Sunday, December 15, 2013

ဆင်ကြံကြံထားသော သမိုင်း



ဟစ်တိုင် ဝိုင်းတော်သား ရောင်းရင်းတို့ ခင်ဗျား..

ကျွန်တော်ပေးပို့သည်ကို ဟစ်တိုင်တွင် တင်ပေးသည့် အတွက် ကျေးဇူးတင်ပါသည်။ သို့သော် တင်ထားသော ဆောင်းပါးမှာ ကျွန်တော်ရေးသော ဆောင်းပါး မဟုတ်ပါ။ ကျွန်တော့် email ကို ပေးပို့သော ဆောင်းပါးကို ကျွန်တော်က အင်္ဂလိပ်စာတို ကလေးရေး၍ ဝေဖန်ထားခြင်း ဖြစ်ပါသည်။ ထို့ကြောင့် အဆင်ပြေမည် ဆိုလျှင် ပြင်ဆင် တည်းဖြတ်စေလိုပါသည်။ နောင်ရင်းတို့ အဆင်ပြေစေရန် ပေးပို့ထားသော အင်္ဂလိပ်စာတိုအား မြန်မာဘာသာပြန် အနည်းငယ်လည်း မွမ်းမံ၍ ခုစာတွင် တွဲပို့လိုက်ပါသည်။


ကိုမြတ်ရေ..

ခုလေးတင် သည်ဆောင်းပါးကို အီးမေးလ်တွင် တို့တွေ ဖတ်မိလိုက်တယ်။ ဒို့ ပြောဖူးတဲ့ ပါးစပ်ရာဇဝင်တွေက ဖော်ကောင်လုပ်တဲ့ ဆင်ကြံကြံထားတဲ့ သမိုင်း ဆိုတာနဲ့ ဆက်နေပေ သပေါ့။ နေဝင်းဟာ အစမှာတုန်းက ဦးဥက္ကဌကို သူ(တို့)ရဲ့ "ရဲဘော်မသေ သေသော် ငရဲမလား" ဝါဒဖြန့် မှိုင်းလုံး အောင်မြင်ဖို့ မွေးခဲ့တယ် ဆိုတာ။ နောက်တော့ သူ့ထောက်ခံမှုကို ရုပ်လိုက်တော့ နေဝင်း (ဝါ) နိုင်ငံတော် အားကိုးနဲ့ မာန်မြောက်ခဲ့တဲ့ ဦးဥက္ကဌ ခမျာ ဟပ်ထိုး ဖြစ်ခဲ့ပါရော့လား။ ပါးစပ်ရာဇဝင်တွေဟာလည်း စိစစ်ပြီးတော့ ကြည့်တတ်မြင်တတ်ရင် သမိုင်းအမှန်ကို ပြနိုင်ပေတာ ကလား။

ဟစ်တိုင် မှာ ဒို့တင်ခဲ့တဲ့ ရှာရီရာ လက်ဆောင် အမှတ် (၁၀)၊ (၁၁) နဲ့ တွဲဖတ်ရင် သည် ဆောင်းပါးမျိုးတွေ ဘာလို့ ကနေ့ ဗမာပြည်မှာ မင်းမူဖို့ ကြိုးစားနေသလဲ ဆိုတာ အများပြည်သူတို့ နားလည်သတိမူသင့် ပါပေရဲ့။

ဒို့ရဲ့ ဆောင်းပါး နှစ်ခုလင့်င်္ခကို တွဲပို့လိုက်ပါ၏ ။ ဘာကြောင့်မှန်း မသိ ၊ ဟစ်တိုင် က လင့်ဒ်တွေက စာမူ ပေါ်လစီ စာမျက်နှာကိုပဲ ရောက်နေလို့ ဟစ်တိုင်က ညီကို အယ်ဒီတာ ရောင်းရင်းတို့ကို အားနာနာနဲ့ပဲ ရှေ့မျက်နှာ နောက်ထားပြီးနေ့သစ်  က လင့်ဒ်တွေနဲ့ပဲ ချိတ်ပေးလိုက် ပါတယ်။ 

Just received this in mail. Linked with the undercover history I said about - initially Ne Win deliberately promoted his (their) propaganda of U Oakkatha (ရဲဘော်မသေ သေသော် ငရဲမလား) and then withdrew his support later. U Oakkatha (who had become arrogant by the backup of Ne Win's [the State]'s support) became helpless finally. Often the verbal stories can be correct if we can filter with our common sense to winnow out.

ဗိုလ်ချုပ်အောင်ဆန်း- ရှင်ဥက္ကဌနှင့် "လူသေ လူဖြစ်"