစုံသောတစ်ခု၏ အပြင် အခြားတစ်စုံတရာသည် မရှိခဲ့ပါလျှင်၊ သိတတ်မှုကိုပြုတတ်သော အရာနှင့် အသိခံရသော အရာဟူ၍ ကွဲပြားခြင်း မရှိခဲ့ပါလျှင် ယင်းတစ်ခုသည် မိမိကိုယ်ကိုမျှလည်း တစ်ခုဟူ၍ သတိမူမိအပ်ရာသော အကြောင်းသည်မရှိ။ (အကယ်၍ တစ်ခုမှလွဲ၍ ဘာမှမရှိဟု ဆိုသည်နှင့် မည်သည့် အရေအတွက်သဘောသော်မျှ မတည်နိုင်။ ဘာမှမရှိသော သဘောသည်လည်း မတည်။ အလုံးစုံရှိသော သဘောသည်လည်း မတည်။ ထို့ကြောင့် သတ္တဝါသည် ရှိသလား၊ မရှိသလား၊ ရှိသည်ကော မရှိသည်ကော ဟုတ်သလား၊ ရှိသည်ကော မရှိသည်ကော မဟုတ်သလား ဟူသော မေးခွန်းလေးခုလုံးကို ဗုဒ္ဓက ဤသို့ သူမယူကြောင်း ဖြေကြားခဲ့ပုံရပါသည်။) ထို့ကြောင့် နိရောဓသစ္စာ၏ အတွေ့အကြုံမှာ ယင်း အလုံးစုံသော အရာတို့၏ တစ်ခုတည်းသော ပကတိသဘော သက်သက်သာဖြစ်သော နှိဗ္ဗာန်ကို မျက်မှောက်ပြုမှု ဖြစ်ခဲ့ပါလျှင် ထိုအတွေ့အကြူံမှာ အလုံးစုံသော သဘောတရားတို့၏ ချုပ်ငြိမ်းခြင်း သို့မဟုတ် (လောကသည်) ချုပ်ငြိမ်းနေခြင်းသာဖြစ်ခြင်းဟူသော သုညတာသာ ဖြစ်ချေမည်။ အလုံးစုံသော အရာတို့မှ သီးသန့်တစ်ခု ဟူသော မိမိကို ခွဲခြားသတ်မှတ်ရန်အတွက် မိမိမှကွဲပြားသော အခြားတစ်ခုသော အရာကို မှတ်ယူမှု ရှိရပေသည်။ ကလေးတစ်ယောက်သည် ၎င်းကိုယ်၎င်း ကွဲပြားသော လူတစ်ယောက် အဖြစ် သိမှတ်နိုင်ရန် (အတ္တစိတ်ဖြစ်ပေါ်စေရန်) အခြားသူတစ်ဦးဆိုတာ ဘာလဲဆိုပြီး သတိမူမိရသည်။ အရာဝတ္တုတစ်ခုဟု သတ်မှတ်နိုင်ရန် ပိုင်းခြားကန့်သတ်မှု သဘော လိုလေသည်။ ယင်းသည် အရာတစ်ခုဖြစ်၏။ အဘယ်ကြောင့်ဆိုသော် ယင်းသည် အခြား အရာတစ်ခုခုနှင့် ထင်ရှားစွာ ပိုင်းခြားထားသောကြောင့် ပင်တည်း။ ဥပမာပေးရမည်ဆိုလျှင် စကြာဝဠာသည် ရှိသလား မရှိဘူးလားဆိုသော မေးခွန်းသည် အဓိပ္ပာယ်မရှိသော မေးခွန်းဖြစ်နေသည့် အလားတူ ဖြစ်သည်။ စကြာဝဠာတွင်းရှိ သီးသန့်သတ္တိရှိသော တစ်စုံတစ်ခုခု၏ လက္ခဏာနှင့်တည်ရှိမှုကို ကျွန်ုပ်တို့စစ်ဆေးသိရှိနိုင်သည်။ သို့သော် စကြာဝဠာရှိသလား မရှိသလားဆိုတာကို ဆုံးဖြတ်ဖို့ မည်သို့သော စံ အကြောင်းချင်းရာတွေကို ကျွန်ုပ်တို့သုံးကြမှာလဲ။ (၉) စကြာဝဠာဟူသော ဝေါဟာရ၏ အဓိပ္ပာယ်ကိုက သူ့ထက်ကြီးသော ကျယ်သော အရာတစ်ခု၏ အစိတ်အပိုင်း ဘယ်တော့မှမဟုတ်။ ထို့ကြောင့် စကြာဝဠာ၏ ရှိတည်ခြင်းဆိုသော သဘောသည် (၄င်းကို ပိုင်းခြားရန် ၄င်းထက်ကြီးသော(သို့) စကြာဝဠာမှတစ်ပါး အခြားတစ်ခုရှိသော သဘောမဟုတ်သဖြင့်) အဓိပ္ပာယ်မှန်ကန်ပြည့်ဝသော စကားမဟုတ်။(အရာတစ်ခု၏ ရှိတည်ခြင်းသည် ပိုင်းခြားမှုအားဖြင့်သာ ပြောဆိုနိုင်သတည်း။) ထိုနည်းတူစွာပင် အကယ်၍ ဗြဟ္မာသည် အလုံးစုံပါဝင်သော အခြားတစ်ခုမရှိသော အရာဟုဆိုပါလျှင် ယင်းသည် အရာတစ်ခုဟူသော သဘောအားဖြင့် ကြုံကြိုက် မျက်မှောက်ပြုရာသော အကြောင်းမရှိ။(၁၀) ဗြဟ္မာသည် အလုံးစုံသော အရာဟုဆိုသည်နှင့် ယင်းသည် (အရာတစ်ခုမဟုတ်တော့ရကား) သုညတာ သဘောဖြင့်သာ ကြုံကြိုက်မျက်မှောက်ပြုနိုင်စကောင်းသည်။ အဓိပ္ပာယ်သတ်မှတ်ချက်အရ ဗြဟ္မာသည် (တည်ရှိမှုတည်းဟူသော) မည်သည့်တုပ်နှောင်ထားခြင်းတို့မှ မဆို အဆုံးမရှိလွတ်မြောက်နေ၏။ ပမာပြရလျှင် တည်ရှိမှု (တည်းဟူသော ဘဝသံသရာ၏) သဘောမှာ ပုရွက်ဆိတ်တစ်ကောင် စက်လုံးမျက်နှာပြင်ဝယ် လမ်းလျှောက်နေကကဲ့သို့ သာလျှင်ပါတည်း။

ဤသို့ ဖြစ်ရကား မိမိဝါဒကို မိမိငြင်းဆိုနေသော သာမန်အားဖြင့် မထင်ရသည့် ဝိရောဓိ အဖြစ်အပျက်နှစ်ခုကို ကျွန်ုပ်နားလည်မိပါသည်။ ဘာမှမရှိအောင် ရူံ့ပစ်လာခြင်းသည် အလုံးစုံဖြစ်သွားသလို အလုံးစုံတည်းဟူသော တစ်ခုတည်းသော အရာ ဖြစ်သွားသော အတွေ့အကြုံသည်လည်း ဘာမှမရှိတော့ခြင်းဖြစ်သည်။ ထိုသို့ မိမိဝါဒကို မိမိငြင်းဆန်ပြီးသားဖြစ်သွားသော အမှတ် နှစ်နေရာသည် ဆန့်ကျင်ဘက်ဝါဒနှစ်ခု၏ တူညီသောသဘောကို အခြေခံခြင်းကို စုံစမ်းသိမြင်နိုင်သော ဘုံမြေဖြစ်သည်။ အကယ်၍ ကျွန်ုပ်တို့သည် ဤစာတမ်း၌ ကျွန်ုပ်မှန်ကန်ကြောင်း သက်သေထူရန် ကြိုးစားလိမ့်မည် မဟုတ်သည့် နှစ်ခုကွဲပြားခြင်းမရှိဘဲသိသော သိစိတ်သဘော၏ ရှိတည်ခြင်းကို လက်ခံနိုင်ပါက ဗုဒ္ဓဝါဒနှင့် ဝေဒန္တသည် တစ်ခုတည်းသော ဖြစ်စဉ်ကို မတူညီသော ရူဒေါင့်များမှ နေ၍ ဖော်ပြနေခြင်း ဖြစ်သည်ဟု ရူမြင်နိုင်သည်။ ယင်းမတူသောရူဒေါင့်တို့ကြောင့်ပင် ယင်းတို့၏ လောကုတ္တရာ စနစ်များ ကွဲပြားသွားချေသည်။ သို့သော် ဤနေရာ၌ အဘယ်ကြောင့် ယင်းဝါဒတို့သည် မတူညီသော ရူဒေါင့်တို့ကို အသီးသီးရွေးချယ်ခဲ့ ပါသနည်း။ အဘယ်ကြောင့် သျှမ်ခရသည် တစ်ခုတည်းသော အရာကို ယူပြီး ဗုဒ္ဓက ဘာမှမရှိဆိုသည်ကို ယူပါသနည်း။

ကျွန်ုပ်စဉ်းစားမိသလောက်တော့ သည်မေးခွန်း၏ အဖြေသည် အတွေးအခေါ်နယ်ပယ် ကိုယ်၌

၏ (ပြင်ခြင်းဌာ မတတ်နိုင်သေးသော) သဘာဝပင်ဖြစ်ပါသည်။ သျှမ်ခယကနေပြီး အခြားတစ်ယောက်မရှိသော ဗြဟ္မာကို ရည်ညွှန်းမှုပြုခြင်းသည် အမှန်တရားကို (လှိုဏ်ခေါင်း၏) အပြင်မှနေပြီး (လှိုဏ်ခေါင်း) အတွင်း (အမိုက်မှောင်) ကို မြင်သော အမြင်မျိုးဖြင့် သုံးသပ်ထားခြင်းဖြစ်သည်။ ဤသို့ အပြင်ထွက်ပြီး သုံးသပ်ရခြင်းမှာ အဘယ်ကြောင့်နည်းဟူမူ ဤသို့ထွက်ကြည့်သော ရူဒေါင့်ဖြင့်သာ တစ်ခုတည်းသော ဗြဟ္မာဆိုသည့် သဘောသဘာဝကို နားလည်နိုင်၍ ဖြစ်သည်။(၁၁) တကယ်ကတော့ သည်နည်းစနစ်မှာ အနောက်တိုင်း ဖီလိုဆိုဖီ အတွေးအခေါ်နည်းစနစ် (နှင့် သိပ္ပံက) ကြိုးပမ်းခဲ့သော နည်းစနစ်ပဲ ဖြစ်သည်။ အနောက်တိုင်း နည်းစနစ်နှင့် သျှမ်ခယနည်းစနစ် နှစ်ခုလုံးသည် အမှန်တရားကို အရာအားလုံး၏ စက်ဝန်းအပြင်ဖက်မှနေ၍ ယင်းတို့၏ ချိတ်ဆက်တည်ဆောက်မှု အားလုံးကို ငုံပြီ်း ဓမ္မဓိဌာန်ကျကျ ရူမြင် သဘောပေါက်နားလည်သော အဇ္ဈတသမ္ပဇဉ် (ဝါ) အပြင်ဖက်မှ ဆင်ခြင်မှု ဖြစ်သည်။ ထို့ကြောင့် အတွေးအခေါ် ဒဿနကို ကျက်စားခြင်းမှ ဖြစ်ထွန်းလာသော ပညာဉာဏ်သည် စက်ဝန်းထဲမှ ထွက်ပြီး စက်ဝန်းအတွင်းရှိအရာအားလုံးကို ပြန်လည်ရူမြင်သုံးသပ်သော အပြင်မှသာလျှင် ကြည့်အပ်၍ ဆင်ခြင်ကုံလုံစေသောဉာဏ်ဖြစ်သည်။

သို့သော် ဗုဒ္မက သဘောပေါက်ခဲ့သည်မှာ တကယ်ကတော့ ကျွန်ုပ်တို့သည် အမှန်တရားကို အမှန်တရား (တနည်း အဝိဇ္ဇာစက်ဝန်း)၏ အပြင်ဖက်ကိုထွက်ပြီး အရာတစ်ခုအဖြစ် မရူမြင်နိုင်ခြင်း ဆိုသော သဘောဖြစ်သည်။ အဘယ်ကြောင့် ဆိုသော် ကျွန်ုပ်တို့၏ (ထိုသို့ရူမြင်နိုင်ရန်) ကြိုးပမ်းအားထုတ်မှုများ၊ ထိုသို့ရူမြင်ခြင်းများသည် တကယ်ကတော့ ယင်း (နှစ်ခုကွဲပြား၍သာမြင်သော လောက) စက်ဝန်းအတွင်းမှာပင် ကျရောက်နေ၍ ဖြစ်သည်။ တွေးခေါ်သုံးသပ်၍ ကောက်ချက်ချမှုများသည် အပြင်ဖက်မှနေပြီး အမှီအခို ကင်းမဲ့၍ တသမတ်တည်း သေချာတိကျနေသည့်နှယ် တိုင်းတာရူမြင်နေခြင်းမျိုး ပုံစံဖမ်းနေလင့်ကစား ယင်းတို့သည် နှစ်ခုဟူ၍ ကွဲပြားမှသာ တည်သော လောက အတွင်းမှာပင် ဖြစ်တည်သော ဖြစ်စဉ်များသာဖြစ်သည်။ ကျွန်ုပ်တို့ သတိမူသင့်သည်မှာ ကျွန်ုပ်တို့က ဗုဒ္မကို ကျွန်ုပ်တို့၏ ပုံစံခွက်ဖြစ်သည့် ဒဿနကဗေဒ စနစ်အတွင်းကို အတင်းသွပ်သွင်းနေသော်ငြား တကယ်ကတော့ ဗုဒ္မသည် ဒဿနိက အတွေးအခေါ်ပညာရှင် မဟုတ်ဆိုသည်ကို ဖြစ်သည်။ သိသာလှသည်မှာ ဗုဒ္ဓမှ အမြဲတမ်း ဖိအားပေး လုပ်ဆောင်သွားသော အဓိကအရေးကိစ္စမှာ သတ္တဝါ ဝေနယျတို့၏ နိဗ္ဗာန်ကို ကြုံကြိုက်မျက်မှောက်ပြုရေး ဖြစ်သည်။ ဤသို့ဆိုပါလျှင် အတွေးအခေါ်ဒဿနဟူသည် ကြွယ်ဝသလောက် ပိုလျှံသော စကားရပ်များနှင့် သဘောတရားတည်ဆောက်ပုံ အမျိုးမျိုးတို့ဖြစ်ပြီး တစ်စုံတစ်ဦးသည် ယင်းအတွေးအခေါ်တို့ကို ယုံကြည်တွယ်တာ ဆုပ်ကိုင် နေသရွေ့ ယင်းတို့သည် သစ္စာဉာဏ်အလင်း၏ အဟန့်အတားများ အဖြစ် လုပ်ဆောင်ကြချေမည်။ သူ့သဘောအတိုင်းသာ ဖြစ်နေခြင်းကို ရူသော တရားထိုင်ခြင်းသည် ဤကိစ္စတွင် လိုအပ်ပေသည်။ အတွေးအခေါ် ဒဿနိက၏ နည်းစနစ်သဘာဝအားဖြင့် ကျွန်ုပ်တို့သည် ဖန်တီးထားသော အပြင်မှနေပြီး တစ်ခုတည်းသော စိတ်တွင် အလုံးစုံပါဝင်သည်ဟု ဆိုကောင်းဆိုနိုင်ပါသော်ငြား လက်တွေ့ သဘာဝဖြစ်စဉ်တွင် ဤသို့သော တစ်ခုလုံးမှနေ၍ ထွက်ကြည့်နိုင်သော ယင်းတစ်ခုတည်းသောစိတ်သည်မရှိ။ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်တို့တစ်ဦးချင်းစီသည် မိမိစိတ်ကို မိမိ သတိမူသိရှိသလို ယင်းတစ်ခုတည်းသောစိတ်သည် (တစ်ခုတည်းသာရှိသဖြင့်) ယင်းစိတ်ကိုယ်ယင်းမသိနိုင်။ (စာညွှန်း။ ။ဤငြင်းခုံချက်ကို စိတ်ဝင်စားသူများအတွက် ဆက်လက်ဖတ်ရူလိုပါလျှင် ထေရဝါဒ သဘောတရားများကို အခြေခံရေးသားထားသည့် Miri Albahari ၏ Analytical Buddhism: The Two-tiered Illusion of Self သည် ကောင်းစွာ သုတေသနပြုရေးသားထားသည့် စာအုပ်ကောင်းတစ်အုပ်ဖြစ်ကြောင်း တိုက်တွန်းအပ်ပါသည်။ ဤသဘောတရားကို အလွယ်အားဖြင့်နားလည်နိုင်သည်မှာ ဗုဒ္ဓကိုယ်တိုင်ဟောကြားခဲ့သည် " "ပညာဟူသည်မှာ အဝိဇ္ဇာမှသာ ထွက်ပေါ်ရ၏" ဟူသော အဆိုအမိန့်ဖြစ်သည်။ ကျွန်ုပ်တို့သည် မိမိကိုယ်ကို မိမိ အထင်ကြီးလွန်၍ ကိုယ့်ကိုကိုယ် သဘာဝလောကတစ်ခုလုံးကို အပြင်မှ ခြုံငုံစဉ်းစား နိုင်သူများအဖြစ် ထင်တတ်ကြပါလိမ့်မည်။ စင်စစ် ဗုဒ္ဓဘာသာ၏ နည်းစနစ်မှာ လူအများ လက်ရှိ ထင်မှတ်ကြသလို ပျောက်စေဖြစ်စေ နတ်ရေကန် ဖော်မြူလာတို့ကို ကောင်းစွာ နားလည်သိမြင်နိုင်စေ၍ သာထူးရကား မာန်တက်စရာ ကောင်း နေသည့် စနစ်တစ်ခု လုံးဝမဟုတ်။ စင်စစ် ဗုဒ္ဓ၏ ပဓာန အကျဆုံး နည်းစနစ်မှာ မိမိတွင် အမြဲတွဲလျက် တည်ရှိနေသော အားနည်းချက် အဝိဇ္ဇာ၏ မကင်းနိုင်ကြောင်းကို ကောင်းစွာ သတိထား နှလုံးသွင်းဖို့သာ တွင်တွင် တိုက်တွန်းထားသော နည်းစနစ် ဖြစ်ပြီး ဒိဠိဟူသော တယူသန်ခြင်း၊ မာနတည်းဟူသော မာန်စောင်မြောက်ခြင်း နှင့် [အဝိဇ္ဇာ၏ အားနည်းချက်ကို ကုစားရာတွင်လည်း တဖြည်းဖြည်းနှင့်သာ လေ့လာတွေ့ကြုံ ပျိုးထောင်ရသဖြင့်] ပျောက်စေ ဖြစ်စေ နတ်ရေကန်ဖော်မြူလာ တို့ကို လုံးဝမနှစ်မြို့ မလက်ခံသည့် မိမိ၏ အားနည်းချက်တို့ကို သည်းခံမှု တရား လက်ကိုင်ထား၍ တစတစ မိမိကိုယ်ကို ဇွဲနဘဲ ကြီးစွာသော ဝေဖန်ဆန်းစစ်မှုသဘောနှင့် ပြင်ယူ(မိမိ၏ မရင့်ကျက်နိုင်သော အခြေခံသဘောကို ကောင်းစွာ နားလည်၍) ပြည့်ဝ ရင့်ကျက်လာရန် တိုက်တွန်းသော နည်းစနစ်ဖြစ်ပါသည်။ )

ဒါဆိုလျှင် နှိဗ္ဗာန သို့မဟုတ် မောက္ခဆိုသည်ကို ဘယ်လိုများ တွေ့ကြုံမျက်မှောက်ပြုကြပါသလဲ။ ကျွန်ုပ်တို့ အများသူငါ လူမိုက်များသာ ဗုဒ္ဓက ရှင်းပြဖို့ တွန့်ဆုတ်သော ယင်းနေရာဟာ ဘာလဲဆိုတာ အလျင်စလို (မကျင့်ကြံ မအားထုတ်ဘဲ စိတ်ကူးသက်သက်ဖြင့်) သိလိုနေကြပေသည်။ သို့သော် အထက်ပါသုံးသပ်ချက်အရ တစ်ခုတည်းသာရှိသောအရာနှင့် တစ်သားတည်းပေါင်းမိသွားခြင်း သဘောသည် ယုတ္တိမရှိ။ ၎င်းအစား ယင်းသည် (စည်းနှောင်ထားသော) အစုအပေါင်း၏ ပြိုကွဲသွားခြင်း ဖြစ်ပေလိမ့်မည်။ ယင်း အစုအပေါင်း၏ ပြိုကွဲခြင်းသည် ပျောက်သုဉ်းသွားခြင်းမျိုးမဟုတ်တန်ရာ။ ယင်းသည် အတ္တ-မိမိဟူသော မိမိနှင့် အခြားအရာများကို သီးခြားဘောင်ခတ်သည့် သဘောသည် (သုညတာ) အတွင်း ပကတိအတိုင်းသာ သားတည်းပျော်ဝင်သွားခြင်း ဖြစ်တန်ရာသည်။ ယင်းသည် ဘဝ သတ္တဝါ အဖြစ်တစ်ခု၏ တင်းခံမှုနှင့် ကြောင့်ကြစိုက်ခြင်းတို့ ချုပ်ငြိမ်းသွားပြီး သဘောသက်သက်သာ ကြောင့်ကြမှုမရှိ ချမ်းမြေ့သာယာသော အခြေအနေ ဖြစ်လိမ့်မည်။ ယခင်က တွယ်တာဆုပ်ကိုင်ထားသော ခပ်သိမ်းသော တရားတို့ကို သူ့သဘောသက်သက်အားဖြင့်သာ (မဆုပ်ကိုင်ဘဲ) လွတ်ချခြင်းဖြင့်သာ ရူမြင်သောအားဖြင့် တစ်စုံတစ်ဦးသည် ယခင်တုန်းကတည်းကလည်း အမြဲမှန်စွာ ဖြစ်ခဲ့သလို ပကတိသဘာဝအတိုင်းသာ ခပ်သိမ်းသောတရားတို့နှင့် တသားတည်း ဖြစ်သွားသော အခြေအနေဖြစ်ပါလိမ့်မည်။ သမ်ခယယောဂက ဆိုထားသည်မှာ ပူရုရှားသည် အမှန်ပကတိအခြေအနေတွင် ခပ်သိမ်းသောလောကကို လွှမ်းခြုံ၍တည်ပေသည်။ ဗုဒ္ဓကလည်း အရဟံ၏ သဘောကို "နက်ရိုင်းသော၊ တိုင်းတာခြင်းဌာ မစွမ်းသာသော၊ မထွင်းဖောက်နိုင်အောင် သိပ်သည်းသော၊ စွမ်းအားသတ္တိကြီးစွာသော မဟာသမုဒ္ဒရာကဲ့သို့ ဖြစ်သော" ဟူ၍ ရှင်းပြခဲ့သည်။ ဝေဒန္တ၏ ဗြဟ္မာသည်လည်း ကန့်သတ်ခြင်းဌာ မစွမ်းသာသော ခပ်သိမ်းသော လောကကို ပျံ့နှံ့ဝင်ရောက်သော သဘောာဖြစ်ပါသည်။(၁၂)

အချုပ်အားဖြင့်ဆိုသော် ကျွန်ုပ်က ဆွဲဆောင်ရန် ကြိုးစားသော အယူအဆမှာ ဗုဒ္ဓ၏ နိဗ္ဗာန်နှင့် ဝေဒန္တ၏ မောက္ခသည် တစ်ခုတည်းသော ရူဒေါင့်ဖြစ်ကြောင်း ဟူ၍ ဖြစ်သည်။ ဝေဒန္တမှ ဖြေရှင်းသော တစ်ခုတည်းသာရှိခြင်းနှင့် တသားတည်းဖြစ်သွားခြင်းမှာ ဓမ္မ္ဓဓိဌာန်ကျလိုသော ရည်ရွယ်ချက်ဖြင့် သုံးသပ်သော ဒဿနိကပညာရပ်နှင့် အလားတူသည့် ရူဒေါင့်ဖြစ်သည်။ ဗုဒ္ဓဝါဒ၏ ဖွင့်ဆိုချက်ကို ပိုပြီးတိတိကျကျ ဆိုရပါလျှင် ဖြစ်စဉ်အတိုင်းသာ ဖော်ပြရှင်းပြလိုရင်းဖြစ်သည်။ သို့သော် အဆုံးသတ်တွင် ကိစ္စနှစ်ခုလုံးတွင် လက်တွေ့ အတွေ့အကြုံမှာ တစ်ခုတည်းသာဖြစ်သည်။

ဤသို့ (ပြဿနာကို) ချဉ်းကပ်ခြင်းသည် ဝေဒန္တဝါဒီတို့နှင့် မဟာယာနဝါဒီတို့ အတွက် ကျေနပ်ဖွယ်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့ လက်ရှိရပ်တည်ထားသော အယူအဆ၏ မှန်ကန်ကြောင်းကို အကြောင်းသက်သေ ပြုနိုင်၍ ဖြစ်သည်။ ထေရဝါဒီတို့ အနေဖြင့် ၎င်းတို့ရပ်တည်ထားသော (ဖြစ်စဉ်ဖြစ်ပျက်ရုံ သက်သက်မျှသာရှိသော) ဓမ္မတို့သာဖြစ်သည် ဟူသော အနေအထားမှနေပြီး လောကုတ္တရာဝါဒတစ်ခုကို ထူထောင်ဖို့ ကြိုးစားနေသမျှ ကာလပတ်လုံး (ဤကျမ်းပြုသူကဲ့သို့ပင်) တစ်စုံတစ်ဦးဦးသည် ၎င်းတို့ စနိုးစနောင့် ဖြစ်အောင် (ဤသို့ပင်) တက်ကြွပျော်ရွှင်စွာ ငြင်းခုံ နေမည်သာ ဖြစ်သည်။ သို့ရာတွင် ဝါဒအားလုံးသည် (မှတ်သားသော အတွေ့အကြုံကို အခြေခံသည့်) မည်သည့်သိမှုစနစ်မဆို ၄င်းတို့စနစ်အတွင်း ဘာသာဘာဝတွင် ကိစ္စမရှိပေမယ့် ပန်းတိုင်လမ်းဆုံးကိုရောက်ရန် အတွက်မူ (ယင်းမှတ်သားခဲ့သော သညာကို အခြေခံသည့်) သိမှုစနစ်တို့ ကိုယ်တိုင်သည် ပိတ်ဆို့နေသော ပြဿနာ၏ တစ်စိတ်တစ်ပိုင်းဖြစ်သည် ဟူသော သဘောကို လက်ခံရာ၌မူ တူညီကြသည်။ ထို့ကြောင့် တွေးခေါ်ဝေဖန်ပြီး (ရင့်ကျက်သိမြင်အပ်သော) သဘောတို့ကိုသော်မှလည်း အဆုံးတွင် ယောဂီသည် ဖြတ်တောက် ကျော်လွန်သွားရချေမည်။ အကယ်၍ တစ်ဦးဦး၏ ကိစ္စသည် သဘောတရားကို နားလည်ဖို့ထက် လွတ်မြောက်မှုသာ ရှေးရူလိုသည် ဟုဆိုပါလျှင် မူရင်းဗုဒ္ဓဝါဒဖြစ်သည့် ဖြစ်စဉ်သဘော သက်သက်ကို မျှသာရူခြင်းသည် အနက်ရိုင်းအကျယ်ပြောဆုံး နည်းလမ်းဖြစ်လိမ့်မည်ဟု ယူလိုပေသည်။ ဒဿနိကဗေဒသည် အရာများကို ပြင်ပရူဒေါင့်မှသာ မြင်လိုသော်လည်း အဆုံးတွင် (ဘယ် ဒဿနိက ဝါဒ) မဆို ကျရူံးနေခြင်းကို တွေ့ရချေမည်။ အာခီးမီးဒီးသည် ကမ္ဘာကြီးကို ကုပ်နဲ့ကော်ချ နိုင်ကြောင်း သိသော်လည်း ကမ္ဘာကြီး၏ အပြင်တွင် အာခီးမီးဒီး ထောက်ရပ်ရန်နေရာ မရှိခဲ့။ ထိုနည်းတူစွာ ကျွန်ုပ်တို့၏ အသိဉာဏ်သည်လည်း ဓမ္မဓိဌာန်ကျသည့် အပြင်တစ်နေရာမှနေပြီး ကိုယ့်ကိုကိုယ် နားလည်သဘောပေါက်လိုသော်လည်း တကယ်တော့ ထိုသို့ကြည့်ရူနားလည်နိုင်ဖို့ဌာ တတ်စွမ်းရာသော ပြင်ပတစ်နေရာသည် မရှိရေးချမရှိပါသတည်း။ (၁၃)


အင်္ဂလိပ်မူရင်း။ ။

Loy, D. (1982). "Enlightenment in Buddhism and Advaita Vedanta: Are Nirvana and Moksha the Same?[*]." International Philosophical Quarterly 21: 64-74.


စာကြွင်းစာချဲ့။ ။

၁. ကျွန်ုပ်၏ ငြင်းခုံမှုနှင့် ပတ်သက်၍ ဆီလျော်သော အကြောင်းမှာ ပန်းတိုင်လမ်းဆုံးသို့ ထွက်ရပ်လမ်း (သာသနာသည်) အိန္ဒိယစနစ်အားလုံးတွင် မှတ်ချက်ချဖွယ် ကောင်းလောက်အောင် တသမတ်တည်း တူညီ ကြပါသည်။ သာသနာအားလုံးသည် သီလစင်ကြယ်ခြင်းကို အခြေခံပြီး အဆုံးသတ်တွင် ဆင်တူသော တရားထိုင်နည်းစနစ်များနှင့် သမာဓိကို ထူထောင်ခြင်းကို တွေ့ရချေသည်။ စနစ်အမျိုးမျိုးပင် ရှိလင့်ကစား အားလုံးသည် ရုပ်တရား နာမ်တရားတို့ကို မညိုတွယ်ခြင်း သဘောကိုပင် တသမတ်တည်း ရှေးရူကြချေသည်။ ထို့ကြောင့် မည်သည့် လမ်းမှဘဲ သွားသွား ပဓာနပြုသော လုပ်ရပ်သဘောမှာ တစ်ခုတည်း ဖြစ်ပါသည်။


၂. အဂုင်္တ္တရနိကာယ်ကို အင်္ဂလိပ် ဘာသာသို့ ပြန်ဆိုထားသော Gradual Sayings, I. 8 ကို ရူပါ။

.
Chandogya Upan., VI, viii, 7, trans. Nikhilananda (New York: Harper, 1964); Shankara's Vivekachudamani, trans. Madhavananda (Calcutta: Advaita Ashram, 9th ed., 1974), slokas 226, 339; Isa Upan., 7, trans. Nikhilananda.

၎. ဝေါဟာရနှစ်ခုလုံးသည် အဆုံးသတ် အန္တိမ ဗြဟ္မာတစ်ခုတည်း၏ (ရူဒေါင့်) မတူညီသော လုပ်ငန်းဆောင်တာ တစ်ခုချင်းစီကို ရည်ညွှန်းသုံးစွဲပါသည်။ ဗြဟ္မာသည် ပရမတ္တသစ္စာတရား ဖြစ်ပြီး အတ္တသည် မိမိ၏ ပကတိ မှန်ကန်သော သဘာဝဖြစ်သည်။

၅. ဤသို့သော သဘောသွားကို ဇင်ဗုဒ္ဓစနစ်၏ နွားရိုင်းကျောင်းခြင်း ပန်းချီကားချပ်များ တွင်လည်း တွေ့ရချေ၏။ နဝမကားချပ်မှာ ပင်ရင်းသို့ပြန်လာခြင်း ဟုတွင်သည်။ သို့သော် တကယ်ပြန်ဆိုက်ရောက် လာသောအခါတွင် သိမြင်လိုက်ရသည်မှာ ဘယ်တုန်းကမှလည်း တစ်စုံတစ်ဦးသည် ပင်ရင်းက မထွက်ခွာခဲ့ကြောင်း ဖြစ်သည်။

၆. မူရင်းအားဖြင့် သက္ကတဝေါဟာရဖြစ်သော " ဝိဉာဏ" (ပါဠိလို "ဝိနာန") သည် ရှေ့စွက် "ဝိ"ကို "ဉာဏ" ဟူသော သိမှုကို ပေါင်းထည့်၍ ဖွဲ့စည်းထားခြင်း ဖြစ်ပါသည်။ ဝိသည် ကွဲထွက်ခြင်း၊ သီးသန့်ဖြစ်ခြင်း၊ အမျိုးမျိုးကွဲပြားသွားခြင်း ( သီးခြားသော သတ္တိတို့ရှိခြင်း၊ ခွဲထွက်ခြင်း၊ ကွာခြင်း၊ လှမ်းခြင်း၊ မပါရှိခြင်း) စသော အဓိပ္ပာယ်တို့ကို ဆောင်သည်။ (Macdonell, A Practical Sanskrit Dictionary, Oxford Univ. Press, p. 279) အင်္ဂလိပ်ဝေါဟာရ "consciousness" သည် လက်တင်စကား၏ ကြိယာ scire မှ လာသည်။ scire ၏ အဓိပ္ပာယ်မှာ သိရန် ဟူ၍ ဖြစ်သော်လည်း ယင်း၏ နဂိုမူလအဓိပ္ပာယ်မှာ တစ်ခုနှင့် တစ်ခုကို ဖြတ်တောက်ရန် ဟူ၍ ဖြစ်သည်။ နှစ်ခုကွဲပြားခြင်းသဘောသည် သက္ကတ " ဝိဉာဏ" မှာရော အင်္ဂလိပ် "consciousness" မှာရော နစ်မြုပ်ပါဝင်နေလေသည်။ ယင်းဝေါဟာရတို့၏ အဓိပ္ပာယ်နှင့် ခြားနားစွာ " ပညာ" ဟူသော ဝေါဟာရသည် သိသူ၊ အသိခံရသောအရာ နှင့် သိမှု တို့၏ ကွဲပြားခြင်းမရှိတော့သော အသိအဖြစ် မကြာခဏဆိုသလို ရည်ညွှန်းသုံးစွဲသည်။ ရှေ့စွက် "ပင်" သည် (ပင်စည် သဘောသဖွယ်) တိုးထွက်သွားခြင်းကို ညွှန်းသည်။ ထိုအရ မိမိဘာသာသက်သက် ဟူသော သဘောဖြင့်သာ တိုးထွက်သွားခြင်းကို ညွှန်းတာ ဖြစ်ချေများပါသည်။

၇. ဂျပန်ဇင်ဆရာ ဒိုဂန်က "ဗုဒ္ဓ၏ နည်းလမ်းကို လေ့လာခြင်းသည် မိမိကိုယ်ကို လေ့လာခြင်းဖြစ်၏။ မိမိကိုယ်ကို လေ့လာခြင်းသည် မိမိကိုယ်ကို မေ့ပစ်ခြင်းဖြစ်၏။ မိမိကိုယ်ကို မေ့ပစ်ခြင်းသည် မိမိကိုယ်ကို အရာအားလုံးအဖြစ်ဟု ရူခြင်းဖြစ်၏။ ယင်းကဲ့သို့သိမြင်ခြင်းသည် မိမိနှင့် တစ်ပါးသူအားလုံး၏ ရုပ်တရား နာမ်တရားတို့ အဖြစ် (စွဲထင်နေခြင်း) ကို စွန့်ပစ်လိုက်ခြင်းဖြစ်၏" ဆိုမြွက်ပါသည်။ (The Shobogenzo
"Genjo-koan" မှ)

၈. နှစ်ခုဟူ၍ ကွဲပြားခြင်းမရှိသော သဘောကို အဘယ်ကြောင့် နှစ်မျိုးသော ပရိယာယ်ဖြင့် ဖော်ပြနိုင်ခြင်းမှာ ထင်ရှားပါသည်။ ကျွန်ုပ်တို့၏ တွေ့ကြုံနေကျ အတွေ့အကြုံမှာ (မိမိနှင့် မိမိမဟုတ်သော အရာ၊ သိစိတ်နှင့် အသိခံရသော အရာ) ဟု နှစ်ခုကွဲပြား၍သာ ဖြစ်ပွားရသည်။ သဘာဝအားဖြင့် နေ့စဉ်သုံးစွဲနေကျ ဘာသာစကားတွင် နှစ်ခုကွဲပြားခြင်းမရှိသော အတွေ့အကြုံကို ယင်းပရိယာယ်တို့ဖြင့် ဖော်ပြဖို့ ကြိုးပမ်းတိုင်း ကြိုးပမ်းတိုင်း ပရိယာယ်တစ်ခုသည် အခြားပရိယာယ်တစ်ခုကို အပြီးဖျက်သိမ်းဖို့ ညွတ်ချေသည်။ ထို့ကြောင့် နက်နဲဆန်းကြယ်သော ဤ အတွေ့အကြုံကို များသောအားဖြင့် မျိုးမည်ကွဲပြားပြီးသာ ဖော်ပြလေ့ရှိသည်။ (ဥပမာ Rudolf Otto
Mysticism East and West
တွင် ယင်းနည်းလမ်းနှစ်မျိုးကိုပင် ဖော်ပြသည်။)တစ်ခုမှာ အတွင်းလမ်းဟုခေါ်သော ဖဲကြဉ်ခြင်းဖြစ်ပြီး တစ်ခုမှာ အပြင်လမ်းဟု မည်တွင်သော တစ်ခုတည်းသောအရာနှင့် ပေါင်းစည်းခြင်းဖြစ်ပါသည်။

၁၀. ဤအချက်သည် သျှမ်ခယစနစ်၏ အရေးကြီးဆုံး အယူအဆများ၏ သော့ချက်ဖြစ်ပါသည်။ ပုဂ္ဂိုလ်သဘောရှိသော ဘုရားနှင့် ပုဂ္ဂိုလ်သဘောမရှိသော ပကတိသဘောသက်သက်သာ ဖြစ်သော ဗြဟ္မာတို့၏ ဆက်နွယ်မှုကို ရှင်းပြပါမည်။ လောကုတ္တရာ ဝါဒအများစုသည် ပုဂ္ဂိုလ်သဘောဘုရားကို ယူလျှင်ယူ သို့တည်းမဟုတ် ပကတိသဘောကို ယူလျှင်ယူ တစ်ခုမဟုတ်တစ်ခုကို ယူကြသော်လည်း သျှမ်ခယစနစ်က နှစ်ခုလုံးရှိသည်ဟု ယူလေသည်။ သို့သော် အဆုံးပရမတ္တ သဘောတွင်မူ ပုဂ္ဂိုလ်သဘောမရှိသော ဗြဟ္မာဟူသည့် တစ်ခုတည်းသော ပကတိသာလျှင် သစ္စာတရား အမှန်ဖြစ်သည်။ ဗြဟ္မာသည် မာယာတွင် အသွင်အနေဖြင့်ပေါ်သော အခါ အိစ်ဝါရာခေါ် လောကကို ချုပ်မိုးသော ဘုရားဖြစ်သည်။ ဗြဟ္မာသည် အဝိဇ္ဇာတွင် ပေါ်လာသော အခါ ဇီဝဖြစ်သည်။ အိစ်ဝါရာခေါ် ဘုရားနှင့် တစ်ဦးချင်းစီတို့၏ မိမိသဘောတို့ ဆန့်ကျင်ဖီလာ ဖြစ်နေပုံရခြင်းမှာ အဝိဇ္ဇာခေါ် မိုက်မဲမှု၏ ပိတ်ဖုံးထားသော သဘောပင်ဖြစ်သည်။ ဗြဟ္မာသည် တစ်ဦးတစ်ယောက်၏ မိမိ၏ ရှေ့မှောက်တွင် အရာရာကို ချုပ်မိုးသော ဘုရားအသွင်အဖြစ် ပေါ်လာရသော်လည်း ယင်းဘုရားဆိုသော နှစ်ခုယူ၍ကွဲပြားနေသည့် စနစ်အတွင်း၏ နောက်ဆုံးအပိုင်းအစသည်ပင် လွဲမှားစွာ သိမြင်နေခြင်းဖြစ်သည်။ ယင်းမိုက်မဲမှု လွဲမှားစွာသိမြင်မှုတို့ ပျက်ပြယ်သွားသော အခါ ဘုရားသည်လည်းမရှိ။ မိမိသည်လည်းမရှိ။ သျှမ်ခယမှ မြွက်ဆိုခဲ့သော သဘောမှာ အတော်ပင် ဆန်းကြယ် သိမှတ်စဖွယ် ဖြစ်သည်။ ဘုရားဆိုသည်မှာ လူဟူပြီးသော နိုင်းယှဉ်အပ်သော သဘောမှာသာလျှင် ရှိ၏။ ဘုရားသည်လည်းကောင်း လူသည်လည်းကောင်း အဆုံးတွင်တစ်သားတည်း ပျော်ဝင်သွားလေသော အခါ ဗြဟ္မာသာလျှင် တည်နိုင်သတည်း။ ဘုရားကို သိမြင်ခြင်းသည် သိစိတ်ဝိဉာဏ်၏ နေရာအနှံ့တွင် ရှိခြင်းကို သတိမူမိခြင်းဖြစ်၏။ ဗြဟ္မာဖြစ်သွားခြင်းသည် ဗြဟ္မာသည် ငါ၏သိစိတ်သာ ဖြစ်သတည်းဟု သိခြင်းဖြစ်၏။

အလားတူစွာ ဂျာမန် ဂမ္ဘီရနှင့် ဒဿနိက ပညာရှင် မိုင်စတာ အက်ဟပ်၏ ဘုရားနှင့် ဘုရား၏ခေါင်းကို ခွဲခြားပြသော အယူအဆမျိုး ရှိပါသည်။ ပကတိသန့်ရှင်းသော ဟင်းလင်းအတိဖြစ်သော ဘုရား၏ခေါင်းသည် ဘုရားသခင်ကိုယ်တိုင်ထက် အနိုင်းအဆမဲ့မွန်မြတ်သည် ဟု အက်ဟပ်ကယူဆခဲ့ပါသည်။

၁၁. ဟုတ်ကဲ့။ ဤ ဓမ္မဓိဌာန် ရူဒေါင့်မှ သုံးသပ်ဖော်ပြထားသော ဗြဟ္မာကို လက်တွေ့ ကျင့်ကြံခြင်းမှနေပြီး မျက်မှောက်ပြုရသည့် ဗြဟ္မာ၏ နှစ်ခုကွဲပြားခြင်းမရှိသော အတွေ့အကြုံနှင့် မရောထွေးသွား သင့်ပါ။

၁၂. ကနဦး အတွေ့အကြုံဖြစ်သည့် အိမ်သို့ပြန်လာပြီးနောက် နိဗ္ဗာန် သို့မဟုတ် မောက္ခသည် သုခ၏ ပြည့်စုံခြင်း ဖြစ်ပါသလား။ ဤစောဒနာသည် ဝါဒအသီသီး၏ ခုခံနိုင်မှုကို မှတ်ကျောက်တင်သည့် မေးခွန်းဖြစ်၏။ ယောဂစနစ်တွင် လွတ်မြောက်သွားသော ပူရုရှားတွင် စိတ်လှုပ်ရှားမှု တစ်စုံတစ်ရာမရှိ။ သို့သော် ဝေဒန္တ၏ မှန်ကန်သွားသော မိမိကတော့ စိတ်လှုပ်ရှားမှု အလျဉ်းကင်းမဲ့နေခြင်းမျိုး ဘယ်လိုနည်းနဲ့မှ မဟုတ်တာ ကျိန်းသေသည်။ ဗြဟ္မာသည် သစိတအာနန္ဒာ (ဝါ) အမြတ်ဆုံးတည်ရှိမှု-အကြွင်းမဲ့သော သိစိတ်-အချမ်းသာဆုံးသုခ- အန္တိမ ပကတိ ဖြစ်၏။ လောကဖြစ်စဉ်ထဲက ချမ်းသာသုခယူသည် ယင်း အချမ်းသာဆုံးပရမတ္တသုခ၏ ဖျော့တော့သော ရောင်ပြန်သာဖြစ်ပါသည် ဟု ဝါဒက ဆိုပါသည်။

နိဗ္ဗာန် သို့မဟုတ် မောက္ခတွင် ချမ်းသာသုခတည်ရှိသလား မတည်ရှိဘူးလားဆိုသော ဤပြဿနာကို ဖြေရှင်းဖို့ ကျွန်ုပ်မကြိုးစားပါ။ သို့ရာတွင် ယင်းရှိခြင်း မရှိခြင်းဆိုသော သဘောတရားတို့သည် ညှိုနိုင်းယူလို့မရသည့် ပြဿနာများ မဟုတ်ကြောင်းကို ရည်ညွှန်းနိုင်သည့် အဆိုအမိန့် နှစ်ခုကို တင်ပြသွားပါမည်။ ထိုအခါ '၎င်းတို့သည် သူ့ကို ဤသို့ပြောပြ၏ "ဗြဟ္မာသည် ဘဝ (ပူရံ)ဖြစ်၏ ။ ဗြဟ္မာသည် ပျော်ရွှင်မှုဖြစ်၏။ ဗြဟ္မာသည် ဟင်းလင်း ဘာမှမရှိ"။ ထိုအခါ သူက ၎င်းတို့ကို ဤသို့ပြန်ပြော၏။ "ဗြဟ္မာသည် ဘဝဆိုသည်ကို နားလည်ပါ၏။ သို့သော် ဗြဟ္မာ၏ ပျော်ရွှင်မှုနှင့် ဟင်းလင်း ဘာမှမရှိခြင်းကိုတော့ နားမလည်ပါ"။ ၄င်းတို့က ဤသို့ ဆက်ပြော၏ "ပျော်ရွှင်မှု 'က' သည် ဟင်းလင်း ဘာမှမရှိခြင်း 'ခ' နှင့် အတူတူသာတည်း။ ဟင်းလင်း ဘာမှမရှိခြင်းသည် ပျော်ရွှင်မှုသာတည်း" ။(Chandogya Up., IV. x. 4-5) ပါဠိသုတ္တန်တစ်ခုတွင် ရဟန္တာ ရှင်သာရိပုတြာက အလားတူမေးခွန်းတစ်ခုကို "လှုပ်ရှားဖွယ်ရာ အာရုံဟူ၍ မရှိခြင်းသည်ပင် ချမ်းသာဖြစ်၏" ဟုဖြေကြားထားသည် ကို တွေ့ရပြန်သည်။ အဖြေက ဘာကို ဆိုလိုလဲဆိုတာတော့ မသဲကွဲပါ။ ဒါပေမယ့် ဝါဒနှစ်ခုလုံး စောဒနာရော အဖြေရောတူနေသည်မှာ မှတ်သား ထိုက်ဖွယ် ဖြစ်နေတာတော့ သေချာပါသည်။

၁၃. ဝေဒန္တနှင့် ဗုဒ္ဓဝါဒတို့တွင် အခြား သိသာထင်ရှားသော ကွဲလွဲမှုတစ်ခုရှိပါသည်။ ယင်းကွဲလွဲမှုသည် ဆိုကရေးတီးမတိုင်ခင် ခေတ်က ဂရိတွေးခေါ်ရှင်များဖြစ်သည့် ပါမန်းနိုင်းဒီး နှင့် ဟာရာကလိုင်းတပ် တို့ ကွဲလွဲပုံမျိုးနှင့်ဆင်ပေသည်။ ၄င်းတို့သည် သဘောအစစ်အမှန် ဆိုတာနှင့် စပ်လျဉ်းပြီး ငြင်းခုံကြသည်မှာ ပါမန်းနိုင်းဒီးက မပြောင်းလဲမရွှေ့လျားသော ပကတိ တစ်ခုရှိနေခြင်း ကို ယူပြီး ဟာရာကလိုင်းတပ်က မမြဲသော ခဏတို့နှင့်သာ ဖြစ်တည်ခြင်း သဘောကို ယူပါသည်။ ထိုကဲ့သို့ပင် သျှမ်ခယသည် အရာဝတ္တုတည်ရှိခြင်းနှင့် ပတ်သက်ပြီး အဆုံးစွန်ဆုံးဝါဒ ဖြစ်သည့် အမြဲမှန်ကန်သည့် မပြောင်းလဲမရွှေ့လျားသော ဗြဟ္မာဆိုသည့် အရာဝတ္တုတစ်ခုသာ အစစ်အမှန်ရှိခြင်းဆိုသည်ကို စွဲကိုင်လေသည်။ ပြောင်းလဲရွှေ့လျားနေသော လောကဖြစ်စဉ်တို့မှာ မစစ်မှန်သော မာယာသာဖြစ်သည်။ဗြဟ္မာကို မှားယွင်းလွဲမှားစွာမြင်နေသော သဏ္ဍာန်ဖြစ်သည်။ ဤအယူအဆနှင့် လုံးဝသွေဖီ၍

ရှေးဦးဗုဒ္ဓဘာသာက အရာဝတ္တုဆိုသည်မှာ သဏ္ဍန်မျှသာဖြစ်ပြီး တကယ်အနှစ်ဘာမှမရှိခြင်း ဆိုသော ဝါဒကို စွဲကိုင်လေသည်။ အမှန်တရားဆိုသည်မှာ ရွှေ့လျားနေသော သဘော ခဏသာရှိသော သဘော ပင် ဖြစ်သည်။ ဒြပ်တို့ကို ဗုဒ္ဓဝါဒမှ သုံးသပ်လေသော အခါ အပြန်အလှန်အကျိုးပြုမှု ဖြစ်စဉ်အားဖြင့်သာ ဖြစ်ရသော ခဏသာ ထောက်တည်သော အစဉ် ပြောင်းလဲရွှေ့လျားနေသော သင်္ခါရ တရား တို့ ချည်းသာတည်း။ ခဏသော သဘောဖြစ်စဉ် သတ္တိမျှသာဖြစ်၍ အတွင်းသဘာဝအားဖြင့် မပြောင်းမလဲ မြဲမြံသော အရာ ဆိုသည် မရှိချေသတည်း။ (T. R. V. Murti, The Central Philosophy of Buddhism, p. 11.)

မှတ်သားအပ်သည်မှာ ပြုပြင်စီရင်ခြင်းကို ပြုသည့် အရာဝတ္ထုတစ်ခု၏ ရှိခြင်းကို ငြင်းပယ်လိုက်သည်နှင့် ပြုပြင်စီရင်ခံရသော အရာဝတ္ထုတစ်ခု၏ ရှိခြင်းကိုပါ ငြင်းပယ်ပြီးသားဖြစ်နေပါသည် (ကတ္တားနှင့်ကံကို လှယ်ပြီး စဉ်းစားနိုင်ပါသည်)။ ထိုနည်းတူစွာပင် သဏ္ဍာန်များမျှသာ ရှိသည်ဟု ယူသော်လည်း ယင်း သဏ္ဍာန်ဆိုသည်တို့ကို ပယ်ဖျက်ဖို့ ကြိုးစားလျှင်လည်း အရာဝတ္တုဆိုသော အသိကို မပြောင်းလဲဘဲ မဖြစ်နိုင်ပါ။ အပြန်အလှန်အားဖြင့်လည်း အရာဝတ္တုဆိုသည်ကို သိသော အသိကို ပယ်ဖျက်မည်ဆိုလျှင် သဏ္ဍာန်မျှသာဖြစ်သည် ဟူသော အသိကို မပယ်ဖျက်ဘဲ ကိစ္စမပြီးဆုံးနိုင်ပါ။ ထို့ကြောင့်လည်း သျှမ်ခယက (အစဉ်ပြောင်းလဲရွှေ့လျားနေသော သဘောဖြစ်စဉ်တို့၏ သဏ္ဍာန်မျှသာ ဖြစ်သည် ဆိုသည်ကို မယူလိုဘဲ တစ်ခြားနည်းလမ်းအားဖြင့်) အရာဝတ္တုဆိုသော သဘောအဓိပ္ပာယ်ကို ကြုံ့သည်ထက်ကြုံ့အောင် ဖွင့်ဆိုလာရာ အဆုံးတွင် အရာဝတ္တုဆိုသည်မှာ မည်သည့်အဓိပ္ပာယ်မှ မရှိတော့သော အခြေသို့ ဆိုက်ရောက်လေသည်။ နာဂုဏဗြဟ္မာ (ဂုဏ်သတ္တိအလျှင်းမရှိသော ဗြဟ္မာ) အတွက် မည်သည့် ဝိသေသ တို့ဖြင့်မှ မဖွင့်ချနိုင်။ နာဂုဏဗြဟ္မာ၏ သဘောကို နတ္တိ နတ္တိ .. ဟူ၍ မဟုတ်ဘူးဆိုပြီး တောက်လျှောက် ငြင်းဆိုပယ်ချခြင်းအားဖြင့်သာ ဆိုက်ရောက်နိုင်၏။ သျှမ်ခယက ကျွန်ုပ်၏ ကောက်ချက်ကို ငြင်းပယ်ကောင်း ငြင်းပယ်လိမ့်မည် ဖြစ်သော်လည်း ဗြဟ္မာ၏ သဘောသည် အဆုံးတွင် ဗုဒ္ဓဝါဒ၏ သုညတာ အခြေခံသဘောကို ပြန်ယူနေပြီး ဖြစ်ချေသည်။ ယင်း(သုညတာ တည်းဟူသော) ဗြဟ္မာကို သဏ္ဍာန်မျှသာ ဖြစ်သော အရာ အားလုံး သို့တည်းမဟုတ် အမြဲရွှေ့လျားပြောင်းလဲနေသော အရာအားလုံးဟု ကျွန်ုပ်တို့အသီသီး မှတ်ယူနေခြင်း ဖြစ်ပေလိမ့်မည် ဟု သျှမ်ခယကယူပါသည်။

ရှေးဦးဗုဒ္ဓဝါဒကလည်း အရာဝတ္တုဆိုသော သဘောကို ဖျက်ပစ်ရာ အရာဝတ္ထုအားလုံးသည် မည်သည်ကမှ အနှစ်တစ်စုံတစ်ရာ မရှိသော သဘောကို ဆိုက်ရောက်ပါသည်။ ပြန်လည် ဝေဖန် ငြင်းခုံခြင်းအားဖြင့် မယာယာနဖက်မှလည်း သုညတာသည် အရာအားလုံး၏ အခြေခံပကတိတရား ဆိုသော သဘောကို ဆိုက်ရောက်ခဲ့လေသည် (နောက်ပိုင်းတွင် ဘူတာတသတ္တ ဂိုဏ်းတို့က သုညတာကို အရာအားလုံးကို ဖန်တီးအပ်သော အကြောင်း ဟု ယူလာကြသည်)။ မာတီ ပြဆိုခဲ့သလို ပြောင်းလဲရွှေ့လျားမှုတို့ကို ကိုယ်စီကိုယ်င မြင်ရူခြင်းနှင့်အတူ လောကုတ္တရာဝါဒ များသည် နှစ်ခုမကွဲပြားသော ပကတိသဘော ဆိုသည်ကိုချည်း အဆုံးတွင် ဆိုက်ရောက်ခဲ့လေသည်။ (စာမျက်နှာ ၁၂)

ထိုသို့ တစ်သဘောတည်းကို ဆိုက်ရောက်ခဲ့သော်လည်း အလေးအနက်ထားစရာ ကွဲလွဲမှုတစ်ခုရှိနေပါသည်။ အာဒိဝေဒ၏ နာဂုဏ ဗြဟ္မာသည် ဝိသေသ လက္ခဏာပြုဖွယ်မရှိ။ သို့သော် သာဂုဏဗြဟ္မာမှာ ပကတိသော အမြှေးအယှက်မရှိ စင်ကြယ်သော နှစ်ခုဟူ၍ ကွဲပြားခြင်းမရှိသော စိတ်ဖြစ်၏။ တစ်ဖက်တွင် ဗုဒ္မဝါဒက နိဗ္ဗာန်ကို အရာဝတ္ထု အားလုံး၏ ဗလာသဘောကို သိမြင်ခြင်းဟု ဆို၏။ ဝေဒန္တ၏ အတ္တမံသည် ကာတီးစီးယန်းဝါဒကဲ့သို့ မိမိဘာသာ မိမိသိခြင်းမျိုး မဟုတ်သည်ကတော့ ထင်ရှားသည်။ သူသည် အတွေးမခံရ။ သို့သော် သူသည် တစ်ယောက်တည်းသာ တွေးသူု ဖြစ်၏။ တွေး၏။ သူသည် အသိမခံရ။ သို့သော် သူသည် တစ်ယောက်တည်းသော သိသူဖြစ်၏။ သူမှလွဲ၍ တွေးသူမရှိ။ သူမှလွဲ၍ သိသူမရှိ။ သို့ဆိုလျှင် ယင်းသို့သိသူကို တစ်ဦးတစ်ယောက်သည် မည်သို့သိနိုင်ပါမည်နည်း။ သိမှုအားလုံးကို ပြုသောသူကို သင်သည်မသိနိုင်။(Brhadaranyaka Upan., III: 7.23; II: 4.14; III: 4.2) သျှမ်ခယက ဖွင့်ဆိုပြသည်မှာ "မသိနိုင်သော ထိုတစ်ဦးကို သိနိုင်ကြောင်း သက်သေချင်းရာရှိသလား ဟူပြီး မေးဖွယ်ဖြစ်နေသည်။ သို့သော်
ဤ၌ မိမိဆိုသော သိသောသူ ကိုယ်တိုင်ကို သိနိုင်ကြောင်း သက်သေချင်းရာ ရှိသလားဟု မမေးဘဲ လျှံသွားချေသည်။ အကယ်၍ မိမိဆိုသော သိသောသူကို သက်သေပြဖို့ဆိုလျှင် ဘယ်သူက မိမိဆိုတာကို သိနိုင်ပါသနည်း။ အဘယ်ကြောင့်ဆိုသော် (သက်သေပြရန်အတွက်) မိမိဆိုသောအရာသည် သိအပ်သော အရာဝတ္ထု များထဲက တစ်ခုအဖြစ်သာ ဖြစ်ရပေမည်။ သို့ဆိုလျှင် သိသော တစ်စုံတစ်ဦးမရှိဘဲ မိမိဆိုသော သိသောသူကို သက်သေမပြနိုင်။ ဤအချင်းအရာအားဖြင့် ယင်းသိသောတစ်စုံတစ်ဦးသည်လည်း မိမိကိုယ်တိုင်ပင်တည်းဟု ကောက်ချက်ချ ဖြေရှင်းရာ၏" ဟုဖြစ်သည်။ (Atmajnanopadesa-vidhi, IV, 10)

သို့သော် ယင်းမိမိကို ဘယ်သောအခါမှ မတွေ့ကြုံနိုင်။ အဘယ်ကြောင့်ဆိုသော် ဝေါဟာရ အဓိပ္ပာယ်အားဖြင့် မိမိဆိုသောအရာသည် တွေ့မြင်သိကြုံသူဖြစ်သည်။ ယင်းတွေ့မြင်သိကြုံသူသည်လည်း တကယ်တော့ ဗလာဟူသော သုညသဘောသက်သက်ဖြစ်သည်။ ယင်းသုညသဘောသည် သျှမ်ခယက မဒရာမိကဝါဒကို မှားယွင်းစွာဝေဖန်ခဲ့သလို အားလုံးဆိတ်သုဉ်းနေသော ဗလာမဟုတ်။ တကယ်ကတော့ ယင်းသည် သတ္တဝါတိုင်း၏ အခြေခံပကတိသဘောဖြစ်သည့် မြတ်နိုးတနာပြုဖွယ် သုညတာဟူသော ဗုဒ္ဓသဘာဝပင် ဖြစ်သတည်း။


Tuesday, November 16, 2010

မြန်မာဆွေ၏ ခုခံချေပခြင်း (၁)



ဆွေ။ ။ ချမ်းမြေ့သာယာ မွေးနေ့ အခါ ဖြစ်ပါစေသား၊ ဘွားဘွားသိကြား ။ နတ်တို့သက်တာ ထောင့်နှစ်ရာ ဘွားဘွား ဘုံသက် ရှည်ကြာ မပျက် တည်နိုင်ပါစေသား။

သုဇာတာ ဒေဝီ
။ ။
ငါ့သွေးမှမွေး ကွေးလေးမြေးငယ်။ မင်းလည်း ထို့အတူ ချမ်းမြေ့ ရှည်ကြာ လူ့ရွာဘုံသက် နှစ်တစ်ရာ့နှစ်ဆယ် ရှည်ကြာမပျက် နေနိုင်စေသား နေစေသား။ မြင်းကောင်းသနင်း သိန္ဓောမြင်းကဲ့သို့ လျင်မြန်ပေါ့ပါးခြင်း သစ်ပင်တို့၏ဘုရင် မဉ္ဓူပင် ကဲ့သို့ ခိုင်မာကြံ့ထွားခြင်း အသူရာတို့၏ စစ်ဗိုလ်ချုပ်မင်း ကဲ့သို့ အားကောင်းမောင်းသန်ခြင်း တို့ ငါ့မြေးငယ်ဝယ် ဖြစ်တည်စေသား တည်စေသား။

ဆွေ။ ။ ဘိုးတော်မင်းကြီး ရူစားစမ်းပါဘိ။ ဤယနေ့နတ်ဘုံ၏ ပြိုးပြက်ထည်ဝါခြင်း ဘွားဘွားသိကြား၏ ဘယ်ပနုးချီ ရေးမမီသော အလှကျက်သရေ၊ ဤသို့သော လှခေါင်မိုး၏ ချစ်ခြင်းမေတ္တာကို ချီးမြှင့် ခံရခြင်းသည် ကံထူးလှစွာသော သတ္တဝါတစ်ကောင် ဖြစ်လို့သာ ဘိုးတော်မင်းကြီး စံစားနေရပါသည် မဟုတ်ပါလား။

ဘိုးတော်သိကြား။ ။ ဟုတ်လေစွ ငါ့သားငယ်။ မျက်နက်ကလေးဒေါင့်ကပ်ပြီး ကြည့်တတ်သော ထို အမျိုးကောင်းသမီးတို့ အတွက်သာ မင်းတို့ငစွာ ယောင်္ကျားတွေ ချွေးသွေးမြေကျ ရှင်ပြိုင် ရုန်းကန် ကြရသည် မဟုတ်ပါလား။ မင်းယောင်္ကျားတွေ ဘယ်ကလောက် စွာစွာ အဆုံးသတ်မတော့ မိန်းမတစ်ယောက် ရှေ့မှောက် ဒူးထောက် အညံ့ခံရပေ မဟုတ်ပါလား။ မင်းလည်း သိမှတ်မိမှာ ပေါ့၊ မင်းဘွားဘွားကို ပြန်လည်ရဖို့ ငါကိုယ်တော်မြတ် ဗောဓိသတ်လည်း သေလုခမန်း ဇာတ်ကြမ်းတိုက်ခဲ့ ရတယ် ဆိုတာကို။

ဆွေ။ ။ ကျွန်တော့်အတွက် ကတော့ ဘိုးတော်ဟာ ဂန္တဝင် အချစ်ကျော်စွာ ။ ဒါပမယ့် ဘိုးတော်ဟာ အချစ်မျက်ကန်း နတ်မစူးစမ်း ၊ ချစ်စိတ်မွှန် နတ်မိုက်ရူးရဲ ၊ ချစ်လှတာမှန်ပေမယ့် ဘွားဘွားကို နတ်ပြန်တော် အသူရာ စစ် သူရဲကောင်း တွေ လက်က သွား ခိုးလုယက်ခဲ့တာ ဆင်ကန်းတောတိုးတဲ့ လုပ်ရပ်။

သုဇာတာ ဒေဝီ
။ ။
သည်ပုံပြင် ငါကစခဲ့တာပါလေ။ အောက်ဆွဲ နတ်အို သည်ခေါင်းဖြူကို ငါပန်းကုံးစွပ်ခဲ့တာကို က ငါကိုယ်၌်ကိုက မိုက်ကန်းတာပါ။ သည်ခေါင်းဖြူ သူ့ဟာသူတော့ သည်လောက် မိုက်အားရှိလိမ့် မထင်။ ငါ မင်းသမီးရဲ့ အချစ်ကို ရဖို့ အသူရာ ကောင်လေး တက်လူလေး တွေမှာ ဟန်ရေးတပြပြ၊ ငါအမိုက်မက နတ်ဘဝဆုံး နတ်ကုန်း နတ်ပြို ခေါင်းဖြူဖွေးဖွေး သည်ငမိုက်ကြီး အသူရာအိုကို ရွေးချယ်လိုက်တော့ သင်းတို့ခမျာ အံ့အားသင့် မဆုံး။ နတ်ပြည်နဲ့ လူ့ရွာရဲ့ နောင်ဖြစ်မယ့် ရာဇဝင် မထင်မှတ်ဘဲ ပြောင်းလဲသွားရတာမှာ ငါ့ သည်ရွေးချယ်မှုက အခရာ။ အဲဒါ ကံဇာတ်ဆရာ စေစားရာလိုက်ခဲ့တဲ့ ငါမင်းသမီး ရဲ့ ချစ်အဂတိတရား။

ဆွေ။ ။ ဘိုးတော်မင်းကြီး။ သင်ဟာ အသူရာ စစ်သားတွေရဲ့ လက်က လွတ်အောင် ပြေးနိုင်ခဲ့တာကိုက သူရဲကောင်း။ ယနေ့ထက်တိုင် တက်ကြွလှုပ်ရှားနေတဲ့ စစ်ရူခင်းတစ်ခု။ ဘွားဒေဝီ ဆင်မြန်းအပ်တဲ့ မွှေးကြိုင်လှစွာသော ပန်းကုံးကို လည်ထက်မှာဆင် ဘိုးချစ်တဲ့ ဘွားကို ရွှေလက်မှာဆွဲလို့ မင်သက်နေတဲ့ အသူရာ ဘုံတော်သားတွေကို ဘိုး ကြိမ်းမောင်းပြလိုက်တဲ့ ဇာတ်ခန်း။ ။ ငါဘယ်ကလာ တာဝတိံ ကလာ တဲ့ နတ်တို့သနင်း သိကြားမင်း။ ပြီး ဘိုးနဲ့ဘွား မောင်နှံနှစ်ဖော် ဝေဇယန္တာ ရထားထဲကို ပြေးလို့ခုန်ဝင်။ အသူရာ ငနတွေ ကြောင်ကြည့်ကြည့်နေတုန်းမှာပဲ ဘိုးဘိုး စစ်မြင်း တွေကို တာဝတိံသာ ဘက်ဆီကိုမောင်းလို့ အသော့နှင်။ ဘိုးတစ်ယောက်ထဲ အသူရာတစ်တိုင်းပြည်လုံးကို ဖောက်ထွက်ခဲ့တာ အဲဒါ သူရဲကောင်းတို့ရဲ့ ရာဇဝင်။

ဘိုးတော်သိကြား။ ။
မင်းတို့ မြန်မာတွေ သိတဲ့ ငါ့ပုံပြင်ဟာ သူရဲကောင်းကိုးကွယ်တဲ့ ဝါဒ။ မင်းတို့ ရိုးရိုးကြီး မြန်မာတွေ ယုံစားတာ သူရဲကောင်းဆိုရင် ဘာမဆို ကျော်လွှား။ လက်တွေ့ ဇာတ်လမ်းဆိုတာ သည်လို မလွယ်။ ငါ တစ်ယောက်တည်း အသူရာတွေရဲ့ ပိုင်နက်ဘုံနန်းကို မိုက်စွာလို့ မသွားခဲ့။ ငါ လွှတ်ထားတဲ့ သူလျှိုတွေ အသူရာ နယ်မြေမှာ နေရာအနှံ့ ထိုးဖောက်လို့ ရှိနှင့်နေပြီးသား။ ငါ့ဖက်သား သူလျှိုစစ်သည်တွေက ချက်ချင်း ငါ့ကို ဖမ်းဖို့ကြိုးစားတဲ့ အသူရာ စစ်သည်တော်တွေကို တန်ပြန်ဟန့်တား နိုင်လို့သာ ငါ ရန်သူလက်က လွတ်ခဲ့။ မင်းဘွားဘွားနဲ့ ငါနဲ့ အတူလွတ်အောင် ပြေးခဲ့ရာမှာ တို့ သုံးခဲ့တာ နတ်ပြည်မှာ အလှပြရာမှာ သုံးတဲ့ ခနော်ခနဲ့ ဝေဇယန္တာ ရထားမဟုတ်။

ဗုဒ္ဓမပွင့်မီ အနှစ်တစ်သိန်းအလို အဲသည်ခေတ်မှာ မင်းဘွားဘွားကို ငါခိုးပြေးခဲ့ရာ သုံးခဲ့တဲ့ရထားဟာ ငါတို့ တာဝတိံတာ မှာ အမြန်ဆုံး ရထား ဖြစ်တဲ့ သူရိယဆိုတဲ့ တစ်စက္ကန့်ကို မိုင်ပေါင်း ၁၃၅ မိုင်ပြေးနိုင်တဲ့ စစ်ရထား။ သည် စစ်ရထားကို ငါတို့ နေစကြာဝဋ္ဌာ တစ်ခုလုံးမှာ အမြန်ဆုံးဆိုပြီး ငါ မသိကန်းကန်း စွာနေခဲ့တာ ပါကလား။ ငါမသိလိုက်မိတာက အသူရာ နိုင်ငံတော်ဟာ ခေတ်ပြောင်းတိုးတက်လာမှု နဲ့အတူ သင်းတို့ဟာ ငါတို့ ဒေဝ နိုင်ငံတော်ကို အပြီးသတ်အနိုင်ယူဖို့ သစ်ဆန်းတဲ့ စစ်ကိရိယာ တွေ တီတွင်လာခဲ့ပြီး ဖြစ်တယ်ဆိုတာ။ သူတို့ရဲ့ နောက်ဆုံးထုတ်လုပ်နိုင်လိုက်တဲ့ ရာဟု စစ်ရထား ဟာ တစ်စက္ကန့် ကို မိုင်ပေါင်း ၆၇၅ မိုင်ပြေးလို့ တို့များ သူရိယ ထက် ငါးဆတောင် မြန်ပေကလား။ နတ်ပြန်တော် အသူရာတွေရဲ့ စစ်သေနာပတိ ပဟာရဒ ဟာ သင်းကိုယ်တိုင် ရာဟုကို စီးလို့ တို့များနောက်ကို လိုက်လာခဲ့တာ။ ပက်ကျိလို ပြေးတဲ့ သူရိယဟာ နတ်မြင်းဖြူ တစ်ကောင်တည်းဆွဲပေမယ့် အသူရာတွေ ဆန်းသစ်လိုက်တဲ့ ရာဟုဟာ နတ်မြင်းနက် ခြောက်ကောင်ဆွဲလို့ သူရိယထက် ငါးဆမြန်ချေကလား။ ငါ့ အသက်ကို ရင်းစားမိပြီလို့ တို့များ နောင်တရလိုက် ချိန်မှာ မြန်ဆန်လှတဲ့ ရန်သူ့စစ်ရထား ရာဟု ဒုန်းစိုင်းလာခဲ့တာဟာ နောက်ဆုံး တို့များရဲ့သူရိယစစ်ရထားကို မိဖို့ သေချာသလောက်ဖြစ်နေပြီ။

ဆွေ။ ။ အဟား.. တယ်လဲစိတ်ဝင်စားဖွယ်။ ဒါဆို ဘိုးဘိုးသိကြားရယ် ရန်သူ့လက်က သင်ဘယ်လို လွတ်လာခဲ့တယ်။

ဘိုးတော်သိကြား။ ။ ငါ့မှာ မျှော်လင့်ချက်တစ်ခုသာကျန်။ အဲဒါက လိုက်လာတဲ့ ရန်သူက သူဘယ်လောက်ဘဲမြန်နေမြန်နေ ငါဟာသူ့ထက် အရင်ဦးစွာ ထွက်လာခဲ့တယ်ဆိုတဲ့ အသိ။ ပဟာရဒဟာ ရှေးဘဝမှာတုန်းက ဥပနိသျှကျမ်းမြတ်တွေကို ကျင်လည်ကျက်စားခဲ့သော ရှေး အိန္ဒိယ ဝေဒခေတ် ရဲ့အထူးချွန်ဆုံး သင်္ချာပညာရှင် တစ်ဦး။ တကယ်လို့ ငါဟာ သည် အချိန်မှာ သင်္ချာပုစ္ဆာ တစ်ပုဒ်ကို သင်းကို မေးခဲ့ရင် သင်းဟာ သင်းရဲ့ သချာင်္ အရည်အသွေးကို ယုံကြည်မှု အပြည့်ရှိတာနဲ့ အညီ အဖြေဘာလဲဆိုတာ မှန်းဆမှာပဲ။

ဆွေ။ ။ ဘိုးတော်သုံးတဲ့ နည်းပရိယာယ်ဟာ ဘီလူး အာဋ္ဌာဝက က ဗုဒ္ဓကို အနိုင်တိုက်ဖို့ ကြိုးပမ်းရာမှာ သုံးတဲ့ စိတ်ဓာတ်ပျက်ပြားအောင်ရည်ရွယ်လုပ်ဆောင်တဲ့ စစ်ဆင်ရေး နည်းဗျူဟာနဲ့ သွားပြီးတူနေ။ တကယ်လို့ ပဟာရဒက သင်မေးတဲ့ ပုစ္ဆာကို မစဉ်းစားနိုင်ခဲ့ရင် သူ့ နှလုံးသားမှာ သိမ်ငယ်မှုဖိစီးပြီး သင်ရဲ့ရထားနောက်ကို ဆက်လိုက်ဖို့ သတ္တိပျက်ပြား ဒါကို အသင်ရည်ရွယ်နေတာကလား။

ဘိုးတော်သိကြား။ ။ မှန်သပ ငါ့သားငယ်။ ဒါပေမယ့် ထုတ်လိုက်တဲ့ ပုစ္ဆာ ဟာ လက်ရှိဖြစ်နေတဲ့ အရေးကိစ္စနဲ့ ပတ်သက်မှသာ ပဟာရဒကို အာရုံလွှဲနိုင်မှာ ဖြစ်။ နို့မဟုတ်ရင် ပါးနပ်တဲ့ ပဟာရဒ ဟာ အဲသည်လို အရေးတကြီး ငါ့ကို ဖမ်းဖို့ကြိုးစားနေတုန်းမှာ လက်တွေ့ အရေးကိစ္စနဲ့ မဆိုင်တဲ့ ပုစ္စာမျိုးကို အချိန်ကုန်ခံပြီး စဉ်းစားမှာမဟုတ်။ မင်းဘွားဘွားကို ပြန်ရဖို့ နှစ်ရာပေါင်းများစွာ ကြိုးပမ်းလာခဲ့တဲ့ ဘိုးဘိုးရဲ့ ခိုင်မြဲတဲ့ ချစ်သစ္စာခွန်အား နဲ့အတူ ပဟာရဒကို လှမ်းအော်လိုက်တာက

"ဟေ့ ပဟာရဒ၊ မင်းကိုမင်း ငါ့ စစ်ရထားကို မိမယ်လို့ ယုံကြည်နေသလား"

"မာဃ၊ ဘာ အကြောင်းကြောင့် မမိရမှာလဲ။ မင်းမမြင်ဘူးလား။ ငါ့ရာဟုက သူရိယဆီကို ဘယ်လောက်မြန်အောင် ချဉ်းကပ်လာနေတယ်ဆိုတာ။ မင်းသိဖို့ ပြောလိုက်အုံးမယ်။ မင်းတို့ တာဝတိံသာ သားတွေ စကြာဝဠာတစ်ခုလုံးမှာ အမြန်ဆုံးဆိုပြီး စွာနေတဲ့ သူရိယကို မြောင်းထဲကို ပို့ဖို့ ရာဟုကို ငါကိုယ်တိုင် ပုံစံချဆန်းသစ်ထားတယ် ဆိုတာ။ ရာဟုဟာ အပြေးပြိုင်ပွဲဝင်နေတဲ့ ယုန်လို။ မင်းရဲ့ သူရိယဟာ လိပ်ကလေးတစ်ကောင် သာသာ။ သူရိယထက်ငါးဆမြန်အောင် ပြေးနိုင်တဲ့ ရာဟုဟာ မကြာခင်မှာ သူရိယကို မိသွားမှာဘဲ။ တစ်စက္ကန့် အတွင်း မာဃမင်းရေ ငိုချင်းချလို့ မင်း နတ်သက်ကြွေဖို့သာ ပြင်ထား။"

"ငါမယုံဘူး ။ ငါယုံကြည်တာက ရာဟုဟာ သူရိယကို ဘယ်တော့မှ မမိနိုင်ဘူး။ မင်း သိပါတယ်။ ဒေဝတို့ရဲ့သနင်း ငါမင်းမာဃ ဘယ်တော့မှ မုသားမပြောဘူးဆိုတာ။"

"ဘာ အကြောင်းကြောင့် ရာဟုဟာ သူရိယကို ဘယ်တော့မှ မမိနိုင်ရသလဲ။ ဘာအကြောင်းကြောင့် ပန်းတိုင်ကို မရပ်တမ်း ပြေးနေတဲ့ယုန်ဟာ နှေးကွေးတဲ့လိပ်ကို မမီရမှာလဲ။ မင်းဟာ ဘယ်တော့မှ မုသားမပြောဘူးဆို သည်လို ယုတ္တိမရှိတာကို ယုံကြည်နေရတာလဲ။"

"အဖြေကတော့ ပဟာရဒရေ၊ လိပ်ဟာယုန်ထက် ဦးပြီး ထွက်ခဲ့လို့ ဟေ့။"

ဆွေ။ ။ တယ်ဟုတ်ပါလား ဘိုးတော်မင်းကြီးရယ်။ သူကိုယ်၌ကိုက သင်္ချာပညာသည်ဖြစ်တဲ့ ပဟာရဒဟာ သည်ယုတ္တိကို လွန်မြောက်နေတဲ့ ပုစ္ဆာကို အံ့သြစွာနဲ့ စဉ်းစားမိမှာဘဲ။ ဘိုးတော်ဟာ သူ့ထက်အရင် ဦးစွာထွက်လာခဲ့ရင် သူဟာ ဘယ်တော့မှ ဘိုးတော်ကို မမိနိုင်ဘူး။ ဘာကြောင့်လဲဆိုတော် ဘိုးတော် ထွက်ခဲ့တဲ့ အမှတ်နေရာကို သူရောက်လာတိုင်း ဘိုးတော်ဟာ သူ့ထက်အရင် အဲသည်အမှတ်နေရာကနေ ထွက်ခွာသွားခဲ့ပြီ ဖြစ်လို့ပါပဲ။ အီစွပ်ပုံပြင်ထဲမှာ လာတဲ့ ယုန်ဟာလိပ်ကို ဘယ်တော့မှမမိခဲ့။ ဘာလို့လဲဆိုတော့ ယုန်ဟာ အမှတ်တစ်ခုကို ဆိုက်ရောက်လာတိုင်းမှာ လိပ်ဟာ အဲသည်အမှတ်ကနေ ကြိုတင်ပြီး ထွက်သွားခဲ့ပြီ မို့လို့ပါဘဲ။




၎င်းတို့၏ စစ်ရထားအပြေးပြိုင်ပွဲတွင် အသူရာစစ်ဗိုလ်ချုပ် ပဟာရဒသည် သိကြားမင်း၏ ပုစ္ဆာလွှမ်းမိုးသွားမှုကို ခံရပြီး ဆက်လက်လိုက်လံမှု မပြုတော့ပဲ လက်လျော့သွားခဲ့သည်။ ပဟာရဒ သိမြင်သွားခဲ့သော သဘောတရားမှာ ရာဟုသည် အသူရာကို မမိနိုင်။ အဘယ်ကြောင့်ဆိုသော် သူရိယသည် အမြဲတမ်း တစ်လှမ်းကြိုတင်ပြီး ထွက်ခွာပြီး နေ၍ဖြစ်ပါသည်။

ရာဟုသည် သူရိယကို အလျင် ပြေးခွင့်ပေးမိရာ မြန်ဆန်လှပေမယ့် ၎င်းသည် သူရိယကို ဘယ်တော့မှ မမိနိုင်။ ဆိုကြပါစို့။ ပဟာရဒမောင်းသော ရာဟုသည် အမှတ် ရာ တွင် ရှိပြီး သိကြားမင်းမောင်းသော သူရိယသည် အမှတ် သူ တွင် တည်ရှိနေသည် ဆိုပါစို့။ ပဟာရဒသည် ရာဟုကို အမှတ် ရာ မှနေပြီး အမှတ် သူ ဆီသို့ သူရိယထက်မြန်သော အမြန်နူန်းဖြင့် ဒုံးစိုင်းမောင်းနှင်လာပါသည်။ သို့သော် ပဟာရဒ အမှတ် သူ သို့ ဆိုက်ရောက်သော အချိန်တွင် သိကြားမင်းသည် ယင်း သူ နေရာတွင် ဆက်လက်ရပ်တည်နေခြင်း မရှိဘဲ အမှတ် သူ' သို့ မဆိုစလောက် ရွှေ့လျားပြီး ဖြစ်နေသည်။

ထိုနည်းအတူ ပဟာရဒသည် မြန်ဆန်လှစွာသော ရာဟုနှင့် အတူ သူ' သို့ ဆိုက်ရောက်လာချိန်တွင် သိကြားမင်းသည် သူ' တွင် ရှိမနေပြန်ပဲ သူ'' သို့ မဆိုစလောက် ထပ်မံရွှေ့လျားပြီး ဖြစ်နေပြန်ပါသည်။ ထို့ကြောင့် သူရိယကို ဖမ်းရန်အတွက် ပဟာရဒသည် ရသူ၊ သူသူ'၊ သူ'သူ''၊ သူ''သူ"' စသဖြင့် မဆုံးနိုင်သော အလျားပြတ်အလုံးစုံကို ရွှေ့လျားအုပ်မိနိုင်ရမည် ဖြစ်သည်။ မဆုံးနိုင်သော ယင်း အလျားပြတ်အလုံးစုံပေါ်တွင် ရွှေ့လျားအုပ်မိရန် ဆိုပါက မဆုံးနိုင်သော အချိန်ကို ယူရမည် ဖြစ်ရာ ပဟာရဒအနေဖြင့် သိကြားမင်းကို ဘယ်တော့မှ မမိနိုင်ပါသတည်း။

အင်္ဂလိပ်မူရင်း။ ။ http://burmakin.blogspot.com/2008/07/apology-of-burmakin-i.html