Showing posts with label Conspiracy. Show all posts
Showing posts with label Conspiracy. Show all posts

Sunday, December 15, 2013

ဆင်ကြံကြံထားသော သမိုင်း



ဟစ်တိုင် ဝိုင်းတော်သား ရောင်းရင်းတို့ ခင်ဗျား..

ကျွန်တော်ပေးပို့သည်ကို ဟစ်တိုင်တွင် တင်ပေးသည့် အတွက် ကျေးဇူးတင်ပါသည်။ သို့သော် တင်ထားသော ဆောင်းပါးမှာ ကျွန်တော်ရေးသော ဆောင်းပါး မဟုတ်ပါ။ ကျွန်တော့် email ကို ပေးပို့သော ဆောင်းပါးကို ကျွန်တော်က အင်္ဂလိပ်စာတို ကလေးရေး၍ ဝေဖန်ထားခြင်း ဖြစ်ပါသည်။ ထို့ကြောင့် အဆင်ပြေမည် ဆိုလျှင် ပြင်ဆင် တည်းဖြတ်စေလိုပါသည်။ နောင်ရင်းတို့ အဆင်ပြေစေရန် ပေးပို့ထားသော အင်္ဂလိပ်စာတိုအား မြန်မာဘာသာပြန် အနည်းငယ်လည်း မွမ်းမံ၍ ခုစာတွင် တွဲပို့လိုက်ပါသည်။


ကိုမြတ်ရေ..

ခုလေးတင် သည်ဆောင်းပါးကို အီးမေးလ်တွင် တို့တွေ ဖတ်မိလိုက်တယ်။ ဒို့ ပြောဖူးတဲ့ ပါးစပ်ရာဇဝင်တွေက ဖော်ကောင်လုပ်တဲ့ ဆင်ကြံကြံထားတဲ့ သမိုင်း ဆိုတာနဲ့ ဆက်နေပေ သပေါ့။ နေဝင်းဟာ အစမှာတုန်းက ဦးဥက္ကဌကို သူ(တို့)ရဲ့ "ရဲဘော်မသေ သေသော် ငရဲမလား" ဝါဒဖြန့် မှိုင်းလုံး အောင်မြင်ဖို့ မွေးခဲ့တယ် ဆိုတာ။ နောက်တော့ သူ့ထောက်ခံမှုကို ရုပ်လိုက်တော့ နေဝင်း (ဝါ) နိုင်ငံတော် အားကိုးနဲ့ မာန်မြောက်ခဲ့တဲ့ ဦးဥက္ကဌ ခမျာ ဟပ်ထိုး ဖြစ်ခဲ့ပါရော့လား။ ပါးစပ်ရာဇဝင်တွေဟာလည်း စိစစ်ပြီးတော့ ကြည့်တတ်မြင်တတ်ရင် သမိုင်းအမှန်ကို ပြနိုင်ပေတာ ကလား။

ဟစ်တိုင် မှာ ဒို့တင်ခဲ့တဲ့ ရှာရီရာ လက်ဆောင် အမှတ် (၁၀)၊ (၁၁) နဲ့ တွဲဖတ်ရင် သည် ဆောင်းပါးမျိုးတွေ ဘာလို့ ကနေ့ ဗမာပြည်မှာ မင်းမူဖို့ ကြိုးစားနေသလဲ ဆိုတာ အများပြည်သူတို့ နားလည်သတိမူသင့် ပါပေရဲ့။

ဒို့ရဲ့ ဆောင်းပါး နှစ်ခုလင့်င်္ခကို တွဲပို့လိုက်ပါ၏ ။ ဘာကြောင့်မှန်း မသိ ၊ ဟစ်တိုင် က လင့်ဒ်တွေက စာမူ ပေါ်လစီ စာမျက်နှာကိုပဲ ရောက်နေလို့ ဟစ်တိုင်က ညီကို အယ်ဒီတာ ရောင်းရင်းတို့ကို အားနာနာနဲ့ပဲ ရှေ့မျက်နှာ နောက်ထားပြီးနေ့သစ်  က လင့်ဒ်တွေနဲ့ပဲ ချိတ်ပေးလိုက် ပါတယ်။ 

Just received this in mail. Linked with the undercover history I said about - initially Ne Win deliberately promoted his (their) propaganda of U Oakkatha (ရဲဘော်မသေ သေသော် ငရဲမလား) and then withdrew his support later. U Oakkatha (who had become arrogant by the backup of Ne Win's [the State]'s support) became helpless finally. Often the verbal stories can be correct if we can filter with our common sense to winnow out.

ဗိုလ်ချုပ်အောင်ဆန်း- ရှင်ဥက္ကဌနှင့် "လူသေ လူဖြစ်"

Tuesday, June 25, 2013

ဗမာပြည်အတွက် ရှာရီရာ လက်ဆောင်ယူလာတဲ့ ၉၆၉ (အပိုင်း ၁)



ပမာအားဖြင့် အင်ဒိုနီးရှားကို လုပ်ကြံလာသော ရှာရီရာပြုခြင်း (အစ္စလမ် ဓမ္မသတ် ရှာရီရာကျမ်းမှ ကျင့်ထုံးတို့ကို လူမှု ဥပဒေအဖြစ် ကျင့်သုံးခြင်း) ကို အင်ဒိုနီးရှား မူဆလင် ဘာသာရေးပညာရှင် ဆီရဖိ အန်ဝါက သတိပေး ဖော်ပြရာတွင် ဤလုပ်ဆောင်ချက်သည် ဘာသာရေးကျင့်ထုံးကို ပြန့်ပွားဖို့ရာ မျှော်မှန်းသည့် ရည်ရွယ်ချက်ရိုးရိုး ဟု ယူဆ၍ မရ၊ ၄င်းလုပ်ရပ်သည် ခက်ထန်ရန်လိုသော လူမှုရေး၊နိုင်ငံရေး ရူဒေါင့်တစ်ခုကို အစဉ်အလာတွင် သည်းညှင်းခံမှုကို ကျင့်သုံးသလို ယဉ်ကျေးမှုတို့ ကြွယ်ဝစုံလင်သည့် ဤနိုင်ငံတွင် အကောင်အထည် ပေါ်လာစေရန် တိကျစွာ ကြံစည်ခြင်း ဖြစ်သည် ။ အလားတူ ကိစ္စမျိုးကို နိုင်ငံတော်တော်များများတွင် တွေ့ရရာ ယင်းတို့ထဲမှ တစ်နိုင်ငံမှာ မလေးရှား ဖြစ်ပြီး သမိုင်းအားဖြင့် ဤနိုင်ငံသည် ယဉ်ကျေးမှုမျိုးစုံ နှင့် အလှမ်းကျယ်သည့် နိုင်ငံရေးဖြစ်စဉ်တို့ ပေါကြွယ်ခဲ့သည့်တိုင် အစ္စလမ်အမည်ကို သုံး၍ ထိပ်တိုက်ရင်ဆို်င်မှုကို လိုလားသော ယဉ်ကျေးမှုမျိုး ဖြစ်ထွန်းလာအောင် တဟုန်ထိုး မြှင့်တင်ပေးမှုတို့ ပေါက်ပျက်လာခဲ့ပါသည်။ ဤသို့ နိုင်ငံရေး အစွန်းရောက် ကိစ္စတို့ကို ငါတို့တတွေ ခုခံရမည့် အရေးတွင် ဦးစွာ ထင်ရှားသိမြင်ရမည့် အခြေခံအချက်မှာ ယင်းနိုင်ငံရေး ကျားကွက်တို့သည် (အင်ဒိုနီးရှား နှင့် မလေးရှား ကိစ္စတို့တွင်) အစ္စလမ်ဘာသာ ဟူသော အမှတ်လက္ခဏာကို ခုတုံးလုပ်ကြခြင်းသာ ဖြစ်ပြီးလျှင် ထိုသို့ ခုတုံးလုပ်ခြင်းသည် ရင်ဆိုင်မှု ပဋိပက္ခတို့ ဖြစ်ပွားလာအောင် အစီအစဉ်တကျ ကြံစည်စုစည်းသော လုပ်ရပ်တို့တွင် ကြီးမားသော အစိတ်အပိုင်း ဖြစ်နေသည် ဆိုသည်ကို ပေတည်း။

စာချပ်။ ။ ထို့အတူသာပင် မြန်မာပြည်က ၉၆၉ လမ်းစဉ်တို့ ဟူသည်မှာလည်း ဘာသာရေး လမ်းစဉ် လုံးဝ မဟုတ်။ ကျွန်တော်တို့ ကြည့်တတ်ဖို့ လိုသည်မှာ  ရန်လိုခက်ထန်သော ယဉ်ကျေးမှု တစ်ခု မြန်မာပြည်တွင် ပေါ်ပေါက်လာစေရန် တိတိပပထားရှိပြီး အလားတူ လုပ်ဆောင်နေသည့် ၉၆၉ ၏ ရည်ရွယ်ချက် စေတနာမျိုးကို ဖြစ်၏။ လွန်လေပြီးသော အမရပူရမြို့  မဟာဂန္ဓာရုံ ဆရာတော်ဘုရားကြီး ရှင်ဇနကာဘိဝံသက ၄င်း၏ ထေရုပတ္တိတွင် ရေးသားခဲ့သည်မှာ “ ဒို့မြန်မာတွေ ဘာသာရေးအသိ မိုက်မဲနုံနဲ့တာဟာ ဘုရားပင်လည်း ထင်ရှားရှိလျက် ဆင်းတုဖျက်တယ်။ တရားပင်လည်း ထင်ရှားရှိလျက် ကျမ်းဂန်ဖျက်တယ်။ သံဃာပင်လည်း ထင်ရှားရှိလျက် ဘုန်းကြီးဖျက်တယ်” ။  အတုအယောင် အမှတ်လက္ခဏာ တို့မည်သည် စစ်မှန်သော (ပရမတ္တ) ဘုရား၊ တရား၊ သံဃာတို့ကို ကိုယ်စားမပြု။ ထို မစစ်မှန်သည့် အမှတ်လက္ခဏာတို့သည် နဂိုကတည်းက တရားဓမ္မ၏ အမွန်မြတ်ဆုံး ဂုဏ်ရည်မျိုးဖြစ်သော သန္နိဌိက (အဖန်တလဲလဲ ချင့်နိုးစူးစမ်း ဝေဖန်အပ်ခြင်း) စသည့် ဂုဏ်ရည်မျိုးကို ပိတ်ဖုံးကာထားတတ်ပါ၏။ ပြခဲ့သည့် မကောင်းသော စေတနာမျိုးကို တိတိကျကျထားရှိပြီး ဖြန့်ဖြုးပြန့်ပွားစေသည့် ၉၆၉  လို အမှတ်လက္ခဏာမျိုးမူကား ဆိုဖွယ်ရာ မရှိ။ ကိုးကွယ်ရန်လည်း မဟုတ်၊ ကာကွယ်ရန်လည်း မဟုတ်။ အထူးသိမှတ်အပ်သည့် သဘောမှာ လောကသုံးပါး၏ အထွတ်ဖြစ်သည့် ဘုရား၊တရား၊သံဃာ အစစ်အမှန်တို့၏ အမြတ်ဆုံးသောဂုဏ်ရည်တို့ ဟူသည် မည်သို့သော ဘာသာရေး အမှတ်လက္ခဏာကမှ စိုးစဉ်းမျှပင် ကိုယ်စားမပြုနိုင်ကြောင်း ဆိုသည်ကို ပေတည်း။

ဝီရသူက ပြောသော အင်ဒိုနီးရှား နှင့် မလေးရှားတို့ သည်လို သူတို့ အစ္စလမ်ဘာသာတရားအတွက်လုပ်လို့ တုံ့ပြန်တဲ့ အနေနဲ့ ငါလည်း လိုက်လုပ်တယ် ဆိုသော ပရိယာယ်၏ နောက်ကွယ်တွင် ဖုံးအုပ်ထားသော နိုင်ငံရေး လက်မည်းကြီးကို မြင်တတ်ပါလေ။ တကယ်ကတော့
တုံ့ပြန် သော အနေဖြင့် လိုက်လုပ်ခြင်း မဟုတ်၊ ယင်းနိုင်ငံတို့တွင် ပြဆိုခဲ့သလို ဘာသာရေးကို နိုင်ငံရေးကျားကွက်ထဲ ဝင်လာအောင် တုပပြီး ဖန်တီး လိုက်လုပ်ခြင်းသာ ဖြစ်ပါ၏ ။ နောက်တစ်ချက်မှာ ယင်းနိုင်ငံတို့၏ အသေးစိတ်သော အတွင်းကျကျ နိုင်ငံရေး ဖြစ်စဉ်သဘောတို့ကို ယခုလေးတင်ကမှ ထောင်မှ လွတ်လာသလို လောကီဖက် ပညာအရည်အချင်းအားဖြင့် အင်မတန်အားနည်းသော ဤသူသည် ဘယ်လိုမျိုး ဖတ်မှတ်သိရှိပါ သနည်း။ နိုင်ငံရေး ဖြစ်စဉ် သီအိုရီ စာပေမျိုး ဆိုသည်မှာ အင်္ဂလိပ်စာ အတော်အတန်ကောင်းသူ တို့ပင် အတော်အတန် အားစိုက်ဖတ်ရသော ကိစ္စမျိုး ဖြစ်ပါ၏ ။ ပြီး နိုင်ငံငယ်များ ဖြစ်သော မလေးရှား နှင့် အင်ဒိုနီးရှားတို့မှ နိုင်ငံရေး ဖြစ်စဉ် ဆိုသည်မှာ ယင်းနိုင်ငံတို့၏ အပေါ်ယံကိစ္စတွေသည်ပင် ကမ္ဘာ္ဗမီဒီယာတွေမှာ တခမ်းတနား ပေါ်ပြုလာဖြစ်ပြီး ပါနေတာမျိုးလည်း မဟုတ်။ ဒါကို ကြည့်ခြင်းအားဖြင့် သည်ဇာတ်လမ်းတွင် ဝီရသူကို နောက်ကွယ်တွင် ပံ့ပိုးထားသော ရည်ရွယ်ချက် ရှိရှိဖြင့် ကြံဆောင်ထားသည့် မိစ္ဆာပညာရှင် တစ်ဦး (သို့မဟုတ်) အုပ်စုလိုက် နောက်မှာရှိကြောင်းကို ခန့်မှန်း၍ ရလောက်ပါသည်။ အချုပ်အားဖြင့် ၉၆၉  ဟူသည်မှာ အင်ဒိုနီးရှား နှင့် မလေးရှားမှ နိုင်ငံရေးစစ်တုရင်ကွက်ကို တုပပြီး ထိုစစ်တုရင် ကစားကွက်မျိုးကို မြန်မာပြည်တွင် ကစား၍ ရစေရန် ငွေကြေးအင်အားတောင့်တင်းသော နိုင်ငံရေး အင်အားစုတစ်စုမှ အကွက်ကျကျ လုပ်ဆောင်ဖန်တီးနေခြင်းသာတည်း။ ထိုဖြစ်စဉ်ကို နောက်ကွယ်က လုပ်ကြံသူတို့၏ မူလ မဟာဗျုဟာတွင် ရှိသည့် စေတနာမူကား သင်းကွဲအုပ်စု အမုန်းတရား ဖြစ်ထွန်းရေးခေါင်းဆောင် ဝီရသူကဲ့သို့ အစ္စလမ် ဘာသာကို တုံ့ပြန်ခြင်း မဟုတ်ရေးချ မဟုတ်နိုင်ပါသတည်း။

ညိုထွန်း။ ။ ခေါင်းစည်းနာမည်ကို နေ့သစ်မီဒီယာ http://www.naytthit.info မှ ပံ့ပိုးပါသည်။