Saturday, October 6, 2012

အကြွင်းမဲ့ လွတ်လပ်သော အခြေခံ ဥပဒေ





အကြွင်းမဲ့ လွတ်လပ်သော 
အခြေခံ ဥပဒေ

ဖရိဒါရစ် အော့ဝပ် စွန် ဟိုင်းရက်
 


မြန်မာပြန် တည်းဖြတ်မှု - ကိုညိုထွန်း (Burmakin)







လောကတွင်  မိုက်မဲမှုကိုဖျောက်သော ပညာဖြစ်ကြောင်း အခြေခံ မည်သည် ခန္တီနှင့် ဝီရိယ တရားတို့ ပေတည်း ။

ထိုနှင့် ဆန့်ကျင်၍ လောကီက လောကီ၊ လောကုတ္တရာက လောကုတ္တရာ ဟု ယူဆကာ အမိုက်မဲဆုံး ပျက်စီးမှုသို့ ရှေးရူကြကုန်၏ ။

ထိုသို့ စိတ်ထင်သလို လုပ်ချင်မှုကို တရားဓမ္မအဖြစ် သတ်မှတ် ပိုင်းဖြတ်လိုသော အယူယုတ်မာတို့ ဆက်လက် မထွန်းကားစိမ့်သောဌာ  ကာလမရွေး တည်တံအံ့သော
ဤ ကျမ်းမြတ်ကို ပြန်ဆိုပါသည်။



ပထမပိုင်း

လွတ်မြောက်မှု၏ တန်ဖိုး



တစ်

တစ်ခုတည်းသော လွတ်လပ်ခြင်း နှင့် ထင်ရာမြင်ရာ လွတ်လပ်မှုများ


လွတ်လပ်ခြင်း ဆိုသော ဝေါဟာရ အတွက် ကမ္ဘာကြီးသည် ဘယ်တုန်းကမှ ကောင်းမွန်သော အဓိပ္ပာယ် ဖွင့်ဆိုချက် မရှိခဲ့ စဘူး။ အမေရိကန် ပြည်သူတို့သည်လည်း ခုဆိုသလို တစ်ခုခုသော လွတ်လပ်မှုကို များစွာပင် အလိုရှိကြပါ၏ ။ ငါတို့ အားလုံးသည် ငါတို့၏ လွတ်လပ်ခြင်းကို ကြေငြာမောင်းခတ် ပါ၏ ။ ထိုသို့ ဖြစ်သော်လည်း ငါတို့က ပြောသည့် လွတ်လပ်ခြင်းသည် ကျပန်း သုံးစွဲနေကျသော လွတ်လပ်ခြင်း နှင့် တစ်သဘောတည်း မဟုတ်။ လွတ်လပ်ခြင်းဟူသည် နှစ်မျိုးနှစ်စား ပေတည်း။ ထိုသဘော နှစ်စားသည် မတူခြားနား နေရုံမက အတူယှဉ်တွဲ ၍လည်း နေနိုင်အံ့ရာသော အကြောင်းတို့သည် မဟုတ်။  သို့သော်လည်း ထို နှစ်စားလုံး ကို မှတ်တွင်ခေါ်ဝေါ် နေကြသည်မှာ  လွတ်လပ်ခြင်း  ဟူသော နာမသညာ တစ်ခုတည်း ဖြစ်နေပါ သတတ်။
                                                                                                              အေဗရာဟမ် လင်ကွန်း

၁. ဤစာအုပ်တွင် ငါတို့ ဆွေးနွေးမည်မှာကား လူတစ်ချို့ကို တစ်ပါးသောသူတို့ ကနေ၍ ခြိမ်းခြောက်ပြုမူမှုတို့ နည်းပါးနိုင်စေသမျှ နည်းပါးစေရကြောင်း ဟူသည် လောကလူ့ဘောင်တွင် ဖြစ်ထွန်းစေရမည့် အခြေအနေ ဆိုသည်ကို ပေတည်း ။ တောက်လျှောက်ဆိုသလို ဤအခြေအနေကို လွတ်လပ်မှု (ဝါ) လွတ်မြောက်မှု အဖြစ် ငါတို့ ဖော်ပြ သုံးစွဲသွားပါမည်။ ဤ ဝေါဟာရ နှစ်ခုလုံးကို ဘဝ၏ ကောင်းမွန်လိုလားအပ်သော ဣဌာရုံ သဘော အမျိုးမျိုးတို့ အတွက် သုံးစွဲလေ့ ရှိကြပါ၏ ။  ကပေမည့်လည်း ထိုဝေါဟာရတို့ သည် ဘာကို ဆိုလိုနေသလဲ ဆိုတာကို မမေးမြန်း မစောကြောဘဲ ဆွေးနွေးပွဲကို တို့များ စတင်လိုက်ပါလျှင် နိပ်လှမည်တော့ မဟုတ်ပါတည့် ။ သည် (ငါတို့ မသိသား သုံးစွဲနေသော) ဝေါဟာရတို့ကို ငါတို့ အမှန်တကယ် နားလည်လာဖို့ ဖွင့်ဆိုကြည့်သင့် ပေရကား ပိုကောင်းပုံရသည်မှာ ပထမဦးစွာ သည် စကားလုံးတွေကို  သုံးစွဲရာမှာ မည်သည့် အခြေအနေဝန်းကျင်တို့ နှင့်စပ်၍ ငါတို့ သုံးစွဲလိုက်မိသည်ကို ကြိုပြီး ရှာဖွေဖော်ပြ (ဝန်ခံ)ထားသင့် ပေကလား။ ထိုမှဆက်၍ ထပ်မံရှိသေးသည့် တစ်ခြားတစ်ပါးသော ဖွင့်ဆိုချက်များကို (နိုင်းယှဉ်) စဉ်းစားပေးခြင်းအားဖြင့် ငါတို့မှ (ဝေါဟာရအပေါ်) ယူငင်သုံးစွဲ ထားသော အနက်ကို ပိုမို တိကျမှန်ကန်စွာ တို့များ ဖွင့်ဆိုသတ်မှတ် လာနိုင်ပါအံ့။
လူတစ်ဦးကို ထိုသူ၏ စိတ်ဆန္ဒနှင့် ဆန့်ကျင်လျက် တစ်ပါးသူ(တို့) မှနေ၍ ရုပ်ခွန်အား ဒါမှမဟုတ်လျှင်လည်း ဘုရားတရားခွန်အား ကို မဟားတရား အသုံးချပြီး သူတို့ စိတ်ထင်ရာ ဘောင်အတွင်းသို့ ထိုသူအား သွပ်သွင်းခြင်းတို့ လွှမ်းမိုးနေသော အခြေအနေမျိုးမှ ကင်းလွတ်မှု ကို “လူတစ်ဦးချင်းစီ” (ဝါ) “ပုဂ္ဂလိဂ” လွတ်မြောက်မှု ဟု မကြာခဏ ခေါ်ဝေါ်သုံးစွဲလေ့ ရှိပေသတတ် ။ စာရူသူအား “လွတ်မြောက်မှု” ကို  ဖော်ပြပါ ဖွင့်ဆိုချက်သဘောဖြင့် တို့တတွေ သုံးစွဲနေကြောင်း အမှတ်ရစေလိုသည့် အခါတိုင်းတွင် သည် ဖွင့်ဆိုချက်ကို  တို့များ ပြန်ခေါ်ပြ ရပါလိမ့်မည်။ မကြာခဏ ဆိုသလို “နိုင်ငံသားတို့၏ လွတ်လပ်ခြင်း”  (civil liberty) ကို ဤ ဖွင့်ဆိုချက်နှင့် တစ်သဘောတည်း သုံးတတ်ကြပါသည်။ သို့သော် ထိုဝေါဟာရ ကို ကျွန်ုပ်တို့ ရှောင်ကြဉ် ရပါလိမ့်မည်။ အဘယ်ကြောင့်နည်းဟူမူ ဤ ဝေါဟာရ သည် “ နိုင်ငံရေး လွတ်လပ်မှု” (political liberty) နှင့် သွားပြီး ရောထွေးရန် အလွန်တရာ လွယ်ကူနေသောကြောင့် ဖြစ်ပါ၏ ရှောင်လွဲလို့ မရနိုင်သော ရောထွေးမှု ဘာကြောင့် ဖြစ်ရပါသလဲဆိုလျှင် “နိုင်ငံသား” (civil)  ဟူသော ဝေါဟာရသည် လက်တင် ဘာသာစကားမှ နေ၍ လည်းကောင်း၊ “နိုင်ငံရေး” (political) ဟူသော ဝေါဟာရသည် ဂရိ ဘာသာစကားမှ နေ၍ လည်းကောင်း အသီးသီး ဆင်းသက်လာကြပြီး သင်းတို့ စကားနှစ်လုံး ကပေမယ့် အဓိပ္ပာယ်တစ်မျိုးတည်း ကို ထွက်ဆိုနေ သောကြောင့်ပါတည်း
တို့များကိုယ်တိုင် တွန့်ဆုတ်တွန့်ဆုတ်နှင့် ဆိုလိုချက်ကို မသဲမကွဲ ပြောနေရခြင်းသည် ဘာကို ပြနေသနည်း ဆိုသော် လူဟူသည်မှာ သူ့ရောင်းရင်း လူသားတကာတို့နှင့် ယှဉ်တွဲနေထိုင် လာရပြီ ဆိုပါလျှင် လွတ်မြောက်သည့် အခြေအနေ ဟူသည်မှာ နီးစပ်အောင် ချည်းကပ်နိုင်ဖို့သာ မျှော်လင့်စကောင်းပြီး ဒါကို အပြီးအပြတ် နိဗ္ဗာန်ကမ်းခတ် ဥာဏ်ထုတ်ချင်းပေါက် ကူးမြောက်နိုင်ဖို့ ဆိုသည်မှာ ခက်ခဲတန်စွာသော သဘော ဖြစ်သောကြောင့် ပေတည်း။ ထို့ကြောင့်လည်း လွတ်မြောက်မှုကို ဆောင်ကြဉ်းလိုသော မူဝါဒတစ်ခု၏ ရည်ရွယ်ချက်မည်သည် ခြိမ်းခြောက်အကြပ်ကိုင်မှု နှင့် ခြိမ်းခြောက်အကြပ်ကိုင်မှုတို့ကြောင့် ဖြစ်ပေါ်လာသော ဘေးဒုက္ခအန္တရယ် များကို လုံးဝဥဿုံ အမြစ်ဖြတ် မရှင်းလင်းနိုင် သည့်တိုင်အောင် နည်းပါးစေသမျှ နည်းပါးစေရန် ဆောင်ရွက်ပေးရန်လိုကြောင်း ဖြစ်သည် ဆိုသည် ကို ပြဆိုလိုရင်း ဖြစ်ပါ၏ ။
အဲသလိုပါပဲ။ ကြည့်ရသည်မှာ တို့များ ထွေးပိုက်သုံးစွဲသည့် လွတ်မြောက်ခြင်း ခက်ဆစ်သည် သည်ဝေါဟာရ၏ မူလပထမ အနက် ဖြစ်ပုံရပါသည် လူ (ဝါ) အနည်းဆုံးမတော့ ဥရောပလူ သည် သမိုင်းရာဇဝင် ထဲကို ဝင်လာခဲ့သည်မှာ လွတ်လပ်သူ နှင့် မလွတ်မြောက်သူ နှစ်မျိုးနှစ်တန်း ခွဲခြမ်း၍ ဝင်လာခဲ့ခြင်းဖြစ်ပြီး သည်ကဲ့သို့ ဂုဏ်ရည်မတူခြင်းသည် လုံးဝခြားနားသော သဘောသဘာဝ တို့ကို ညွန်းဆိုနေ၍ ကပေတည်း လွတ်လပ်သူတို့၏ လွတ်လပ်ခြင်းတို့ ကိုယ်၌သည်ပင် အခြေအနေ အတိုင်းအထွာ အမျိုးမျိုး ကွဲပြားနိုင်တန် ပါသေးသည်။ မှတ်သားအပ်သည်မှာ ထိုကွဲပြားမှု တို့၏ အတိုင်းအထွာဟူသည် မှီခိုနေစရာ မလိုမှု ဟူသော အခြေအနေတွင် ကွဲပြားခြင်းဖြစ်ပြီး အဲဒါသည် (မှီခိုနေစရာ မလိုမှုသည်) ကျွန်ဖြစ်သူ မတော့ လုံးလုံးမရှိသော အခြေအနေ ပေတည်း။ ၄င်း (မှီခိုနေစရာ မလိုမှုကို) ခက်ဆစ်ဖွင့်ပါလျှင် အဲဒါသည် တစ်ပါးသူမှနေ၍ မိမိအား သူ့စိတ်ထင်ရာ ဆုံးဖြတ်မှုတို့ကို သူ့ ပုံစံခွက် နည်းလမ်းကွက်တို့ အောက်တွင် လိုက်ပြီးလုပ်ကိုင်စေရန် ခြိမ်းခြောက်အကြပ်ကိုင် ခိုင်းစေခံရသော တစ်ပါးသူ စိတ်လိုရာကို အောက်ကျို့လိုက်နာရသူ တစ်ဦး၏ အခြေအနေနှင့် ဆန့်ကျင်ဘက် လူတစ်ယောက်သည် မိမိကိုယ်ပိုင် ဆုံးဖြတ်ချက် နှင့် မိမိကိုယ်ပိုင် ခန့်မှန်းစီမံချက်တို့ အတိုင်း လုပ်ဆောင်နိုင်တန်ရာစွမ်းကို အမြဲ ညွန်းဆိုနေပါသည်။ စင်စစ်လည်း ကာလနဂါးသည်ပင် သြဘာပေးလောက်သော “လွတ်မြောက်ခြင်း” ၏ ခက်ဆစ်အဖွင့်သည် “လွတ်မြောက်ခြင်းဟူသည် သူတစ်ပါး စိတ်ထင်ရာ ကို အောက်ကျို့မှီခို နေစရာ မလိုခြင်း ပေတည်း ဟု မကြာခဏပင် ပြောဆိုကြလေကုန်သော အဲသည် လကာင်္တိုသာ ဖြစ်ပါသတည်း။
အဲသည် အအိုမင်းဆုံး “လွတ်မြောက်ခြင်း” ခက်ဆစ်အဖွင့်သည် ချောမွေ့ကျနမှု မရှိဘဲ တုံးတိတိနိုင်သော ဖွင့်ဆိုခြင်း ဟု ဆိုတန်ရာပါ၏ ။ ကပေမည့်လည်း ဒဿနပညာရှင် ဆိုသူတို့မှနေ၍ သည်ခက်ဆစ်ကို ချောမွေ့ကျနလာအောင် ထုဆစ်ဖို့ ကြိုးစားသော အခါတိုင်းမှာ ဖောက်ပြန်ရောထွေးသွားသော အဖြစ်သနစ်တို့ကို တို့များ ထည့်ဝင်စဉ်းစားမိလေရကား ငါတို့ဟာ သည်ဖော်ပြထားချက်ကိုပဲ ကောင်းစွာ လက်ခံနိုင်လောက် ပါရဲ့ဟု မြင်မိပါ၏ ။ ယင်း မူလပထမ အဓိပ္ပာယ်ဖွင့်ဆိုချက် ဆိုတာထက် ပိုမို အရေးကြီးသော အချက်မှာ ယင်းခက်ဆစ်သည် တစ်ခုတည်းမှ တစ်ခုတည်း ကိုသာလျှင် ဖော်ပြထားခြင်း ဆိုသည်ကို ပေတည်း။ ထိုတစ်ခုတည်းသော အဓိပ္ပာယ်သည် ငါတို့မှ လိုအင်ဆန္ဒရှိသော အရာတို့ကို  “လွတ်မြောက်ရေး” ဟူသော နာမည်ကို တပ်ပြီးပေးသည့် ဆင်ခြေသောင်းပြောင်းတို့နှင့် ခြားနားသော တစ်မျိုးတစ်သမတ်တည်းသော အခြေအနေကို ဖော်ညွန်းနေခြင်း ပေတည်း။ ငါတို့ သိမြင်ရမည်မှာ ထို အမျိုးမျိုး အထွေထွေသော “လွတ်မြောက်ရေး” ဆိုသည်တို့သည် တစ်မျိုးတစ်သမတ်တည်းသော မျိုးစုကြီးမှ ဆင့်ပွားလာသော ကွဲပြားသွားသည့် မျိုးစိတ်တို့ မည်သည်မဟုတ်ဘဲ ၄င်းတို့သည် လုံးဝဆိုသလို ခြားနားနေကြသော အခြေအနေ အမျိုးမျိုး တို့ ဖြစ်ပြီး မကြာခဏဆိုသလိုလည်း တစ်ခုနှင့် တစ်ခု တိုးရုန်းဆန့်ကျင် နေကြရကား ထို ၄င်းများစွာကို  (ငါတို့ ဆက်သွားမည့် တစ်ခုတည်းသော အဓိပ္ပာယ်နှင့်) ကွဲပြားသေချာစွာ နှင့် စည်းခြားထားသင့်သည် ဆိုကြောင်းကို ပေတည်း။ တစ်ဖက်တစ်လမ်းမှ ရူဒေါင့်အားဖြင့် (ကောင်းမွန်မှုကို ရှေးရူသဖြင့်) ဖြစ်ပေါ်သော အာရုံတို့အရ လွတ်မြောက်ခြင်း အမျိုးမျိုးအစားစားကို “ကင်းလွတ်ရာလမ်း” ၊ “လွတ်မြောက်ရာလမ်း” စသဖြင့်   ပြောသည်မှာ တရားပါသော်လည်း (မတရားသဖြင့် ပြောခြင်း မဟုတ်ပါသော်ငြားလည်း) တို့များ၏ အာရုံတွင် ပေါ်လွင်လာသော လွတ်မြောက်မှု၏ လက္ခဏာဟူသည် တစ်ခုတည်းသာ ဖြစ်ပါ၏ ။ ပမာဏ အတိုင်းအတာ အားဖြင့်သာ ကွဲပြားကောင်း ကွဲပြားနိုင်ပေလိမ့်လည်း လွတ်မြောက်မှု၏ လက္ခဏာဟူသည် အမျိုးအစား တစ်စားတည်းသာတည်း။
ဤ အာရုံသဘော အားဖြင့် လွတ်မြောက်မှုဟူသည် လူတို့မှနေ၍ တစ်ခြားသူတို့နှင့် ဆက်နွယ်နေမှု တစ်ခု သက်သက်ကိုသာ ညွန်းဆိုနေပြီး လွတ်မြောက်မှုကို ချိုးဖောက်မှုဟူသည်မှာ လူတို့မှနေ၍ (လူမှ ဖန်တီး) ခြိမ်းခြောက်အကြပ်ကိုင်မှု တစ်မျိုးတစ်စားတည်းသာတည်း ။ ဤတွင် ဆိုလိုရင်းမှာ တို့များ အထူးသဖြင့် ပြောပြလိုသည်မှာ လူတစ်ယောက်သည် ရှေ့တွင် ရုပ်ဝတ္ထုပိုင်းဆိုင်ရာ ရွေးချယ်စရာ တစ်သီတစ်တန်း ရှိနေခြင်းမျိုးသည် လွတ်မြောက်မှု ဆိုသည့် သဘောနှင့် တိုက်ရိုက် ပတ်သက်နေမှု မရှိခြင်း ဆိုသည်ကိုပေတည်း။ (ဤ အာရုံကို ယူလင်းပြရမည်မှာ) သူ့အသက်ကို ကယ်တင်ဖို့ရန်မှာ လမ်းတစ်လမ်းတည်း ရှိသခြင့် ကျဉ်းဂငယ် တစ်ခုကို ခက်ခက်ခဲခဲ တွယ်ခိုထားရသော ကျောက်ဆောင်တက်သူ တစ်ဦးသည် မေးစရာမလိုအောင် လွတ်မြောက်သူတစ်ဦး ဖြစ်ပါ၏ ။ သဟာပေမယ့်လည်း သူ့တွင် ရွေးချယ်စရာလမ်း ဟူ၍ ရှိပါသည်ဟူ၍ တို့များ ပြောဖို့ဆို ခက်လှပါ၏ ။  တစ်ပါတည်းမှာပဲ အဲသည် ကျောက်ဆောင်တက်သူသည်ပင် မြေငလျင်ကျင်းကြီး တစ်ခုထဲ ကျသွားခဲ့၍ ပြန်ထွက်လာဖို့ လမ်းမတွေ့သေးဘူး ဆိုပါလျှင်လည်း လူအများစုသည် သူ့ကို လွတ်လပ်သူ အဖြစ် ခံစားမိဖို့ လုံလောက်လိမ့်မည် ဖြစ်ပါ၏ ။ ပုံပန်းချီအားဖြင့် သရုပ်ဆွဲမှသာလျှင် ကျင်းထဲကလူသည် မလွတ်မြောက်သူ ဖြစ်ပါ၏ ။ သူ့အား “လွတ်မြောက်မှုကို နူတ်သိမ်းထားသည်” ဒါမှမဟုတ်လည်း သူ့အား “အကျဉ်းနှောင်အိမ်ထဲကို သွပ်သွင်းခံရသည်” ဟူသော စကားလုံးတို့ကို သုံးမည်ဆိုပါလျှင် ပေါ်သောအာရုံသည် လူမှု နှီးနွယ်မှု သဘောအားဖြင့် သုံးသော (လွတ်လပ်မှု) အာရုံနှင့် တလွဲတချော် ဖြစ်နေလိမ့်မည် သာတည်း
သိပ်မှန်တာပေါ့၊ လူတစ်ယောက်အတွက် လုပ်ဆောင်စရာ လမ်းအသွယ်တို့သည် မည်မျှ ပွင့်နေပါသနည်း ဆိုသော မေးခွန်းသည် အင်မတိအင်မတန် အရေးကြီးသော မေးခွန်းဖြစ်ပါသည်။ သဟာပေမယ့်လည်း ထိုသူသည် မည်မျှ အတိုင်းအတာအထိ သူ့ကိုယ်ပိုင် စီမံမှန်းဆချက်တို့ နှင့် ရည်ရွယ်ချက်တို့ အတိုင်း ပေါက်ပေါက်ရောက်ရောက် သွားနိုင်ပါသနည်း၊ မည်မျှ အတိုင်းအတာ အထိ သူ့ကိုယ်ပိုင် ပုံစံဖော်ဆောင်မှု အတိုင်း သူပြုမူကျင့်ကြံ နိုင်ပါသနည်း နှင့် တစ်ပါးသူအများလူ တို့မှနေ၍ ၄င်းတို့လိုရာကို ထိုသူ လိုက်လံဆောင်ရွက်ပေးစေရန် ဖန်တီးစီရင်သဖြင့် ဖြစ်ပေါ်လာသော မလိုလဲလိုလဲ အခြေအနေတို့ကို သူသည် မည်မျှ အတိုင်းအတာ အထိ ဇွဲနဘဲ နှင့်  ရုန်းကန်(လွန်မြောက်)ပြီး သူ့ ကြမ္ပာပန်းတိုင်တို့ ရှိရာသို့ သူရောက်အောင် သွားနိုင်ပါသနည်း ဆိုသော မေးခွန်းတို့သည်မှာကား တစ်ခြားစီဖြစ်သော မေးခွန်းတို့  ကပေတည်း။ သူသည် လွတ်လပ်သလား မလွတ်လပ်သလား ဆိုတာသည် ရွေးချယ်စရာ အစဉ်တန်း ရှိသည် မရှိသည် နှင့် မဆိုင်ဘဲ ထိုနှင့်အခြား သူသည် မိမိ၏ ကြမ္ပာလမ်းကြောင်းကို မိမိ၏ လက်ရှိ ရည်ရွယ်ချက်တို့ ဖက်ဆီသို့ ရောက်အောင် သူ ပုံဖော်နိုင်ပါသလား၊ ဒါမှမဟုတ်လည်း တစ်ခြားသူ တစ်ယောက်ယောက်မှ သူတို့ စိတ်လိုရာကို ထိုသူလိုက်ပါ ဆောင်ရွက်ပေးစေဖို့အတွက် (ကြုံးသွင်း) အခြေအနေတို့ လွှမ်းမိုးစေရန် ကြိုးကိုင်ဖန်တီးနိုင်သော အာဏာကို ပိုင်ဆိုင်နေပါသလား ပေါ်မှာ မူတည်နေပါသည်။ ငါတို့တတွေသည် လွတ်မြောက်ခြင်းဟူသော သဘောကို ပြောလျှင် ဘာကို ကြိုပြီးမျှော်ထားသနည်း ဟူမူ လူတစ်ဦးချင်းသည် အာမခံချက်ရှိသော မိမိကိုယ်ပိုင် အဝန်းအဝိုင်း တစ်စုံတစ်ရာ ရှိနေခြင်းမျိုး ပေတည်း၊ အဲသည် အာမခံချက် ဟူသည် တစ်ပါးသူတို့မှ နေ၍ လာနှောင့်နိုင်ခြင်း မရှိစေရန် သူ၏ ပတ်ဝန်းကျင်တွင် တစ်ချို့သော အခြေအနေစုံတို့ ရှိနေရခြင်း ပေတည်း။
            ဤသဘောအားဖြင့် ဖွင့်ဆိုပြသည့် လွတ်လပ်မှု သည် ငါတို့မှနေ၍ ဆက်နွယ်နေသော သဘောတရားဖြစ်သည့် ခြိမ်းခြောက်အကြပ်ကိုင်ခြင်း ကို ဆန်းစစ်ကြည့်လျှင် ပိုမို တိကျသော အသိသညာကို မှတ်ပြုနိုင် ပါအံ့။ ငါတို့သည် လွတ်လပ်ခြင်းကို အလွန်တရာ အရေးကြီးသော အရေးကိစ္စဟု ရူမြင်လာကြပြီးနောက် ထို (အသိသညာပိုင်းဆိုင်ရာ) စောဒနာပြုမှု ကိစ္စကို ငါတို့သည် စနစ်တကျ ပြုလုပ်သွားပါမည်။ သို့သော် သည်ကိစ္စကို အားမထုတ်မီ် ငါတို့ စမ်းကြည့်ရမည့် ကိစ္စမှာ (ငါတို့ အခု ရယူလိုက်ပြီ ဖြစ်သည့်) ဤ အသိသညာကို တစ်ခြားတစ်ပါးသော ကေစိအတ္ထာရ ဖွင့်ဆိုချက်များနှင့် ခြားနားပြ ခြင်းအားဖြင့် ၄င်း အသိသညာ၏ ပုံရုပ်မျဉ်းကြောင်းကို ပေါ်လွင်ထင်ရှားစေခြင်းပေတည်း။ ကေစိ ဖွင့်ဆိုချက်များမှာ လည်းကောင်း ငါတို့မှ တစ်ကြောင်းတည်းသောလမ်း ဟု တင်သည့် ယခု ဖွင့်ဆိုချက်မှာလည်းကောင်း မူရင်းသဘောတရားတွင် တူညီနေသော အနက်မှာ ၄င်းတို့သည် လူအားလုံးနီးပါးမှ နေပြီး နှစ်လိုသာယာဖွယ်ဖြစ်သည် ဟု ရူမြင်ခံယူမိသော အခြေအနေတို့ကို ညွန်းဆိုနေခြင်း ဖြစ်ပါ၏ ။ ဝေါဟာရတစ်ခုတည်းကိုပဲ ယူငင်သုံးစွဲ ကြသလောက် မတူခြားနားသော ရည်ရွယ်ဆိုလိုချက် အမျိုးမျိုးတို့ အကြားတွင် တစ်ခြား ဆက်နွယ်ပတ်သက်မှု တစ်ချို့သည်လည်း ရှိနေတတ်ပါရဲ့။ သည်နေရာတွင် ငါတို့ ချက်ချင်းဆိုသလို မြင်လိုက်မိတဲ့ တို့များပညာရှင်တို့၏ ဝန်တာဟူသည် ထို မတူခြားနားနေမှုများကို  ကွဲပြားနိုင်သလောက် တိကျကွဲပြားစေရန် ယူလင်းပြအပ်စွာသော အကြောင်းပေတည်း။

၂.  ငါတို့ ကိုယ်ပိုင်သုံးစွဲသည့် ဝေါဟာရဆိုလိုချက် နှင့် ကွဲပြားခြားနားပြမည့် ပထမဆုံး “လွတ်လပ်မှု” သည် ယျေဘုယျအားဖြင့် အရေးပါထင်ရှားသည် ဟု ယူဆကြကုန်သော လွတ်လပ်မှုတစ်ခု ဖြစ်ပါ၏ ၁၀ ။ အဲဒါသည် အများအားဖြင့် “နိုင်ငံရေးလွတ်လပ်မှု” ဟု ခေါ်ကြကုန်သော အများပြည်သူတို့သည် အစိုးရကို ရွေးချယ်တင်မြှောက်မှု၊ ဥပဒေပြုမှု  နှင့် စီမံခန့်ခွဲမှု လုပ်ငန်းစဉ်တို့တွင် ပါဝင်လာကြခြင်း ပေတည်း။ အဲသည် လွတ်လပ်မှုဟူသည် ငါတို့ (အခြေခံမှ) သုံးထားသော (တစ်ဦးချင်း၏) လွတ်လပ်မှု အသိသဘောကို လူအုပ်စုများဆီသို့ ပြေးဆက်သဖြင့် လူစုလူဝေးနှင့် လွတ်လပ်မှု ဟူ၍ ဖြစ်ပေါ်လာခြင်းပေတည်း။ ကပေမင့်လည်း လွတ်လပ်သောလူအုပ် ဟူသည် လွတ်လပ်သောလူတို့၏ ကိုယ်စားလှယ်များဟု အစဉ်ကိန်းသေ သတ်မှတ်နိုင်ရာသည် မဟုတ်သလို လွတ်လပ်သော လူတစ်ဦးသည် လူစုလူဝေးနှင့် လွတ်လပ်မှုကို ဝေမျှခံစားဖို့ လိုအပ်သည် ဟူ၍လည်း (အတင်း ရောသွင်းပြီး) ပြောလို့ရသည်လည်း မဟုတ်ပါသတည်း။ ကိုလံဘီယာ ဒီစတြိတ်တွင် နေရင်းသူတွေ၊ အမေရိကန် ပြည်ထောင်စုတွင် တစိမ်း အနေအထားဖြင့် နေသူတွေ၊ သို့မဟုတ်လည်း အသက်ငယ်လွန်းသေး သဖြင့် မဲပေးခွင့်မရသူတွေကို နိုင်ငံရေးလွတ်လပ်မှုကို ဝေမျှခံစားရမှု မရှိသည့်အတွက် မလွတ်လပ်သောသူများ ဖြစ်သည် ဟု ဘယ်သူကမှ ရှားရှားပါးပါး လာငြင်းနေလိမ့်မည် မဟုတ်ပါ သတတ်၁၁
သည်နေရာမှာလည်း အဓိပ္ပာယ်မရှိသော ငြင်းခုံမှုတစ်မျိုးမှာ သူတို့ မွေးဖွားခဲ့သော (အများကြိုက်) လူမှုဖြစ်စဥက ကို သဘောတူညီ ခဲ့သဖြင့် (ထိုလူမှုဖြစ်စဉ် မှ ဖေးမ) လူလားမြောက်လာသော လူငယ်လူရွယ်တို့သည် လွတ်မြောက်သူတို့သာ ဖြစ်သည် ဟု ဆိုခြင်းမျိုးပေတည်း။ ။ သူတို့တတွေသည် အဲသည် လူမှုဖြစ်စဉ် ကလွဲလို့ တစ်ခြားရွေးချယ်စရာ ရှိစကောင်းသည်ဟုလည်း မသိခဲ့ရ၊ မျိုးဆက် တစ်ဆက်လုံးသည်ပင် မိဘဘိုးဘွားတွေ နှင့် ခြားနားစွာ တွေးခေါ်ခဲ့စကောင်း ပေမင့် သူတို့ အရွယ်ထောက်လာမှသာလျှင် လူမှုဖြစ်စဉ်ကို ပြောင်းလဲနိုင်လာ ကြတတ်၍ ပါတည်း။ သို့လင့်ကစား (သည်လို ရှေးဖြစ်စဉ် တစ်ခုထဲမှာ ပုံမှန်) နေခဲ့ရ၍ လည်း သူတို့သည် မလွတ်မြောက်သူတို့ ဖြစ်နေသည် မဟုတ်သလို၊ ရှေးလူမှုဖြစ်စဉ် တစ်ခုသည် ကိန်းသေပေါက်ကို ပုံမှန်နေသူတို့ကို မလွတ်မြောက်အောင် ပြုမူနေသည်ဟု ပြော၍ မရပါ။ ဤကဲ့သို့ နိုင်ငံရေး ဖြစ်စဉ်ကို သဘောတူ နေထိုင်ခြင်း နှင့် လူတစ်ဦးချင်း၏ လွတ်လပ်မှု တို့ကြား ဆက်နွယ်မှုကို ရှာဖွေရင်းနဲ့ပဲ လွတ်လပ်မှု၏ အဓိပ္ပာယ်ကို (ရှာဖွေသူတို့) ရောထွေးကုန်ကြပါသည်။ အဟုတ်အမှန် ပါပဲ၊ မည်သူမဆိုသည် လွတ်လပ်မှုဆိုတာ ဘာတွေလဲ ဟု ခွဲခြားပိုင်ခွင့် ရှိပါ၏ … ပြည်သူလူထု၏ အာဏာဖြစ်ထွန်းရေး နှင့် ဥပဒေပြုမှုတွင် ဝင်ရောက်ပါဝင် နိုင်ရေး ဖြစ်စဉ်တို့  စသဖြင့်၁၂။ အဲသည်မှာ ကွဲပြားသင့်သည်မှာ အဲသည်လို လွတ်လပ်မှုတွေကို ခွဲခြားလာခဲ့သူ တစ်ဦးသည် ငါတို့မှ စိုးရိမ်သည့်အချက်ကို လွန်သော အခြေအနေ တစ်ခုကို ဘုံဝေါဟာရ တစ်ခုတည်း နှင့် သုံးစွဲနေခြင်း နှင့် ယင်း ကွဲပြားသည့် (လွတ်လပ်ခြင်း) အခြေအနေ အမျိုးမျိုးသည် မည်သည့် အခြေအနေကမှ တစ်ခြား အခြေအနေတစ်ခု အတွက် မည်သို့သော အာရုံသဘောအားဖြင့်မှ အတူ အစားထိုးလို့ရသော သဘောမဟုတ်သည် ဆိုသည်ကို ရှင်းရှင်းလင်းလင်း ဖော်ပြ(ဝန်ခံ)၍ သာလျှင် (လွတ်လပ်မှုကို ချဲ့တွင် စဉ်းစားလာသော) သူသည် ပြုမူအပ်သော အကြောင်းပေတည်း၁၃
သည်နေရာမှာ ရောထွေးကုန်မှုတို့သည် အန္တရယ်ကို ဆောင်နေကြောင်းကို ပြောရလျှင် အဲသည်လို (ကွဲပြားခြင်း မရှိဘဲ လွတ်လပ်ခြင်းချည်း ပါပဲ) ဟု ရောသုံးမည် ဆိုလျှင် လူတစ်ဦးသည် သူ့ကိုယ်သူ ကျွန်ခံရန် အတွက် မဲပေးမည် ဒါမှမဟုတ်လည်း စာချုပ်မှာ သဘောတူညီ လက်မှတ်ထိုးမည် ဆိုသော အခင်းမျိုးသည် ပဓာန အဓိပ္ပာယ်တွင် မိမိ၏ လွတ်လပ်ခြင်းကို စွန့်လွှတ်လိုက်ရပြီ ဖြစ်သော သဘောကို ဖုံးဝှက်ထားသော ကိစ္စမျိုးပေတည်း ။ ပမာအားဖြင့် အကယ်၍ လူတစ်ဦးသည် နိုင်ငံခြားစစ်တပ် အဖွဲ့တစ်ခုသို့ မိမိစိတ်မှ အလိုတူ အလိုပါ၍ မိမိ၏ လုပ်အားကို နှစ်ရှည် စစ်မှုထမ်းဆောင်ရန် ရောင်းစားခဲ့မည် ဆိုပါက ထိုသို့သော နိုင်ငံခြား လူမျိုး လုပ်အားပေး လူ လေး ငါးထောင်ဖြင့် ဖွဲ့စည်းထားသော နာခံတော် စစ်တပ်ခွဲ တစ်တပ်သည် လွတ်လပ်ပါသည်ဟု ငါတို့၏ အာရုံတွင် မထင်ပါ၊ သို့မဟုတ် ပါလျှင်လည်း ဂျက်စူရစ် ဘာသာဝင် တစ်ဦးသည် သူ့ဘာသာကို စတင် တည်ထောင်သူ၏ စံပြုသီလများကို လိုက်နာသဖြင့် မိမိကိုယ်ကို သေလူအဖြစ် သဘောထားပြီး အသိဥာဏ်လည်း မရှိ၊ အလိုဆန္ဒလည်း မရှိတော့သူ ဟု (ဒုံးဒုံးချ) ယူခြင်းမျိုး ကိုလည်း ဖော်ပြနိုင်ပါ၏၁၄ ။ လူသန်းပေါင်းများစွာသည် မင်းဆိုးမင်းညစ် တစ်ဦးကို လုံးဝမှီခိုလိုသဖြင့် မဲထည့်ခြင်းမျိုးကို ငါတို့မှ လက်တွေ့မျက်မြင် မြင်ကြရသော အဖြစ်သနစ် မျိုးသည် ငါတို့ မျိုးဆက်ကို ဘာကို ပြနေသနည်းဆိုသော် အစိုးရတစ်ဖွဲ့ကို တစ်ဦးတစ်ယောက်သည် ရွေးချယ်ပေမယ့်လည်း အဲဒါသည် လွတ်လပ်မှုကို အသေအချာ အာမခံနိုင်ပါသည်ဟု သေချာပေါက် ပြောလို့ မရခြင်းကို ပေတည်း။
လွတ်မြောက်မှု၏ အသိသညာကို လူတစ်ဦးချင်းထက် လူစုလူဝေး အဖြစ် သုံးခြင်းသည် ဘယ်ခါမှာ ထင်ရှားလာသနည်း ဆိုသော် ပြည်သူလူထုသည် နိုင်ငံခြားထမ်းပိုးအောက်မှ လွတ်မြောက်ပြီး မိမိကြမ္ပာကို မိမိ ဖန်တီးနိုင်လိုသော ဆန္ဒမျိုးကို ငါတို့ ပြောဆိုသော အခါမျိုးတွင် ပေတည်း။ လူတစ်ဦးချင်း လွတ်မြောက်မှုကို ထောက်ခံလှုံ့ဆော်သူတို့သည် ယျေဘုယျအားဖြင့်ဆို ထိုသို့သော အမျိုးသားရေး လွတ်မြောက်မှု အားမာန်တို့ကို စာနာမိတတ်ကြပြီး အဲသလို စာနာမှုမျိုးမှ ဦးတည်သွားသည်မှာ ၁၉ ရာစုတွင် (အလျှို) ပေါ်ပေါက်လာခဲ့သော လစ်ဘရယ်ရေး နှင့် အမျိုးသားရေး လှုပ်ရှားမှုတို့ကို ကြည့်မကောင်းရူမကောင်း ယှဉ်တွဲလှုပ်ဆောင်မှုမျိုး တို့ ပေတည်း ၁၅။ အမျိုးသားရေး လွတ်မြောက်မှု ဟူသည်မှာ လူတစ်ဦးချင်း လွတ်မြောက်မှု နှင့် အလားတူသလို ရှိပါ၏ ။ သို့သော် ၄င်းတို့ နှစ်ခုသည် တစ်ခုတည်း မဟုတ် ။  နောက်ပြီး ပထမတစ်ခု အတွက် ကြိုးစားခြင်းသည် နောက်တစ်ခုကို အမြဲတစေ ဆိုသလို သေချာပေါက် တိုးတက်စေသည် မဟုတ်။ အမျိုးသားရေး အတွက်ဆိုပြီး ကြိုးစားမှုမျိုးသည် ဘယ်လိုမျိုးကို ဦးတည်သွားတတ် သနည်း ဆိုသော် မိမိ လူမျိုးမှ မင်းဆိုးမင်းမိုက် တစ်ပါးကို တစိမ်းဖြစ်သည့် လူများစုမှ ရွေးချယ်သော လစ်လရယ် အစိုးရထက် ပို နှစ်သက်တတ်ခြင်း မျိုးပေတည်း။ နောက်ပြီး အမျိုးသားရေး ဟူသည်မှာ လူနည်းစုမှသူများ၏ လူတစ်ဦးချင်း လွတ်လပ်မှုကို ဒရမာန်ကြမ်း ရိုင်းစိုင်းနှိပ်ကွပ်ရန် အတွက် ဖုံးကွယ်သည့် အကြောင်းပြချက်တို့ ဖြစ်လာခဲ့ခြင်း ပေတည်း။ လွတ်လပ်မှုကို လူတစ်ဦးချင်းအတွက် သော်လည်းကောင်း ၊ လူစုလူဝေးအတွက် သော်လည်းကောင်း လိုလားမှုတို့သည် ဆင်တူသလို ရှိသော စိတ်ခံစားမှု နှင့် စိတ်အာရုံကျမှု တို့ပေါ်မှာ နားခိုနေပါသော်ငြား အရေးကြီးသည်မှာ ယင်းတို့ နှစ်ခုကို ရှင်းရှင်းလင်းလင်း စည်းခြားထားဖို့ ပေတည်း။
၃. လွတ်မြောက်မှု၏ တစ်ခြား ခြားနားသော အဓိပ္ပာယ် တစ်မျိုးမှာ “အတွင်း ဗဟိန္ဓ” (ဝါ) “လောကုတ္တရာ” (ဝါ) (တစ်ခါတစ်ရံမှာ သုံးနူန်းမှု အားဖြင့်ဆို “ရော်ရမ်းသိမြင်သော”) လွတ်မြောက်မှုမျိုး ပေတည်း။ ထို အတွင်း (ကိုယ့်ဝမ်းတွင်းကိုယ် တိုင်းမသိ) လွတ်မြောက်မှုသည် လူတစ်ဦးချင်း၏ လွတ်မြောက်မှု ဆိုသည်နှင့် သာပြီးတော့ပင် နီးစပ်စကောင်း လေရကား အဲဒါသည် ပိုပြီးတော့တောင် အလွယ်တကူ ရောထွေးသွားနိုင်သော သဘောပေတည်း၁၆။ အတွင်းဗဟိန္ဓ လောကုတ္တရာ သဘောအားဖြင့် လွတ်မြောက်မှု ဟူရာမှာကား လူတစ်ယောက်သည် တစ်ခဏတာသော စိတ်၏စေရာ နှင့် ပတ်ဝန်းကျင်စေရာ တို့ကို လိုက်ပါသည်ထက် သူ့ ကိုယ်ပိုင် ဆင်ခြင်တုံတရား သို့တည်းမဟုတ် အဓိဌာန်ဓိပတိ တပ်သော တည်တံ့သည့်စိတ် နှင့် ချင့်ချိန်ဆုံးဖြတ်ပြီး ဖြစ်သောကြောင့် (ခိုင်မြဲရင့်ကျက်သော နေက္ခမ ပါရမီမျိုးဖြင့်) ပြုမူဆောင်ရွက်သော လုပ်ဆောင်မှုမျိုးကို ညွန်းဆိုပါသည်။ သို့ပေမယ့်လည်း (ခက်ခဲနက်နဲလှသော အမှန်တကယ်) “အတွင်း လွတ်မြောက်မှု” ၏ ဆန့်ကျင်ဖက် မှာ သူတစ်ပါးတို့မှ ခြိမ်းခြောက် အကြပ်ကိုင်မှု မျိုးကို ခံရခြင်း မဟုတ်ဘဲ မရှိခဏ (အစားထိုး) စိတ်ကူးယဉ်ခံစားမှုများ ဖြစ်နေလေ့ရှိပြီး ထိုသူတို့တွင် လောကုတ္တရာ အမြင်အား နှင့် ဝေဖန်စဉ်းစားနိုင်သော ဥာဏ်အား နဲပါးနေခြင်း တို့မှာလည်း ဖြစ်တတ်သော အကြောင်းတို့ ပါတည်း။ အကယ်၍ လူတစ်ဦးသည် သူ အလေးအနက် ရောင်ပြန်ဟပ် သိမြင်သော ကိစ္စတစ်ခုကို  သူက လုပ်ဆောင်အပ်သည်ဟု သိမြင်သဖြင့် ရှေးရူလုပ်ဆောင်သော ရည်မှန်းချက် ကိစ္စတစ်ခုသည် အောင်မြင်မှုကို အဆုံးအဖြတ်ပေးမည့် အသည်းအသန် အချိန်မျိုးတွင် ထိုပုဂ္ဂိုလ်သည် ခွန်အားသံဒိဌာန် မမြဲခိုင်ခဲ့ပါလျှင် တို့များက နေပြီး သူ့ကို “စိတ်ခံစားမှု နောက်သို့ ယိမ်းယိုင် လိုက်ပါနေသော အာရုံ၏ ကျေးကျွန်ဖြစ်ရသူ” ကပေပဲ ဟု ပြောဆိုတတ် ကြပါသည်။ မသိမိုက်မဲမှု နှင့် အယူသည်းမှု တို့သည် လူတို့ကို အကယ်၍သာ သူတို့သည် ပိုမို ကောင်းမွန်မှန်ကန်သော အသိတရားကို ခံယူမိခဲ့ပါက လုပ်သင့်လုပ်ထိုက်ရာကို ရွေးချယ် လုပ်ကိုင်နိုင်မည့် အကြောင်းကို တားဆီးပိတ်ပင် ထားပါကလည်း (ထိုသို့ ပိတ်ပင်ခံရသူကို) အာရုံကျေးကျွန် ဟူသော အသုံးအနူန်းကိုပင် တို့များ သုံးတတ်ကြပါသည်။
၎. ဝေါဟာရ တစ်ခုတည်းနှင့် ညွန်းကိုးသော ခြားနားသော (လွတ်လပ်မှု) အသိသညာများ နှင့် ပင်ရင်းမူလ အဓိပ္ပာယ်ဖြစ်သည့် လူတစ်ဦးချင်းလွတ်လပ်မှု ကို ရောထွေးကုန်သည့် ပြဿနာတို့ ကပေမယ့် ထိုရောထွေးမှုတို့သည် တို့များ အကျဉ်းမျှ မြွက်ပြခဲ့ပြီး ဖြစ်သည့်  လွတ်လပ်မှု ဆိုသည်မှာ “ကိုယ်ထင်ရာ ကိုယ်လုပ်နိုင်စွမ်း ရှိသော ရုပ်ခွန်အား ကို ခေါ်တာပဲ” ဟု အသုံးပြုလာသောသော တတိယမ္ပိ အသုံးအနူန်း ၏ ရောထွေးမှုလောက်တော့ အန္တရယ် မကြီးသေးပါ သတည်း၁၇။ အဲဒါသည် ငါ့ဆန္ဒမှန်သမျှ  ဖြည့်ဆည်းပြည့်ဝစေရမည့် အာဏာကို လိုချင်နေခြင်းမျိုး ဖြစ်ပြီး သို့မဟုတ်လည်း တိုင်းဆမသိအောင် ငါတို့အတွက် ရွေးချယ်ဖွယ်ရာလမ်းတို့ ပွင့်နေသည်ကို လိုချင်ခြင်းမျိုးပေတည်း။ ထိုကဲ့သို့သော လွတ်လပ်မှုမျိုးသည် လူများစွာ၏ ထင်ယောင်ထင်မှား အိပ်မက်တို့တွင် သူတို့ကိုယ်သူတို့ ပျံသန်းနိုင်သည် ၊ မြေဆွဲအားမှ လွတ်၍ ဌက်တစ်ကောင်၏ လွတ်လပ်ခြင်းကဲ့သို့ လိုရာကို ပျံသန်းနိုင်သည် သို့မှမဟုတ်လည်း ပတ်ဝန်းကျင်ကို ကိုယ်ကြိုက်သလို ပြောင်းလဲပစ်နိုင်သည်ဟု မြင်မက်ခြင်းမျိုးတို့ ပေတည်း။
            သည်လို ဝင်္ကဝုတ္တိ အလကာင်္ဖြင့် တင်စားပြီး သုံးခြင်းသည် ကြာရှည်ခဲ့ပါပြီ။ သဟာပေမယ့် နိုင်းယှဉ်ကြည့်လျှင် မကြာသေးခင်ကမှ တချို့သူတို့သည် (အဲသည် အလင်္ကာသက်သက် ကို) အတားအဆီးများမှ လွတ်မြောက်ခြင်း ဟု ရောထွေးလာခဲ့ကြပြီး သဗ္ဗေညုတ ဘုရားလို ဘာမဆိုမှ လွတ်မြောက်နိုင်ခြင်းမျိုးကိုမှ လိုချင်ခြင်းမျိုး ကို  မည်သည့် လူမှုစနစ်ကမဆို အာမခံ ကာကွယ်ပေးနိုင်သည့် လူတစ်ဦးချင်း၏ လွတ်မြောက်မှုနှင့် ရောထွေးခြင်းပေတည်း။ အဲသလို ရောထွေးကုန်ခြင်းကို ဆိုရှယ်လစ်တို့က နေပြီး ဝါဒအနေဖြင့် တင်လာကြလေ သောအခါ အဲသည်က စ၍ အန္တရယ် ပေါင်းစုံသည် စတင်  ဖြစ်ပေါ်လာ ခြင်း ဖြစ်ပါသည်။  အဲသလို လွတ်မြောက်ခြင်းဆိုတာ (တန်ခိုး) အာဏာ နှင့် အတူ ပေါက်ပွားသည် ဟု လိုရာလုံးထွေးဆွဲယူသဖြင့် “ကိုယ်ထင်ရာ ကိုယ်မှန်ကြတာပဲ” ဟူသော ဆိုဖစ်ဝါဒသမားများ သည် ဆွဲဆောင်မှုကောင်းသည့် (လွတ်ချင်းမက လွတ်နေသော) လွတ်မြောက်ရေး စကားလုံးကို သုံးပြီး လူတစ်ဦးချင်း၏ လွတ်လပ်မှုကို ဖျက်ဆီးသည့် ဆောင်ရွက်မှုတို့ကို ထောက်ခံခဲ့ခြင်း မျိုးပေတည်း။  ထိုကဲ့သို့ လွတ်လပ်မှုဟူသော စကားလုံးကို သုံး၍ သူတစ်ပါး၏ လွတ်လပ်မှုကို ဆုံးရူံးစေရန် လှည့်စားမှုမျိုးမှာ ဆုံးသည်ဟူ၍ မရှိ၁ဂ။ အဲသလို (ဝေါဟာရ အဓိပ္ပာယ်) မသဲကွဲမှုမျိုး၏ အကူအပံ့ကို ရသဖြင့်လည်း အခြေအနေ အချိန်အခါကို လိုက်၍ ကျင့်သုံးဆောင်ရွက်ရမည် ဆိုသော လူထုအာဏာမျိုးသည် လူတစ်ဦးချင်း၏ လွတ်လပ်မှုကို အစားထိုးလာနိုင် လာခဲ့ပါ၏ ။ အဲသလို လူထုအာဏာ ဆိုပြီး လုပ်မှုမျိုးသည် တစ်လုံးတစ်စည်းတည်း ချုပ်ကိုင်သော အစိုးရစနစ်တို့က တကယ့်လွတ်လပ်မှု ကို လွတ်လပ်မှု ဆိုသော ဝေါဟာရကိုပင် သုံး၍ ချိုးနှိမ်ခဲ့ခြင်း မျိုးပေတည်း
            လူတစ်ဦးချင်းလွတ်လပ်မှု မှသည် တန်ခိုးအာဏာဖြင့် လွတ်လပ်မှုဟု ကူးပြောင်းလာမှုသည် တို့များက “ခြိမ်းခြောက်အကြပ်ကိုင်မှု”(coercion) ကို လွတ်လပ်မှုကို (ခြားနား)ဖွင့်ဆိုပြရန် သုံးလင့်ကစား ထိုအစား ဒဿနပညာတွင်  “ချုပ်ချယ်မှု”
(restraint) ကို လွတ်လပ်မှုအား (ခြားနား)ဖွင့်ဆိုပြီး သုံးခဲ့ကြသည့် အစဉ်အလာကြောင့်လည်း ဖြစ်ပါသည်။ ဖြစ်တန်ကောင်းပါရဲ့ ၊ ကိစ္စတော်တော်များများတွင် “ချုပ်ချယ်မှု” ဆိုသော ဝေါဟာရသည် လူ၏ ရွေးချယ်လုပ်ဆောင်ပိုင်ခွင့်ကို လာချုပ်ချယ်သော သဘောအာရုံဖြင့် အမှတ်ရခဲ့လျှင် ပိုမို သင့်လျော်သော ဝေါဟာရ ကပေပဲ၁၉ ။ ဤ သုံးနူန်းမှုအာရုံ အားဖြင့်ဆို လွတ်လပ်မှုကို ချိုးဖောက်ခြင်းတို့ ဟူသည်တွင် ကြီးမားစွာ ပါဝင်နေသော သဘောမှာ လူတွေအား သူတို့ လုပ်ကိုင်ဆောင်ရွက်မှာကို ဟန့်တားထားခြင်းဟု ငါတို့ အသုံးဝင်စွာ အမှတ်ရနိုင်သလို တစ်ဖက်တွင် “ခြိမ်းခြောက် အကြပ်ကိုင်မှု”  က စူးစိုက်ထားသော အနက်မှာ လူတွေကို သီးသန့်ကိစ္စတွေကို အတင်း လုပ်ခိုင်းခြင်းမျိုး ပေတည်း ဟု ငါတို့ ခွဲခြားနိုင်ပါသည်။ အဲသည် သဘောအနက် နှစ်ခုလုံးသည် တန်းတူရည်တူ အရေးပါပါသည်။ တိတိကျကျ ဆိုပါအံ့၊ ငါတို့သည် လွတ်လပ်မှုကို ချုပ်ချယ်မှု သို့မဟုတ် ကန့်သတ်မှုတို့မှ ကင်းလွတ်ခြင်းဟု ဖွင့်ဆိုသတ်မှတ်ကောင်း သတ်မှတ်နိုင်ပါလိမ့်မည်၂၀။ ကံမကောင်းလှစွာပင် သည်ဝေါဟာရ နှစ်ခုလုံးသည် တစ်ခြားသူတို့ထံမှ လာသော သြဇာလွှမ်းမိုးမှုတို့ သည် လူသားတစ်ဦး၏ လုပ်ဆောင်ချက်ကို လာပြီး မသက်ရောက်ခြင်းကို ပြရန်အတွက် သုံးစွဲကြလေရာ လွတ်လပ်မှုကို ချုပ်ချယ်မှုတို့မှ ကင်းလွတ်ခြင်း ဆိုသည်ကနေပြီး “ငါတို့၏ အလိုဆန္ဒတွေ ပြည့်ဝအောင်မြင်ရေး အတွက် အတားအဆီး ဟူ၍ မရှိရခြင်း”၂၁ သို့မဟုတ် ပိုပြီး ယျေဘုယျဖြစ်သော “ပြင်ပမှ ပိတ်ဆို့နေသော အရာတို့ မရှိရခြင်း”၂၂ ဆိုပြီး ဖြတ်သန်းကူးပြောင်း သွားဖို့ အင်မတန် လွယ်ကူနေခြင်း ဖြစ်ပါ၏ ။ အဲဒါသည် လွတ်လပ်မှုကို ဖွင့်ရင်းနဲ့ပဲ (အစောက ပြခဲ့သော) ငါတို့ လိုတာမှန်သမျှကို ထိထိရောက်ရောက် လုပ်ဆောင်နိုင်သော တန်ခိုးအာဏာ တည်းဟူသော အာရုံကို ပြန်ရောက်သွားလို့ ပါတည်း ဈ  
            ထိုသို့ လွတ်လပ်မှုကို ပြန်လည်(ပြင်ဆင်) ပြန်ဆိုခြင်းသည် မည်သို့သော နိမိတ်ဆိုးကို ဆောင်နေသနည်း ဟူမူ ထိုပြန်ဆိုခြင်းတို့သည် လူတစ်ဦးချင်း၏ လွတ်လပ်မှုကို ကြီးမားစွာ ထိန်းသိမ်းစောင့်ရှောက်ထားသော အမေရိကန် နှင့်တကွ  တစ်ချို့သော နိုင်ငံများထိပါ တကယ့်ကို နက်နက်ရိုင်းရိုင်း ထွင်းဖောက်ဝင်ရောက် လာနိုင်ခဲ့ပြီ ဖြစ်သော အကြောင်း ဖြစ်ပါ၏ ။ အမေရိကန် မှာဆို “လစ်ဘရယ်” အသိုင်းအဝိုင်းတွေမှာ သည် ပြန်လည်ပြန်ဆိုမှုကို နိုင်ငံရေးဒဿန၏ အခြေခံအဖြစ်ပင် ကျယ်ကျယ်ပြန့်ပြန့် လက်ခံထားကြပြီး ဖြစ်ပါ၏ ။ “တိုးတက်ပြောင်းလဲရေးသမား” တတ်သိပညာရှင် ဆိုသူများထဲမှ ထင်ရှား အသိအမှတ်ပြုခံရသူ ဂျေ.အာ.ကွန်မန်း၂၃ နှင့် ဂျွန်ဂျုဝီ တို့သည် မည်သို့သော အယူဝါဒကို ဖြန့်ဝေကြသနည်း ဆိုသော် “ လွတ်လပ်မှုသည် အာဏာဖြစ်၏ ၊ တိတိကျကျ လုပ်ရမည့်အလုပ်တို့ကို ထိထိရောက်ရောက် လုပ်ဖို့ တန်ခိုးအာဏာ ရှိခြင်းမျိုးပေတည်း” နောက်တစ်ဖန် “လွတ်လပ်မှုကို တောင်းဆိုမှုသည် အာဏာကို တောင်းဆိုမှုပေတည်း”၂၄ ဟု ဖြစ်ပြီး “ လွတ်လပ်ခြင်းသည် ခြိမ်းခြောက် အကြပ်ကိုင်မှုတို့ မရှိခြင်း ဆိုပြီး ဖွင့်ဆိုခြင်းမျိုးသည် ငြင်းပယ်သော ရူဒေါင့်(တစ်ဘက်တည်းနှင့်သာ) ကြည့်မြင်နေတာ ဖြစ်ပြီး (တကယ်တော့) တန်ခိုးအာဏာကို အောင်မြင်ရယူရန် နည်းလမ်းတစ်ခု အဖြစ် အသုံးချနိုင်မှသာလျှင် ၄င်းလွတ်လပ်မှုကို ဆုလဒ်အနေဖြင့် ငါတို့ တန်ဖိုးထားနိုင်ပါသတည်း” ဟူ၍ ပြောလာကြပါ၏၂၅

၅. ဤသို့ လွတ်လပ်မှု၏ မူရင်း အဓိပ္ပာယ်ကို လွတ်လပ်မှုဆိုတာ အာဏာပဲဟု အာဏာနှင့် သွားပြီး ရောထွေးမှုသည် မလွဲမသွေ ဦးတည်နေသည်မှာကား လွတ်လပ်မှုကို ဓနဥစ္စာနှင့် အတူပဲဟု ထပ်တူပြုခြင်း ပေတည်း။ ထိုသို့အားဖြင့် “လွတ်လပ်မှု” ဆိုသော ဝေါဟာရမှ ပင့်တင်ပေးရာ မှန်သမျှကို အမြတ်ထုတ်လာသည်မှာကား ဓနဥစ္စာကို ဖြန့်ဝေရေး ဆိုသည်ကို ထောက်ခံလာကြခြင်း ပေတည်း၂၆ ။ ဟုတ်ပါ၏ ၊ လွတ်လပ်မှု နှင့် ဓနဥစ္စာ နှစ်မျိုးလုံးသည် လိုလားအပ်သော ဣဌာရုံများ ဖြစ်ကြပြီး ငါတို့ ဆန္ဒပြုမိရာတို့ကို ရယူနိုင်ဖို့ အတွက် သူတို့ နှစ်မျိုးလုံးသည် မကြာခဏဆိုသလို ရှိနေဖို့ လိုပါ၏ ။ သို့ကပေမင့်လည်း ၄င်းတို့သည် လက္ခဏာ ကွဲပြားနေစမြဲ ပေတည်း။ ငါကိုယ်တိုင်သည် ငါ့သခင် ဖြစ်၍ ငါ့ကိုယ်ပိုင် ရွေးချယ်ရာလမ်းကို ငါလိုက်စား နိုင်သလား ဆိုတာနှင့် ငါ့တွင် ရွေးချယ်စရာလမ်း အစုံ များသလား နည်းသလား ဆိုတာသည် လုံးဝခြားနားနေသော မေးခွန်း နှစ်မျိုးပေတည်း။ ဇိမ်အပြည့်နှင့် နေရပါသော်လည်း သူ့ သခင်မင်းသား၏ အခေါ်တော်ဆင့်မည့် အရေး အတွက် အမြဲအသင့်ပြင်ထားရသော မင်းမြောင် တစ်ဦးသည် ဆင်းရဲသော လယ်သမားတစ်ယောက် သို့မဟုတ် ကုန်သည်တစ်ယောက်ထက် လွတ်လပ်မှု များစွာ ချို့တဲ့ဆင်းရဲပါသည်။ မင်းမြောင်သည် သူ့ကိုယ်ပိုင် ဘဝနှင့် သူမနေနိုင်၊ သူ့ကိုယ်ပိုင် အခွင့်အလမ်း တွေကို အသုံးချပိုင်ခွင့် မရှိ၊ ထို့အတူသာပင် စစ်တပ်တစ်တပ်ကို ဦးစီးနေရသော ဗိုလ်ချုပ်တစ်ဦး သို့တည်းမဟုတ် ဆောက်လုပ်ရေး လုပ်ငန်းကြီး တစ်ခုက ဒါရိုက်တာတစ်ဦးတွင် တချို့နေရာတို့တွင် မထိန်းချုပ်နိုင် လောက်အောင် ကြီးမားသော အာဏာတို့ ရှိကြသော်လည်း သူတို့မှာ လွတ်လပ်မှု များစွာ ချို့တဲ့တတ်ကြပါသည်။ သူတို့၏ အထက်အရာရှိ စကားတစ်ခွန်းတည်းနဲ့တင် သူတို့ ရည်ရွယ်ထားတာ နှင့် စီမံထားတာတွေ မှန်သမျှကို လမ်းကြောင်းပြောင်းပစ် ရလေ့ရှိပါ၏ ။ ကိုယ့်ကိုယ်ပိုင် ဘဝ နှင့် ကိုယ် ပြောင်းလဲနေနိုင်မှု နှင့် ကိုယ့်အတွက် အရေးကြီးဆုံး အရာ ဆိုတာကို ဆုံးဖြတ်နိုင်မှု တို့တွင် သူတို့သည် အမွဲတေဆုံး လယ်သမားတစ်ဦး သို့မဟုတ် သိုးကျောင်းသား တစ်ဦးထက် များစွာ ဆင်းရဲတတ်ကြပါသည်။
လွတ်လပ်မှုကို ဆွေးနွေးလာခဲ့သလောက် ရှင်းရှင်းလင်းလင်း ရှိပြီ ဆိုပါလျှင် သိနိုင်ပြီ ဖြစ်သည်ကား လူတိုင်းလူတိုင်းက သည်သို့သော မူရင်းရသကို ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ ဤဝေါဟာရ၏ ရည်ရွယ်ရင်းစေတနာသည် အဲသည်အကြိုက်တွေ အပေါ် မူမတည်နေခြင်း ပေတည်း။ အလွန်တရာကို ဖြစ်နိုင်ပါ၏ ၊ ငါတို့မှ ကြောင့်ကြရသော လွတ်လပ်မှုကို တန်ဖိုးမထားသော လူတို့ရှိပါ၏ ။ ထိုလူတို့သည် ၄င်းမှ နေ၍ သူတို့သည် အကျိုးကျေးဇူးတို့ ဆင့်ပွားနိုင်သည်ကို မမြင်ကြကုန်။ နောက်ကျန်သူ တို့သည်ပင်လည်း တစ်ခြားသော အသာစီးရယူဖွယ်တို့ အတွက် ၄င်း(ပင်ရင်းရသ)ကို လိုလိုလားလားပင် စွန့်လွှတ်ကြကုန် လေ၏   ဘယ်လိုတောင်မှ မလွဲနိုင်သလဲဆို ကိုယ့်ကိုယ်ပိုင် စီမံချက်နှင့် ဆုံးဖြတ်ချက်တို့ အတိုင်း သွားရခြင်းမျိုးကို သူတို့က အခွင့်ကောင်းဟု မှတ်ယူမည့်အစား ဝန်ထုပ်ဝန်ပိုးဟူ၍ပင် ယူတတ်ကြစကောင်းပါ၏ ။ လွတ်လပ်မှုသည် လိုလားအပ်သော သဘော မှန်ပါ၏ ၊ သို့သော်လည်း လူအားလုံးလိုလိုက ၄င်း အခွင့်အလမ်းကို ယူတတ်ချင်မှ ယူတတ်ပါ လတ္တံ့ ။ တို့များ ထည့်ကိုထည့်သွင်း စဉ်းစား ရမည်မှာ လူများစုအတွက် လွတ်လပ်မှုမှ အကျိုးကျေးဇူးကို စံစားရဖို့ဆိုပါလျှင် အဲဒါသည် သူတို့ကနေပြီး ၄င်းက ပေးထားသော အခွင့်အလမ်းတို့ကို သုံးနိုင်သလား ဆိုတာနှင့် လူအများစုမှ နေ၍ သူတို့တကယ်ကို လွတ်လပ်ရေးကို လိုလိုလားလား ရှိပါသလားပေါ် မူတည်နေခြင်း ဆိုသည်ကို ပေတည်း။
သည်လို ဆိုလာခဲ့သလောက် အားလုံးအနက် ရှေ့ဆုံးထား စဉ်းစားရမည်မှာ ငါတို့ အသိအမှတ်ပြုရမည့် သဘောဟူသည် ငါတို့သည် လွတ်လပ်နေသော်လည်း အလိုမပြည့်သဖြင့် ယုတ်မာနိုင်သော လူဆိုးစဉ်းလဲတို့ ဖြစ်တတ်ကြောင်းကို ပေတည်း၂၇ ။ လွတ်လပ်မှု မည်သည် အရာရာဟာ ကောင်းမွန်မြတ်သည် ဟု မဆိုလိုသလို အကုသိုလ်တရား အလုံးစုံမှ ကင်းလွတ်နေသည် ဟုလည်း မဆိုလိုပါ သတည်း။ မှန်ပါ၏ ၊ လွတ်လပ်သော သူတစ်ဦး ဆိုသည့် အဓိပ္ပာယ်သည် လွတ်လပ်စွာ ငတ်နေသူ တစ်ဦး ဖြစ်နေနိုင်ပါသည်၊ တန်ဖိုးကြီးသော အမှားတို့ကို ကျုးလွန်သူ တစ်ဦး ဖြစ်နေနိုင်ပါသည်၊ သို့မဟုတ်လည်း သေလောက်သော မိုက်ရူးရဲအလုပ်တွေကို လုပ်နေသူလည်း ဖြစ်နေနိုင်ပါသည်။ တို့များသုံးသော အာရုံအားဖြင့်ဆို ပိုက်ဆံတစ်ပြားမှ မရှိသော ကလေကချေတစ်ဦးသည် ဦးတည်ရာလမ်းမဲ့ ဥပဒ်များမြောင်သော ဘဝတွင် နေထိုင်ရလင့်ကစား နိုင်းစာလျှင် သူ့ထက် ပိုမို လုံခြုံသက်သာသော ဘဝတွင် နေရသည့် စစ်မှုထမ်း ဆင့်ခေါ်ခံရသည့် စစ်သား တစ်ယောက်ထက် မုချမသွေ လွတ်လပ်သည်သာတည်း။ လွတ်လပ်မှုဟူသည် တစ်ခြားတစ်ပါးသော ဣဌာရုံတွေထက် ပိုမို နှစ်ခြိုက်စရာ ကောင်းချင်မှကောင်းမည် ဖြစ်ပေကမင့် ၄င်း တမူထူးဆန်းသော ဣဌာရုံသည် တမူထူးခြားသော နာမည်တစ်မျိုးကို ပေးဖို့ လိုပါသည်။  “နိုင်ငံရေးလွတ်လပ်မှု” နှင့် “အတွင်းဗဟိန္ဓလွတ်လပ်မှု” တို့သည် ကာလရှည်ကြာစွာ အလဲအလှယ်သဘောမျိုး နှင့် သုံးခဲ့သော ဝေါဟာရတို့ ဖြစ်ပြီး သတိနည်းနည်းလေး ထားနိုင်ပါလျှင် (ပင်ရင်းနှင့်) မရောထွေးစေမိဘဲ သုံးပြုနိုင်ကောင်း ပါသော်ငြား “လွတ်လပ်မှု” ကို “အာဏာပါဝါ” ဆိုပြီး သုံးလာတာမျိုးကတော့ သည်းခံနိုင်လောက်သည့် အသုံးတန်းစားမျိုး ဆိုတာမူ သံသယစောကြောဖွယ် ပေတည်း။
            ဘယ်လိုပဲဖြစ်ဖြစ် အဲသလို အာဏာပါဝါဆိုပြီး အကြံပြုလာတာမျိုးကို ရှောင်ကြဉ်ရပါမည်။ ငါတို့သည် ဝေါဟာရ တစ်ခုတည်းကိုသာ သုံးစွဲနေလင့်ကစား “လွတ်လပ်မှုများ” ၏ မျိုးရင်းသည် မတူပါသတည်း။  အဲသလို အရင်းစေတနာ ကွဲပြားမှုမျိုးသည် မဟုတ်ကဟုတ်က ကိစ္စတွေ၏ ပင်ရင်းအမြစ် ဖြစ်ပြီး အဲသည်လို စကား ဝေ့လည်ကြောင်ပတ် တို့သည် ဆင်ခြင်ဥာဏ်မရှိ မိုက်မဲသော ကောက်ချက်များကို ဖြစ်ပေါ်စေလေ၏၂၈ လွတ်လပ်မှုကို အာဏာပါဝါ၊ နိုင်ငံရေး လွတ်လပ်မှု၊ အတွင်းဗဟိန္ဓ လွတ်မြောက်မှု ဆိုသော အာရုံတို့နှင့် သုံးခြင်း သည် လူတစ်ဦးချင်း လွတ်လပ်မှု နှင့် အခြေအနေတစ်မျိုးတစ်စားတည်း မဟုတ်။ ။ ပင်ရင်းမူလ ပုဂ္ဂလတစ်ဦးချင်း လွတ်လပ်ခြင်းကို  စတေးခြင်းအားဖြင့် တစ်ခြားသော လွတ်လပ်မှုတို့ဖက်တွင် တိုးတက်လာအောင် ချိန်ခွင်ညှိုတတ်လို့ အားလုံးအတွက် ဘုံလက္ခဏာတူသော လွတ်လပ်ခြင်း အမြုတေကို ရယူပိုင်ဆိုင်နိုင်သည်ဟု ရော်ရမ်း၍ ပြောတာမျိုး ငါတို့ မလုပ်နိုင်ပါ။ အဲသလို တစ်ခုရရန် တစ်ခုကို လဲလှယ်ခြင်းအားဖြင့် ကောင်းတဲ့ တစ်စုံတစ်ခုကို ရနိုင်တာဆိုတာတော့ ဖြစ်တန်ကောင်းပါသည်။ သို့သော် ၄င်းတို့အားလုံးသည် ဘုံ အနှစ်လက္ခဏာမှာ တစ်ခုတည်းဖြစ်သောကြောင့် အဲသလို အလဲအလှယ် လုပ်ရပါသည်ဟု ပြောလာသော ကိစ္စမျိုးသည်ကား မာရသည် သတ္တဝါအပေါင်းတို့အား သစ္စာဥာဏ်အလင်းကို မရအောင် ပိတ်ဆို့ထားခြင်းမျိုး ဖြစ်ပြီး အဲဒါသည် အကြမ်းတကာ့ အကြမ်းဆုံး ရုပ်ကြမ်းဝါဒ အတွေးအခေါ်(realism မြင်မြင်သမျှ ရုပ်တို့ကို အနှစ်အမှန်ဟု စွဲယူခြင်း) ပေတည်း ။ ယင်း ရုပ်ကြမ်းဝါဒသမားတို့သည် လွတ်လပ်ခြင်းအမျိုးမျိုး တို့ကို ဝေါဟာရ တစ်ခုတည်းကို သုံးစွဲရုံမျှဖြင့် ၄င်းတို့သည် အနှစ်အသားအားဖြင့် တစ်မျိုးတည်းသာဟု ထင်နေခြင်း ပေတည်း။ အဲသလို ထိုသူတို့ ကပေမင့်လည်း တကယ်ကတော့ ငါတို့သည် လွတ်လပ်ခြင်း  မျိုးကွဲတို့ကို အင်မတိအင်မတန် ခြားနားသော ဆင်ခြေစေတနာတို့ဖြင့် လိုချင်နေကြခြင်း ဖြစ်ပြီး ၄င်းလွတ်လပ်မှုတို့ ရှိခြင်း မရှိခြင်းတို့သည် အကျိုးသက်ရောက်မှုတွင် ကွဲပြားလို့သာ နေပါသတည်း။ အဲသည် လွတ်လပ်မှုတွေထဲက တစ်ခုမဟုတ် တစ်ခု ရွေးချယ်ညှိုညက်၍ တို့အားလုံးအတွက် လွတ်လပ်ခြင်း သည် တိုးတက်လာမှာပဲ ဆိုသော အစွဲမျိုးနှင့် (ဖော်မြုလာရှာလို့ချလို့ ရတယ်လို့ ထင်ပြီး) လုပ်လို့ရသည် မည်သည်ကား မဟုတ်၊ ထိုအစား မေးရမည်မှာ ဘယ်လွတ်လပ်ခြင်းမျိုးကို ငါတို့ ပိုမြင့်မြင့်မားမား တန်ဖိုးထားတာလဲ ဆိုသော မေးခွန်းပေတည်း။

၆. မကြာခဏ ဆိုသလို ကန့်ကွက်ကြသည်မှာ တို့များ၏ လွတ်လပ်မှုကို ဖွင့်ဆိုပြသော သဘောတရားသည် ငြင်းပယ်မှု အနုတ်သဘော သက်သက် ဖြစ်နေသည် ဆိုသည်ကိုပေတည်း၂၉။ အဲသလို ငြင်းပယ်မှု အနုတ်အာရုံအားဖြင့် သုံးထားတာ ဖြစ်တယ်ဆိုတာဟာ မှန်ပါသည်။ အသို့နည်းဟူမူ ငြိမ်းချမ်းရေး ဆိုသော သဘောသည်လည်း ငြင်းပယ်မှု အနုတ်သဘော ပေတည်း။ သို့တည်းမဟုတ်လည်း လုံခြုံရေး နှင့် ငြိမ်သက်ရေး တို့ ဆိုတာတွေဟာလည်း နိုင်ထက်ကလူ သီးသန့် နှိပ်ကွပ်တာမျိုးတွေ မရှိခြင်းကို ဆိုလိုတာ ကပေပဲ။  အဲသလို သုည နယ်ပယ်မှာ ရှိသော အသိသဘော သည် လွတ်လပ်မှု၏ ပဌာန်း မူရင်းအဆက် ပေတည်း။ ၄င်းသည် သီးသန့် အနှောင့်အယှက် တစ်စုံတစ်ရာမှ ကင်းလွတ်ခြင်း  တစ်ခြားတစ်ပါးသော သူတွေက မိမိကို ခြိမ်းခြောက် အကြပ်ကိုင်မှု မျိုးမှ ကင်းလွတ်ခြင်းကို ဖော်ပြထားခြင်း ဖြစ်ပါ၏ ။ သုညသဘောမှသည် အပေါင်းလက္ခဏာကို ဆောင်လာစေလိုပါလျှင် ငါတို့က အဲသည်သုညကို အရင်းပြုလာနိုင်ခြင်း နှင့်သာ ဆိုင်ပါ၏ ။ ၄င်းသည် ငါတို့ကို မည်သည့် သီးသန့် အခွင့်အလမ်း တစ်စုံတစ်ရာကိုမှ ပေးမထားဘဲ ငါတို့ကိုယ် ငါတို့ ရှာတွေ့သော လူ့ဝန်းကျင် အခြေအနေတို့မှ ငါတို့ ကိုယ့်အခွင့်အလမ်းကိုယ် ဘယ်လို ဖော်ထုတ်နိုင်မလဲဆိုတာကို ငါတို့ဘာသာ ငါတို့ ဆုံးဖြတ်ဖို့ကို ၄င်းမှ (တို့ကိုယ်ပိုင် ကိစ္စသက်သက် ဟု) ချန်လှန်ပေးထား ပါ၏ ။
လွတ်လပ်မှုကို သုံးစွဲမှုများ အမြောင်အများ ဖြစ်နေပါသော်လည်း လွတ်လပ်ခြင်းမှာ တစ်ခုတည်းသာတည်း။ (တစ်ခုတည်းသော) လွတ်လပ်ခြင်းကို ဆိတ်သုဉ်းစေ၍ သာလျှင် ထို လွတ်လပ်ခြင်းများသည် စင်ပေါ်တက်လာကြလေကုန်၏ ။ ၄င်းတို့သည်ကား အထူးအခွင့်အရေးများ နှင့် အထူးကင်းလွတ်ခွင့်များ ဆိုသည်ကို အုပ်စုဖြင့် ဖြစ်စေ ၊ ပုဂ္ဂိုလ် တစ်ဦးချင်း အနေနှင့် ဖြစ်စေ ရယူလာကြခြင်းမျိုး ဖြစ်ပြီး ကျန်သူတို့၏ လွတ်လပ်ရေးမှာ ပိုပိုပြီး ပိန်လိန်လာခြင်း ပေတည်း။ သမိုင်းအားဖြင့်ဆိုသော် တစ်ခုတည်းသော လွတ်လပ်ခြင်း ဆိုသည်မှာ သီးသန့် လွတ်လပ်ရေးတို့ကို အောင်မြင်ရယူခြင်းအားဖြင့် လမ်း စတင်ဖြစ်ထွန်းလာတတ်ကြ ပါသည်။ သို့တကားမူ တစ်စုံတစ်ဦးအတွက် အထူးသီးသန့် လုပ်ဆောင်ပိုင်ခွင့် ချပေးသည်မျိုးမူကား လွတ်လပ်မှု မဟုတ်။ ယင်းသို့ လုပ်ကိုင်နိုင်ခြင်းမျိုးကို “လွတ်လပ်မှု”ဟု (ထင်မြင်) ခေါ်ဝေါ်လာကြကုန်၏ ။ လွတ်လပ်ခြင်းသည် အထူးသီးသန့် လုပ်ကိုင်ပိုင်ခွင့် မပေးထားခြင်း နှင့် ကောင်းစွာယှဉ်တွဲ ရပ်တည်နိုင်သလို တစ်စုံတစ်ဦးသည် သူ လုပ်နိုင်ကိုင်နိုင်သော ကိစ္စ တော်တော်များများအတွက် ခွင့်ပြုချက်ရရန် လိုအပ်နေပါလျှင် အဲဒါသည်လည်း လွတ်လပ်ခြင်းဟူ၍ မရှိခြင်း ပေတည်း။ (တစ်ခုတည်းသော) လွတ်လပ်ခြင်း နှင့် ယင်း (ထင်ရာမြင်ရာ) လွတ်လပ်မှုများတို့၏ ကွာခြားမှု ဟူသည်ကား ဓမ္မစက်ကို အခြေခံသော  ယျေဘုယျ စည်းမျဉ်းတို့ဖြင့် မပိတ်ပင်ထားသော ကိစ္စမှန်သမျှကို ခွင့်ပြုထားသော အခြေအနေ နှင့် သီးသန့်အထူး ခွင့်ပြုချက် ချမပေးထားသော ကိစ္စမှ မဟုတ်လျှင် အားလုံးကို ပိတ်ပင်ထားသော အခြေအနေ တို့သည် (ကောင်းကင်သည် မြေကြီးနှင့် ကွာလှမ်းသလို) ကွာဟနေခြင်းမျိုး ပေတည်း။
ငါတို့သည် လွတ်မြောက်သောဘဝနှင့် ကျွန်ဘဝ အခြေခံအားဖြင့် ဘာကွာနေသလဲဆိုတာ နောက်တစ်ခါ ထပ်ပြီး ကြည့်မိမည် ဆိုပါလျှင် ငါတို့ ရှင်းလင်းစွာ မြင်ရမည်မှာကား လွတ်လပ်ခြင်း၏ အနုတ် လက္ခဏာသည် မည်သည့်နည်းနှင့်မှ ၄င်း၏ တန်ဖိုးကို မလျော့ပါးစေနိုင်ကြောင်း ဆိုသည်ကို ပေတည်း။ ဤဝေါဟာရကို တို့များသုံးစွဲသော အာရုံသည် အအိုမင်းဆုံး ရည်ရွယ်ချက်ရသ ဖြစ်ကြောင်းကို တို့ ဖော်ပြထားခဲ့ပြီး ဖြစ်ပါ၏ ။ အကယ်၍ လွတ်လပ်သောလူတစ်ယောက်၏ ခြားနားထင်ရှားနေသော အနေအထားကို ကျွန်တစ်ဦး၏ အနေအထားနှင့် နိုင်းယှဉ်ကွဲပြားပြီး မြင်တတ်မည်ဆိုပါလျှင် အဲသည် (အအိုမင်းဆုံး) အဓိပ္ပာယ်အတိုင်းသာ ဆံချည်မရွှေ့ ငါတို့ လက်ခံနိုင်ပါလိမ့်မည်။ သည်ကိစ္စကို ငါတို့ များစွာသိမြင်ခဲ့ဘူးသည်မှာ ရှေးဟောင်း ဂရိပြည် မြို့တော်တို့မှ ရှေးအကျဆုံး လွတ်လပ်သော လူ့ဘောင်တို့ ခေတ်ကတည်းကပင် စ၍ ပေတည်း။ တွေ့ရှိထားပြီ ဖြစ်သည့် ကျွန်ဘဝက လွှတ်ပေးသော ပြန်တမ်း အတော်များများသည် မရှိမဖြစ်လိုအပ်သော အခြေခံကောက်ကြောင်းများကို ငါတို့အား ရှင်းလင်းပြတ်သားစွာ ပုံဖော်ပြပေးထား ပါသည်။ လွတ်မြောက်မှုကို ဆွတ်ခူးရယူခြင်း အတွက် တရားဝင် အပ်နှင်းသော အခြေခံအချက် လေးချက် ရှိပါ၏ ။ ပုံမှန်အားဖြင့် ကျွန်ဘဝမှနေ၍ လွှတ်ပေးသော ပြန်တမ်းတို့သည် ယခင်ကကျွန်ကို ပထမ ဥပဒေနှင့်အညီ လူ့ဘောင်အသိုင်းအဝိုင်းမှ ကာကွယ်ပေးခံထားရသော အခြေ၊ ဒုတိယ မထင်လျှင် မထင်သလို အဖမ်းခံရခြင်းမှ ကာကွယ် စောင့်ရှောက်ခံထားရမှုသော အခြေ၊ တတိယ သူဆန္ဒရှိရာ ဘယ်အလုပ်ကို မဆို လုပ်ကိုင်ပိုင်ခွင့် နှင့် စတုတ္ထ သူကိုယ်ပိုင် ရွေးချယ်သလို ရွှေ့ရှားပိုင်ခွင့် တို့ကို ပေးအပ်မြဲ သာတည်း၃၀
ဤ ဖော်ပြခဲ့သော စာရင်းသည် တစ်ဆယ့်ရှစ်ခုမြောက် ရာစုနှင့် တစ်ဆယ့်ကိုး ခုမြောက်ရာစုတို့တွင် လွတ်လပ်မူ၏ အခြေခံဘူတ သဘောတို့ကို မည်သို့ ယူမှတ်ထားကြောင်း ထင်ဟပ်ပေါ်လွင် နေပါသည်။ စာရင်းတွင် ပစ္စည်းဥစ္စာ ပိုင်ဆိုင်ခွင့် မပါဝင်ပါ။ အဘယ်ကြောင့်ဆိုသော် ကျွန်တစ်ဦး ဖြစ်ကပေမင့် ပစ္စည်းဥစ္စာ ပိုင်ဆိုင်ခွင့် ရှိသောကြောင့် ပေတည်း၃၁။ အဲသည် အခွင့်အရေးကို ပေါင်းထည့်လိုက်မည် ဆိုပါလျှင် လူတစ်ဦးချင်းကို ခြိမ်းခြောက်အကြပ်ကိုင်မှုက ကာကွယ်ပေးထားသော အခြေခံအချက်အားလုံး ပြည့်စုံသွားပြီ ဖြစ်ပါသည်။ သို့သော် ယင်းသည် ငါတို့ ထည့်သွင်းစဉ်းစားခဲ့သော မူရင်းလွတ်လပ်မှုကို အစားထိုးရန် ကြံစည်လာသော ရှိရှိသမျှ လွတ်လပ်မှုအသစ်များကို မဆိုထားနှင့်၊ (ခွင့်ပြုသာသည့်) တခြားမျိုးရင်းတူ လွတ်မြောက်မှုများ နှင့်စပ်၍ ဘာမှ ပြောမထားပါ သတည်း။ သိသာစွာ မြင်လင်းနိုင်ပါသည်။ ကျွန်တစ်ယောက်သည် မဲဆန္ဒပေးပိုင်ခွင့် သက်သက်ကိုသာ ရမည်ဆိုပါလျှင် ကျွန်ဘဝက လွတ်မြောက်သွားတာ မဟုတ်ပါ။ ဒါမှမဟုတ်လည်း မည်သို့ပင် စိတ်သာရှင်ဇောဆိုတဲ့ ဒဿနပညာရှင်တွေက ဆန့်ကျင်ဘက်ကို တို့အား သိမ်းသွင်းယူဆောင်ပေမည့်လည်း သူတစ်ဦးသည် သူ့ အတွင်းဗဟိန္ဓ လွတ်လပ်မှုက သူ့ကို ကျွန်အဖြစ်က လွဲ၍ ဘာမှမမြင်စေပါလျှင် အဲဒါဟာလဲ လွတ်မြောက်တာ မဟုတ်ပါ။ ထို့အတူသာပင် မည်မျှပင် စည်းစိမ်ရှိရှိ၊ မည်သို့ပဲ သက်တောင့်သက်သာ နေရနေရ၊ ဘယ်လောက်ပဲ တစ်ခြားသူတွေပေါ်မှာ အာဏာပြနိုင်တာမျိုးကို ပိုင်ဆိုင်ပိုင်ဆိုင် ၊ ဘယ်လိုပင် သဘာဝ သဟံဇာတတွေကို စိုးမိုးစီမံပိုင်ခွင့် ရှိရှိ အဲဒါတွေဟာ သူ့သခင်၏ စိတ်လိုရာကို ဖျော်ဖြေလိုက်ပါနေရသူ တစ်ဦး၏  (မလွတ်မြောက်မှုကို) ပြောင်းလဲစေရန် မတတ်အားပါ သတည်း။ ထိုအစား သူသည် သူ့ရောင်းရင်း နိုင်ငံသားတွေနှင့်တူတူ (မျက်နှာကြီးငယ်မလိုက်) တစ်စားတည်းသော ဥပဒေတို့ကိုသာလျှင် လိုက်နာနေထိုင်နိုင်ခြင်း၊ သူ့အား မထင်သလို ဖမ်းချုပ်ခံရမှုမှ ကာကွယ်ပေးခံထားရခြင်း၊ သူ့အလုပ်ကို သူရွေးချယ်နိုင်ခြင်း နှင့်  ပစ္စည်းဥစ္စာကို ပိုင်ဆိုင် ရှာဖွေနိုင်ခြင်း တို့ဟူသော အခြေအနေမျိုးတို့ ဖြစ်ထွန်းမှသာလျှင် တစ်ခြားသူတို့မှ လည်းကောင်း၊ လူအုပ်စုတို့မှနေ၍ သူတို့လိုလားရာကို ထိုသူတစ်ဦးအား အတင်းအကြပ် လုပ်ခိုင်းဖို့ရန် မတတ်နိုင်ရာပါ သတည်း။
၇. တို့များ၏ လွတ်လပ်မှု ခက်ဆစ်အဖွင့်သည် “ခြိမ်းခြောက်အကြပ်ကိုင်မှု” သဘောတရားကို မှီတည်ပြီး ဖွင့်ဆိုထားရကား ထိုဝေါဟာရကိုလည်း အလားတူ သတ်မှတ်ဖွင့်ဆို မပြဘဲနှင့် လွတ်လပ်မှု၏ အနက်သည် တိကျသေချာမှု ရှိနေအုံးမှာ မဟုတ်ပါ။ တကယ်မှာတော့ ငါတို့သည် နီးစပ်စွာ ချိတ်ဆက်လျက်ရှိသော စကားလုံးများကို အတူးသဖြင့် “ထင်ရာကြဲမှု” နှင့် “ယျေဘုယျဖြစ်သော လောကနီတိ (ဝါ) လောကပါလ တရား” တို့အား ပိုမို တိကျသေချာသော အနက်အဓိပ္ပာယ်ကို ဖွင့်ပြပေးရပါမည်။ ယုတ္တိသဘော အားဖြင့်ဆို ငါတို့သည် တစ်ခါတည်း တစ်ဆက်တည်းပင် ထို သဘောတရားတို့ကို အလားတူ ခုတင်ခု သုံးသပ်ပြရပါလိမ့်မည်။ တို့များအားလုံးသည် အတူတူသာပင် သည်ကိစ္စဝန်တာကို မရှောင်လွဲ နိုင်ပါ။ သို့ဖြစ်သော်ငြား တို့များမှ စာဖတ်သူကို အချည်းနှီးသော ပုံစံပေါက်နေသည့် ဝေါဟာရတို့ကို တိကျသော ခက်ဆစ်အနက်များဖြင့် ဖွင့်ဆိုခြင်း လုပ်ငန်းစဉ်နောက်သို့ သည်းခံလိုက်ပါပါရန် မေတ္တာရပ်ခံခြင်း မပြုမီ တို့များသည် ငါတို့ ဖွင့်ဆိုပြခဲ့ပြီ ဖြစ်သော လွတ်လပ်မှု ဟူသည် အဘယ်မည်သော အကြောင်းကြောင့် အဲသလောက်တောင် အရေးကြီးနေတာလဲဆိုတာကို ရှင်းပြပေးနိုင်ဖို့ ကြိုးပမ်းအားထုတ် ရပါလိမ့်ဦးမည်။ ထို့ကြောင့် ငါတို့သည် စာအုပ်၏ ဒုတိယအပိုင်းကျမှသာလျှင်  တိကျသော အဓိပ္ပာယ်သတ်မှတ်ချက်တို့ ဖွင့်ဆိုသော ကိစ္စကို ဆက်လုပ်သွားမည် ဖြစ်ပြီး ထိုနေရာသို့ ရောက်လျှင် လွတ်မြောက်သော အစိုးရအဖွဲ့အစည်းဟူသည်၏ သဘောကို ဥပဒေရေးရာ ရူဒေါင့်မှ သုံးသပ်ပြသွားပါမည်။ လက်ရှိရောက်နေသော နေရာမှာတော့ ခြိမ်းခြောက်အကြပ်ကိုင်မှု ဆိုတာကို ပိုမို စနစ်တကျ သုံးသပ်ဆွေးနွေးချက်ကို ဆက်လာတော့မည် ဖြစ်ကြောင်း သတိကောင်းကောင်း နှင့် မျှော်လင့်ထားနိုင်လျှင်ပင် လုံလောက်ပြီ ဖြစ်ပါ၏ ။ အခုနေအခါမှာတော့ အကျဉ်းသံခိပ်မျှသာ ပြောပြရသည့် ပုံစံအားဖြင့် ၄င်း(ဝါဒသဘော)တို့သည် တယူသန်သလို ဖြစ်နေတတ်ပြီး ထို(တယူသန်မှု)တို့၏ တရားမှန်ကန်ကြောင်း သက်သေပြခြင်းကို နောက်လာမည့် နေရာများတွင် ဆွေးနွေးသွားမည် ဖြစ်ပါသည်။
ခြိမ်းခြောက်အကြပ်ကိုင်မှု ဟု ငါတို့ ပြောခြင်းသည် ဘာကိုဆိုလိုသလဲ ဆိုသော် အဲဒါသည် လူတစ်ယောက်၏  ပတ်ဝန်းကျင် သို့မဟုတ် လူ့ဝန်းကျင် အခြေအနေတို့ကို တစ်ခြားသူတစ်ဦးမှ နေ၍ ချုပ်ကိုင်ထားခြင်း ဖြစ်ပါ၏ ။ သို့ဖြစ်ပါသော်ငြား ထို့ထက် ပိုမိုဆိုးဝါးသော အခြေအနေတို့သို့ မကျရောက်သွားစေရန် သူ့ခမျာ ကိုယ့်ကိုယ်ပိုင် စီမံဆောင်ရွက်မှုတို့ကို ပုံမှန်လုပ်ဆောင်နိုင်စွမ်း မရှိဘဲ တစ်ပါးသူတို့လိုရာ ရည်ရွယ်ချက်ကိစ္စတို့ကို လိုက်လံဆောင်ရွက်ပေးရခြင်း မျိုးပေတည်း။ တစ်ပါးသူမှနေပြီး ၄င်းကို အတင်းအကြပ် လုပ်စေသော ပိုပြီး မဆိုးဝါးသွားစေသော အခြေအနေကို ရွေးချယ်ရခြင်းမှအပ သူသည် သူ့ကိုယ်ပိုင် ဥာဏ်ပညာ နဲ့ အသိသုတကို အသုံးမချနိုင်ခြင်း နှင့် သူ့ကိုယ်ပိုင် ရည်မှန်းချက် နဲ့  ယုံကြည်ချက်တို့ နောက်သို့ လိုက်စားဖို့ရန် အခွင့်အလမ်း မရှိခြင်း တို့ပေတည်း ။ ခြိမ်းခြောက်အကြပ်ကိုင်၍ လုပ်စေခြင်းသည် မကောင်းဆိုးဝါးအကုသိုလ် အမှန်ဖြစ်ပါ၏ ။  အဘယ်ကြောင့်ဆိုသော်  အဲဒါသည် တစ်စုံတစ်ဦးကို တွေးခေါ်စဉ်းစားနိုင်၍ တန်ဖိုးထားအပ်သော လူပုဂ္ဂိုလ်အဖြစ် မမြင်တော့ဘဲ မိမိ၏ ရည်ရွယ်ချက်ကိစ္စတို့ကို ရယူနိုင်ဖို့သက်သက် လက်ကတုံး သုံးစွဲသော ကိရိယာ တစ်ခုမျှအဖြစ်သာ သဘောထားနေခြင်းကြောင့် ပေတည်း။ လွတ်လပ်သော ပြုမူဆောင်ရွက်ချက် မည်သည် အသို့နည်းဆိုသော် အကြင်သူတစ်ဦးသည် မိမိ၏ ကိုယ်ပိုင် ရည်မှန်းချက်များကို မိမိကိုယ်ပိုင် သိထားသော အသိသုတမှ ညွန်ပြသော နည်းလမ်းတို့ဖြင့် လိုက်စားနိုင်ရေး ပေတည်း။ ဤတွင် သူ့ကိုယ်ပိုင် အသိသုတသည် တစ်ပါးသူတစ်ဦး၏ အလိုမှ ခြယ်လှယ်ဖန်တီး(ပုံသွင်း) ထားသော အချက်အလက်တို့ အပေါ်တွင် အခြေမခံရ။ ဤသည်မှာ ဘာကို ညွန်းပြနေပါသနည်း ဆိုသော် သူတည်းတစ်ယောက်ကို တစ်ခြားမည်သူကမှ သူတို့လိုရာ လမ်းပေါ်တွင် မောင်းချရန် ရည်ရွယ်ချက်ဖြင့် အကြင်သူတစ်ဦး၏ ဝန်းကျင်အခြေအနေတို့ကို ခြယ်လှယ်ပုံသွင်းထားနိုင်စွမ်း မရှိသည့် အခြေအနေကို ရည်မျှော်ထားခြင်း ပေတည်း။
သို့သော်ငြားလည်းပဲ ခြိမ်းခြောက်အကြပ်ကိုင်မှု ကို လုံးဝဥဿုံ ရှောင်ရှားလို့ ရသည်မည်ကား မဟုတ်။ အဘယ်ကြောင့်နည်းဟူမူ ခြိမ်းခြောက်အကြပ်ကိုင်မှုကို ဟန့်တားနိုင်ရာ တစ်ခုတည်းသော နည်းလမ်းသည် ခြိမ်းခြောက်အကြပ်ကိုင်မှု နှင့်ပင် ခြိမ်းခြောက်ထားရသောကြောင့် ပါတည်း၃၂။ လွတ်လပ်သော လူ့ဘောင်တို့သည် ဤ ပြဿနာကို ဖြေရှင်းကြသည်မှာ ခြိမ်းခြောက်အကြပ်ကိုင်မှုကို လက်ဝါးကြီးအုပ်ထားပိုင်ခွင့် ကို နိုင်ငံတော်ကိုသာ နှင်းအပ်ထားလိုက်ပြီး၃၃ အဲသည် နိုင်ငံတော်အာဏာ ဆိုသည်ကို သီးသန့် ပုဂ္ဂိုလ်တို့၏ ခြိမ်းခြောက်အကြပ်ကိုင်မှုတို့ မှ ကာကွယ်ပေးရန် လိုအပ်လာသော ကိစ္စတို့တွင်သာ ကျင့်သုံးစေရန် ထိန်းချုပ်ကန့်သတ်ထားနိုင်ဖို့ (ကြိုပြီးတောက်လျှောက်) ကြိုးပမ်းထားခြင်းဖြင့် ပေတည်း။ ဤသို့ အကောင်အထည် ဖော်နိုင်ဖို့ကို ဖြစ်နိုင်ခြေမှာ တစ်မျိုးတစ်စားတည်းသာ ဖြစ်ပါ၏ ။ ယင်းသည် နိုင်ငံတော်ကနေပြီး လူတစ်ဦးချင်းက သိမြင်ပြီးသော သူ့တစ်သီး ပုဂ္ဂလိက စက်ဝန်းကို တစ်ပါးသူတို့ လာရောက် မထိပါးစေရန် ကာကွယ်စောင့်ရှောက်ပေးခြင်းဖြစ်ပြီး လူတစ်ဦးချင်း၏ တစ်သီး ပုဂ္ဂလိက စက်ဝန်းဆိုသည်ကို ကန့်သတ်ခြင်းမရှိ ဖွင့်ထားပေးခြင်း ပေတည်း။ ထိုနှင့် ဆန့်ကျင်ဘက် သိရမည်မှာကား လူတစ်ဦးချင်း၏ တစ်သီး ပုဂ္ဂလိက စက်ဝန်း ဆိုတာ ဒါပဲ ဖြစ်ရမယ်ဟု နိုင်ငံတော်မှ သီးသန့်သတ်မှတ်ပေးပြီး ကာကွယ်စောင့်ရှောက်ခြင်းမျိုး သည် မဟုတ်မဟတ် လုပ်ရပ် မုချ စစ်စစ်ပေတည်း။ နိုင်ငံတော်ကနေပြီး လူတစ်ဦးချင်း၏ တစ်သီးပုဂ္ဂလိက အဝန်းအဝိုင်းတို့ကို စောင့်ရှောက်ခြင်းဟူသည်မှာ လူတစ်ဦးချင်းသည် ယျေဘုယျ လောကဓမ္မ စည်းမျဉ်းတို့ပေါ် မူတည်ပြီး အစိုးရသည် မည်သို့သော အခြေအနေတွင် မည်ကဲ့သို့ ဆောင်ရွက်လာမည်ကို ကြိုတင် သိထားခြင်းအားဖြင့် မိမိကိုယ်ပိုင် အဝန်းအဝိုင်းကို (ပြည်သူကနေပြီး) ခန့်မှန်းဆုံးဖြတ်နိုင်သော အခြေအနေမျိုးတို့ကို ဖန်တီးပေးထားရခြင်း ပေတည်း။
ထိုသို့သော အခြေအနေမျိုး ဖြစ်ပေါ်စေရန် ရည်ရွယ်ချက်ဖြင့် အစိုးရကနေပြီး သုံးစွဲမဖြစ် သုံးစွဲရသည့် ခြိမ်းခြောက်အကြပ်ကိုင်မှု မည်သည် နည်းနိုင်သမျှ အနည်းဆုံး ဖြစ်စေရမည်ဖြစ်ပြီး တတ်နိုင်သမျှ အဆိပ်အတောက် မဖြစ်စေရန် (လောကပါလ တရားကို အခြေခံသော) ကြိုသိထားပြီး ဖြစ်သည့် ယျေဘုယျ စည်းမျဉ်းတို့နှင့် (ရန်သူမျိုး သင်းကို) ချုပ်ကန့်ထားနှင့် ရပေသတည်း။ သို့မှသာလျှင် ကိစ္စအများစုတွင် လူတစ်ဦးချင်းသည်  သည်လိုလုပ်မိလျှင်တော့ ခြိမ်းခြောက်အကြပ်ကိုင်ခံရ လိမ့်မည်ဟု ကြိုသိထားသော အနေအထားသို့ မိမိကိုယ်ကို နေရချထားမိသော အခြေအနေမျိုးတို့မှ လွဲ၍ မည်သူကမှ ခြိမ်းခြောက်အကြပ်ကိုင်ခံရခြင်း ဟူသည် မရှိရပါသတည်း။ ခြိမ်းခြောက် အကြပ်ကိုင်မှုကို ပြုလုပ်ရခြင်းသည် မလွဲမရှောင်သာသော်မှ (အစိုးရသည် ထိုသို့လုပ်ပိုင်ခွင့်ရှိခြင်း) မှလာသော အဆိုးဝါးဆုံး ဘေးဥပဒ် အန္တရယ်တို့ မပေါ်ပေါက်စေရန် လုပ်ပိုင်ခွင့်ရှိသူ (သို့) တာဝန်ရှိသူတို့ မည်သည် (ပြည်သူလူထုမှ) ကြိုပြီး မြင်သာထင်သောသော ဝတ္တရား စည်းဝိုင်းနယ်ပယ် အတွင်းတွင် ကိုယ့်ကိုကိုယ် ကန့်သတ်ထားရမည် ဖြစ်ပြီး သည်လိုမှ မဟုတ်လည်း အနည်းဆုံးမတော့ ယင်းတို့၏ ခြိမ်းခြောက်အကြပ်ကိုင်ခြင်းသည် တစ်ခြားတစ်စုံတစ်ယောက်၏ ထင်ရာမြင်ရာ စိတ်ဆန္ဒတို့အပေါ် မူမတည် နေအောင် စီမံလုပ်ဆောင်ထားရမည် ဖြစ်ပါ၏ ။ ထိုသို့အားဖြင့် အရေးယူလုပ်ဆောင်ရသော ကိစ္စတို့သည် ပုဂ္ဂိုလ်တစ်စုံတစ်ဦးနှင့် ပတ်သက်ဆက်နွယ်၍ လုပ်ရခြင်းမျိုး မရှိဘဲ ယင်းမှလာသော အာနိသင်တို့သည် သီးသန့် မည်သူမည်ဝါတို့ကို အကျိုးသက်ရောက်လိမ့်မည်ဟ စည်းမျဉ်းယူသတ်မှတ်သော အခါတွင် ကြိုပြီး မြင်မထားသည့် စိတ္တဇနယ်ပယ်မှာ(သာ)ရှိသော ယျေဘုယျ ဓမ္မစက်စည်းမျဉ်းတို့ကို အခြေခံထားပြီးသာ တာဝန်ထမ်းရွက်လာနိုင်ကြ သောအခါတွင် အဲသည် အစိုးရ၏ ခြိမ်းခြောက်အကြပ်ကိုင်ပြီး အရေးယူဆောင်ရွက်မှုတို့ ဆိုသည်သည်ပင် လူတစ်ဦးချင်းမှနေ၍  မိမိကိုယ်ပိုင် ကြံရွယ်စီမံချက်တို့ကို ရေးဆွဲရန်အတွက် အခြေခံ အထောက်အကူ ဖြစ်စေသည့် အချက်အလက်တို့ ဖြစ်လာကြပါသည်။ သို့ကလိုအားဖြင့် သိမြင်ထားပြီးဖြစ်သည့် စည်းမျဉ်းစည်းကမ်းတို့ကို အခြေခံပြီးသာ ဆောင်ရွက်ကျင့်သုံးရသည့် ခြိမ်းခြောက်အကြပ်ကိုင်မှု တည်းဟူသော မင်းအာဏာသည် ခြိမ်းခြောက်အကြပ်ကိုင်ခံရမည့် လူသည် ကိုယ့်ကိုကိုယ် အဲသည် (ကန့်သတ်ထားပြီး ဖြစ်သော) မင်းအာဏာ၏ နယ်နမိတ် စက်ဝန်းအတွင်းတွင် နေရာချထားမိ သောကြောင့် သာလျှင် ထွက်ပေါ်လာရသော ရလဒ် ဖြစ်၍ (ကြောက်ဖွယ်မလိုသော မင်းအာဏာသည်) တကယ်မှာတော့ လူပုဂ္ဂိုလ် တစ်ဦးချင်းစီသည် မိမိလိုလားရာရာ လမ်းဆုံးပန်းတိုင်တို့ကို လိုက်စားနိုင်စေဖို့ (၄င်း)ထောက်ရံပေးသဖြင့် သူသူငါငါ သုံးစွဲဖွယ်သော အကူအပံ့ ကိရိယာတို့ ဖြစ်လာကြပြီး ယင်းသည် (လူတစ်ဦးချင်းစီ သဘောမှလွဲပြီး)  တခြားတစ်ပါးသူတွေက သူတို့ ဆန္ဒရည်ရွယ်ရာ ပြည့်ဝသွားဖို့အတွက် လာပြီး အသုံးချသော နည်းလမ်းကျင့်စဉ် မဟုတ်ပါသတည်း။
           
စာကြွင်းစာချဲ့ -မူရင်း ပညာရှင်

ဤ အခန်း၏ ထိပ်စီးတွင် ဖော်ပြထားသော ကိုးထားထားသော အဆိုအမိန့်သည် အေဘရာဟမ် လင်ကွန်း ဆီမှ ယူထားခြင်းဖြစ်ပါသည် ၊ The Writings of Abraham Lincoln, Arthur Brooks Lapsley, ed. (Federal ed.; 8 vols.; New York: G. P. Putnam's Sons, 1905), vol. 7, p. 121. Cf. အလားတူ မွန်တက်စကျု ၏ Spirit of the Laws, bk. 11, chap. 2, vol. 1, p. 149 တွင် “ဤ လွတ်လပ်မှု ဟူသော ဝေါဟာရထက် လက္ခဏာ ကွဲပြားသော ပြန်ဆိုခြင်း အမျိုးမျိုးကို ခွင့်ပြုသည့် ဝေါဟာရ မရှိတတ်သလို လူ့စိတ်အပေါ် မှာ ကွဲပြားသော အာရုံ အထင်အမြင် အမျိုးမျိုး ကို ဖြစ်ပေါ်စေသည့် ဝေါဟာရ မရှိတတ်သေးပါ ။ တစ်ချို့သော သူတို့က ဤ ဝေါဟာရကို အုပ်ချုပ်ရေးအာဏာကို ကိုင်ဆောင်ပြီး နှိပ်ကွပ်ပြုမူသော သူတို့ကို ရာဇပလ္လင် ပေါ်မှ ဖယ်ရှားလိုက်နိုင်ခြင်း အတွက်သုံးပြီး တစ်ခြားသူတို့က သူတို့ ခယလိုက်နာလိုသော ဦးစီးခေါင်းဆောင်ကို ရာဇပလ္လင်ပေါ် တင်မြှောက်လိုက်နိုင်ခြင်း အတွက် သုံးပါသည်၊ တဖန် တစ်ခြားသူတို့က သေနတ်လက်နက် ကိုင်ဆောင်ပိုင်ခွင့် ရှိခြင်းကြောင့် အကြမ်းဖက် ပြုမူနိုင်ခြင်း ကိစ္စတွင် သုံးပြီး နောက်ဆုံးဆိုသလို ကျန်သူတို့က လည်း ကိုယ့်မင်းကိုယ့်ချင်း ကိုယ်ကိုယ်တိုင်ပြဌာန်းသော ဥပဒေ တို့ အောက်တွင် နေခွင့်ရခြင်း အတွက် လည်း သုံးပြန်ပါသည်” ။ [“Il n'y a point de mot qui ait reçu plus de différentes significations, et qui ait frappé les esprits de tant de manières, que celui de liberté. Les uns l'ont pris pour la facilité de déposer celui à qui ils avoient donné un pouvoir tyrannique; les autres, pour la faculté d'élire celui à qui ils dévoient obéir; d'autres, pour le droit d'être armés, et de pouvoir exercer la violence; ceuxci pour le privilège de n'être gouvernés que par un homme de leur nation, ou par leurs propres lois.”(vol. 2, p. 394)—Ed.]

၁. “လွတ်မြောက်မှု” (freedom) နှင့် “လွတ်လပ်ခြင်း” (liberty) နှစ်ခုကြား လက်ခံထားသည့် ကွဲပြားခြားနားမှု သဘော ဟူ၍ မရှိပါ။ ဤ ဝေါဟာရ နှစ်ခုလုံးကို အလဲအလှယ် ကျွန်ုပ်တို့ သုံးစွဲသွားပါမည်။ ကျွန်ုပ်ကိုယ်ပိုင် အကြိုက် အနေဖြင့် ပထမ ဝေါဟာရကို ပိုမိုနှစ်ခြိုက်သော်လည်း “လွတ်လပ်ခြင်း” ဆိုသော ဝေါဟာရမှာ အလွဲသုံးစား လုပ်နိုင်ခြင်းကို အဌားချ ခွင့်ပြုဖို့ အတွက်ဆို ပိုမိုခက်ခဲ နိုင်ပုံရပါသည်။ ဖရန်ကလင် ရုစဗဲ့ ၏ “သံယောင်လိုက် လှည့်ပတ်သော အနံကြီး ကွင်းကျယ် စကား” ( Joan Robinson, Private Enterprise or Public Control [Handbook for Discussion Groups, No. 11; London: Association for Education in Citizenship, 1943], p. 13) တွင် “လိုချင်ခြင်းမှ လွတ်မြောက်မှု (ဘာမဆို လိုတရမှု)” (Freedom from want) ကို လွတ်လပ်ခြင်း liberty ၏ သဘောတရား တစ်ခု အနေဖြင့် (မဟုတ်မဟတ်) သွပ်သွင်း ပါဝင်စေခဲ့ခြင်းမျိုး ပေတည်း။

၂. လွတ်မြောက်မှု ဆိုသော အသုံးအနူန်းကို ကွဲပြားသော ဒုတိယ သွယ်ဝိုက် အဓိပ္ပာယ် အမျိုးမျိုးအတွက် အတော့်ကို ထက်ထက်မြက်မြက် သုံးသပ်ထားမှုကို Maurice William Cranston, Freedom: A New Analysis (New York: Longmans, Green, and Co., 1953) တွင် မြင်တွေ့ရပါ၏ ။ စာရူသူတို့သည် ဖီလိုဆိုဖာ ဆိုသော လူများ မည်သို့ သဘောတရား တစ်ခုကို စပ်စုရင်း နှင့်ပင် ကိုယ်ချည်သော ကြိုးထုံးတို့ဖြင့် ကိုယ့်ဘာသာကိုယ် ချည်ပြီးတုပ်ပြီး ဖြစ်သွားရသည် ဆိုသည်မျိုးကို မြင်တွေ့လိုပါက မောရစ်၏ စာအုပ်တွင် ဒါကို လင်းလင်းချင်းချင်း မြင်တွေ့ရပါ လိမ့်မည်။ ပိုမိုကြီးမားသော ရည်မှန်းချက်ခြင့် ယင်းစကားလုံး၏ အဖုံဖုံသော ဖွင့်ဆိုချက်တို့ကို ကွင်းဆင်း လေ့လာထားမှုမျိုးကို မြင်တွေ့လိုပါလျှင် Mortimer Jerome Adler, The Idea of Freedom: A Dialectical Examination of the Conceptions of Freedom (Garden City, NY: Doubleday, 1958) ကို ရူပါရန်။ ကျွန်ုပ်သည် အဲဒလာ ၏ စာမူကြမ်းကို ကြည့်ခွင့်ထူး ခဲ့ပါ၏ ။ စာရူသူတို့ ထပ်မံ လေ့လာလိုပါလျှင် ပိုမိုပြည့်စုံသော သုတေသန လက်ရာဖြစ်သည့် Harald Ofstad, An Inquiry into the Freedom of Decision (Oslo: Norwegian University Press; Stockholm: Svenska bokförlaget, 1961) ကို ဆက်လက် ရူစားနိုင်ပါသည်။

၃. ရူရန်မှာ Aristotle, Metaphysics, 1.2.8 [982b] ။ ။ “လူသည် လွတ်လပ်သည် ဆိုပါလျှင် သူသည် သူ့အကျိုးကို ရှာမှီးနိုင်ရန် ရပ်တည်နေခြင်းဖြစ်ပြီး တစ်ပါးသူ အကျိုးကို ရှာဖွေပေးဖို့ ရပ်တည်နေခြင်း မဟုတ်” ။
Gottfried Wilhelm Leibniz, “Über die Freiheit,” (တွင်) Philosophische Werke: Hauptschriften zur Grundlegung der Philosophie, Artur Buchenau and Ernst Cassirer, eds. (Leipzig: Verlag der Dürr'schen Buchhandlung, 1906), vol. 2, p. 497: “Daher kam ich der Meinung derer nahe, es sei für die Freiheit genug, daß das Geschehen dem Zwange nicht unterworfen ist, wenngleich es der Notwendigkeit untersteht.” ။ ။ [“ ထိုသို့အားဖြင့် သူတို့ဆီမှာ ငါ ချည်းကပ် သဘောကျမိသော အမြင်မှာ လွတ်လပ်ခြင်းဟု ဆိုလျှင် ခြိမ်းခြောက် အကြပ်ကိုင်ခံရခြင်းတို့မှ အလွှမ်းမိုး မခံရသော အခြေအနေဆိုလျှင် လုံလောက်ပြီ ဖြစ်သည် ။ ထို့ထက်လွန်၍ လိုအပ်မှု တို့ ၏ အလွှမ်းမိုး မခံရခြင်းမျိုး (လိုတရနေခြင်း) ကို ဆိုလိုသည်မဟုတ်။” Ed. ] ။ Cf. Jeremy Bentham, The Limits of Jurisprudence Defined: Being Part Two of an Introduction to the Principles of Morals and Legislation, Charles Warren Everett, ed. (New York: Columbia University Press, 1945), p. 59 ။ ။ “ဒါဆိုလျှင် လွတ်လပ်မှု ဟူသည် နှစ်မျိုး နှစ်စားပင် မကတန်ရာဘဲ မည်သည့် အရပ်မျက်နာမျိုးစုံ တို့မှ ခြိမ်းခြောက် အကြပ်ကိုင်မှုတို့ လာနေသည့် အပေါ်မူတည်ပြီး အကြပ်ကိုင်မှု အစားစားတို့ မရှိခြင်း မှန်သမျှကို လွတ်လပ်မှုဟု ခေါ်ရမည်ပါပဲ”။ ထပ်ရူရန်မှာ Georg Jellinek, System der subjektiven öffentlichen Rechte (2nd ed.; Tübingen: Verlag von J. C. B. Mohr, 1905), chap. 8, pp. 94–114: “Der negative Status (status liberatatis)” ၊ Moritz Schlick, Fragen der Ethik (Vienna: J. Springer, 1930), p. 110: “Freiheit bedeutet ja den Gegensatz zum Zwang, der Mensch ist frei, wenn er nicht gezwungen handelt” [“ လွတ်မြောက်မှုဆိုသည်မှာ အတင်းအကြပ် လုပ်ခိုင်းခံရခြင်းမှ ဆန့်ကျင်ဘက် သဘောဖြစ်၏ ။ လူသည် အတင်းအကြပ် လုပ်ခိုင်းမှုမျိုးတို့ အောက်တွင် လုပ်ကိုင်ရန် မလိုသောအခါ လွတ်မြောက်ခြင်း မည်သတည်း။ Problems of Ethics, David Rynin, trans. (New York: Prentice Hall, 1939), p. 150—Ed.]၊ Frank Hyneman Knight, “The Meaning of Freedom,” (တွင်)The Philosophy of American Democracy, Charner Marquis Perry, ed. (Chicago: University of Chicago Press, 1943), p. 75: “လူ့ဘောင်လောကတွင် လွတ်မြောက်မှု ဆိုသည့်စကား၏ ပင်ရင်း အဓိပ္ပာယ်ကို ရှာကြည့်လျှင် … အမြဲဆိုသလို ယင်းသည် ငြင်းပယ် ဆန့်ကျင်ရသော သဘောပေတည်း… တကယ်မှာတော့ အဓိပ္ပာယ်သတ်မှတ်ဖို့ လိုသည်မှာ ဘယ်ဟာသည်  ခြိမ်းခြောက် အကြပ်ကိုင်ခြင်း ဆိုသည်ကို  ဖြစ်ပေ၏” ။  တစ်ဆက်တည်း a review of Freedom: Its Meaning, Ruth Nanda Anshen, ed. Ethics, 52 (1941): 86–109 တွင် ထို စာရေးဆရာ တစ်ဦးတည်းမှပင်  ပိုပြီး ပြည့်ပြည့်စုံစုံ ဆွေးနွေးထားသော ပြန်လည်သုံးသပ်သည့် ဆောင်းပါး   “The Meaning of Freedom,” နှင့် “Conflict of Values: Freedom and Justice,” (တွင်) Goals of Economic Life, Alfred Dudley Ward, ed. (New York: Harper, 1953) တို့ကိုလည်း ရူပါရန် ။ တစ်ဖန် Franz Leopold Neumann, The Democratic and the Authoritarian State: Essays in Political and Legal Theory (Glencoe, IL: The Free Press, 1957), p. 202 ။ ။ လွတ်မြောက်မှုဟူသည် ခြိမ်းခြောက်အကြပ်ကိုင်ခံရမှု မရှိခြင်း ဆိုသော ဖော်မြုလာသည် ခုထိ မှန်ပါသေးသည်။ အဲသည် ဖော်မြုလာကနေပြီး ယဉ်ကျေးသော ကမ္ဘာကြီး၏ ဆင်ခြင်တုံ တရားရှိသည့် ဥပဒေ စနစ်တို့ အခြေခံကျကျ ပေါ်ပေါက်လာပါသည် … ယင်းသည် လွတ်မြောက်မှု၏ အမြုတေသဘော ဖြစ်ပြီး ထို အမြုတေသဘော ကို ငါတို့သည် ဘယ်တော့မှ အလျှော့ပေးနိုင်သည် မဟုတ်”  နှင့် Christian Bay, The Structure of Freedom (Stanford, CA: Stanford University Press, 1958), p. 94 ။ ။ “ခပ်သိမ်းကုန်သော လွတ်မြောက်မှုပန်းတိုင်တို့ အထဲတွင် လူတိုင်းလူတိုင်း ခြိမ်းခြောက် အကြပ်ကိုင်ခံရခြင်းတို့ မှနေ၍ လွတ်မြောက်နိုင်ဖို့ အခွင့်အရေးကို ရနိုင်သလောက် ရအောင် ကြိုးပမ်းအားထုတ်ခြင်း မည်သည် ပထမဆုံး ငါတို့ ဦးစားပေးရမည့် ပန်းတိုင်ပေတည်း”

၎. ကနေ့ချိန်ခါတွင် “နိုင်ငံသားတို့၏ လွတ်လပ်မှု” (civil liberty) ဆိုသည်ကို ဒီမိုကရေစီ လုပ်ငန်းစဉ်ပိုင်း ဆိုင်ရာတွင် သီးသီးသန့်သန့် အရေးပါထင်ရှားသည့် လူတစ်ဦးချင်းစီ၏ လွတ်လပ်မှုကို ဖော်ဆောင်သော ကိစ္စတို့တွင် အဓိက သုံးစွဲပုံ ရပါသည်။ ဥပမာအားဖြင့် လွတ်လပ်စွာပြောဆိုခွင့်၊ လွတ်လပ်စွာစုရုံးခွင့် နှင့် စာနယ်ဇင်းလွတ်လပ်မှု ကိစ္စတို့ ဖြစ်ပြီး  အမေရိကန် ပြည်ထောင်စုတွင် ဒါကို အထူးအမြတ် ညွန်းဆိုနိုင်သည်မှာ အခွင့်အရေး ပဋိဥာဉ်စာရင်း (Bill of rights) မှ အာမခံပေးထားသော အခွင့်အရေး တို့ ကပေတည်း။ “နိုင်ငံရေးလွတ်လပ်မှု”  (political liberty) ဆိုသော ဝေါဟာရကိုပင်  မကြာခဏဆိုသလို ကိုယ့်ဝမ်းတွင်းကိုယ် ဝါးလုံးခေါင်းလသာ လွတ်မြောက်မှု (inner liberty) မှ ခြားနားပြရန် သုံးစွဲပါသတတ်။ (သဟာဟာ ကောင်းပါပေရဲ့၊) သို့သော်ငြားလည်း ခက်သည်မှာ အဲဒါသည် (နိုင်ငံရေး လွတ်လပ်မှု) သည် “လူစုလူဝေး လွတ်လပ်မှု”  (collective liberty) နှင့် ခြားနားပြရန် ခက်သောကြောင့် ပေတည်း။ ထို့ကြောင့် နိုင်ငံရေးလွတ်လပ်မှု ဆိုသော စကားလုံးအစား လူတစ်ဦးချင်း၏ လွတ်လပ်မှု ကိုသာ ငါတို့က လွတ်လပ်မှု အဖြစ် သုံးစွဲဖော်ပြ သွားပါမည်။ မွန်တက်စကျု က သည် (နိုင်ငံရေး လွတ်လပ်မှု) စကားလုံးကို သုံးစွဲဖို့ ခွင့်ပြုခဲ့ သော်လည်း ကနေ့ခေတ်တွင်  အဲဒါသည် (အန္တရယ် ကြီးသော) ရောထွေးမှားယွင်းမှုကို ဖြစ်စေကြောင်း သက်သက်ပေတည်း။

၅. နိုင်းယှဉ်ရန်။ ။ Sir Ernest Barker, Reflections on Government (London: Oxford University Press, 1942), pp. 1–2: “လွတ်လပ်မှု၏ မူရင်း ဖွင့်ဆိုမှုတွင် ထင်ရှားစွာ ပြသသော အချက်မှာ ယင်းသည် လွတ်လပ်သူတစ်ဦး သို့တည်းမဟုတ် လွတ်လပ်စွာ ကုန်ထုတ်နိုင်သူ တစ်ဦး၏ အရည်အသွေး (ဝါ) အခြေအနေကို ကျွန်တစ်ယောက်နှင့် ခြားနားပြခြင်း ပေတည်း” ။ ကြည့်ရသည်မှာ ပင်ရင်း ဂျာမန် ရေသောက်မြစ် တွင် “လွတ်လပ်သော” ဟူသော အရည်အသွေး သတ္တိ ဟူသည် အသိုင်းအဝိုင်း တစ်ခု၏ ကာကွယ်ပေးမှုကို ရရှိထားသော အဖွဲ့ဝင်တစ်ဦး၏ အနေအထား ကို ဆိုလိုပုံ ရပါ၏ ။  (နိုင်း Gustav Neckel, “Adel und Gefolgschaft: Ein beitrag zur germanischen altertumskunde,” Beiträge zur Geschichte der deutschen Sprache und Literatur 41 [1916], esp. 403: [“‘Frei’ hiess ursprünglich derjenige, der nicht schutzund rechtlos war” ။ ။ မူရင်း စကားလုံး “Free” = “လွတ်နေသော” သည်  ဥပဒေမှ ကာကွယ်စောင့်ရှောက်ခံထား ရမှုလည်းမရှိ၊ အခွင့်အရေးဟူ၍လည်း မရှိသော သူတို့ကို ညွန်းဆိုထားခြင်း ဖြစ်ပါသည် - Ed] Otto Schrader, Sprachvergleichung und Urgeschichte. Linguistisch-historische Beiträge zur Erforschung des indogermanischen Altertums. Vol. 2, part 2: Die Urzeit. (3rd ed.; Jena: H. Costenoble, 1907), p. 294, and Adolf Waas, Die alte deutsche Freiheit. Ihr wesen und ihre geschichte (Munich and Berlin: R. Oldenburg, 1939), pp. 10–15 တို့တွင်လည်း ရူပါ။
ထို့နှင်နည်းတူ (တစ်ဖက်တွင် ဆန့်ကျင်သဘောဖြင့်) လက်တင်စကား “liber” နှင့် ဂရိစကား “eleutheros” တို့သည် လူမျိုးစု တစ်စုတွင် အဖွဲ့ဝင်အဖြစ် ပါဝင်ခြင်းကို သင်္ကေတပြုထားသော စကားလုံးတို့မှ ဆင်းသက်လာခဲ့ပုံ ရပါသည်။ ထိုအချက်သည် နောက်တွင် ငါတို့ ဥပဒေ နှင့် လွတ်လပ်ခြင်းတို့၏ ဆက်နွယ်မှုကို ဆွေးနွေးသောအခါတွင် ပေါ်လွင်လာပါလိမ့်မည်။ ရှေးဦးလူ့ဘောင် တို့တွင်လည်းပဲ လူတစ်ဦးချင်းစီ၏ လွတ်လပ်မှု ဟူ၍ ရှိပါသည်။ ထို လွတ်လပ်မှု၏ ဗဟိုအူတိုင် သဘောသည် အသို့နည်းဆိုသော် မည်သူ တစ်ဦးတစ်ယောက်ကိုမှ ကျောနှိမ်ခွဲခြမ်းချန်လှပ်ခြင်း မရှိခြင်းကို အာမဘန္တေ ပဋိညာဉ် ဝန်ခံချက် ပေးထားခြင်းပေတည်း။ ထိုကဲ့သို့ လူ့ဘောင်၏ အဖွဲ့ဝင်တစ်ဦးချင်းစီ သည် မည်သည့် အကြောင်းကြောင့်မှ ပယ်ဖျက်ရုတ်သိမ်းပိုင်ခွင့် မရှိသော ဤ (ပဋိညာဉ်ပြု) အခွင့်အရေးတို့ကို စံစားပိုင်ခွင့် နှင့် ကာကွယ်စောင့်ရှောက်မှုကို ခံယူရပိုင်ခွင့် တို့မည်သည် လူမျိုးစု ဟူ၍ပဲ ဖြစ်ပစေ၊ ပြည်သူလူထု ဟူ၍ပဲ ဖြစ်ပစေ ဘယ်လိုသော အစိုးရ ပုံစံနှင့်ပဲ လာလာ လူတိုင်းလူတိုင်း၏ ကိုယ်စီ အမြင်တွင် အရေးပါသော အခွင့်ကြမ္ပာကောင်းများသည် လွတ်လပ်ခြင်းဟူသော (ဘေးရန်မရှိခြင်း- ဝိဇယံ) မင်္ဂလာတွင် လွတ်လပ်သောလူ့ကျက်သရေ တို့အဖြစ် နွဲဆင် ရွှင်မြုးပျော်ချိမ့်နိုင် ကြခြင်း ပေတည်း။

၆. Max Pohlenz, Griechische Freiheit: Wesen und Werden eines Lebensideals (Heidelberg: Quelle und Meyer, 1955), p. 7: “Historisch ist die Begriffsentwicklung aber so verlaufen, daß erst das Vorhandensein von Unfreien, von Sklaven, bei den anderen das Gefühl der F reiheit weckte.” [“ သမိုင်းအားဖြင့် ပြောမည်ဆိုသော် မလွတ်လပ်သော သူများ နှင့် ကျွန်များ ၏ ဖြစ်တည်မှု သဘောသည် တစ်ခြားသူတို့အား သူတို့ကိုယ်သူတို့ လွတ်လပ်သူများဟု ခံစားလာမိစေသော ပထမဆုံး အကြောင်းရပ် ပေတည်း ”—Ed. ]

၇. နိုင်းယှဉ်ရန်။ ။ Thomas Hill Green, Lectures on the Principles of Political Obligation [1895] (new imprint; London: Longmans, Green, and Co., 1911), p. 3: လွတ်မြောက်မှု ဆိုသော အာရုံနှင့် ပတ်သက်ပြီး ပြောမည်ဆိုလျှင် အဟုတ်အမှန် ဝန်ခံထားထိုက် သည်မှာကား ထို စကားလုံး၏ အသုံးအနူန်း မှန်သမျှသည် လူမှုရေးရာ နှင့် နိုင်ငံရေးရာ ဆက်နွယ်မှု သဘောကို ပြမှုတို့မှ အပဆို သွယ်ဝိုက်တင်စားသည့် ဝင်္ကဝုတ္ထိ အလင်္ကာ သဘောတို့ တစ်ခုမဟုတ် တစ်ခု ပါဝင်နေခြင်း ပေတည်း။ မူရင်း အဓိပ္ပာယ် သဘောဖြင့် သုံးစွဲမှုတွင် သော်မှ ၄င်းဝေါဟာရ၏ အာရုံသည် မည်သို့သော နည်းလမ်းနှင့်မှ ပုံသေဟူ၍ ဆိုလိုရိုး မရှိ။ တကယ်ကိုပင် ၄င်းသည် တစ်ပါးသူတို့မှ နေ၍ ဖိအားပေးခံရခြင်းမှ သက်သာရ ရခြင်းကို အစဉ်ဆိုသလို ညွန်းနေပါသော် ငြားလည်း လွတ်လပ်သူ တစ်ဦးမည်သည် မည်မျှလောက်သော အတိုင်းအတာ အထိ နှင့် မည်သို့သော အခြေအနေမျိုးတို့မှ မတူကွဲပြားသော လူ့ဘောင်အနေအထား အမျိုးမျိုးတွင် သင်းတစ်ယောက် သက်သာခွင့်ရခြင်း ဆိုသည်မှာကား အစားစား ပေတည်း။ လွတ်မြောက်မှု ကို လူတစ်ဦးနှင့် တစ်ဦး၏ ကြားတွင် (တင်ကြို) အခြေစိုက်ထားပြီး  ဖြစ်သော (ဓမ္မစက်) သဘောမှ ပိုမိုပြီး သုံးစွဲချင်သည့် အခါတိုင်းတွင် ၄င်းဝေါဟာရ မှပေါ်သော အာရုံသည် ရေလိုင်းပမာ လူပ်ထိုးယိမ်းယိုင် မတည်မငြိမ် ဖြစ်လာစမြဲ ပေတည်း။ နောက် Ludwig von Mises, Socialism (new ed.; New Haven: Yale University Press, 1951), p. 191: “ လွတ်မြောက်မှု ဟူသည်မှာ လူ့ဘောင် အဖွဲ့အစည်းဗေဒ သဘော အားဖြင့်သာ ပြောရသော သဘောသညာ ပေတည်း။ လူ့ဘောင်သဘောကို လွန်၍ လွတ်မြောက်မှုကို သုံးစွဲခြင်းသည် အဓိပ္ပာယ် မရှိ ” [pt. 2, chap. 9, sec. 3] ။ ထပ်မံ၍ p. 194: “ သို့ဆိုသော် လွတ်မြောက်ခြင်း ဟူသည် လူတစ်ဦး၏ အပြင်ဘက်က ဗဟိန္ဓဘဝ ပေတည်း — အဲသဟာသည် ဘာလဲဆိုတော့ သူသည် သူ့ရောင်းရင်းတို့၏ စိတ်ထင်ရာ လွှမ်းမိုးမှုကို မှီခိုရမှုမှ ကင်းလွတ်ခြင်းပေတည်း” [Liberty Fund edition, pp. 169 and 171] ။
၈. နိုင်းယှဉ်ရန် ။ ။ Knight, “Review: The Meaning of Freedom,” p. 93: “ တကယ်လို့ ခရူးဆိုး သည် တွင်းတစ်ခုထဲ ပြုတ်ကျသွားသည် ဖြစ်ဖြစ် သို့မဟုတ် တောရိုင်းထဲမှာ ထွက်မရ ဖြစ်နေတာပဲ ဖြစ်ဖြစ် အဲသည်မှာ သူသည် သူ့ကိုယ်သူအား လွတ်မြောက်စေသည် ဒါမှမဟုတ်လည်း သူ့ လွတ်လပ်မှုကို သူပြန်ရပြီဟု သုံးမည်ဆိုလျှင် ထို အသုံးသည် မုချမှန်နေမည် သာတည်း — အဲသလို သုံးနူန်းပုံမျိုးသည် တိရစ္ဆာန် တစ်ကောင်အတွက်လည်း ကောင်းစွာသုံးလို့ ရနေသည် ကပဲ ” ။ သည်လို သုံးနူန်းမှုမျိုးသည် ယခုအခါ တွင် ကောင်းစွာ အခြေခိုင်ပြီးသော သုံးနူန်းမှုမျိုး ဖြစ်ပါ၏ ။ ဒါပေမည့်လည်း အဲသည် အသုံးအနူန်းကို (ခြားနားပြခြင်း အားဖြင့်) လွတ်လပ်ခြင်း (Liberty) ဟူသည် ခြိမ်းခြောက် အကြပ်ကိုင်ခံရမှု မရှိခြင်း ထက်လွဲ၍  မည်သည့် တစ်ခြားသဘောမှ မဟုတ်ရကြောင်း ကို ပရော်ဖက်ဆာ နိုက်မှ ညွှန်းဆိုခုခံ ခဲ့သော သဘောဥပမာ ပေတည်း။
၉. ကြည့်ရသည်မှာ လွတ်မြောက်မှု နှင့် ၄င်း မှနေ၍ ပြေးချိတ်သော နာမ်အသုံးအနူန်း အမျိုးမျိုးတို့ ဖြစ်ပေါ်နေရခြင်း ၏ ဘာသာစကား အကြောင်းခံသည် အင်္ဂလိပ်ဘာသာတွင် (နောက် ဂျာမန် နဲ့ ရောမ ဘာသာတို့ တွင်လည်း ပေါ်လွင်ထင်ရှားသည်မှာ ) လစ်လပ်နေသော တစ်စုံတစ်ရာကို ဖော်ပြသော ယျေဘုယျ နာမဝိသေသန ဟူ၍ မရှိခြင်း ဖြစ်သည်။ “Devoid” (ကင်းမဲ့နေသော) သို့တည်းမဟုတ် “lacking” (ပျောက်ဆုံးနေသည့်) တို့ကို လိုလားအပ်သည့် သို့မဟုတ် ပုံမှန်ရှိနေကျ တစ်စုံတစ်ရာ လစ်လပ်နေခြင်း အတွက်သာလျှင် ယျေဘုယျ သုံးစွဲပါသည်။ မလိုလားအပ်သော သို့မဟုတ် မနှစ်မြို့နိုင်သည့် တစ်စုံတစ်ရာ လစ်လပ်သွားမှုကို ဖော်ပြရန် အတွက်မူ ( “မှ လွတ်ကင်းလွတ်မြောက်သည်”) မှ လွဲ၍ ဆီလျော်စွာ ပြေးချိတ်သော နာမဝိသေသန ဟူ၍ မရှိပါ။ ငါတို့သည် ယျေဘုယျဆိုသလို တစ်စုံတစ်ဦးသည် အဆိပ်အတောက်မှ လွတ်ကင်းသည်၊ မစင်ကြယ်မှု နှင့် အကုသိုလ်တရားတို့မှ လွတ်ကင်းသည် ဟူ၍ သုံးစွဲကြပြီး ဤသို့နှင်အားဖြင့် လွတ်မြောက်မှုဟူသည် မလိုလားအပ်သော အနိဌာရုံ တစ်ခု လစ်လပ်သွားခြင်းကို ဆိုလိုကုန်ကြပါသည်။ ထို့နှင်နည်းတူ တစ်စုံတစ်ခုသည် သူ့ဘာသာ ဆောင်ရွက်လုပ်ကိုင်ခြင်း နှင့် သို့မဟုတ် ပြင်ပ အချက်အလက်များ၏ ဆုံးဖြတ်လွှမ်းမိုးမှုတို့ကို မခံရခြင်းကိုလည်း လွှမ်းမိုးခံရမှုမှ လွတ်ကင်းသည် ဟူ၍ ထိုအရာတစ်ခုနှင့် ပုံမှန်ချိတ်ဆက်၍ မနေသော ဥစ္စာတို့၏ သြဇာတို့ လစ်လပ်သော အခြေအနေကို ငါတို့ ရည်ညွှန်းတတ်ကြပါသည်။ သိပ္ပံတွင် ငါတို့သည် “လွတ်မြောက်မှု ဒေါင့်အရေအတွက် (degrees of freedom)” ဟူ၍ သိပြီးသား သို့မဟုတ် ယူဆထားသော ဆုံးဖြတ်နိုင်သည့် အခြေအနေ တော်တော်များများမှ သက်ရောက်မှု မခံရခြင်းကို ရည်ညွန်း၍ပင် ပြောဆိုကြပါသည် {ပမာအားဖြင့် ဆိုသော် နိဗ္ဗာန် နှင့် သံသရာ ဟူ၍ အခြေအနေ နှစ်ခုရှိလျှင် လွတ်မြောက်မှု ဒေါင့်အရေအတွက်သည် တစ်ဖြစ်၏ ။ ယောကျာင်္း မိန်းမ နပုံး ဟူ၍ အခြေအနေ သုံးမျိုးရှိလျှင် လွတ်မြောက်မှု ဒေါင့်အရေအတွက်သည် နှစ်ဖြစ်၏ ။ အခြေအနေမျိုး စုစုပေါင်း ကို တစ် နုတ်ရုံ သာတည်း} (cf. Cranston, Freedom: A New Analysis, p. 5) ။ ဆက်ပြီးတော့ ကြည့်ပါရန်မှာ Stanley Isaac Benn and Richard Stanley Peters တို့၏ ကောင်းမွန်သေသပ်သော စာစီစာကုံးများ ဖြစ်သည့် , Social Principles and the Democratic State (London: Allen and Unwin, 1959), p. 212: “မည်သည့် အခြေအနေကို မဆို သူနှင့် ဆန့်ကျင်ဘက် အခြေအနေ၏ လစ်လပ်နေမှု အဖြစ် ဖော်ပြနိုင်ပါ၏ ။ ကျန်းမာခြင်းဟူသည် ‘အနာရောဂါမှ လွတ်ကင်းခြင်း’ ပေတည်း၊ ပညာရေးဟူသည် ‘မသိမောဟမှ လွတ်ကင်းခြင်း’ ပေတည်း၊ လွတ်ကင်းခြင်းဟု ခေါ်လို့မရတဲ့ လူမှုပိုင်းဆိုင်ရာ စုဖွဲ့မှု နှင့် ဆောင်ရွက်မှု ဟူ၍ ကြံစည်နိုင်လောက်ဖွယ်သော အရာဟူ၍ မရှိပါ။ သဟာပေမယ့်လည်း လွတ်မြောက်မှုကို လိုလားအပ်သော ဣဌာရုံ မှန်သမျှကို သိမ်းကြုံးပွေ့ပိုက်နိုင်သည့် အန္တိမ လူမှုပန်းတိုင် အဖြစ် ဖန်တီးစိုက်ထူလိုပါလျှင် ပေးဆပ်ရမည့်  ဈေးဖိုးသည်ကား  ဝေါဟာရမှာရှိသော (ကောင်းမွန်စွာ) ကုသပျောက်ကင်းရန် ဆေးနည်းသည် တလွဲပြုန်းတီး (လက်တည့်စမ်း သူတို့၏) တန်ဆေးလွန်ဘေး ဖြစ်လာခြင်းပေတည်း။

၁၀. ဤ ပြတ်ပြတ်ပိုင်းပိုင်း ခြားနားပြသော “လွတ်မြောက်မှု” မည်သည် လွှမ်းမိုးခြင်း နှင့် နာခံခြင်း တစ်လှည့်စီ ဖြစ်သည် ဆိုသော အာရုံနှင့် “လွတ်လပ်မှု” ဟူသည် ငါတို့ ရွေးချယ်ထားသလို ငါတို့ နေခွင့်ရခြင်း ဆိုသည့် အာရုံ ထိုသဘောအထာ တို့ဖြင့် သုံးစွဲမှု တို့သည် စောစောလျင်လျင်ပင် အဲရစ်တိုတယ် ခေတ်လောက်ကတည်းကပင် ပေါ်ပေါက်ခဲ့ပါသည်၊ Politics, 6.3 [1317b] ။ ။ [“ လွတ်လပ်မှု၏ အကြောင်းချင်းရာ တစ်ခုမူကား အုပ်စိုးနိုင်ရန် နှင့် တစ်ဖန်ပြန်၍ အအုပ်စိုးခံရန် ပေတည်း ”—Ed.]

၁၁. ဟာရိုးဂျိုးဆက် လက်ကီး (ဗြိတိသျှ မက်စ်ဝါဒ နိုင်ငံရေး သီအိုရီရှင်) က အဲဒါတွေ အားလုံးသည် မလွတ်မြောက်ခြင်း ဟု ငြင်းခုံ ဖော်ပြပါသည်။ သူက Liberty in the Modern State [new ed.; London: Allen and Unwin, 1948], p. 48. တွင်  “ ပူးပေါင်း၍ အဖွဲ့အစည်းတွေ ထူထောင်လှုပ်ရှားမှုသည် … လွတ်လပ်မှု၏ အနှစ်သာရ ပေတည်း။ အဲသည် အဖွဲ့အစည်း ထူထောင်လှုပ်ရှားမှု ဖြစ်စဉ်တွေ ထဲကနေ ကြဉ်ဖယ် ခံထားရသော နိုင်ငံသားတစ်ယောက် သည် မလွတ်လပ်” ဟု ဆိုပါ၏ ။ ထို့အတူ ဟန်းကဲဆန် (legal positivisim school ၏ အထင်ကရ တွေးခေါ်ပညာရှင်) မှ အောင်မြင်စွာ ကမ္ပည်းထိုး ခဲ့သည်မှာ “The Foundations of Democracy,” Ethics, 66, no. 1, pt. 2, [1955]: 94 တွင် ဖော်ပြထားသလို “လွတ်မြောက်မှု နှင့် ပစ္စည်းဥစ္စာ ပိုင်ဆိုင်မှုကို ဆက်နွယ်ပြသော အားထုတ်မှုတို့သည်…ကျရူံးခဲ့ပြီ ဖြစ်ပါ၏ ။ ဒါပေမယ့်လည်း အဲသည်လို ဆက်နွယ်မှုမျိုးကို တင်ဆိုသူတို့က တောက်လျှောက် ပြောနေသည်မှာ လူတစ်ဦချင်း၏ လွတ်မြောက်မှု ဖြစ်နေပြီး နိုင်ငံရေး လွတ်မြောက်မှု မဟုတ်ချေ” လို့ပါတည်း။

မှတ်ချက်။ ။ ဖော်ပြပါ ပညာရှင် နှစ်ဦးလုံး၏ ဝါဒတို့သည် ကေစိဝါဒများ ဖြစ်၏ ။ ကမ္ဘာ့ ဥပဒေပညာ တွေးခေါ်မှု သမိုင်းတွင်  legal positivism (ဥပဒေသည် လောကုတ္တရာမှ လာသော သီလကို ယူနေစရာမလို ဝါဒ)သည်  ဟိုင်းရက်မှ အပြင်းအထန် ရူတ်ချငြင်းပယ် ခဲ့သော ဝါဒ ဖြစ်ပြီး တစ်ဖက် ကမ္ဘာ့ သိပ္ပံပညာ တွေးခေါ်မှု သမိုင်းတွင်  logical positivism (ကြောင်းကျိုးဆက်စပ်ပြ အခြေခံ ဖော်ပြချက်များဖြင့် အထိပ်အထွတ် သစ္စာတရားသို့ ရောက်နိုင်ခြင်း ဝါဒ) သည် ကားပေါ့ပါးမှ  အပြင်းအထန် ရူတ်ချငြင်းပယ် ခဲ့သော ဝါဒ ပေတည်း။

၁၂. Edwin Mims, Jr., The Majority of the People (New York: Modern Age Books, 1941), p. 170.

၁၃. နိုင်းယှဉ်ရန်။ ။ Montesquieu, Spirit of the Laws, bk. ix., sec. 2 (vol. 1, p. 150) [French edition, vol. 2, p. 394]: “ အချုပ်အားဖြင့် ဆိုသော် ဒီမိုကရေစီ စနစ်တွေမှာလိုပဲ လူထုဟာ သူတို့ ကျေနပ်သလို အကုန်လုံး နီးပါး လုပ်ကိုင်လာကြကုန် ပါသတတ်။ အဲသလို အစိုးရမျိုးကို အလွတ်လပ်ဆုံး အစိုးရ ဆိုပြီး (မဟုတ်က ဟုတ်က) ထင်မြင်ယူဆ လာကြပြီး ပြည်သူရဲ့ လွတ်လပ်မှုကို လူထုအာဏာ ဆိုပြီး ရောထွေးကုန်ကြတာ ဖြစ်ပါသတည်း[“Enfn, comme dans les démocraties le peuple paroît à peu près faire ce qu'il veut, on a mis la liberté dans ces sortes de gouvernements; et on a confondu le pouvoir du peuple avec la liberté du peuple.”—Ed.]။ Jean Louis de Lolme, The Constitution of England, or, An Account of the English Government ထပ်မံ၍ ရူပါ။ ။ အဲသည်မှာ အင်္ဂလန် အခြေခံဥပဒေ ကို ရီပတ်ဘလစ်ကန် ( ပြည်သူမှ တိုက်ရိုက် ရွေးကောက်သော သမ္ပတ စနစ်) နဲ့  ဥရောပက တခြား ပဒေသရာဇ် စနစ် (၁၇၈၄) တို့ နှင့် နိုင်းယှဉ်ပြထားပါသည် (new ed.; London, G. G. and J. Robinson, 1800), bk. 2, chap. 5, p. 240 [Liberty Fund edition, p. 170]: “လူတစ်ဦးအား မဲပေးပိုင်ခွင့်ကို ချီးမြှင့်ခြင်း အားဖြင့် ဥပဒေပြုမှုတွင် သက်ရောက်ပါဝင်ခွင့် ဟူသည် အကြင်သူတစ်ဦးသည် ဘယ်လိုကိစ္စမှာပဲ ဖြစ်ဖြစ် အာဏာ၏ ဝေစုကို ပါဝင်ပျော်ရွှင်ခွင့် ရရေးပေတည်း ။ ။ ဥပဒေသည် အားလုံးအတွက် အတူတူ ဖြစ်ပြီးလျှင် ယင်းဥပဒေတို့ကို အမှန်တကယ် ကျင့်သုံးသော နိုင်ငံ တစ်ခုတွင် နေရခြင်းသည် … လွတ်လပ်ခြင်း ပေတည်း” [“Contribuer, par son suffrage, à la sanction des lois, c'est avoir une portion quelconque de puissance, mais donc l'exercice de laquelle, encore une fois, on est très éloigné de voir toujours sa volonté réussir. Vivre dans un état où les lois sont égales pour tous, et sÛrement exécutées . . . c'est être libre.” Jean Louis de Lolme, Constitution de l'Angleterre, ou état du gouvernement anglois, comparé avec la forme républicaine & avec les autres monarchies de l'Europe (2 vols.; London: G. Robinson, J. Murray, 1785), vol. 1, p. 218.—Ed.]

၁၄. ဝီလျံ ဂျိမ်းမှနေ၍ အစ်နေးရှပ် လွိုင်ရိုလာ၏ ပေးစာများကို ကိုးကားထားသော (Varieties of Religious Experience: A Study in Human Nature [New York: Longmans, Green, and Co., 1902], p. 314) တွင် ဂျက်စူရစ် ဘာသာဝင် တစ်ဦး၏ သင့်လျော်သော စိတ်အနေအထားကို ဖော်ပြသော အောက်ပါစာသားများ ပြေးထင်နေပါ၏ “ငါ့သခင် ၏ လက်တွေထဲမှာ တို့သည် ပျော့ပြောင်းသော ဖယောင်း သို့မဟုတ်လည်း အရာဝတ္ထု တစ်ခု ဖြစ်စေရမည်။ အဲသည် သက်မဲ့အရာကနေ သူစိတ်ကျေနပ်ရန် လိုရာကို သူထုတ်ယူ နိုင်ပါစေ။ သခင်က တို့ကို အရာတစ်ခုလို့ စာထဲမှာ ရေးသုံးတာဖြစ်ဖြစ်  တို့များမှ အဲသလို သုံးနူန်းတဲ့ စာကို လက်ခံရသည် ဖြစ်ဖြစ်၊ သခင်က တို့လို လူမျိုးကို စကားပြောသည် ဖြစ်စေ  စကား မပြောသည် ဖြစ်ပါစေ၊ ဒါမှမဟုတ်လည်း အလားတူ လူရာမသွင်းတာ ဘာမဆို ။ တို့သည် တို့၏ ရူးသွပ်သော သဒ္ဓါတရားကို ထည့်ဝင်၍ သခင်က ဘာခိုင်းခိုင်း တသွေမတိမ်း လုပ်ရပါမည်။ တို့သည် တို့ကိုယ်တို့ အသိဥာဏ်ရယ်လို့ မရှိ ၊ ဆန္ဒရယ်လို့ မရှိသော သက်မဲ့အလောင်း သဖွယ် သဘောထားပါသည်။ သက်မဲ့ ဝတ္ထုပုံ တစ်ပုံသည် မည်သည့် တွန်းလှန်မှုမှ မရှိနိုင်သလို ဘယ်သူမဆို၏ ဘာမဆို စိတ်ကျေနပ်စေရန် အဖြည့်ခံသက်သက်သာ ဖြစ်သလို။ အဘိုးအို တစ်ဦး၏ လက်ထဲက တုတ်တစ်ချောင်းလို အဲသည် အဘိုးအိုက သူလိုရာရာ သုံးပြီး သူသင့်တော်သည် ဟု ထားချင်ရာရာ နေရာတွင် ထားပါစေ။ အဲသလိုပင် တို့များသည် သာသနာ၏ လက်ထက်အောက်တွင် နေပါ့မည်၊ သာသနာမှ နေပြီး တို့ကို အကောင်းဆုံး အသုံးဝင်သလို ဆုံးဖြတ်ထားရှိပါစေ။”  [ ဂျိမ်းမှ နေ၍ လွိုင်ရိုလာ ပေးစာ၏ ပင်ရင်းကို Danielo Baroli ဟု ပြထားပါသည် Histoire de Saint Ignace de Loyola et de la Compagnie de Jésus, d'après les documents originaux, အီတလီဘာသာမှ နေ၍ P. L. Michel မှ ပြန်ဆိုပါသည် (2 vols.; Paris: Vaton, 1844), vol. 2, p. 13.—Ed. ]

၁၅. ဤ အမြင်သည် အဲသည်ရာစု၏ သမိုင်းတွင် မှားယွင်းခဲ့သလောက် ဂျာမနီမှာ လွှမ်းမိုးခဲ့သော အမြင်ဖြစ်ပါ၏ ။ Das Ideal der Freiheit (Berlin-Schöneberg: Hilfe, 1908), p. 5. တွင် Friedrich Naumann ၏ အနက်ဖွင့်ဆိုချက်များကို ကြည့်ပါ၊ သူက ရေးလေသည်မှာ “Freiheit ist in erster Linie ein nationaler Beg riff. Das soll heißen: Lange ehe man über die Freiheit des einzelnen Volksgenossen stritt und nachdachte, unterschied man freie und unfreie Völker und Stämme.” [“ လွတ်လပ်ခြင်း ဟူသည်မှာ အရင်းမူလအားဖြင့် နိုင်ငံတော်နှင့် တွဲသုံးရသော စကားဖြစ်၏ ။ အဲသလို ပြောရခြင်း အကြောင်းမှာကား နိုင်ငံသား တစ်ဦးချင်း၏ လွတ်လပ်မှု ဆိုသည်ကို စိတ်ကူးကြံစည်မိခြင်း မရှိမီ ရှည်ကြာကာလများ ကတည်းက ဤဝေါဟာရကို လွတ်လပ်သော နိုင်ငံသားတို့ကို မလွတ်လပ်သော တိုင်းပြည်တို့ကသူများ နှင့် တခြားအုပ်စုဖွဲ့ နေထိုင်သော မျိုးနွယ်စုများ တို့မှ ခွဲခြားရန် သုံးစွဲခဲ့၍ ကပေတည်း .”—Ed.] သူပြောသော ကိစ္စမှာ ထင်ရှားပါ၏။ ဒါပေမယ့် နောက်က လိုက်လာသည်မှာ “Die Geschichte lehrt, daß der Gesamtfortschritt der Kultur gar nicht anders möglich ist als durch Zerbrechung der nationalen Freiheit kleinerer Völker,” [“ သမိုင်းရာဇဝင်သည် ငါတို့အား သင်ပေးခဲ့သည်မှာ တိုးတက်သော ယဉ်ကျေးမှု ဖြစ်ထွန်းစေရေး ဆိုလျှင် အယုတ်အနိမ့် ဖြစ်နေသော ပြည်သူလူထုများ၏ နိုင်ငံသား လွတ်လပ်မှုကို တက်နင်းမချလိုက်ဘဲ နှင့် ဘယ်လိုမှ မရနိုင် (သည် အယုတ်အနိမ့်ကောင်တွေကို နိုင်ငံသား တန်းတူ ဖြစ်ပိုင်ခွင့်ကို မရုတ်သိမ်းလိုက်ဘဲ မရနိုင်) .”—Ed.] ထပ်မံ၍လည်း “Es ist kein ewiges Recht der Menschen, von Stammesgenossen geleitet zu werden. Die Geschichte hat entschieden, daß es führende Nationen gibt und solche , die geführt werden, und es ist schwer, liberaler sein zu wollen, als die Geschichte selber ist” [“  သူ့ မျိုးနွယ်စုထဲက လူတွေထဲကပဲ ကိုယ့်ကြမ္ပာကိုယ် ဖန်တီး ဦးဆောင်ရမည်ဟူသော ထာဝရ လူ့အခွင့်အရေး မျိုး ဟူ၍ မရှိ။ (ပြောင်းလဲပြီး ဖြစ်သော) သမိုင်းရာဇဝင်က ဆုံးဖြတ်ခဲ့သည် မှာကား ဦးဆောင်ခံရမည့် နိုင်ငံတို့ ရှိသလို ဦးဆောင်ရမည့် နိုင်ငံတို့သည် ရှိ၏ ။ သမိုင်းရာဇဝင် ဆိုသည်ထက် ပိုပြီး လစ်ဘရယ်ဖြစ်ချင်သော ဆန္ဒကို (ခွင့်ပြုရန်မှာ) ခက်လှသော ကိစ္စပေတည်း။” p. 13.—Ed.]
မှတ်ချက်။ ။ သို့ကလောက် ဆိုလျှင် ဖဆပလခေတ်၊ မဆလခေတ်၊ စစ်အစိုးရခေတ်မှသည် မျက်မှောက်ခေတ်တိုင်အောင် အစိုးရအဆက်ဆက် “သမိုင်းရာဇဝင်” ဟူ၍ အကြိမ်ကြိမ်ကြွေးကြော်နေသော စေတနာ၏ ပင်ရင်းကို ရိပ်စားမိတန်ရာပါ၏ အဲသည် သမိုင်းပေးတာဝန် (Historicism) နှင့် အမျိုးသားရေး စိတ်ဓာတ် (Nationalism) တို့ဆိုသည့် အစိုးရ အဆက်ဆက်က သွေးထိုးလှုံ့ဆော် ဖန်တီးသော မဟုတ်မှိုင်းတိုက် ဝါဒတို့သည်  ငါတို့ လှည်းနေလှေအောင်း ပြည်သူအပေါင်းတို့ ပုံစံချခံရသော ကျွန်ဖြစ်ရာလမ်း  စင်စစ်ဖြစ်သည်ကို သတိချပ်ကြပါကုန်။

၁၆. “ဗဟိန္ဓ အတွင်းလွတ်မြောက်မှု” နှင့် ခြိမ်းခြောက် အကြပ်ကိုင်ခံရမှု မရှိသော သဘောဖြင့် သုံးသော လွတ်မြောက်မှု တို့၏ ကွဲပြားသော သဘောကို အလယ်ခေတ် ပညာရှင်တို့သည် သတိထားခဲ့မိပြီး ဖြစ်ပါ၏။ ထို နှစ်မျိုးကို သူတို့မှ ထင်ရှားစွာ ခွဲခြားပြခဲ့သည်မှာ libertas a necessitate (ရွေးချယ်ချင်တာကို ရွေးချယ်နိုင်သော လွတ်လပ်မှု) နှင့် libertas a coactione ( အပြင်က ဖိအားတို့မှ လွတ်မြောက်ခြင်း) ဟူ၍ ပေတည်း။

၁၇. Barbara Wootton, Freedom under Planning (London: Allen and Unwin, 1945), p. 10. ။ လွတ်လပ်မှု ဆိုသည်ကို အာဏာဟူသော အာရုံအားဖြင့် သုံးခြင်းမျိုးကို တို့များ တွေ့မိသလောက် ဗော်တဲ၏ Le Philosophe ignorant မှာဖြစ်ပြီး Bertrand de Jouvenel က à la recherche du bien politique (Paris: M. T. Génin, 1955), p. 315: တွင် ကိုးကားထားသည်မှာ “Étre véritablement libre, c'est pouvoir. Quand je peux faire ce que je veux, voilà ma liberté.” [“ တကယ့် လွတ်လပ်ခြင်း ဆိုတ အာဏာ ရှိတာပါပဲ။ ငါလုပ်ချင်တာကို ငါလုပ်နိုင်သော အခါ အဲဒါ ငါ့မှာ လွတ်လပ်မှု ရှိတာပဲ ” ဗော်တဲ၏ စာစီကုံး ကို Mélanges, J. van den Heuvel, ed. (Paris: Gallimard, 1961), p. 887 တွင် ရူပါ ။ Liberty Fund edition က Jouvenel ၏ လက်ရာဖြစ်သော Sovereignty: An Inquiry into the Political Good, J. F. Huntington, trans. (Indianapolis, IN: Liberty Fund, 1997 တွင်လည်း တွေ့နိုင်ပြီး ကိုးကားချက်ကို ရူရန်မှာ စာမျက်နှာ ၂၄၈ - Ed ] ကြည့်ရသည်မှာ အဲသည် အချိန်ကတည်းက နောင် (အခန်း ၄ ) တွင် ငါတို့ ခွဲခြားပြမည့် “ဆင်ခြင်တုံတရား ပဓာန ဝါဒရှင်” သို့မဟုတ် ပြင်သစ်တို့ နှင့် လွတ်လပ်မှု အစဉ်အလာ တို့ပေတည်း။ [၁၉၇၁ ဂျာမန်ဘာသာ တည်းဖြတ်မှုတွင် “ သည်ဝေါဟာရ အဓိပ္ပာယ်သည် အစဉ်အလာ နှင့် ဆက်စပ်သွားခဲ့သည်မှာ နောင် (အခန်း ၄) တွင် ငါတို့ ဖော်ပြမည့် ပြင်သစ်တို့ သို့မဟုတ် “ဆင်ခြင်တုံတရား” ပဓာနဝါဒ အစဉ်အလာပေတည်း။ သို့ရာတွင် ကြည့်ရသည်မှာ လွတ်လပ်ခြင်းဟူသည်မှာ တန်ခိုးအာဏာဟူသော အယူအဆသည် နောက်ကြောင်းပြန်လိုက်မည် ဆိုလျှင် အလွန်တရာ များပြားလှစွာသော ခေတ်ပေါ် လစ်ဘရယ် ဆန့်ကျင်ရေး အမြင်တို့ကို (ပင်ရင်း) ဖရန်ဆစ် ဘေကန် အထိ လိုက်ပြန်တွေ့ နိုင်ပါသည်။ ”—Ed.]

၁၈. ပီတာ ဖာဒီဒန် ဒရပ်ကား၏ The End of Economic Man: A Study of the New Totalitarianism (London: William Heinemann, 1939), pp. 74–75 တွင် “ လွတ်မြောက်မှုတို့ နဲလာလေလေ  ‘လွတ်မြောက်မှု အသစ်’ ဆိုတာကို ပိုပြောကြလေလေ ဖြစ်လာသည် သာတည်း။ သို့ရာတွင် အဲသည် လွတ်မြောက်မှု အသစ် သည် ဥရောပမှ နားလည်ခဲ့ဖူးသော အသေအချာကို အဓိပ္ပာယ်ဆန့်ကျင်ဘက် ဖြစ်သည့် တကယ့်လွတ်လပ်မှုကို ဖုံးကွယ်ထားသော စကားလုံးတစ်လုံး မျှသာ ဖြစ်သတည်း… ဥရောပမှာ ကနေ့ တရားဟောနေကြသော လွတ်လပ်မှုသည်ကား လူများစုမှ နေ၍ လူတစ်ဦးချင်းကို နိုင်ထက်စီးနင်းလုပ်ပိုင်ခွင့် ပေတည်း” ။ ဥရောပနှင့် အတူတူပင် အမေရိကန် ပြည်ထောင်စုမှာလည်းဘဲ လွတ်မြောက်မှု အသစ်ဆိုတာကို တရားဟောခဲ့ခြင်းကို ပြသနေသည်မှာ Woodrow Wilson, The New Freedom: A Call for the Emancipation of the Generous Energies of a People (New York: Doubleday, Page, and Co., 1913), အထူးသဖြင့် p. 26. ပိုပြီး လောလောလတ်လတ် ရှိသော Allen Garf eld Gruchy ၏ ဆောင်းပါး “The Economics of the Natural Resources Committee,” American Economic Review, 29 (1939): 70, တွင် စာရေးဆရာက ထောက်ခံရူမြင်ထားသည်မှာ “ သဘာဝ သဟံဇာတ ကော်မတီ၏ စီးပွားရေး ပညာရှင်များ အတွက် လွတ်မြောက်မှုဟူသည် လူတစ်ဦးချင်း၏ လုပ်ဆောင်ချက်များကို ကန့်သတ်ချုပ်ချယ်ခြင်းတို့မှ လွတ်ကင်းသည် ဟူ၍ မဟုတ်ဘဲ အဲဒါအစား ဘယ်လို လူတစ်ဦးချင်း နှင့် လူအုပ်စုတို့ကို အပ်ကျမှတ်ကျ စုပေါင်း ချုပ်ကိုင်ကန့်သတ်ထားခြင်းအားဖြင့် မည်ကဲ့သို့ လူတစ်ဦးချင်း၏ လုံခြုံမှုကို ရရှိ အောင်မြင်စေမလဲ” ဆိုသော အချက် ဖြစ်၏။

၁၉. ချုပ်ချုယ်မှုမှ ကင်းလွတ်ခြင်း ဆိုသော အနက်ကို စူးစိုက်သော ဖွင့်ဆိုချက်ကို Edward Samuel Corwin, Liberty Against Government: The Rise, Flowering, and Decline of a Famous Juridical Concept (Baton Rouge: Louisiana State University Press, 1948), p. 7 တွင် တွေ့ရသည်မှာ “ လွတ်လပ်မှု၏ လက္ခဏာသည် အသို့နည်း ဆိုသော် ငါတို့ကိုယ်ပိုင် ရွေးချယ်နိုင်ခြင်း နှင့် ပြုမူဆောင်ရွက် နိုင်ခြင်းတို့ကို တစ်ပါးသူတို့မှ နေ၍ လာရောက်ချုပ်ခြယ်မှု တို့မှ လွတ်ကင်းသော သဘောလက္ခဏာ ပေတည်း”

၂၀. The Shorter Oxford English Dictionary on Historical Principles (2 vols.; Oxford: Clarendon Press, 1933), s.v. တွင် “coerce,”  စကားလုံးကို ဖွင့်ထားသည်မှာ “To constrain, or restrain by force, or by authority resting on force.” (ခွန်အား သို့မဟုတ် အာဏာပိုင်မှုကို အသုံးချ၍ ကန့်သတ်ခြင်း၊ ချုပ်ခြယ်ခြင်း)  [ထို ဖွင့်ဆိုချက်သည်  the complete Oxford English Dictionary (2nd ed.; 20 vols.; Oxford: Oxford University Press, 1989) အတူတူဖြစ်ပါ၏ ။ ၄င်းကို ဖတ်သည်မှာ “To constrain or restrain (a voluntary or moral agent) by the application of superior force, or by authority resting on force.” (စိတ်မှနေ၍ လိုက်နာမလား မလိုက်နာမလား ကို ဆုံးဖြတ်နိုင်သော သို့မဟုတ် သီလဟူ၍ ရွေးချယ်နိုင်သော တစ်စုံတစ်ဦးကို) ပိုမိုကြီးမားသော ခွန်အားကို ဖြစ်စေ၊ ခွန်အားပေါ်မှာ ထိုင်ထားသော အာဏာကို အသုံးချ၍ ဖြစ်စေ ကန့်သတ်ခြင်း သို့မဟုတ် ချုပ်ခြယ်ခြင်း—Ed.]

၂၁. Bertrand Russell, “Freedom and Government,”  (တွင်) Freedom: Its Meaning, Ruth Nanda Anshen, ed. (New York: Harcourt, Brace, 1940), p. 251.

၂၂. Thomas Hobbes, Leviathan; (သို့) The Matter, Forme, and Power of a Commonwealth, Ecclesiasticall and Civil, Michael Joseph Oakeshott, ed. (Oxford: B. Blackwell, 1946), p. 84.

၂၃. John Rogers Commons, Legal Foundations of Capitalism (New York: Macmillan, 1924), အထူးသဖြင့် chaps. 2–4 [chap. 2, “Property, Liberty, and Value,” pp. 11–46; chap. 3, “Physical, Economic, and Moral Power,” pp. 47–64; chap. 4, “Transactions,” pp. 65–142].

၂၄. ဂျွန်ဂျုဝီ ၏  “Liberty and Social Control,” The Social Frontier, 2 (November 1935): 41–42. [ အပြည့်အစုံ ကိုးကားမှုမှ ဖတ်သည်ကား “လွတ်လပ်မှုသည် စိတ်ကူးစိတ်သန်း၊ စိတ္တဇ နိယာမ တစ်ခု မျှသာ မဟုတ်။ အဲဒါသည် အာဏာဖြစ်၍ သီးသီးသန့်သန့် ကိစ္စတို့ကို စွမ်းဆောင်နိုင်သော တန်ခိုးအာဏာ ပေတည်း။ ဒေသတစ်ခုလုံးကို အုပ်ချုပ်သော အာဏာပိုင် တစ်ဦး ရူဒေါင့်မှနေ၍ ပြောလျှင် ယျေဘုယျ အားလုံးနှင့်ဆိုင်သော လွတ်လပ်မှုဟူသည် မရှိ။ တစ်စုံတစ်ဦးသည် ပေးထားသော အချိန်အခါ တစ်ခုတွင် ဘယ်လိုအခြေအနေမျိုးက လွတ်လပ်မှုဆိုတာကို သိချင်လျှင် လူတွေ ဘာလုပ်နိုင်သလဲ ဘာတွေမလုပ် နိုင်ဘူးလဲဆိုတာကို စုံစမ်းကြည့်ရာ၏ ။ ထိရောက်သော လုပ်ဆောင်ချက် ရှိသလား ဆိုသည့် ရူဒေါင့်မှ ကြည့်မည်ဆိုလျှင် သက်သေ
ထင်ရှားလာသည်မှာကား လွတ်လပ်မှုကို တောင်းဆိုခြင်းသည် တန်ခိုးအာဏာကို တောင်းဆိုခြင်း ဖြစ်ပါသတည်း”—Ed.] နိုင်းယှဉ်ရန်။ ။ သူ့ဆောင်းပါး “Force and Coercion,” International Journal of Ethics, 23 (1916): 359–67 တွင်လည်း “ အားကို အသုံးချုခြင်းသည် တရားလား မတရားလား ပိုင်းဖြတ်ရန် ဆိုသည်မှာ . . .အခြေခံအားဖြင့်မူ (ဘောဂစီးပွား အပါအဝင်) ရည်မှန်းရာတို့ကို မြန်မြန်ဆန်ဆန် ပြီးမြောက်သလား ဆိုသော မေးခွန်းပေတည်း” ( နှာ. ၃၆၂). “တန်ဖိုးကို ဆုံးဖြတ်သော အခြေအနေဟူသည် မြန်မြန်ဆန်ဆန် လုပ်ဆောင်နိုင်မှု နှင့် ဥစ္စာစီးပွားတိုးတက်မှု တို့ ဖြစ်ထွန်းစေရန် အားကို နည်းလမ်းအနေဖြင့် အသုံးပြုခြင်း ပေတည်း” ဂျုဝီ၏ လွတ်လပ်မှု အသိသညာကို ကညှော်ကညက် လုပ်ပုံမျိုးသည် အင်မတန်ပင် ရင်တုန်ပန်းတုန် ဖြစ်ဖွယ်ဖြစ်ရကား What Is Liberty? A Study in Political Theory (New York: Harper and Brothers, 1939), p. 91, တွင် Dorothy Fosdick က သူ့အပေါ် ဝေဖန်မှုသည် မတရားပါဟု ဆိုရန် ခက်ပါ၏ ။ “သည်အဆင့်ကို လုံးလုံးပိုင်ပိုင် မဖြတ်သန်းဘဲ ဆက်မြင့်တင်လို့ မရကား [ လွတ်လပ်မှုကို တန်းတူညီမျှ ရှိမှုဆိုသော တစ်ခြား ဓမ္မတွေနဲ့ အတူဟု စိုက်ထူလာကြခြင်း ပေတည်း] လွတ်လပ်မှု နှင့် တန်းတူညီမျှရှိမှု တို့ကို ကလိန်ကကျစ်လုပ်ပြီး အခြေအနေ တစ်ခုတည်းလောက် နီးပါး ဖြစ်လာအောင် ဖွင့်ဆိုကြကုန် လေ၏ ။ အဲသလို ကဝေလက်လှည့် လုပ်တာတွေထဲက အဆိုးဆုံးဥပမာ တစ်ခုသည်ကား ဂျွန်ဂျုဝီက ပြောသော  ‘ လွတ်လပ်မှုသည် တန်းတူညီမျှရှိမှု နှင့် သင့်လျော်သလို ပေါင်းစပ်မိပြီး လုံခြုံရေး အစီအမံတို့သည် ယဉ်ကျေးမှု နှင့် သီလမပျက်ပြားစေရေး စေကို ရည်ရွယ်ရင်းဖြစ်ခဲ့လျှင် ငါထင်မြင်မိသည်ကား လုံခြုံရေး ဟူသည်မှာလည်း လွတ်လပ်မှုနှင့် တောင်မြောက်လို့ ပြောမရပါသတည်း’ ။ အဲသလို အသိသညာ နှစ်ခုကို ပြန်သတ်မှတ် ဖွင့်ဆိုခြင်းဖြင့် ၄င်းတို့သည် လုပ်ဆောင်ဖွယ် အခြေအနေတစ်ခုတည်းလောက် နီးပါးသဘောကို ဆောင်လာပြီးနောက် သူက ငါတို့ကို အာမခံချက်ပေးသည်မှာ ၄င်းတို့ နှစ်ခုသည် အတူယှဉ်တွဲ၍ နေနိုင်သည် ဟူသတတ်။ အဲသလို လက်လှည့်မျက်လှည့် လုပ်ပြခြင်းမျိုးသည် အဆုံးသတ်သွားသည် ဟူ၍လည်း မရှိ”

မှတ်ချက်။ ။ John Dewy သည် စိတ္တဗေဒ နှင့် ဒဿနပညာရှင် ဖြစ်ပြီး အမေရိကန် နှစ်ဆယ်ရာစု လစ်ဘရယ်ဝါဒကို ဟိုင်းရက် နှင့် ခေတ်ပြိုင် သြဇာသက်ရောက်ခဲ့သော သူတစ်ဦးဖြစ်သည်။ ကွန်မြုနစ်တို့က ဂျုဝီကို ခနဲ့ခဲ့သည်ကား ဂျုဝီသည် စတာလင် နှင့် မတ်စ် ဝါဒကို ဆန့်ကျင်သူဟု ကိုယ့်ကိုကိုယ် ဆိုသော်လည်း သူကိုယ်တိုင်က ဆိုရှယ်လစ် တစ်ဦး ဖြစ်နေခြင်းပေတည်း။ မှတ်သားရန်မှာ မြန်မာတွေထဲမှာ မတောက်တခေါက်နှင့် မည်သူက စရေးသည်မသိ ယခု လူအများပင် သိကြသည့် equality ကို တလွဲတချော် ပြန်ဆိုထားသော “ တန်းတူညီမျှ ရှိရေး”  ဆိုသည်မှာ ကွန်မြုနစ် ဝါဒ လုံးလုံးဖြစ်နေခြင်း ကိုပေတည်း။ ထို့ကြောင့် သော့ချက်စကားလုံးတွေ၏ ရည်ရွယ်ရင်းကို (ဖော်ပြသလို) သေသေချာချာ မစူးစမ်းသော မြန်မာ လစ်ဘရယ်တို့သည် ဂျုဝီနှင့် အလားတူပင် ကိုယ့်ကိုကိုယ် ကွန်မြုနစ်ဆန့်ကျင်သူ ဆိုပြီး ကွန်မြုနစ်ဝါဒ ၏ အခမဲ့ အော်လံကြီးများ ဖြစ်နေတတ်ကြောင်းကို သတိချပ်ရာ၏ ။
            ပြန်ဆိုသူမှ အမေရိကန် တက္ကသိုလ်တစ်ခုတွင် နိုင်ငံရေးသိပ္ပံပါမောက္ခတို့ ၏ ပါရဂူသင်တန်းများကို တက်ရောက်မှတ်သားခဲ့ဘူးရာမှာ Equality သည် ဂျက်ဖာဆန်မှ ရေးသားခဲ့သော လွတ်လပ်ရေးကြေငြာစာတမ်း (Declaration of Independence) ၏ ပင်ရင်း အဓိပ္ပာယ်ဖြစ်သော  “လူကိုလူချင်း ကျောနိမ်ပိုင်ခွင့် မရှိ ”  (All men are created equal) အဓိပ္ပာယ်မှ စတင် တိုးချဲ့ခဲ့သည်မှာ “မျက်နှာကြီးငယ် မရွေး အခွင့်အလမ်း တူစေရေး (မတရား မကွာသွားစေရေး) ” (ခြား။ ‘ညီ’ ဆိုသော အာရုံ ၊ ‘မျှ’ ဆိုသော အာရုံ စသဖြင့် ဖော်မြုလာ ချသော သဘောကို ဆောင်သည့် ‘ညီမျှခြင်း’ အာရုံ လုံးဝမပါ) ။ အဲသည်ကမှ ထပ်မံ တိုးချဲ့ခဲ့သည်မှာ “ အနေအထား မကွာစေရေး” သည် မျက်မှောက်ခေတ်မှာ နောက်ဆုံးတန်းကုန် လက်ခံထားသည့် ဖွင့်ဆိုချက်ပေတည်း။
            ထပ်ပြီး အရေးကြီးစွာ အသိပေးလိုသည်မှာ “ညီ” ဆိုတာနှင့်စပ်၍ မြန်မာဝေါဟာရတွင် “ညီညွတ်ခြင်း” (unitariness) ဟူသော စကားလုံး တစ်လုံးတည်းသာလျှင် မှန်ကန်သော အာရုံဖြင့် လောကပါလတရား ကို လှမ်းချိတ်ဖော်ပြ နိုင်သော ဝေါဟာရ ဖြစ်၏ ။ တစ်ခြား “ညီညာ”  “ညီမျှ”  သို့မဟုတ်လည်း “ညီ” တစ်လုံးတည်း သုံးခြင်းမျိုး တို့မှ ပြေးချိတ်သော အာရုံသည်ကား Totalitarianism သာတည်း။ “ညီညွတ်မှု” ဟု၍ ပြောလျှင်ပင် Totalitarianism  အငွေ့အသက်ကို အကြီးအကျယ် ဆောင်သော အာရုံပေတည်း။ အဘယ်ကြောင့်ဆိုသော “မှု” သည် “ခြင်း” နှင့်မတူ “လုပ်ဆောင်မှု၊ လုပ်ဆောင်ထားမှု” ဟု ဖန်တီးသော၊ ဖန်တီးခံထားရသော ဒါ့ထက် “ဦးနှောက်မရှိမှု” ဆိုသော အငွေ့အသက် ပါနေ၏ ။ “ညီညွတ်ခြင်း” ဟူ၍ သုံးစွဲမှသာလျှင် အလိုအလျောက်သာလျှင် စိတ်လိုလက်ရ ပေါင်းစည်းမိသော သဘော (spontaneous order) ကို နီးစပ်စွာ ဖော်ဆောင်နိုင်ကြောင်း သိမှတ်ကြပါကုန်။
            ဆိုထားသော သဘောကို ရှင်းလင်းစေရန် ဥပမာ ပြရမည် ဆိုလျှင် “ညီညွတ်ခြင်းသည် အင်အား” ဆိုတာနဲ့ “ညီညွတ်မှုသည် အင်အား” မှပေးသော အာရုံတို့သည် မတူကွဲပြား နေကြောင်း အလွယ်ပင် မြင်နိုင်ပါသည်။ ပထမအသုံးက ပေးသော အာရုံသည် ကောင်းမွန်သော ယျေဘုယျနိယာမ သဘောကို ညွန်းဆိုမှု အနေဖြင့် သုံးထား၍ ဒုတိယအသုံးက ပေးသော အာရုံသည် မိမိသည် ခုပဲ ထီးဖိနပ်ပြင်၍ လူအုပ်ထဲ လိုက်ပြီး ညီညာပြရမည့် ခြိမ်းခြောက်ဖိအားပေးမှုတို့ ပါလာသော အာရုံကို ဆောင်ပါ၏ ။
            ထိုသို့ ဝေါဟာရ အသုံးအနူန်းတွင် မဆိုစလောက်လေး ကွာရုံနှင့် ဖြစ်ပေါ်လာသော အာရုံတို့ ကြီးမားစွာ အဓိပ္ပာယ် ကွာခြားသွားပုံမျိုးကို ပေါ့ပေါ့ မတွေးပါနှင့် ။ ပမာပြရသော် မိန်းကလေး တစ်ယောက်မှ မိမိကို “ဟုတ်ကဲ့” လို့ ဖြေကြားမည့် အစား “ဟုတ်ကဲ့ရှင့်” ဟု “ရှင့်” လေးတစ်လုံး ပိုထည့်ပြီး ပြောရုံနှင့်ပင် ထို မိန်းကလေးကို တန်းတန်းစွဲ လက်ထပ်ပေါင်းသင်း သွားနိုင်သော မဟာပုရိသတို့သည် ဒု နှင့် ဒေးပေတည်း။

၂၅. John Dewey, Experience and Education (New York: Macmillan, 1938), p. 74. [ အပြည့်အစုံ ကိုးကားမှုမှ ဖတ်ပြသည်ကား “ လွတ်မြောက်မှုကို … ပန်းတိုင်လမ်းဆုံးအဖြစ် သဘောထားခြင်းထက် ပိုကြီးမားသော အမှားဟူ၍ မရှိပါ။ အဲသလို သဘောထားခြင်းသည် ဖြစ်စဉ်၏ ပုံမှန် အရင်းအမြတ်တို့ ဖြစ်သည့် ဝေမျှပူးပေါင်းသည့် ဆောင်ရွက်မှုတို့ကို ဖျက်ဆီးရန် ယိမ်းညွတ်လို့သာ နေပါသည်။  ထို့ထက် အခြားတစ်ဖက်တွင်လည်း ၄င်းသည် လွတ်မြောက်မှုကို ထပ်ဖြည့်ရမည့် သဘောမှ ချန်လှပ်ထားခဲ့ရမည့် ဘက် ကို ပြောင်းလဲပစ်နေပါ၏ ။ ကန့်သတ်ခံရခြင်း မှ ကင်းလွတ်မှု ဟူသော ချန်လှပ်ထားခဲ့ရမည်ဘက် ဟူသည် လွတ်လပ်မှု တည်းဟူသော အာဏာကို ရယူနိုင်သော လမ်းကြောင်းဖြစ်မှသာလျှင် တန်ဖိုးထားနိုင်သော ဘက်ပေတည်း။ ။ အဲသည် အာဏာသည် အရေးကိစ္စတို့ကို ဘောင်ဖော် နိုင်စွမ်းဖြစ်၏ ၊ ပညာဥာဏ်ဖြင့် ဆင်ခြင်ပိုင်းဖြတ်နိုင်မှု ဖြစ်၏ ၊ အလိုဆန္ဒတို့ကို ၄င်းတို့အတွက် ဆောင်ရွက်လုပ်ဆောင်ရာတွင် ဖြစ်ပေါ်လာမည့် ရလဒ်တို့ကို တန်ဖိုးဖြတ် နိုင်ရန်ဖြစ်၏ ၊ ရွေးချယ်နိုင်ရန် နှင့် အစီအစဉ်ကျနစွာ ဆောင်ရွက်ရန်ဖြစ်ပြီး ရွေးချယ်ထားပြီး ပန်းတိုင်တို့ဆီသို့ လက်တွေ့ဆောင်ရွက် ရွှေ့လျားစေခြင်း မျိုးပေတည်း( pp. 73–74).—Ed.] နိုင်းယှဉ်ရန်လည်း Werner Sombart, Der moderne Kapitalismus (2 vols.; Leipzig: Duncker und Humblot, 1902), vol. 2 Die Theorie der kapitalistischen Entwicklung, p. 43 တွင် ရှင်းပြထားသည်မှာ“Technik” ဆိုသည်မှာ “die Entwicklung zur Freiheit” [လွတ်လပ်မှုသို့ တိုးတက်စေမှု အရေး] ထို အယူအဆသည် Eberhard Zschimmer ၏  Philosophie der Technik. Vom Sinn der Technik und Kritik des Unsinns über die Technik ( Jena: Eugen Diederichs, 1914), pp. 86–91. တွင် ကျယ်ပြန့်ပြည့်စုံစွာ ရှင်းပြထားပါသည်။

၂၆. နှိုင်းယှဉ်ရန် ။ ။ Ralph Barton Perry, “Liberty in a Democratic State,” in Freedom: Its Meaning, Ruth Nanda Anshen, ed. (New York: Harcourt, Brace, 1940), p. 269: “ ကယ်မခြင်း (welfare) နှင့် လွတ်လပ်မှုအကြား ခြားနားနေသော လက္ခဏာတို့သည် ပြတ်တောက်သွားပြီ ဖြစ်ပါ၏ ။  အဘယ်ကြောင့်ဆိုသော် လူတစ်ဦး၏ ထိရောက်မှုရှိသော လွတ်လပ်မှုဟူသည် ပြန်လည်ထူထောင်နိုင်အားရှိသော သူ့ အရင်းအမြစ်တို့ ဖြစ်နေ၍ ပေတည်း” ။ အဲသည်အဆိုက ကျန်သူတို့အား တင်ငြင်းလာစေသည်မှာ  “ လူများများ ပိုပြီးတော့ မော်တော်ကားတွေ ဝယ်နိုင်လေလေ၊ အပန်းဖြေ အားလပ်ရက်တွေ ပိုယူနိုင်လေလေ အဲသဟာ ပိုများတဲ့ လွတ်လပ်မှုပါပဲ” ( ကိုးကားမှု အတွက် ရူရန်မှာ chap. 16, n. 72 [Dwight Waldo, The Administrative State: A Study of the Political Theory of American Public Administration (New York: Ronald Press Co., 1948), p. 73]) နှင့်  Robert Lee Hale, Freedom through Law: Public Control of Private Governing Power (New York: Columbia University Press, 1952), p. 385 “ဥစ္စာကံကျွေး မညီမျှမှုသည် လူတစ်ဦးချင်း၏ လွတ်လပ်မှုတို့ မညီမျှခြင်းပေတည်း”

၂၇. အဲသလို ကိစ္စမျိုး နှင့် စပ်ပြီး ရယ်စရာ နှစ်ပဲခြောက်ပြားတန် သရုပ်ဖော် ညာဝါးမှုမျိုးမှာကား Denis Gabor and André Gabor, “An Essay on the Mathematical Theory of Freedom,” Journal of the Royal Statistical Society, Series A (General), 117 (1954): 32. တွင်ပေတည်း ။ ရေးသူတို့က ဆောင်းပါးကို စတင်လိုက်သည်မှာ  လွတ်လပ်မှု ဟူသည် မလိုလားအပ်သော ချုပ်ခြယ်မှုတို့ မရှိခြင်းပေတည်း။ သို့ဖြစ်သောကြောင့် ဤသဘောတရားသည် လိုလားဖွယ်သော အရာမှန်သမျှကို အားလုံးနီးပါး ပတ်ကြုံးဆိုလို နေသော သဘောဖြစ်ပါ၏ ။ သို့ဖြစ်သောကြောင့် မျက်မြင်မျက်မှောက် ဘာမှ သုံးစားမရသော ဤသဘောတရားကို လက်ရှောင်စွန့်ပစ်မည့်အစား ယူသုံးစွဲသဖြင့် လွတ်လပ်မှု၏ အားလုံးပတ်ကြုံးသော အဓိပ္ပာယ်ကို (စာရင်းယှဉ်ပညာ statistics) ဖြင့် တိုင်းတာပြရန် အားထုတ်ပါသတည်း” ဟူသတတ်။

၂၈. နိုင်းယှဉ်ရန်။ ။ Lord Acton, Lectures on Modern History, John Neville Figgis and Reginald Vere Laurence, eds. (London: Macmillan, 1906), p.10 [ ဤ အစမ်းစာသည် ကိန်းဘရစ်တွင် ဇွန်လ ၁၈၉၅ တွင် သမိုင်းဘာသာ လေ့လာမှု ပထမဆုံးသင်ခန်းစာ အတွက် အက်တွန်က ပို့ချဟောပြောခဲ့မှုမှ ယူထားခြင်း ဖြစ်ပါသည် “ အချိန် နှင့် နိစ္စတရား တို့တွင် အကွဲအခြား မရှိတာထက်တောင် လွတ်လပ်မှုနှင့် အာဏာပါဝါကြား အကွဲအခြား မရှိတော့ပါကလား” ။ တစ်ဖန် Bronislaw Malinowski, Freedom and Civilization (New York: Roy Publishers, 1944), p. 47 တွင် “ ဒါ့အပြင် ငါတို့သည် နမော်နမဲ့ဖြင့် လွတ်လပ်ခြင်းကို အာဏာဆိုပြီး ထပ်တူပြုလာကြလျှင် အဲဒါ ငါတို့သည် မင်းဆိုးမင်းမိုက် အာဏာရှင် စနစ်ကို ရေလောင်းပေါင်းသင်နေတာ ဖြစ်ပါ၏ ။ ဘာလို့လဲ ဆိုတော့ကာ ငါတို့သည် လွတ်လပ်ခြင်းဆိုတာကို မည်သည့် အထိန်းအကွပ်မဆိုမှ ကင်းလွတ်ခြင်း နဲ့ ထပ်တူပြုလိုက်ရာကနေ မင်းမဲ့စရိုက် ပေါက်ပွားလာလို့ ပါပဲ ” ။ Frank Hyneman Knight, “Freedom as Fact and Criterion,” in Freedom and Reform: Essays in Economics and Social Philosophy, Frank Hyneman Knight, ed. (New York: Harper and Brothers, 1947), p. 4ff.; Joseph Cropsey, Polity and Economy: An Interpretation of the Principles of Adam Smith (The Hague: M. Nijhoff, 1957), p. xi; and Martin Bronfenbrenner, “Two Concepts of Economic Freedom,” Ethics, 65 (1955): 157–70. ကိုလည်း ကြည့်ပါ။

၂၉. “အပေါင်းလွတ်လပ်ခြင်း” နှင့် “အနုတ်လွတ်လပ်ခြင်း”  ဆိုပြီး လက္ခဏာခွဲခြမ်းခြင်းကို ပေါ်ပြုလာ လုပ်လာသည်မှာ Thomas Hill Green, “Lecture on ‘Liberal Legislation and Freedom of Contract,’” [1880] in The Works of T. H. Green, Richard Lewis Nettleship, ed. (3 vols.; London: Longmans, Green, and Co., 1888), vol. 3, Miscellanies and Memoir, pp. 365–86. တို့တွင် ဖြစ်ပါ၏ ။ အဲသည်မှာ ရှိခဲ့သော ပဓနအားဖြင့် အတွင်းဗဟိန္ဓ လွတ်မြောက်မှု နှင့် ပတ်သက်ဆက်နွယ်လျက် ရှိသည့် စိတ်ကူးကို အမြောင်အများ သုံးစွဲလာခဲ့ ကြပါ၏ ။ အောက်တိုဘာလ ၃၁ ရက်နေ့က အောက်စဖို့ဒ် တက္ကသိုလ်၏ ပထမဆုံး သင်ခန်းစာ ပို့ချမှု တစ်ခု (Oxford: Clarendon Press, 1958) နှင့် Clinton Rossiter, “Toward an American Conservatism,” Yale Review, 44 (1955): 361 တွင် ဆောင်းပါးရှင်က တင်ဆိုငြင်းခုံထားသော “ရိုးရာဘက်သား ဟူသည် လွတ်လပ်ခြင်းကို အပေါင်းလက္ခဏာနှင့် အားလုံးကို ထွေးပွေ့သော သဘောဖြင့် ဖွင့်ဆိုရမည် ဖြစ်၏ ။ ရိုးရာစွဲဝါဒ၏ ကွန်ဆာဗေးတစ် အဘိဓာန်အသစ်တွင် လွတ်လပ်ခြင်း ဟူသော ဝေါဟာရသည် အခွင့်အလမ်း၊ ဖန်တီးနိုင်မှု၊ ထုတ်လုပ်နိုင်မှု စသော စကားလုံးတို့၏ အကူကို ယူပြီး ဖွင့်ဆိုရမည် ဖြစ်သတည်း” တို့သည်  ဆိုရှယ်လစ်သဘောတရားတွေကို ယူပြီး ငြင်းဆိုလာသော လက္ခဏာတို့ ပေါ်လွင်ထပ်ဟပ်နေပါသတည်း။

၃၀.William Linn Westermann, “Between Slavery and Freedom,” American Historical Review, 50 (1945): 216.

၃၁. ကျွန်ကို ဥစ္စာပိုင်ဆိုင်မှု ခွင့်ပြုခြင်းသည် လက်တွေ့အားဖြင့် အခွင့်ပေးခြင်းမျိုး ဖြစ်ပြီး တိတိကျကျ ဥပဒေတွင်တော့ ဖော်ပြထားပုံ မရှိပါ (နိုင်း John Walter Jones, The Law and Legal Theory of the Greeks: An Introduction [Oxford: Clarendon Press, 1956], p. 282).

၃၂. နှိုင်းယှဉ်ရန် ။ ။ Frank Hyneman Knight, Freedom and Reform: Essays in Economics and Social Philosophy (New York: Harper and Brothers, 1947), pp. 193–94: “ အစိုးရ၏ ပဓာနတာဝန် ဟူသည်မှာ ခြိမ်းခြောက်အကြပ်ကိုင်ခံရမှုကို ကာကွယ်ပေးထားသဖြင့် လူတိုင်းလူတိုင်းသည် မိမိ (ပေါင်းစည်းလိုမှသာ) မိမိပေါင်းစည်းလိုသော ရောင်းရင်းတို့နှင့် လွတ်လပ်သဖြင့်သာ ပေါင်းစည်းသောကြောင့် ကိုယ့်ကိုယ်ပိုင် ဘဝနှင့် ကိုယ် နေပိုင်ခွင့်ရှိသည့် အခွင့်အရေးကို အာမခံထားပေးခြင်းပေတည်း။ သူ၏ ဤသဘောတရားနှင့် စပ်ပြီး ဆွေးနွေးချက်ကို အပေါ်က အမှတ်(၃) စာကြွင်းစာချဲ့တွင် ဖော်ပြထားသော ဆောင်းပါးခေါင်းစီး[“The Meaning
of Freedom,” a review of Freedom: Its Meaning, Ruth Nanda Anshen, ed., Ethics, 52 (1941): 86–109] တွင်လည်း ရူရန်။

၃၃. နိုင်းယှဉ်ရန်။ ။ Rudolph Von Ihering, Law as a Means to an End, Isaac Husik, trans. (Boston: Boston Book Co., 1913), pp. 241–42; Max Weber, From Max Weber: Essays in Sociology, C. Wright Mills, ed. and trans. (New York: Oxford University Press, 1946), p 78: “ နိုင်ငံတော်ဟူသည် လူ့အသိုင်းအဝိုင်း တစ်ခုသာဖြစ်ပြီး ယင်းသည် ရုပ်ခွန်အားကို တရားဝင် အသုံးချပိုင်ခြင်းကို လက်ဝါးကြီးအုပ်ထားပိုင်ခွင့် ရှိသည် ဟု ကြွေးကြော်နိုင်သည့် (တစ်ခုတည်းသော) လူ့အသိုင်းအဝိုင်းပေတည်း” ။ Bronislaw Malinowski, Freedom and Civilization (New York: Roy Publishers, 1944), p. 265: “ နိုင်ငံတော်ဟူသည် ခွန်အားကို အသုံးချခြင်းကို လက်ဝါးကြီးတောက်လျှောက်အုပ်ထားသည့် တစ်ခုတည်းသော သမိုင်းစဉ်လာ အဖွဲ့အစည်းပေတည်း” ။ ထို့ပြင်  John Maurice Clark, Social Control of Business (2nd ed.; New York: Whittlesey House, McGraw-Hill, 1939), p. 115: တွင်လည်း “ ခွန်အားကို အသုံးချ၍ ခြိမ်းခြောက်အကြပ်ကိုင်ပိုင်ခွင့် ဟူသည် ကြည့်ရတာ နိုင်ငံတော်ကသာလျှင် လက်ဝါးကြီးအုပ် ကျင့်သုံးသင့်သော ကိစ္စ” တို့ ကပေတည်း။


စာကြွင်းစာချဲ့ - မြန်မာပြန်သူ

က. ဆိုလိုရင်းမှာ ဥပမာအားဖြင့် အိန္ဒိယ ဇာတ်နိမ့်ဇာတ်မြင့် ခွဲခြားခံရသော ရိုးရာတွင် ကျွန်မျိုးမှ မွေးသောသူတို့သည် ကျွန်အဖြစ်ပင် နေရန် မဟုတ်မတရားသော ကိစ္စ (*ရိုးရာမဟုတ်) ကို သဘောတူညီ ဝန်ခံ၍ ကျွန်အဖြစ်နေခြင်းသည် လွတ်မြောက်ခြင်း ဟူ၍ မမည်။ ထို့အတူ မြန်မာပြည်တွင်လည်း စစ်အာဏာရှင်တို့မှ နေ၍ တမင်ကလာ  “ရိုးရာအဖြစ်” ပုံစံသွင်း ဖြစ်ပေါ်လာသည့် မဟုတ်မတရား လက်ရှိ အခြေခံဥပဒေ ကို  မိမိ နေစားထိုင်စားသာရန် အတွက်သော် လည်းကောင်း၊ အများ သဘောတူညီတာ လိုက်လုပ်တော့လည်း အေးတာပေါ့ ဟူသော ပေါ့တန်သော သဘောကို နှလုံးသွင်းမိသောအားဖြင့် သော်လည်းကောင်း ယောယိမ်းလိုက်နာသော ကိစ္စမျိုးသည် လွတ်မြောက်သည် ဟု မမည်။
 ဤနေရာတွင် အရေးကြီးစွာ အသိပေးလိုသည်မှာ ဟိုင်းရက်သည် မည်သည့် ရှေးရိုးရာကိုမှ တိုက်ခိုက်နေခြင်း မဟုတ်သည့် အပြင် ကွန်မြုနစ်တို့က အယူသည်းသည့် ရိုးရာများ အဖြစ် မြေလှန်ပစ်လိုသော ကမ္ဘာ့ ဘာသာတရားကြီး တို့မှ ဆင်းသက်လာသည့် ရိုးရာယဉ်ကျေးမှုတို့ကို လစ်ဘရယ်ဝါဒ ထွန်းကားမှု မှနေ၍  (Extended order) အတိုင်းအဆမရှိ တိုးချဲ့ ပေါင်းဆက်သွားမည့် အခြေခံ ရေသောက်မြစ်ကြီးများ အဖြစ် ရူမြင်ခဲ့ပါသည်။ ဤ လွယ်ကူစွာ ရောထွေးသွား နိုင်သလောက် အရေးပါလှသော အခြေခံ သဘောတရားကို ကွဲကွဲပြားပြား နားလည်နိုင်စေရေး အတွက်ဆို စာမျက်နှာများစွာ ယူမှာ ဖြစ်ရကား နောင်တွင် အလျဉ်းသင့်သလို ဆက်လက် ဆွေးနွေးသွားပါမည်။
ခုနေ အကျဉ်းအားဖြင့် တင်ပြရလျှင် ကွန်မြုနစ်ဝါဒရှင် တစ်ဦး နှင့် လစ်ဘရယ်ဝါဒရှင် တစ်ဦး တို့ ဘာကွာသလဲဆိုသော် ကွန်မြုနစ်တစ်ဦးအတွက် ရှိရှိသမျှသော အယူသည်းမှု ပေါင်းစုံ နှင့် ကြံဟင်းကြွက်နပေါင်း သောင်းပြောင်းသော ရိုးရာတို့သည် ပြဿနာထုပ်ကြီးများ ဖြစ်နေ၍ လစ်ဘရယ် တစ်ဦးအတွက်မူ ၄င်းတို့သည် အလိုအလျောက် ဆင့်ကဲဖြစ်စဉ် ထဲက ငြိမ်းချမ်းရေးကို အသွယ်အသွယ် ရွှေ့လျားဖော်ဆောင်နေသော ပစ္စတံ ဝေဒိတဗ္ဗ နည်းလမ်းတို့သာတည်း။ ကွန်မြုနစ်သည် သူ မဲမဲမြင်ရာ အယူသည်းမှု၊ ရှေးရိုး စသဖြင့် သူက သတ်မှတ်သော ပြဿနာတိုင်းကို ကျုပင်ခုတ် ကျုငုတ်မကျန် ချက်ချင်းလက်ငင်း ရှင်းပစ်ချင်နေချိန်တွင် လစ်ဘရယ်ဝါဒရှင် က ဝန်ခံသည်မှာကား သူသည် လူ့ယဉ်ကျေးမှု သက်တမ်းနှင့် အတူ ကောင်းစွာထွန်းလင်း ခဲ့ပြီဖြစ်သော  ဘာသာရိုးရာတို့မှ နှစ်ပရိဒေစ္ဆ များစွာ စဉ်းစားထားသည့် လောကုတ္တရာ သဘောတို့ကို သူ၏ တိုတောင်းလှသော လူသားဘဝက လေ့လာလို့ ဘယ်လိုမှ ဥာဏ်မမီနိုင် ဆိုသည်ကို ပေတည်း။
ထို လောကုတ္တရာ ရိုးရာတို့သည် အယူသည်းတာ လည်း ဖြစ်ကောင်း ဖြစ်နိုင်ပါသည်။ ဒါ့ထက် ပိုပြီး  အရေးကြီးသည်မှာ ထိုလောကုတ္တရာ ရိုးရာတို့ကို မည်သူမဆိုသည် လွတ်လပ်စွာ မိမိ၏ မနောဥာဏ်နှင့် မိမိ မီနိုင်သလို ငြမ်းနိုင်သလို လွတ်လပ်စွာ စဉ်းစားပိုင်ခွင့် ရှိရေးပေတည်း။ အဘယ်ကြောင့်နည်းဟူမူ တစ်စုံတစ်ဦးသည် မည်သို့သော လမ်းကြောင်းအားဖြင့်  သစ္စာအလင်းကို ထွေးပွေ့နိုင်သော ဖြစ်တန်ချေဟူသည် ကုဋေအသိန်းမက များပြားရကား အဲဒါသည် ဘုရားရှင် (သို့) ဗုဒ္ဓမှ အပ မည်သို့သော ဥာဏ်ကြီးရှင်လူသားကမှ ခန့်မှန်းသိမြင် နိုင်ရာသော သဘော မဟုတ်ပါသတည်း ။ ထို့ကြောင့်လည်း လစ်ဘရယ်ဝါဒရှင် တစ်ဦးသည် ဘယ် အယူသည်းမှုမျိုးကို မဆို (ကွန်မြုနစ်တွေလို ငါသိတာ အမြတ်ဆုံး၊ ကျန်တာ အလေနတော ဟူ၍ မြေလှန်ပစ်ဖို့ ကြိုးစားမည် မဟုတ်ဘဲ) နှလုံးအေးချမ်း လိုလိုလားလား ခွင့်ပြုစမြဲ ပါတည်း။
ရိုးရာထဲက ကိစ္စ တစ်ချို့သည် မပြည့်စုံ သို့မဟုတ်လည်း ကောင်းမွန်စွာ မဖော်ပြနိုင်သလဖြင့် မဟုတ်မမှန်တာကို ပြောသလို ဖြစ်နေသော အတွေးအခေါ်တို့ မရှိနေသည်လည်း မဟုတ်၊ ရှိသည်ကို ဝန်ခံပါ၏ ။ သည်မှာ လစ်ဘရယ်နိုင်ငံပြု စနစ် ဆိုသည်က စိတ်ဝင်စားသည်မှာ ထိုကိစ္စတို့ ကို ချေမှုန်းသုတ်သင်ဖို့လည်း မဟုတ်၊ သိမ်မွေ့စွာ ကွဲလွဲသွားသော သဘောမှာ နိုင်ငံလူ့ဘောင် ပြုရာတွင် လစ်ဘရယ်သမားအတွက် အမှန်တကယ် တည်ဆောက်ရမည့် သဘောဆိုသည် ယင်း မှားယွင်းလမ်းလွဲနိုင်သော အတွေးအခေါ်တို့သည် တစ်ပါးသူ၏ ကိုယ်ပိုင် အသိုင်းအဝိုင်းထဲသို့ အတင်းအကြပ် လွှမ်းမိုး၍ မဝင်ရောက်လာစေသော အခြေခံဥပဒေ စနစ်ကို ချမှတ်ထားစေရေး ပေတည်း။
            ထိုသဘောကို ဖော်ပြထားသည့် ဤ ပထမခန်း၏ အနှစ်သာရ စာသားကို အောက်တွင် ပြန်လည် နွေးလိုက်ပါသည်။

“လွတ်မြောက်မှုကို ဆောင်ကြဉ်းလိုသော မူဝါဒတစ်ခု၏ ရည်ရွယ်ချက်မည်သည် ခြိမ်းခြောက်အကြပ်ကိုင်မှု နှင့် ခြိမ်းခြောက်အကြပ်ကိုင်မှုတို့ကြောင့် ဖြစ်ပေါ်လာသော ဘေးဒုက္ခအန္တရယ် များကို လုံးဝဥဿုံ အမြစ်ဖြတ် မရှင်းလင်းနိုင် သည့်တိုင်အောင် နည်းပါးစေသမျှ နည်းပါးစေရန် ဆောင်ရွက်ပေးရန်လိုကြောင်း ဖြစ်သည်”

            စင်စစ်လည်း မည်သည့် “အဝိဇ္ဖာ” (မသိ နားမလည်နိုင်မှု [ခြား] ဖောက်ပြန်မှု မဟုတ်) ကိုမဆို သူ့သဘောနှင့်သူ လွတ်လပ်ခွင့်ကို  ကျေနပ်စွာ ခွင့်ပြုထားသော လစ်ဘရယ်ဝါဒ၏ သဘောသည် ဗုဒ္ဓတရားတွင်လည်း တစ်ထပ်တည်း သာတည်း။ ဗုဒ္ဓ၏ ဂန္တဝင် အဆိုအမိန့် ဖြစ်သော “ ပညာဟူသည် အဝိဇ္ဇာ မှသာ ထွက်ပေါ်ရ၏ ” ဆိုသည်ကို ကြည့်လျှင်သော်လည်းကောင်း ၊ ပဋိစသမုပါဒ တွင်လည်း မည်သည့် “အစွဲ” မဆိုသည်  (သတိချပ်ချပ် ထားအပ်သည်မှာ “ဘာမှမစွဲဘူး” ဟု ဆိုသည့်သူတို့ သည်လည်း ဘာမှ မစွဲခြင်းကမှ အနှစ်သာရဟု စွဲနေသူ ကပေတည်း) အဝိဇ္ဇာ စက်ဝန်းထဲတွင်ပင် ပြန်ကျရောက်ရကား လောကတွင် ထိုသဘောမှ လွတ်မြောက်ရန်ဟူသည်မှာ တစ်ဦးချင်းမသာလျှင် တစ်စတစ်စ ကိုယ့်လမ်းကိုယ်ရှာ ဆည်းပူးလေ့လာရင်း နှင့် အမြတ်ဆုံး သစ္စာကို သင်ယူလေ့လာ သွားနိုင်ရာသော သဘောဖြစ်ပြီး မဟာ ဥာဏ်ကြီးရှင် ဆိုသူတစ်ဦးမှ ဒါသာလျှင် နင့်လမ်းကြောင်း ဖြစ်ထိုက်ပေသည် ဟူ၍ ပိုင်းဖြတ်ချမှတ် နိုင်ရာသော  (လူတစ်ဦးချင်း၏ အနုသယ ကွဲပြားသော ဓာတ်ခံတို့ နှင့် ကိုက်ရာ ထိုးဖောက်ရာ အပြားပြားသော လမ်းကြောင်း တို့ဟူသည် ထို ဥာဏ်ကြီးရှင်ဆိုသူတို့သည် နောင် ကုဋေဆယ်သက်တိုင်အောင်ပင် ဥာဏ်မှီနိုင်လိမ့်မည် မဟုတ်သော)  သဘော မဟုတ်ပါသတည်း။
ဒါကြောင့် လစ်ဘရယ် နိုင်ငံပြုစနစ်ကို လက်ခံပြီ ဖြစ်သော နိုင်ငံသား တစ်ဦးအတွက် တုံးသော အသော နတ်ကိုးကွယ်သူ၊ တုံးသော အသော ဗုဒ္ဓဘာသာဝင်၊ တုံးသော အသော မူဆလင် ဘာသာဝင် စသဖြင့် ဘယ်ခါမှ မရှိနိုင်။ အဘယ်ကြောင့်နည်း ဟူမူကား အမြတ်ဆုံး ဘုရားရှင်သာလျှင် နားလည် နိုင်ရာသော ထိုရိုးရာ ယဉ်ကျေးမှု ဘာသာတို့မှ နေ၍ လူအသီးသီး အသက၏ ကောင်းသည့်ဖက်မှ နေ၍ ကိုယ်စီကိုယ်ဌ သုံးစွဲထွင်းဖောက် အတိုင်းမသိ အောင်မြင်နိုင်ရာသော အများအမြောင်သော လမ်းကြောင်း (Faculty) တို့၏ သဘောကို သူသည် ဘယ်တုန်းကမှ ဥာဏ်မှီနိုင်လိမ့်မည် ဖြစ်လို့ မဟုတ်ပါသတည်း ။
ထိုသဘောကြောင့် ရိုးရာဘာသာကြီး တစ်ခုမှ နေ၍ မှားယွင်းသော ဝါဒတစ်ခု (သို့) ဝါဒများ ရှိနေသည် ဟု မိမိ ထင်မြင်ရုံမျှနှင့် ထို ရိုးရာဘာသာတို့ကို ကြုံးပြီး ပုတ်ခတ်ခြင်းကို လစ်ဘရယ် နိုင်ငံပြုစနစ်မှ သူသည် မပြု။ အသို့နည်းဟူမူ ယင်းတို့သည် မိမိ ထင်မြင်နေသလောက် တကယ်မှားလား မမှားလား ဆိုတာသည် (ဆိုးဆိုးဝါးဝါး ပေါ်ပေါ်တင်တင် မှားနေတာသာ မဟုတ်လျှင်) မသေချာ၊ ဒါ့ထက် ဆိုခဲ့သလို မိမိ ဘယ်လိုမှ ဥာဏ်မမှီသော ရိုးရာဘာသာကြီးတို့ မှ လူအသကတို့ ထွင်းဖောက်ထိုးတက်သွားမည့် စွမ်းအင် (Faculty) တို့ကို  မိမိသည် မည်သို့မျှ မမြင် မမှန်းဆနိုင်။ ထိုသို့ လူတစ်ဦး၏ တက်သွားနိုင်သော လမ်းကြောင်းကို ပိတ်ပင်၊ မိမိမှ “ဒါမှမှန်သည်” ဟု ထင်ရာသော လမ်းကြောင်းပေါ်သို့ အတင်းလမ်းလွဲခြင်းမျိုးသည် လစ်ဘရယ် နိုင်ငံပြုသမား တွင် လည်းကောင်း၊ ဗုဒ္ဓအဆုံးအမကို လိုက်နာအေးချမ်းသူမှာ လည်းကောင်း မရှိရေးချ မရှိပါသတည်း။
            ဤ သဘောသည် စစ်အာဏာရှင်တို့၏ ပုံစံသွင်းလှည့်ဖြားမှု၏ အာနိသင်ဆက် အားဖြင့် ဘီလူးစည်း နှင့် လူ့စည်း၊ အဝိဇ္ဇာ စည်း နှင့် ပညာစည်း ခြားသင့်သည် ဟု ကောက်တတ်ကြသော ကျွန်တော်တို့ မြန်မာ ထေရဝါဒ ဗုဒ္ဓဘာသာဝင်များ အနေဖြင့် စိမ်းနေအုံးမည် ဖြစ်သော်လည်း ကျွန်တော့်အမြင် ကျွန်တော်တို့ သေသေချာချာ စူးစမ်းချိတ်ဆက်လာလျှင် ထေရဝါဒ ဗုဒ္ဓဘာသာ၏ ပင်တိုင် ကျောရိုး အယူအဆများသည် ဤ ပြဆိုခဲ့သော “ဘယ် အဝိဇ္ဇာကိုမှ ပြဿနာ အဖြစ် သဘောမထားသည့် နိုင်ငံပြု စနစ်” ကို မလွဲမသွေ ညွန်းနေသည် သာတည်း။ ထိုသဘောကို ယူခြင်းအားဖြင့်လည်း လစ်ဘရယ်ဝါဒ၏အကြီးကျယ်ဆုံး ပညာရှင်များ ဖြစ်သော ဂျွန်စတူးဝပ်မေး နှင့် ဟိုင်းရက် စသူတို့ သည်  “ပြုပြင်ပြောင်းလဲရေး သမားများ” (Reform) လုပ်သူ ဆိုသူတို့ အဖြစ် သူတို့ကိုယ် သူတို့ ဘယ်တော့မှ မသုံး။ သူတို့သည် ရှေးအစဉ်အဆက် မလွဲမသွေ ရှိခဲ့ပြီး ဖြစ်သလောက် တိမ်မြုပ်နေသော သဘောတို့ကို ပြန်လည် ရှာဖွေတွေ့ရှိသူများ (Rediscover)  တို့ ဟူ၍သာ သူတို့၏ ဝါဒကို ခုခံထွန်းလင်းစေ ပါသတည်း။ တာအို၊ ဟိန္ဒူ နှင့် ဗုဒ္ဓဘာသာ တို့၏ ဆင့်ကဲဖြစ်စဉ် (Evolutionary process) တွင် တူညီသော ပဓာန အယူ သည်ကား ပျောက်ဆုံးနေသော လောကဓမ္မကို ပြန်လည် ရှာဖွေ ပြောပြခြင်း (Rediscovery and rearticulation) ဤ တစ်သဘောတည်း ပေတည်း။
            ဗုဒ္ဓမှ အပရိဟာ နိယ တရား ခုနှစ်ပါးတွင် အတိအလင်း ညွန်ပြထားသည့် “ပြည်တွင်းပြည်ပရှိ နတ်ဌာန် အရပ်တို့ကို ပူဇော်မြဲ ပူဇော်အပ်ခြင်း” ဟူသည်မှာ ရှိရင်းစွဲ ဘာသာတရား မျိုးစုံကို လွတ်လပ်စွာ ကိုးကွယ်ပူဇော်နိုင်မှုကို  အကြွင်းမဲ့ ဖော်ညွန်းထားပါ၏ ။ ဖော်ပြပါ အပရိဟာနိယ တရားသည် သူက မတည့်ဘူးဟု ထင်သော ရှေးရိုးရာဘာသာ ဆိုတာ မှန်သမျှကို ချေမှုန်းသုတ်သင်လိုသည့် ကွန်မြုနစ်ဝါဒ လိုမျိုး အယူသည်းဆုံး ဘာသာတရားသစ်ကြီး ဆိုသည်မျိုး ကို ဗုဒ္ဓတရား၏ ပင်မ အဆုံးအမ တွင် ပယ်ချထားပြီး ဖြစ်ကြောင်း ဖော်ပြပါ အနောက်တိုင်းပညာရှင်တို့၏ ပရိယာယ် အယူအဆတို့နှင့် ဆက်စပ်သိမြင် အပ်ကြပါကုန်။ ယခု ရှင်းလင်းချက်၏ အနှစ်သာရများဖြစ်သည့် ရင်းစွဲ ဘာသာရိုးရာတို့ကို မထေမဲ့မြင် မပြုအပ်ဘဲ ၄င်းတို့၏ လူ့ယဉ်ကျေးမှုဖြစ်စဉ်နှင့် ပြန့်ပြောခဲ့ခြင်း ကို လေးစားအပ်ခြင်းကို ဟိုင်းရက်၏ နောက်ဆုံး နှင့် အရေးကြီးဆုံး စာအုပ် Fatal Conceit (မရဏ အကြံ) ၊ မည်သူကမှ မခန့်မှန်းနိုင်သည့် လောကုတ္တရာ လမ်းကြောင်းစွမ်းအင် တို့၏ သဘောကို မပိတ်ပင်အပ်ခြင်းကို အမေရိကန် အခြေခံဥပဒေ ကို ရှေ့ဆောင် ရေးဆွဲသူ ဂျိမ်းမေဒီဆင် ၏ Federalist 10 (ပြည်ထောင်စု ဝါဒရှင် အမှတ် ၁၀)၊ အထူးသဖြင့် “လောကီသိပ္ပံသည် ဘယ်တော့မှ လောကုတ္တရာဝါဒတို့ကို ယျေဘုယျ အန္တိမစည်းမျဉ်း တစ်ခုသို့ ဆွဲယူပေါင်းစည်းနိုင်စွမ်း ဘယ်ခါမှ မရှိနိုင်ခြင်း” ကို  နှစ်ဆယ်ရာစု သိပ္ပံပညာတွေးခေါ်မှု သမိုင်းတွင် နေမင်းကြီးပမာ ထွန်းလင်း ခဲ့သော ကားပေါ့ပါး ၏ The Logic of Scientific Discovery  တို့တွင် ဆက်လက် လေ့လာရူစားကြပါကုန်။ အတော်ဆုံးသော ပညာသည် ဆိုသူတို့မှ လူပီသသော နှလုံးသား ဖြစ်ထွန်းစေရေး အတွက် ကျွန်ုပ်တို့အား လက်ဆင့်ကမ်း ပေးသော သတင်းမှာ တစ်ခုတည်းသာတည်း။ ယင်းမှာ သူတို့နှင့် တကွ ကျွန်တော်တို့ အားလုံးသည် ဘိန်းစားချင်းတူတူ ဘယ်သောခါမှ နားလည်ပိုင်းဖြတ်နိုင်မှု ဟူသည် မပြည့်စုံနိုင်သော သူချည်းသာ ဖြစ်၍ မည်သူကမှ ဘူးတစ်လုံး အတင်း  ပိုမရူအပ်သော အကြောင်း ဖြစ်ပေသတည်း။
            သည်မှာ မေးစရာ တစ်ခု ရှိလာပါသည်။ “ ရှိရင်းစွဲ ဘာသာတို့ကို လွတ်လပ်စွာ ကိုးကွယ် နိုင်သည် မှန်ပါ၏ ။ အသစ်ပေါ်ထွက်လာသော ဘာသာသစ်တစ်ခု ဆိုလျှင်ကော” ။ သည်မှာ ဖြေအပ်သည်မှာကား ဘာသာသစ် (ဝါ) တော်လှန်အောင်မြင်သော ဘာသာ ဟူ၍လည်း မရှိ။ ဘာသာတရား ဆိုသည်ချည်းသည် အမြတ်ဆုံး သစ္စာတရားကို ရှေးရူဖော်ညွှန်းရန် ဖြစ်တည်လာခဲ့သောကြောင့် ယင်း ဘာသာ အသစ်ဟူသည် အဟောင်းကို ပြန်လည်ဖော်ထုတ်ခြင်း သို့မဟုတ်လည်း ထို ဘာသာသစ် တည်ထောင်သူ မှ နားလည်သော ပစ္စတံ ဝေဒိတဗ္ဗ တရားသဘော တစ်မျိုး ဖြစ်နိုင်သလို နောက် ပိုပြီး ဖြစ်နိုင်သည်မှာ သေချာ နားမလည်ဘဲ သူစိတ်ကူးမိသော ပုံစံ၊ ကိုယ်ပိုင် ဘဝအမြင် နှင့် ပြောနေတာလည်း ဖြစ်နေနိုင်ကြောင်း သုံးသပ်သိမြင် နိုင်ပါသည်။
သည်မှာ သတိထားသင့်သည်မှာ ဘာသာသစ်တည်ထောင်သူ ဆိုသူတို့သည် မိမိ၏ အမြင်ကို  လွတ်လပ်စွာ ဖော်ကြုးနိုင်သည် ဖြစ်သော်လည်း မိမိ နားလည်သော ဝါဒသာလျှင် အမှန်ဟု ရှိရင်းစွဲ ဘာသာကို မပုတ်ခတ် မစော်ကားရာ။ မြန်မာပြည်တွင် ဖြစ်ပွားခဲ့သော မိုးပြာ ဆရာတော်၏ အမှုသည် နိုင်ငံတော် သံဃနာယက အဖွဲ့ မှာရော မိုးပြာ ဆရာတော် နှစ်ဖက်လုံးသည် ဘုရားရှင် သားတော်များ ဖြစ်ပါလျက် လောကဓမ္မ နှင့် ဆန့်ကျင်ဘက် နှစ်ဖက်လုံးမှ ယုတ်မာမိသော အမှု ဖြစ်၏ ။ ဘုရားရှင်မှ မဟာ ပရိနိဗ္ဗာန သုတ်တွင် ချမှတ်ခဲ့သော လမ်းစဉ်အရ ပရမတ္တ ရူဒေါင့်ဖက်မှဆို ရဟန်းတို့ သည် တရားကိုသာ ဆရာအရှင် အဖြစ် ဓမ္မကို ရိုသေသဖြင့်သာ၊ နောက် လောကပညတ် ရူဒေါင့်ဖက်မှဆို ဝါစဉ်ကြီးငယ် အလိုက်ရိုသေ ဂါရဝပြု၍ သာ သီတင်းသုံးရမည် ဖြစ်ရကား သံဃာ့အဖွဲ့အစည်းတွင် အာဏာပိုင် အဖွဲ့ဟူ၍ လည်းကောင်း၊ အာဏာပိုင် ကိုယ်တော်ကြီး ဟူ၍ လည်းကောင်း မည်သည့် ခြွင်းချက် အကြောင်းနှင့်မှ ဖွဲ့စည်းပိုင်ခွင့်လည်းမရှိ၊ တင်မြှောက်ပိုင်ခွင့်လည်း မရှိ။ ထို တင်မြှောက်ပိုင်ခွင့် မရှိသော သံဃအာဏာပိုင် အဖွဲ့အစည်းမှ အာဏာသုံးပြီး လုပ်သော အမှု ဟူသမျှသည် ဘုရားရှင်မှနေ၍ ဒေဝဒတ်သံဃာ လိုမျိုး အာဏာကို မက်မောမဖက်တွယ် မိစေရန် ရည်ရွယ်ချမှတ်ထားသော မူလလမ်းစဉ် အာဘော်နှင့် ဆန့်ကျင်နေပြီး ကောင်းသော အမှုတို့ ဖြစ်စေရန် မိမိ စေတနာထား၍ စီရင်ရန် ကြိုးပမ်းစေကာမူ (အာဏာကို ကျင့်သုံးသော ရဟန်းသည်) ပင်ရင်း အခြေခံစေတနာတွင် ယုတ်မာသောလုပ်ရပ်စဉ် မည်သည် သာတည်း ။ အာဏာကို ကျင့်သုံးမှုသည် အဘိဓမ္ပာစေတသိတ် သဘောအားဖြင့် ကြောက်လန့်ခြင်း ဒေါသ၊ ဖျက်ဆီးလိုခြင်း ဗျာပါဒ နှင့် ဘယ်ခါမှ မလွတ်ကင်းနိုင်။ ငရဲတံခါး ဟင်းလင်းပွင့်သော စေတသိတ်တို့ ပေတည်း။ မင်းဖြစ်လိုသူ၊ အာဏာရှိလိုသူ ဗုဒ္ဓဘာသာဝင် သူတော်ကောင်းတို့ သတိချပ်ကြပါကုန်။
သည်မှာ မိုးပြာ ဆရာတော်ဘက်က မှားယွင်းလွန်ကျုး မှုသည်ကား ၄င်းက ဝါဒကို တင်ဆိုသော ခြိမ်းခြောက်သည့် ပုံဟန သည် ကြောက်လန့်ခြင်း ဒေါသ၊ ဖျက်ဆီးလိုခြင်း ဗျာပါဒ သဘောတို့တွင် အကြီးဆုံး ဘာသာသစ်ကြီး လုပ်လိုသော ကွန်မြုနစ်တို့အောက် မလျော့။ ။ တစ်စုံတစ်ဦးသည် ဗုဒ္ဓဝါဒကို “တို့များ သိမြင်မိသည်ကား သည်လိုပါတည်း” ဟု လွတ်လပ်စွာ ပြောဆိုငြင်းခုံ နိုင်ပါ၏ ။ သို့သော် လက်ရှိ ရှေး ဗုဒ္ဓကျမ်းဂန် အယူအဆတို့သည် သေချာပေါက် မှားယွင်းနေပါသည်၊ သူ့လိုမြင်မှ ဗုဒ္ဓတရားဟု လူများစွာ၏ ဘာမှ ပြဿနာ မလုပ်သော လွတ်လပ်သည့် လောကုတ္တရာနယ်ပယ်က သဒ္ဓါတရားကို စည်းကျော်၍ မစော်ကားရာ။ အဲသလို “ဘုရားနေရာကို တက်ပြီး” ပြောဆိုခြင်းမျိုးသည် အရင်းရှင်တို့ကို လောဘအိုးကြီးဟု ပြောပြီး ပြုပြင်ပေးရန် ဘုရားထွဋ်ခေါင်ကြီး တက်လုပ်လိုသော ကွန်မြုနစ်တို့၏ ဝိသမလောဘနှင့် အလားနှင်နှင် သဘောပေတည်း။ သည်မှာ ချုပ်ပြီး မြင်သိအပ်သည်မှာကား နှစ်ဖက်လုံးမှ ပြုမူဟန်သည် အခြေခံသဘောတွင် အာဏာကို ပဓာန ပြုနေသော ဒေဝဒတ္တ ရဟန်း၏ ပြုမူဆောင်ရွက်သော စေတနာမျိုးပေတည်း။
ပြခဲ့သော လစ်ဘရယ်ဝါဒ အခြေခံသဘောကို ပြန်ချုပ်ပြမည်ဆိုလျှင် မှားယွင်းမှုသည် လစ်ဘရယ် နိုင်ငံပြုသူတို့ အတွက် ဘာပြဿနာမှ မဟုတ်၊ လွန်ကျုးလာခြင်းသည်သာ လစ်ဘရယ်ဝါဒ မှ လုံးဝလက်မခံသော လုပ်ရပ်ပေတည်း။ ထို့အတူ ဆန့်ကျင်ခြင်းသည် လစ်ဘရယ် နိုင်ငံပြုသူတို့ အတွက် ဘာပြဿနာမှ မဟုတ်။ ဆန့်ကျင်မှု နှင့် တွဲ၍ တင်းလွဲ ပြုမှုလာခြင်း (ဆန့်ကျငတင်းလွဲ) သည် လစ်ဘရယ် နိုင်ငံပြုသူတို့မှ လုံးဝ လက်မခံသော လုပ်ရပ်မျိုးပေတည်း။ ထိုသို့ သိမ်မွေ့သလောက် အလွယ်တကူ ရောထွေးနိုင်သည့် သဘောကို ပြုပြင်ပြောင်းလဲလိုသည့်သူတို့ သေချာကွဲပြားစွာ နားလည်ပြီး  ကောင်းမွန်အေးချမ်းစွာဖြင့် နိုင်ငံကို ပြုကြပါကုန်။ မျက်စိရှေ့မှာတင် ပျောက်ဆုံးနေသော “နိုင်ငံ (နယ်ငံ)” ကို ပြန်လည်ရှာဖွေ ကြပါကုန်။

ခ. အဲသလို ကိစ္စနှင့် စပ်၍ မြန်မာပြည်မှာလည်း အကောင်းဆုံး ဥပမာ တစ်ခုမှာ ရွေးချယ်စရာ မရှိ မှောင်အတိကျနေသော ကျွန်တော်တို့သည် ၂၀၀၈ တွင် (ဘယ်လိုမှ အခြေခံမဟုတ်ဘဲ အခြေခံဟု အတင်းခေါ်သော) အခြေခံဥပဒေ နှင့်၂၀၁၀ တွင် ကြံ့ဖွံ့ နှင့် တခြား ဘယ်လိုမှ အားရစရာ မရှိ သဒါရေစာစား ကျွန်အကြီးစား လုပ်ဖို့ ရှေးရူဟန်ပြင်သည့် အတိုက်အခံ အယောင်ဆောင် ပါတီတို့ကို ထောက်ခံမဲ ပေးခဲ့ရခြင်း မျိုး ပေတည်း။ သည်လို ကိစ္စမျိုးသည် နောင်တွင်လည်း တောက်လျှောက်ဖြစ်ပွား နိုင်ပါသတည်း။
            တစ်ခု မှတ်သားရန်မှာ ဒီမိုကရေစီ စနစ်သည် မှန်ကန်သော လစ်ဘရယ် အခြေခံဥပဒေ စနစ် (Liberal Constitutionalism) ပေါ်ထွန်းခြင်း မရှိပါလျှင် ပြည်သူလူထု အများစု၏ မဲကို မတရားသဖြင့် အစိုးရလုပ်လိုသူတို့သည် အတင်း လုပ်ကြံဖန်တီး၍ ဝယ်နိုင်သည် သာတည်း။ သို့ဖြစ်ရကား ဒီမိုကရေစီ ရွေးကောက်ပွဲတွင် ထောက်ခံမဲ အများစုကို အမှန်တကယ် ရ၍ တက်လာသော အစိုးရသည် ပြည်သူလူထု အပေါ် တကယ် စေတနာရှိ၊ တိုင်းရေးပြည်ရေး ကို အမှန်တကယ် နားလည်ပြီး ရင့်ကျက်ပြည့်ဝ စစ်မှန်ကောင်းမွန်သော အစိုးရ ဟုတ်ချင်မှ ဟုတ်ပါမည်။ ထို သဘောမျိုးသည် အာရှအလယ်ပိုင်း နိုင်ငံများတွင် လွန်စွာ ထင်ရှား၍ ယင်းနိုင်ငံတို့တွင် အတိုက်အခံ နှင့် အစိုးရဟူသည် တစ်ဖွဲ့ထဲမှ နှစ်ဂိုဏ်းလုပ်နေခြင်း မျိုးပေတည်း ။
            မြန်မာပြည်အတွက်ဆို ပိုလို့ပင် သင့်လျော်သော ဥပမာမျိုးမှာ ဆိုဗီယက် ပြည်ထောင်စု ပြိုကွဲသော အခါ အကွဲကွဲ အမြွာမြွာ ဖြစ်သွားသည့် ဥပရောအရှေ့ပိုင်း နှင့် အလယ်ပိုင်း နိုင်ငံသစ်တို့တွင် ယင်းနိုင်ငံတို့မှ ယခင် လက်နက်ကိုင် ပုန်ကန်ခဲ့သူတို့သည် မာဖီးယား အစိုးရ များ ဖြစ်လာခဲ့ခြင်း ပေတည်း။ ထို နိုင်ငံတို့တွင် မာဖီးယား အရေခွံလဲ အစိုးရသည် မာဖီးယားတို့ နှင့် မကင်းနိုင်၊ သာမန် ပြည်သူပြည်သားဟူသည် အစိုးရထက် မာဖီးယားကို ကြောက်ရလေ၏ ။ မာဖီးယားသည် ဥပဒေ၏ အထက် ဖြစ်နေသောကြောင့် ပေတည်း။
            ဒါဆို မေးစရာ ရှိပါသည်။ ထို နိုင်ငံတို့တွင်လည်း ဒီမိုကရေစီ ကျင့်သုံးပါလျက်နှင့် ပြည်သူတို့သည် အဘယ်ကြောင့် ယုတ်မာသော မာဖီးယားအစိုးရတို့ကို မဲဆန္ဒအားဖြင့် ရှင်းမထုတ်ပစ် နိုင်ပါသနည်း။ အဖြေမှာကား မဲဆန္ဒအားဆိုသည်မှာ စီးပွားရေးအင်အား အတိုင်းမသိ များစွာ ကြီးမားသူကို မယှဉ်နိုင်သောကြောင့် ပေတည်း။ ယနေ့ကမ္ဘာတွင် ဂျိုးဆက် စတစ်ဂလစ်(Joseph Stiglitz)၊ ဂျက်ဖရီဆပ် (Jefferey Sachs) စသော ထိပ်တန်း စီးပွားရေး ပညာရှင်များ စိတ်မသက်သာစွာဖြင့် သတိပြုမိလေသော “သဟံဇာတ ကျိန်စာ” (resource curse) “အဆိုးပတ် သံသရာဖြစ်စဉ်” (viscious cycle) ဆိုတာ ရှိပါသည်။ ဗုဒ္ဓရှင်တော်သည် ဝါသေဌ သုတ္တန် တွင် ကိုယ်တော်မှ အစိုးရ ပြည့်ရှင် ဆိုသူတို့ကှို ခနဲ့ ခဲ့သည်မှာကား “ရေမြေ သဟံဇာတတို့၏ ကြွယ်ဝမှုကို မှီ၍ အသက်ဝမ်းကြောင်းသူကို ဘုရင်ဟု ခေါ်ကြတာပဲ” ဟူသတတ်။ ကနေ့ “မဲခေတ်” တွင် ဖြစ်ထွန်းသော ရှင်ဘုရင် အသက်မွေးဝမ်းကျောင်း ဟူသည်ကား လက်ရှိ အစိုးရဆိုသူများ၊ အခွင့်ထူးရ နိုင်ငံရေးသမားများ အုပ်စုတို့သည် သဟံဇာတ ထုတ်လုပ်မှု မှသည် (များသောအားဖြင့် တရားမဝင် အောက်လမ်းမှသည်) မဟားတရား ပတ်ကြမ်းဝင်လာသော ငွေအင်အားကို “မဲ” နိုင်ရန် ဒလဟော ပြန်သုံးစွဲကြကုန်သဖြင့် မဲပြန်နိုင်ကာ အာဏာပြန်ရကြကုန်ခြင်း မျိုးပေတည်း။ ထိုသို့ အာဏာပြန်ရသဖြင့်လည်း တိုင်းပြည်၏ ဘဏ္ဍာတော်တို့မှ ရသလောက်ကို မဲပြိုင်ရာတွင် ကုန်ခဲ့သလောက် ပြန်ရစေရန် ဆိုပြီး မတော်နင်းကန် ပြန်သဲ့ယူကုန် ကြပြန်သော မင်းလောဘ၊ နိုင်ငံရေးသမား လောဘ၊ မာဖီယားသမားတို့၏ လောဘ စသဖြင့်ပြီးသော ယုတ်မာဆုံးသူတို့ အမြဲထိပ်ဆုံးသို့ ရောက်လာတည်မြဲနေစေသော ယုတ်မာမှုတို့ ကွင်းကြော့နေသည့် ဆိုးသံသရာ ပေတည်း။ ထို ကိစ္စမျိုးသည် မြန်မာပြည်တွင် မဖြစ်ခဲ့သည် မဟုတ်၊ ကြီးမားလှိုက်စားစွာ တောက်လျှောက် ဖြစ်နေခဲ့ပြီး ဖြစ်ပြီး ဆက်လက်၍လည်း ဖြစ်လို့နေသည်သာတည်း။ တိုင်းပြည် သဟံဇာတတို့ကို နှစ်ပေါင်းများစွာ ထင်တိုင်းကြဲ ထုတ်ယူရောင်းစားခွင့် ရခဲ့သော၊ ၄င်းတို့ ကိုယ်တိုင်လည်း (ဥစ္စာရှင် ပြည်သူတို့ မမြင်မကြားအောင်) ခိုးဝှက်ရောင်းစားသော ငမိုက် ငအ ငတုံး ငနုံ ငပတ် အစိုးရသာ ဖြစ်သဖြင့် နည်းပညာရှိသူ နိုင်ငံတကာ ကုမ္ပဏီတို့က စိတ်ထင်တိုင်း ဖင်ချမှု အမျိုးမျိုးကို ခံခဲ့ရသော၊  ၄င်းတို့ထံ ဝင်လာမဆဲ တသဲသဲဖြစ်နေသော ဒေါ်လာများသည် စီးပွားရေးပိတ်ပင်မှုကြောင့် ထွက်ပေါက်မရှိသော မြန်မာ စစ်အစိုးရသည် ဆယ်စုနှစ်မက အကြံကုန်ဂဠုန် ဆားချက်ခဲ့သည်မှာ မဟုတ်မတရားသော အခြေခံဥပဒေကို ရေးဆွဲပြီး လက်ဝေခံ ပေါင်းစုံ မွေးကာ ထာဝရ စိုးစံရေးကို ကြံစည်ခဲ့ခြင်းသည် ယနေ့ မြန်မာပြည် အခြေခံဥပဒေ၏ အရင်းမူလ စေတနာ သာတည်း။  Paul Collier ၏ Bottom Billion တွင် အထက်တွင် ရှင်းပြခဲ့သော “သဟံဇာတ ကျိန်စာ” ဖြစ်ရပ်တို့ကို နိုင်ငံရေးဘောဂဗေဒ ရူဒေါင့်မှ အသေးစိတ်ဖော်ပြထားပြီး ယင်းမှရသော ဗဟုအသိကို ချိတ်ဆက်၍ ယနေ့ မြန်မာပြည်တွင် ဖြစ်ပွားနေသော နိုင်ငံရေး  ပရိယာယ် နှင့် ဖန်တီး လုပ်ကြံသော လှည့်ကွက် (ဘာကြောင့် ဖန်တီးသလဲ၊ ဘာကြောင့် အဲသလို ဖန်တီးနိုင်အား ရှိရသလဲ ဆိုတာ) တို့ကို သတိထား ရူမြင်ကြပါကုန်။
            သည် နေရာတွင် ထိုသို့ နိုင်ငံရေး ဆိုသည်မှာ နိုင်ငံရေး ဆိုသည် သက်သက် မဟုတ်ဘဲ စီးပွားရေး နှင့် ကြီးမားထည်ဝါစွာ ပတ်သက်နေပုံကို စစ်အာဏာရှင် စနစ်သို့ စောစီးစွာ ကျဆုံးခဲ့ရသော မြန်မာပြည်မှ မြန်မာပညာရှင်တို့သည် သတိမပြုမူမိ မဟုတ်၊ သတိပြုခဲ့မိပါ၏ ။ ယင်းတို့အထဲက အကောင်းဆုံးစာအုပ် တစ်အုပ်မှာ သုတေသန ပညာရှင် ကိုမြမောင် ရေးသားသည့် Totalitarianism in Burma: Prospects for Economic Development  ပေတည်း။ ထို စာအုပ်၏ အနှစ်သာရမှာကား မြန်မာပြည်တွင် စစ်တပ်မှ အာဏာသိမ်းနိုင်ခဲ့သည့် အကြောင်းရင်းမှာ ဖက်ဒရယ်မူ စသော ခွဲထွက်ရေး ကိစ္စတို့သည် အဓိကပြဿနာ မဟုတ်။ မြန်မာ တစ်မျိုးသားလုံး၏ အမှားမှာကား တပ်မတော်သည် မြန်မာ့လွတ်လပ်ရေးကို အရယူပေးခဲ့ရ၊ လွတ်လပ်ရေးကို ကာကွယ်ပေးရသည် ဆိုပြီး ဘုရားလောင်း ဦးနု အစိုးရသည် စစ်သားတွေကို နိုင်ငံတော် အတွက် သူတို့ ထမ်းဆောင် ပေးခဲ့သည်မှာ သနားစရာကောင်းပါသည်ဟု၊ သူတို့ကို ချီးမြှောက်စားသင့်သည်ဟု ယူဆပြီး စီးပွားရေး အခွင့်အရေးတို့ကို နင်းကန် လျှောက်ပေးခဲ့ခြင်းကြောင့် ဟူသော လူအများ မသိသေးသလောက် ခြောက်ခြားတုန်လှုပ် စဖွယ်ကောင်းသော အချက်ပေတည်း။ ယနေ့ စစ်တပ်မှ ဦးစီးသော မြန်မာ့စီးပွားရေးဦးပိုင် လုပ်ငန်းကဲ့သို့ စီးပွားရေးနယ်ပယ်များစွာကို တစ်ဦးတည်း လွှမ်းမိုးလုပ်ကိုင်ခွင့် ရခြင်းမျိုး (monopolization) သည် ထို ရှေးဒီမိုကရေစီ အစိုးရ ခေတ်မှာ ကတည်းက တပ်သည် ဗိုလ်ချုပ် အောင်ကြီး စသူ တို့က ထိန်းချုပ်လုပ်ကိုင်ခွင့် ရရှိခဲ့ပါ၏ ။ အဲသည်က နေပြီး တပ်က ဗိုလ်ချုပ်တို့သည် စီးပွားရေး အင်အားပြည့်ဝလာသော အခါ လောဘရှစ်တောင် တက်လာပြီး ဒီမိုကရေစီ အစိုးရကို အကြောင်းမရှိ အကြောင်းရှာ ဖြုတ်ချခဲ့ခြင်းပေတည်း။ စင်စစ် နိုင်ငံရေး ဖြစ်အင်တို့သည် သတင်းစာ ဂျာနယ်မှာ ပါသော အပေါ်ယံ ဖော်ပြချက်တို့သည် တကယ့် အခြေခံ အကြောင်း ဆိုသည်ကို ပြောကြသည်မျိုး ရှားပါ၏ ။ ကနေ့ခေတ်တွင် ဓမ္မစက် (လစ်ဘရယ် အခြေခံဥပဒေ ဓမ္မ) မထွန်းကားသော နိုင်ငံတို့တွင် နိုင်ငံရေး လုပ်ကြခြင်း၏ တကယ့် အခြေခံမှာ ၉၉.၉၉ ရာခိုင်နူန်း ဝိသမလောဘ ဖြစ်ပြီး အတ္တမာန ကိုပါ ထည့်တွက်လျှင် ၁၀၀ ရာခိုင်နူန်း တိတိ ပေတည်း။

ဂ. အမေရိကန်မှ ကျွန်တော်၏ မိတ်ဆွေ ဒဿနဗေဒ ပညာရပ် ပရော်ဖက်ဆာ ရာ့ သည် သူ ဦးဆောင်ကျင်းပသည့် ကမ္ဘာ့ကုလသမ္ပ မှ နိုင်ငံတကာ ရွေးကောက်ပွဲ စောင့်ကြည့် အကဲဖြတ်သူများ၊ ဥပဒေ ပညာရှင်များ နှင့် တက္ကသိုလ်ကျောင်းသားများ ဟောပြောပွဲသို့ ကျွန်တော့်ကို ဖိတ်မန္တက ပြုရာ ကျွန်တော် သွားရောက်ခဲ့ပါသည်။ သည်မှာ ကျွန်တော်မှ နိုင်ငံတကာ ရွေးကောက်ပွဲ စောင့်ကြည့် အကဲဖြတ်သူများကို မေးမြန်းခဲ့သော အချက်မှာ “ ကောင်းပါပြီ။ ယခု နင်တို့ တင်ပြသွားသည့် အတိုင်း ရွေးကောက်ပွဲလုပ်သည့် တစ်ပတ် နှစ်ပတ်မျှသော ကာလသာ နင်တို့လုပ်ဆောင်သည့် နင်တို့၏ ရွေးကောက်ပွဲ စောင့်ကြည့် အကဲဖြတ်မှု အရ အစိုးရ၏ မဲရုံ လုပ်ငန်းစဉ်တို့သည် လုပ်ငန်းတွင်း သဘောအားဖြင့် မှန်ကန် တရားဝင်သည် ဟု ပင် ဆိုစေဦးတော့၊ ဓမ္မစက် (Rule of Law) စိုးမိုးမှု မရှိသော နိုင်ငံမျိုးတွင် စီးပွားရေး နှင့် အာဏာကို မတရား အသုံးပြုနိုင်သူ (များသောအားဖြင့်) လက်ရှိအစိုးရသည် နင်တို့ လာ အကဲမဖြတ်မီ နှစ်နှစ် သုံးနှစ် အလိုကပင် နည်းလမ်း အမျိုးမျိုးတို့ကို အသုံးပြုပြီး စီးပွားရေး မရှိချို့တဲ့သူ ပြည်သူအများကို သူတို့ကို မဲထည့်စေရန် ကြံဆောင်လှည့်ပတ် ထားရာ၏ ။ သဟာဆိုလျှင် Rule of Law အမှန်တကယ် မရှိသော နိုင်ငံတွင် မတရားသူ၊ ယုတ်မာသူတို့ ၊ အောက်လမ်းနည်းလမ်းတို့ဖြင် မတရားချမ်းသာနေသူတို့သာ မဲနိုင်ပေလိမ့် မည်တည်း။ အဲဒါကို ကမ္ဘာ့ကုလသမ္ပဂ္ဂ မှ နင်တို့က နောက်ဆုံး တစ်ပတ်နှစ်ပတ်မျှသော မဲရုံလုပ်ငန်းစဉ် တို့ကို ကြည့်၍ ရွေးကောက်ပွဲရလဒ်သည် တရားပါသည်ဟု တံဆိပ်တုံးထု အတည်ပြု လေရာ နင်တို့သည် ယုတ်မာသူ နည်းမျိုးစုံဖြင့် မတရားသူကို တရားသဖြင့် မှန်မှန်ကန်ကန် လုပ်ပါသည် ဟု အလိုတူ အလိုပါ ထောက်ခံ ချီးမြှောက်သူတို့ ဖြစ်မနေဘူးလား” ဟု ဖြစ်၏။  ထိုမေးခွန်းသည် ဟောပြောပွဲ ခန်းမ တစ်ခုလုံးကို တိတ်ဆိတ်သွားစေခဲ့ပြီး သူတို့က တုံ့ပြန်ရာမှာ “ မှန်ပါ၏ ။ တို့သိသော အပြင် ဗဟုသုတ အရ ထိုသို့ မတရားမှု များစွာ ရှိသည်ကို တို့သိပါ၏ ။ သို့သော် တို့ ကုလသမ္ပဂ္ဂသည် ချမှတ်ထားသော လုပ်ငန်းစဉ် သဘော အတွင်းသာ လုပ်ရသည် ဖြစ်ရာ တို့များကော ဒါတွေကို ဘာတတ်နိုင်အုံးပါမည်နည်း။ အင်း၊ အဖြေရှာရန် အလွန်ခက်သော တကယ့်ပြဿနာ ပေတည်း” ဟူသတည်း။

ဃ. ကမ္ဘာ့ စီးပွားရေး နိုဘယ်ဆုရှင် အမားတီးယားဆင်း မှ စိတ်ဆိုးမာန်ဆိုးဖြင့် နိုင်ငံရေးသမားများ၊ နိုင်ငံရေး ပညာရှင်များ ဆိုသူတို့ကို The Idea of Justice တွင် ဝေဖန်ခဲ့သည်မှာ “ နားလည်မှု အသိမရှိဘဲ အဆောက်အဦတို့ကို ပဓာန ပြုနေခြင်းသည် ဆင်ခြင်တုံ တရားပြည့်ဝလှပါသည်ဆိုသော သောက်ရူး (rational fools) တို့၏ အလုပ်သာတည်း” ဟူသတည်း ။ ဟိုင်းရက်၏ အလို လူ့စိတ်၏ လောကုတ္တရာ သဘောသဘာဝ ကို ထိုးတွင်း နားမလည်ဘဲ တစ်စုံတစ်ဦးသည် နိုင်ငံရေးရာ ဆိုသည်ကို သုံးသပ်နိုင်သည် မဟုတ်။ ဆရာဝန် တစ်ဦးသည် လူနာကို အပေါ်ယံခေါ်ကြကုန်သော မောင်ဖြု၊ မောင်မဲ စသဖြင့် မမြင်၊ အတွင်းတွင် လှိုက်စားပြိုပျက်နေသော ဇီဝကမ္ပ သဘောကို ပေါ်ပေါက်လာသော ရောဂါနှင့် အသေအချာ ဆက်စပ်၍ မြင်မှသာ ပြဿနာ ရင်းမြစ်ကို မြင်သော ပညာသည်၏ မှန်ကန်သော အမြင်ဖြစ်သလို နိုင်ငံရေးရာ နှင့် လူ့ဘောင်အဖြစ်အပျက်တွေ ၏ ပင်ရင်းပြဿနာကို သမာသမတ်ဖြင့် သုံးသပ်ကြည့်မြင်နိုင်ဖို့ ဆိုလျှင်  အပေါ်ယံမြင်နေရသော နိုင်ငံရေး အဆောက်အဦ (institutions) တွေ ဆိုတာမှာထက် လူ့စိတ်မနော၏ အာရုံကျမှု (sentiments) တို့ကို အခြေခံတကျ လောကုတ္တရာ (metaphysics) ရူဒေါင့်မှ ကျယ်ပြောနက်ရိုင်းစွာ နားလည်တတ်နိုင်ဖို့ လိုပါသည်။ ထိုသဘောနှင့် စပ်၍  ပြန်ဆိုသူမှ မြန်မာ အမျိုးသားရေး စိတ်ဓာတ်ဆိုသည်ကို လောကုတ္တရာ ရူဒေါင့်မှ အပြီးအပြတ် ရူတ်ချဝေဖန် ရေးသားထားသော Why your country has two names? V  တွင်လည်း ရူပါ။
            ကွန်ဖြုးရှပ်မှ ဆိုခဲ့သလို “ရှေးခါက လူတို့သည် အသိတရား တိုးတက်လာစေရန် ပညာရှာကြကုန်၏ ။ ယနေ့ခေတ်မှာမူကား လူတို့သည် ရုပ်ပြကောင်းရန် ပညာကို ရှာကြကုန်၏” ။  ထိုသို့ ရုပ်ပြကောင်းစေရန် သာလုပ်သော ပညာရေးကို သာမန်သျှံကာ လေ့လာမှုမျိုးသည် ယနေ့ချိန်ခါမှာဆို အမေရိကန်လို နိုင်ငံမျိုးမှာပင် အကြီးကျယ်ဆုံးသော ပြဿနာတွေ ထဲက တစ်ခုပါတည်း ။ ရုပ်ပြခြင်း နှင့် စပ်၍ ထင်လင်းလှသော ဥပမာမျိုးမှာ ယနေ့ အမေရိကန် ပြည်ထောင်စုတွင် များစွာသော သူတို့မှ နိုင်ငံရေးဘောဂ ပညာရှင် ဆိုသူများအား တွေ့ဆုံမေးမြန်းခန်းများကို သေသေချာချာ မှတ်တမ်းတင်ထားပြီး ထောက်ပြကြသည်မှာ အမေရိကန် အစိုးရ ၏ အတိုင်ပင်ခံ နိုင်ငံတော် စီးပွားရေးပညာရှင်ကြီး ဆိုသူတို့ သုံးသပ်ပြီး ဆုံးဖြတ်သော အချက်များသည် အကြီးအကျယ် မှားယွင်းနေသည့် အပြင်၊ ပြဿနာက တခြား သူတို့ထင်နေတာက တလွဲ မကြာခဏ ဖြစ်နေခြင်းပေတည်း။ ဤသည်မှာ မဆန်း၊ ဟိုင်းရက်က အလေးအနက် ဆိုခဲ့သည်မှာ လူ့ဘောင် တစ်ခုလုံး နှင့် ဆိုင်သည့် ဝါဒကို ချပြရသော သည်ကိစ္စမျိုးသည် လောကုတ္တရာ ရူဒေါင့် (metaphysics) မှ စာနာနားလည်ခြင်း မရှိဘဲ သုံးသပ်ကောက်ချက်ဆွဲလျှင် သူတို့သိသော ဒေါင့်တစ်ခုတည်းမှ နားလည်ရူမြင်တတ်သော ပညာသည်တို့သည် မျက်ကန်း ပုဏ္ဏားတွေ ဆင်စမ်းသလို တလွဲတချော်တွေ ပြောနေလိမ့်မည် သာတည်း။

င. ဝီလျံဂျိမ်း၏ The Varieties of Religious Experience တွင် ကွေကာ ဘာသာတရား (အနှစ်အားဖြင့် “ယုံကြည်သူ အားလုံးသည် ရဟန်း သာဝကချည်း သာတည်း”) ကို တည်ထောင်ခဲ့သူ ဂျော့ဖော့ သည် ကယောင်ကတမ်း မြင်ကြားနံသိခြင်း (schizophernic) ရောဂါ ဝေဒနာသည် တစ်ဦးဖြစ်ကြောင်းကို ဖော်ပြထားသည်မှာ ဤသို့တည်း

" ငါသည် သူငယ်ချင်း တော်တော်များများ နှင့် လမ်းလျှောက်နေခဲ့သော အခါတွင် ခေါင်းမတ်ပြီး ကြည့်လိုက်ရာတွင် ငါ မြင်တွေ့လိုက်သည်မှာ ကြောင်လိမ်သုံးဆင့် ဖြင့် မိုးထားသော ဘုရားကျောင်း အိမ်တော် ဖြစ်ပြီး ၄င်းတို့သည် ငါ့ဘဝကို လှုပ်နိုး ရိုက်ခတ်ခဲ့ပါလေပြီ။ သူငယ်ချင်းတို့ကို သည်နေရာဟာ ဘာပါလိမ့်လို့ ငါမေးလိုက် ပါ၏ ။ သူတို့က လစ်ဖီး ဟု ပြောပါသည်။ တစ်ခါတည်းကို ဘုရားသခင် ဆိုသော စကားလုံးသည် ငါ့ဆီ ရောက်လာခဲ့ပြီး အဲသည် နေရာကို ငါသွားရပေလိမ့်မည် ဟု နိုးဆော်နေပါ၏ ။ ငါတို့ အိမ်တော်ရှိရာသို့ ရောက်လာသော အခါတွင် ငါ့တွင် ဆန္ဒ ဖြစ်ပေါ်လာမိသည်မှာ  သူငယ်ချင်းတို့ အိမ်တော်ထဲသို့ ဝင်သွားစေလိုပြီး ငါ ဘယ်ကို သွားမလဲ ဆိုတာကို သူတို့ကို မပြောလိုခြင်း ဖြစ်ပါ၏ ။ သူတို့ သွားလေကုန်သည်နှင့် ချက်ချင်း ငါ ဖဲထွက် လာခဲ့ပြီး ခြံစည်းရိုး နှင့် မြောင်းတစ်လျှောက်ကို မျက်လုံးတစ်ခေါ်ကြည့်ရင်း ငါစိုက်ရောက်လာ ခဲ့သည်မှာ လစ်ဖီး ကနေ တစ်မိုင်အတွင်းခန့် ပေါက်ရောက် ခဲ့ပြီး ဖြစ်ပါ၏ ။ အဲသည်မှာ သိုးထိန်းတို့သည် ဖွေးဖွေးလှုပ်နေသော သိုးတို့ကို ထိန်းကျောင်းနေကြပါသည်။ ဘုရားသခင်ကနေ ငါ့အား ဖိနပ်တို့ကို ချွတ်ရန် ပြောသော အမိန့်တော်ကို ကြားနာလိုက်ရပါ၏ ။ ကာလသည် ဆောင်းအခါ ဖြစ်သဖြင့် ငါသည် မချွတ်သေးဘဲ ဆက်ရပ်နေမိ ပါသော်လည်း ဘုရားရှင်၏ စကားတော်သည် ငါ့အတွက် မီးလူံရသဖွယ် ဖြစ်ပါ၏ ။ သို့နှင့် ငါသည် ငါ့ဖိနပ် တွေကို ချွတ်ပြီး သိုးထိန်းတို့ နှင့် ချန်ထားရစ်ခဲ့ရာ သနားဖွယ်ကောင်းသော သိုးထိန်းတို့သည် တုန်လှုပ်ကုန် ကြပြီး အံအားသင့်ကုန်ကြ လေသည်။ ထို့နောက် ငါသည် မြို့တော်အတွင်း တစ်မိုင်ခန့် ဆက်လှမ်းလျှောက်ခဲ့ရာ ဘုရားသခင်၏ စကားတော်သည် ငါ့ထံ တစ်ခေါက် ထပ်ရောက်၍ ပြောသည်မှာ “သွေးစွန်းသော လစ်ဖီးမြို့တော်ကို ဝိုး လိုက်စမ်း (လိုက် ဆော်သြလိုက်စမ်း) ငါ့ သားတော်” ဟု ကြားရလေရာ ငါလည်း လမ်းတွေကို ထက်အောက်စုန်ဆန် ပြီး “သွေးစွန်းသော လစ်ဖီးမြို့တော်ကို ဝိုး လိုက်ကြစို့” ဟု  ကျယ်လောင်သော အသံဖြင့် လိုက်အော်ခေါ်နေခဲ့ မိပါသည်”

မြန်မာ့သမိုင်းတွင် ထင်ရှားခဲ့သော ရဲဘော်သုံးကျိပ်ဝင် ဗိုလ်တာရာ၏ ပါရမီ စခန်း ပညာလမ်းနှင့် ကတိသစ္စာ ဗိုလ်တာရာ တွင် ဖော်ပြထားသော ဗိုလ်တာရာ မှ စတုမဟာရာဇ် နတ်မင်းကြီး နှင့် တွေ့ပုံမျိုးမှာ ပြန်ဆိုသူတို့ ဆေးပညာရှင် အမြင်အားဖြင့် Schizophernia (စိတ်ထင်ယောင်ထင်မှား ဖြစ်သော ဝေဒနာ) ကို သေချာပေါက် သံသယ ရှိပါသည်။ ထို့နည်းတူ ဗိုလ်ချုပ်ခင်ညွန့် ဘုန်းမီးနေလ တောက်စဉ်က ကောလာဟလတို့ ကို ယခု ပြန်ဆိုသူမှ တပည့်တစ်ဦးထံက ကြားသိဖူးသည်မှာ ကိုခင်ညွန့်သည် မိမိကိုယ်ကို နတ်မင်းကြီးလေးပါး သံလျက်ကိုင်ပြီး စောင့်သည် ဟု ယုံကြည်နေသည် ဟူသတတ်။ အကယ်၍ ထိုကောလာဟလတို့သည် မှန်သည် ရှိသော် သူ့ကိုလည်း Schizophernic ဝေဒနာသည် စာရင်း သွင်းအပ်သည် သာတည်း။ ထို စိတ္တဇ ဝေဒနာ မဟုတ်ပါလျှင်လည်း မူရင်းစာရေးသူ မှ နောက်အကြောင်း တစ်ခု ပြခဲ့သလို လောကုတ္တရာ အမြင်အား နှင့် ဝေဖန်စဉ်းစားနိုင်သော ဥာဏ်အား နဲပါးနေခြင်း၊ ထို့ထက် ပိုဖြစ်နိုင်သည်မှာ ယင်း အကြောင်းနှစ်ခုလုံး ရောထွေးသက်ရောက်နေ နိုင်ပါသည်။ နောက်အကြောင်းဖြစ်သော လောကုတ္တရာ အမြင်အား နှင့် ဝေဖန်စဉ်းစား နိုင်သော ဥာဏ်အား နဲပါးနေခြင်း ဆိုသည်မျိုးမှာ ဆင်ဖြုတော်ရူးခဲ့သော ကိုခင်ညွန့်၏ ဖြစ်အင်ကို ကြည့်လျှင် အလွယ်ပင် သိသာနိုင်ပါ သတည်း။

စ. သည်သတိပေးချက်တွင်  ဟိုင်းရက်သည် ဗုဒ္ဓဘာသာ၏ လောကုတ္တရာ ဝါဒ နှင့် တစ်ထပ်တည်း အခြေခံ၍ ယူငင်သုံးသပ်ထားသော အကြောင်းရပ် နှစ်ခု ပါဝင်နေသည်ကို ကိုးကားပြဆိုပါမည်။ ပထမတစ်ခုမှာ “ဘယ်တော့မှ မပြည့်နိုင်သော ကျွန်တော်တို့ အားလုံး၏ အမြဲလိုနေသော စိတ်အလို ဆိုသည့် ဒုက္ခသစ္စာ”  ဖြစ်ပြီး ဒုတိယတစ်ခုမှာ ဗုဒ္ဓဘာသာ ဂိုဏ်းအားလုံး က တစ်ညီတစ်ညွတ်တည်း ပြဆိုသည့် “ဘဝဆိုသည်မှာ မြုခိုး နှင့် အိပ်မက် တို့လို ထင်ယောင်ထင်မှား ဖြစ်နေသော သဘောသာတည်း” ဆိုသည့် အကြောင်းရပ်တို့ ဖြစ်ပါ၏ ။
ပထမ အကြောင်းရပ်နှင့် စပ်၍  ဈင် ဗုဒ္ဓဘာသာ ဂိုဏ်းမှ တရားပြ ဆရာတစ်ဦးလည်း ဖြစ်၊ ကမ္ဘာ့ ထိပ်တန်း ဗုဒ္ဓဒဿန ပညာရှင် တစ်ဦးဆိုလည်းဟုတ်သူ ပရောဖက်ဆာ ဒေးဗစ်လွိုင်း မှ ကျွန်တော့်အား ပြန်ဆိုရေးသားပေးရန် မေတ္တာရပ်ခံထားသော Money, Sex, War, Karma: Notes for a Buddhist Revolution မှ အရေးကြီးဆုံး မိတ်ဆက်စာသား တစ်ချို့ကို ထုတ်နုတ်ပြပါမည်။

            “ ဒုက္ခကို နာကျင်ခံစားရမှုဟု ပြန်ဆိုတတ်ကြသော်လည်း အဲသလို ပြန်ဆိုခြင်းသည် အလွန်တရာ ကျဉ်းမြောင်းသော ပြန်ဆိုမှု ဖြစ်ပါ၏ ။ ဒုက္ခသစ္စာက ပြောသော ရည်ရွယ်ရင်းအချက်မှာ ဘယ်လောက်ပဲ ချမ်းသာချမ်းသာ၊ ဘယ်လောက်ပဲ ကျန်းမာရေး ပြည့်စုံသူ ဖြစ်ဖြစ် သတ္တဝါဟူသမျှသည် အခြေခံအားဖြင့် မကျေနပ်နိုင်ကြခြင်း ဆိုသည်ကို ပေတည်း။ dis-ease (dis = ချို့ယွင်းနေခြင်း , ease = သက်သာရာရမှု) “သက်သာရာရာရမှု ဟူ၍ မဆောက်တည်နိုင်ခြင်း” ဟူသော အနာရောဂါသည် ဆက်တိုက် ပြည်တည်လာခြင်း ပေတည်း။ ငါတို့သည် ဘဝကို မကျေနပ်မတင်းတိမ် နိုင်ပဲလျက်နှင့်သာလျှင် မြင်တွေ့ကြရကုန်၏ ၊ ကျိန်ဆဲမိသော ပြဿနာ တစ်ခု ပြီးသွားလျှင် နောက်ပြဿနာ တစ်ခု ထပ်မံ တက်လို့လာသော သဘောသည် တိုက်ဆိုင်မှု မဟုတ်ပါ — အဘယ်ကြောင့်ဆိုသော် အနှစ်တစ်ခု ရှိနေသည်ဟု စွဲနေသော (ကျွန်ုပ်တို့၏) သဘာဝအခံသည် အမြဲလိုလို တစ်စုံတစ်ရာကို ကြောင့်ကြနေမြဲ ဖြစ်သောကြောင့် သာတည်း။
            ဒုတိယ အကြောင်းရပ်နှင့် စပ်၍ ဖြန့်ဝေဆက်ကြားသူ မှန်သမျှအား အတိုင်းမသိသော ကောင်းကျိုးကုသိုလ်ကို ရစေသည် ဆိုသော  ဗုဒ္ဓ လောကုတ္တရာဝါဒ၏ မဏ္ဍပ်အလံတိုင် ဖြစ်သည့် စိန်သုတ္တ ကို ဈန်းကျန့် ရဟန်းတော် (မျောက်မင်းဝူခုံး နှင့် ခရီးသွားခဲ့သည် ဆိုကာ ရုပ်ရှင်ရိုက်ပြသလို ဗုဒ္ဓဘာသာသမိုင်းတွင် တကယ်အထင်ကရ ထင်ရှားရှိခဲ့သည့် အိန္ဒိယမှ ပိဋကတ်တော်များကို တရုတ်ပြည်သို့ ပင့်ဆောင်ခဲ့သည့် ကိုယ်တော်) ၏ မူရင်း ပြန်ဆိုမှုကို ဖော်ပြအပ်ပါသည်။

“သင်္ခါရ တည်း ဟူသော ပြုပြင်စီရင်ခြင်းကြောင့် ဖြစ်ရသော အဖြစ်အပျက် အားလုံးသည် အိပ်မက်သာတည်း ။ မသိမိုက်မှား နေခြင်းသာတည်း ။ ပူဖောင်း နှင့် အရိပ်တို့သာတည်း ။ ယင်း အဖြစ်အပျက်တို့ကို (လျှောကျသော) နှင်းစက်ရေ ကဲ့သို့လည်းကောင်း လျှပ်ပြက် သကဲ့သို့လည်းကောင်း သိမြင် သုံးသပ်ရာ၏” 

            တစ်ချို့သော ခေတ်ရှေ့ပြေး ဗုဒ္ဓဘာသာပညာရှင် တို့သည် ဗုဒ္ဓ၏ လောကုတ္တရာ ဝါဒဟူသည် တစ်ကိုယ်ရေ အေးချမ်းရေးကိုသာ ရှေးရူတတ်ကြသဖြင့် လောကီ လူမှုရေး၊ နိုင်ငံရေးရာ အယူအဆတို့အတွက် အသုံးမဝင်ဟု ရူမြင်တတ်ကြ ကုန်၏ ။ ဖော်ပြပါ ထင်ရှားလှသော ကျောရိုးအယူအဆ နှစ်ခုလုံးကို ဟိုင်းရက်မှ တစ်သွေမတိမ်း တူညီစွာ အခြေခံထားသည်ကို ရူထောက်သဖြင့်လည်း ကျွန်တော်တို့ အတင်းမှိတ်ထားခဲ့သော မျက်စိတို့ကို ဖွင့်ကြည့် ကြပါကုန်။ ကျွန်တော်တို့သည် တရားဓမ္မတို့သည် အကြိမ်ကြိမ် အဖန်ဖန် ကြားနာနေခဲ့ရပေမယ့်လည်း ဆက်စပ်မစဉ်းစား မရှာဖွေတတ်သဖြင့်သာ လူမှုရေး နိုင်ငံရေး မူဝါဒ ကျောရိုးအယူအဆ အခြေခံတို့ကို မိမိ ကောင်းစွာ ထိတွေကျင်လည်နေကျ တရားဓမ္မမှ ယူငင်သုံးစွဲရကောင်းမှန်း မသိကုန်။ နွားကို အဖန်တရာ ကျောင်းသော နွားကျောင်းသားသည် နွားရှင်ဖြစ်လာအောင် ဘယ်လိုလုပ်ရမည် ဆိုသော အချက်ကို မသိသလို မျိုးပါတည်း။

ဆ. ဖရီးရှန် ကျောင်းမှ ဆိုဖစ်ဝါဒ (moral relativism) သည် နာဇီဝါဒ၏ အခြေခံဖြစ်သည် ဆိုသည်ကို အကျယ်တဝင့် သုံးသပ်ဆွေးနွေးထားပါသည်။ ဆိုဖစ်ဝါဒ၏ သဘောအချုပ်မှာ ဤသို့တည်း။
“အမှန်တရားသည် ကြည့်ရူသူ၏ ရူဒေါင့်တွင်သာ တည်၏။ ထို့ကြောင့်သူ့နည်း သူ့ဟန်မှန်သည် သာတည်း (relativism) ။ အားကြီးသူ အားသာသူသည် အမှန်တရားကို ဆုံးဖြတ် သတ်မှတ်နိုင် သည်သာတည်း။ အမှန်တရား ဟူသည် အပြင်ပန်း အသွင်အပြင်၏ နှစ်လိုစဖွယ်ကောင်းမှု နှင့် သဘောတူညီနိုင်မှု အပေါ်တွင် သာတည်၏ ။ လုပ်ပိုင်ခွင့်ကို တိုးတက်ရယူနိုင်ခြင်းသည် မှန်မမှန်ကို အပြီးသတ် ဆုံးဖြတ်နိုင်သော တန်ဖိုးဖြစ်၏”

သည်မှာလည်း မြန်မာပြည်တွင် အခြေခံဥပဒေသည် သာလျှင် ထွက်ပေါက်ဖြစ်၍ ထောက်ခံပါသည် ဆိုသော (ကွာစိ) ပညာရှင် ဆိုသူတို့သည်လည်းကောင်း၊  ၂၀၁၀ တွင် ရွေးကောက်ပွဲဝင်ခဲ့သူတို့ သည် လည်းကောင်း သူတို့ အပင်ပန်း ကြွေးကြော်သော  လစ်ဘရယ်ဝါဒ၊ ပြုပြင်ပြောင်းလဲလိုမှု ဆိုသည်ထက် တကယ့် အခြေခံ စိတ်အယူမှာ (လစ်ဘရယ်ဝါဒ နှင့် လုံးဝတလွဲ ဆန့်ကျင်ဘက်ဖြစ်သော) sophist တို့ကဲ့သို့ အားကြီးသူမှ တရားဝင် အတည်ပြုခံရခြင်းကို အမှန်တရားဟု သတ်မှတ်နေသည် ဖြစ်ကြောင်းကို ပြဆိုခဲ့သော ဒဿန ပညာ ရူဒေါင့်မှ နားလည်သူတစ်ဦးသည် မုချ စွဲဆိုနိုင်ပါသတည်း။
သည်နေရာမှာ တစ်စုံတစ်ဦးသည် ဤသို့ အတွန့်တက်နိုင်ပါသည်။ “ ‘ကကြီး’ ကို တည့်တည့် မကြည့်ဘဲ ဟိုဘက်က စောက်ထိုးကြည့်၍ ‘ယပလက်’ ဟု မြင်လျှင် အဲသလိုမျိုး မြင်တာကို အမှန်ဟု ပြောပိုင်ခွင့် ရှိသည်ပဲ” ။ ဟုတ်ကဲ့ အဲသလိုမျိုး မြင်ပိုင်ခွင့် လူတိုင်းမှာ သူ့ ရူဒေါင့်နှင့်သူ ရှိပိုင်ခွင့် မရှိမဟုတ် ရှိပါသည်။ ဒါပေမယ့် အဲသလို သူ့ရူဒေါင့် ကျဉ်းကျဉ်းလေး အတွင်းမှသာ valid  မှန်ကန်သလို ဖြစ်နေခြင်းမျိုးကို  အားလုံးအတွက် အမှန်တရား ဟူပြီး အမှန်ကို တရားလုပ်လာပြီး  ဒါ အမှန်တရားပဲ ဟု ပြောဆိုလို့ မရပါသတည်း။ နောက်တစ်ချက်မှာ အသီးသီး အသက သူ့ရူဒေါင့် အတွင်းတွင်သာ မှန်ကန်နေမှုမျိုးသည် ရူဒေါင့် အလုံးစုံကို စားပွဲပေါ်ချ၍ ကဲ အဲဒါဟာ ဘာလဲဆိုတာ တိတိကျကျ ပြောစမ်း ဆိုသော မေးခွန်းမျိုးကို ဖြေနိုင်သော အကြောင်းခြင်းရာ မဟုတ်၍ ပါတည်း။ ပမာအားဖြင့် ဆိုသော် ငတ်သူသည် ငတ်သည့် ရူဒေါင့်ကဆို ခိုးခွင့်ရှိသည်ပဲ။ ထိုမှတက်၍ လိင်မုန်ယိုသူသည် လိင်မုန်ယိုသည့် ရူဒေါင့်ကဆို တွေ့ရာလူကို ပြစ်မှားပိုင်ခွင့် ရှိသည်ပဲ၊ ကွန်မြုနစ်တို့ကဆို ဘုန်းကြီးဆိုတာ စီးပွားရေးထုတ်လုပ်မှု ရူဒေါင့်ကဆို အသုံးမဝင်၊ သည်ကတုံးတွေကို လူထွက်ခိုင်းပြီး အလုပ်လုပ်ခိုင်းမှ ဆိုတာ မျိုးသည် မှန်သည်ပဲ ဟု “မှန်သည်ပဲ” များစွာကို မပြီးမဆုံး အတည်ပြု ပေးနေရပါလိမ့်မည်။ ဤ moral relativism ၏ သဘောသည် ထမင်းလွယ်လွယ်ကူကူ ဝလေ့ရှိသဖြင့် အမှန်တရားဆိုတာ လွယ်လွယ်လေးပဲ ဟု ထင်တတ်ကြသော ကျွန်တော်တို့ မြန်မာများ အနေဖြင့် ရောထွေးလက်ခံသွားဖို့ရာ များစွာ နီးစပ်ပါသည်။ ဆင်ခြင်သိမြင်သဖြင့် ရှောင်ရှားကြပါကုန်။

ဇ. ဗိုလ်နေဝင်း၏ ဆိုရှယ်လစ် ခေတ်တွင် အဲသလို လူထုအာဏာ ဆိုပြီး လူတွေကို ကြောက်လန့်နေအောင် ခြောက်လှန့်ထားမှု မျိုးမှာ အသို့နည်းဟူမူ သူခိုးတစ်ယောက်ကို လူထုအားနှင့် သေအောင် ဝိုင်းရိုင်းနှက်ခြင်းကို တရားဝင် လူထုရိုးရာ အနေဖြင့် လွှတ်ထားခြင်းမျိုး ဖြစ်ပါ၏ ။ နောက် ဥပမာ တစ်ခုမှာ ညီမ၊ အမကို လာရောက် ပိုးပန်းသူ ဒါမှမဟုတ် မိန်းကလေးက လက်ခံသည့် ချစ်သူကို မိန်းကလေးဘက်မှ အကို မောင်များမှ သူတို့က မိန်းကလေးကို စော်ကားသည်ဟု ထင်လျှင် ထင်သလို မဟားတရား ဝိုင်းဘေကြခြင်း၊ အသက်ကိုပင် ရန်သတ္တရု ပြု၍ သတ်ကြခြင်းတို့ကို မြန်မာ့ယဉ်ကျေးမှု ရိုးရာလိုလို ဘာလိုလို နှင့် လွှတ်ထားခြင်းမျိုးတို့သည် Totalitarian (တစ်လုံးတစ်စည်းတည်း အုပ်ချုပ်လိုသော နိုင်ငံရေးစနစ်) တို့၏  အုပ်ချုပ်ခံ ပြည်သူမှ မသိသာသလောက် မင်းယုတ်မာ တို့က ဗြောင်တမင် အကွက်ချလုပ်ကြံဖန်တီးမှုတို့ ပေတည်း။
 သည်နေရာမှာ ရိုးရာဆိုသည့် စကား၏ သဘောကို နားလည်အောင် ပြောပြဖို့လိုပါလိမ့်မည်။ စင်စစ် ရိုးရာဆိုသည်မှာ လူ့စိတ်အခြေခံမှာ ရှိသော အကြမ်းထည် စရိုက်(instinct) တို့ကို လူအချင်းချင်း ယှဉ်တွဲနေထိုင် ဆက်ဆံပြုမူ ရာတွင် ယဉ်ကျေးသိမ်မွေ့လာအောင် သဘောတူညီ မာန်မာနချ ထိန်းကွပ်ပြုပြင်မှု သဘောသည် ရိုးရာ၏ ရည်ရွယ်ချက် စေတနာ ပေတည်း။ သည်မှန်ကန်သော ဖွင့်ဆိုချက်မှ ကျွန်တော်တို့ ကွဲပြားသေချာစွာ သိလာနိုင်သည်မှာ ကျွန်တော်တို့၏ အကြမ်းထည် စရိုက်တို့ ပြန်လည်ပေါ်လွင်လာသော သဘောတို့သည် ဘယ်သို့နည်းနှင့်မှ ရိုးရာယဉ်ကျေးမှု ဟူ၍ မဟုတ်နိုင်ပါသတည်း။ သူခိုးတစ်ယောက်ကို လက်ထဲမှာ ပစ္စည်းတွေ့ရုံနှင့် လူထုအားနှင့် အသာစီးယူ အနိုင်ကျင့်ရိုက်နှက်သော သဘောသည် မြန်မာ့နီတိ ယဉ်ကျေးမှုလား၊ ကျွန်တော်တို့၏ ဘိုးဘေးဘီဘင် လူရိုင်းတို့၏ အကြမ်းထည်စရိုက်တို့ ကျွန်တော်တို့မှာ ပြန်ပေါ်လာတာလား ဟု ထင်လင်းစွာ သိမြင်ခွဲခြား နိုင်ပါ၏ ။ ထို့အတူ မိမိ၏ နှမ ညီမကို လိင်သဘာဝ မနာလိုစိတ် ဖြစ်တာနဲ့ ယောက်ဖလောင်း ဆိုသူကို ဝိုင်းဘေခြင်းမျိုးသည် ရှေးယခင် ကျောက်ခေတ် သားသတ်မုဆိုးဘဝက လူသတ် အရိုင်းစရိုက်များ ကျွန်တော်တို့မှာ ပြန်ပေါ်လာခြင်း သာတည်း။ ထို အရိုင်းစရိုက်များကို မြင့်မြတ်ကောင်းမွန်ယဉ်ကျေးမှုကို ရှေးရူသည့် ဆင့်ကဲတိုးတက်လာခဲ့သော ရိုးရာ နှင့် ထပ်တူယူပြီး မှားယွင်းစွာ တွေးခေါ်ခြင်းမျိုးသည် မရှိအပ်ရာပါ သတည်း။ ဗိုလ်နေဝင်းမှ ရိုးရာဟု မှားယွင်းထင်မြင်စေခဲ့သော အရိုင်းစရိုက်သွင်းမှုတို့ကို နားလည်တတ်ကြပါကုန်။ မျက်စိရှေ့တွင်ပင် မှောက်တောက်ဖြစ်နေသော မှန်ကန်မြင့်မြတ်သည့် ရိုးရာကို ပြန်လည် ရှာဖွေ ကြပါကုန်။

ဈ. သည်နေရာတွင် မူရင်း အင်္ဂလိပ်စကားပြော ဆိုသူတို့ပင် နိုင်ငံရေးရာ ဝေါဟာရတွေကို ပြန်ဆိုနားလည်မှုမှာ ရောထွေးကုန်ရကား အင်္ဂလိပ်စကားသည် မိခင်ဘာသာ မဟုတ်သော ကျွန်တော်တို့ မြန်မာပညာရှင်များ အနေဖြင် ယင်း နိုင်ငံရေး ဝေါဟာရတွေကို ကိုယ်ထင်သလို လျှောက်ပြီး မပြန်ဖို့ လိုပါသည်။ စာဖတ်သူ၏ ပြန်ဆိုသူသည် အမေရိကန် တက္ကသိုလ်ကြီးတို့မှ ပါမောက္ခများစွာ နှင့် အချေအတင် ဆွေးနွေးခဲ့ရာမှာ သူတို့သည်ပင် သည်ကိစ္စတွေမှာ သေချာ လေ့လာဆည်းပူးထားခြင်း မရှိလျှင် အင်္ဂလိပ်စကား နှင့် လစ်ဘရယ်ဝါဒကို ဇွန်းကိုက်ပြီး မွေးလာသော ထိုသူတို့ပင် လုံးထွေးနေတတ်သော သဘောတို့ ပေတည်း။
            မြန်မာပြန်ဆိုမှုများ ထဲမှာလည်း ယခု ပင်ရင်းပညာရှင် ပြဆိုသလို အန္တရယ် ကြီးမားသော ပြန်ဆိုမှုတို့ ရှိနေပါသည်။ ဥပမာ လစ်ဘရယ်ကပြောသော “Equality” ကို “တန်းတူညီမျှ ရှိရေး” ဆိုပြီး ပြန်ဆိုခြင်းနှင့် ဒါ့ထက် ပိုပြီး ဆိုးဝါးသော ပြန်ဆိုမှုမျိုးကို ကျွန်တော် တွေ့ခဲ့ဖူးသည်မှာ ချား မွန်တက်စကျု၏ “ Separation of Powers” ကို “အာဏာကို ခွဲဝေပေးရေး” ဟု ပြန်ဆိုခြင်းမျိုး ဖြစ်၏ ။
            “တန်းတူညီမျှ ရှိရေး” ဟုဆိုလျှင် “တန်းအားလုံးကို တူအောင် နှင့် ရှိတာမှန်သမျှ ညီအောင်မျှ ရမည်” ဟု လူတို့က ယူခဲ့သော် အသို့လုပ်မည်နည်း။ ထိုသို့ လက်လွတ်စံပယ် ပြန်ဆိုခြင်းမျိုးသည် မလုပ်အပ်သည် သာတည်း။
            ဒါက တော်ပါသေးသည်။ သည့်ထက်ဆိုးသော “Separation of Powers” ကို အာဏာကို ခွဲဝေပေးရေး ဟု ပြန်ဆိုမှုမျိုးမှာ မူရင်းပညာရှင်မှ ယခုကျမ်းမှာ ပြနေသလို များစွာ စိုးရိမ်သော နိုင်ငံရေး လူမှုရေးရာ ကိစ္စမှန်သမျှကို အာဏာရှိခြင်းနှင့် တွဲပြီးမှသာ မြင်နေခြင်း မျိုးပေတည်း။ မွန်တက်စကျု က ပြောသော  “Separation of Powers” ၏ ရည်ရွယ်ရင်းစေတနာမှာ အာဏာကို တစ်လုံးတစ်စည်းတည်း မသုံးနိုင်စေရန် ခွဲထုတ်ပစ်ခြင်း ဖြစ်ပြီး သူ့အပိုင်းနှင့်သူ အာဏာကို ကန့်သတ်ထားခြင်း ဖြစ်၏ ။ အာဏာကို ကလေးတွေ မုန့်ဝေသလို လိုက်ပြီးဝေခိုင်းခြင်း မဟုတ်။ အဲသလို ဝေမယ်ဆိုလို့ကတော့ ကလေးတွေ မုန့်လုသလို သတ်ပွဲတွေ ဖြစ်နေပါလိမ့်မည်။ လက်ဝေခံမွေးသော ဒါမှမဟုတ်လည်း ချွေးသိပ်သော သဘောနှင့် အာဏာကို ခွဲပေးသော သဘောမျိုး ဖြစ်သည့် အာာဏာကို ဆန့်တန်းခွဲဝေခြင်း နှင့်  သူ့အပိုင်းနှင့်သူ အာဏာကို ကန့်သတ်ခြင်း Separation of Powers သည် သဘောရည်ရွယ်ချက် တစ်ခြားစီပေတည်း။ ပထမတစ်မျိုးသည် မကောင်းသော မည်သည့် “မာဖီးယား အဆင့်ဆင့်ကံကျွေးချ စနစ်” (decentralized tyranny)  ကိုမဆို နှင့် အံကိုက်ဖြစ်ပြီး ဒုတိယတစ်မျိုးမှာကား အဲသလိုမျိုး အစိုးရဟူသည် မာဖီးယား ဖြစ်မသွားရလေအောင် ဓမ္မစက်ဖြင့် ရန်သူမျိုးသင်းကို တိတိလင်းလင်း ချုပ်ကိုင်ထားခြင်း ပေတည်း။
            လက်ရှိ မြန်မာပြည်မှာလည်း အဲသလို မှားယွင်းသော ဖွင့်ဆိုချက်တို့နှင့် ရှေ့တန်းတင်လာသော Proportional Representation (အချိုးကျ ကိုယ်စားပြုရေး) ဆိုသည်မှာလည်း နိုင်ငံအတွက် အင်မတန် အန္တရယ် ကြီးမားသော အယူအဆတို့ ပေတည်း။ သိမှတ်ရန်မှာ ယင်း PR ဝါဒသည် ဒဿနသဘော မှာရော၊ လောကုတ္တရာ ဝါဒရေးရာသဘော မှာရော အခြေခံ အယူအဆတို့ လုံးဝမှားယွင်းနေသည့် အပြင် မြန်မာပြည်လိုမျိုး လက်နက်ကိုင် အဖွဲ့တွေ မှိုလိုပေါသော နိုင်ငံမျိုးတွင် လူယုတ်မာတို့ အမြဲတမ်း အာဏာပိုင် ဖြစ်နေမည့် အရေးပေတည်း။ ယင်း PR စနစ်ကို ဟိုင်းရက်မှ လုံးဝပယ်ချထားသော ဂျာမန်ဘာသာဖြင့် ရေးသားထားသည့် ဆောင်းပါး ရှိသလို ၄င်း၏ သူငယ်ချင်း ပေါ့ပါးမှလည်း အပြင်းအထန် ဆန့်ကျင်ခဲ့သည့် မဟုတ်တရုတ် ဝါဒပေတည်း။ PR စနစ်၏ မဟုတ်တရုတ် အတွေးအခေါ်အုတ်မြစ်တို့ကို အခြေခံမှ နေပြီး စနစ်တကျ ရိုက်ချိုးပြထားသည့် Dr. Ferdinand A. Hermens  ၏ Democracy or Anarchy? A Study of proportional representation. Notre Dame, IN: University of Notre Dame Press, 1941 (reprinted with a supplement by the author - New York: Johnson Reprint Corp., 1972) သည် PR စနစ်ကြောင့် ဂျာမနီတွင် နာဇီတို့ မည်ကဲ့သို့ အာဏာရယူ နိုင်ခဲ့ပုံကို အသေးစိတ် တင်ပြထားပြီး နိုင်ငံရေးရာကို သိမ်မွေ့နက်နဲသော ဒဿန အခြေခံဖြင့် ကျယ်ကျယ်ပြန့်ပြန့် သမာသမတ်ကျကျ စဉ်းစားနားလည်လိုသူ မြန်မာပညာရှင် အားလုံး လေ့လာထိုက်ပါသည်။
            တစ်ခုရှိသည်မှာ  မြန်မာပြည်တွင် နိုင်ငံပြု အယူအဆတို့ကို နားလည်မှုသည် တစ်စုံတစ်ရာသော အတိုင်းအတာထိ ရင့်ကျက်တိုးတက်လာမှု ရှိလာလျှင် အဆုံးသတ်တွင်မူ အတွေးအမြင် ကျယ်ဝန်းလာသော စစ်တပ်မှကော၊ မြန်မာ နိုင်ငံရေးပညာရှင်များ မှလည်းကောင်း၊ အရေးပါသော နိုင်ငံရေး သမားများမှ လည်းကောင်း PR စနစ်ကို လက်ခံဖို့တော့ ခက်ပါလိမ့်မည်။ သို့သော် သမိုင်း၏ လားရာဆိုတာ အတိအကျ ခန့်မှန်းနိုင်လောက်သော အရာ မဟုတ်ရကား လိုရမယ်ရ ကြုံကြိုက်တုန်း ယင်း PR စနစ်ကို ပြန်ဆိုသူမှ ဝေဖန်ထားသော ၂၀၁၂ ခု ရှစ်လ ရှစ်ရက်စွဲ ပေးစာ တစ်စောင်ကို တွဲထည့်ပေးလိုက်ပါသည်။ အဲသည်နေ့က လက်တန်းရေးလိုက်သော အတိုင်း မတည်းမဖြတ် ကူးပေးလိုက်သော စာဖြစ်သဖြင့် စာတောင့်နေပါလျှင်လည်း သည်းခံ၍ ဖတ်ရူကြပါကုန်။

“ကိုစိုင်းရေ                                                                                         
Proportional representation (ဝါ) မဲဆန္ဒရှင်များကို ကိုယ်စားပြုမှု အလိုက် အစိုးရဖွဲ့စည်းမှုတွင် အချိုးကျ ပါဝင်ရေး ဆိုတာ ယနေ့ မြန်မာ နိုင်ငံရေးမှာ ရှင်းလို့ မရတဲ့ ပြဿနာတွေကို များစွာ ခိုင်မာအောင် လုပ်ပေးသလို ဖြစ်သွားနိုင်တယ်ဆိုတာကို ကျွန်တော်တို့ သတိချပ်သင့်ပါတယ်။ စင်စစ် အင်္ဂလန် နှင့် နယူးဇီလန်မှာ သည် PR လှုပ်ရှားမှုတွေ စတင်ကတည်းက လွန်ခဲ့တဲ့ နှစ်ဆယ်ရာစု ခေတ်ရဲ့ ထိပ်တန်း တွေးခေါ်ပညာရှင် နှစ်ဦးဖြစ်တဲ့  Popper နဲ့ Hayek ဟာ သည်  မဇ္ဈိမပဋိပဒါ သဘော ဘယ်လိုမှ မဟုတ်တဲ့  PR system ကို  fundamentalist democratization အယူဝါဒ ( သောက်ရူး movement ) အဖြစ် အကြီးအကျယ် ရူတ်ချ ကန့်ကွက်ခဲ့တယ် ဆိုတာကို လည်း ကျွန်တော်တို့ သိထားသင့်ပါတယ်။
ကနေ့ခေတ် လစ်ဘရယ် ဝါဒနဲ့ ရှေ့  ဆောင် ပညာရှင်ကြီးတွေ ဖြစ်တဲ့ ဟိုင်းရက်နဲ့ ပေါ့ပါးဟာ ဘာလို့ PR ကို ရူတ်ချ ကန့်ကွက်ခဲ့သလဲဆိုတဲ့ အချက်ဟာ  မြန်မာပြည် NDF ခေါင်းဆောင်ဆိုသူတွေရဲ့  သာမန် ပြိန်းသလောက် အန္တရယ် များလှတဲ့  ရိုးရိုးတုံးတုံး အသိဥာဏ် (နိုင်ငံရေး အသိဥာဏ် အစစ်အမှန် ဆိုတာ Moral sense နဲ့  directly vary ဖြစ်ပါတယ်) မမြင်နိုင်လောက်အောင် အင်မတန် လေးနက်ပါတယ်။ ဒါကြောင့် သည်နေရာမှာ ကျွန်တော်  သူတို့ရဲ့   ဖွင့်ဆို ပယ်ချချက်ကို အနည်းငယ်မျှ ပြောပြလိုပါတယ်။
Popper ရော Hayek ရောဟာ ဒီမိုကရေစီ စနစ်ရဲ့ ကျိုးကန်း ကွဲပြဲကုန်မယ့် အန္တရယ် ကို အရေးကြီးဆုံး ထိန်းချုပ်ထားနိုင်မှုဟာ နိုင်ငံခေါင်းဆောင်တွေမှာရော ပြည်သူပြည်သား တစ်ဦးချင်းမှာပါ မဖြစ်မနေ ဖြစ်ထွန်းဖို့လိုတဲ့ Moral sense (ဝါ) Responsibility တာဝန်ကို အပြည့်အဝယူမှု လို့ သိမြင်ခံယူပါတယ်။ ဥပဒေပညာရှင် ဝေါင်းမတ်က ရယ်မောနာကျင်စွာ ဆိုခဲ့သလိုပဲ ဒီမိုကရေစီ ဆိုတာဟာ လွတ်လပ်မှုလို့ ဆိုပါရင် လူတွေကို (တကယ် မှန်မှန်ကန်ကန် လုပ်ဆောင်နိုင်တဲ့သူ တွေလားလို့) တန်ဖိုးဖြတ် ရလိမ့်မယ်၊ အဲသလိုမှ တန်ဖိုးမဖြတ်နိုင်ဘူး ဆိုရင်တော့ အားလုံး ဆေးရုံရောက်ကုန် ဖို့ပဲ ရှိပါသတဲ့။
ဒါကြောင့် အစိုးရဆိုတာ နိုင်ငံဝန်ထမ်းဆိုတာ နိုင်ငံ့တာဝန်ကို မှန်မှန်ကန်ကန် ထမ်းဆောင်နိုင်ရင်ထမ်းဆောင် ၊ အရည်အချင်း မရှိဘဲ မဟုတ်ကဟုတ်ကတွေ လုပ်လို့ကတော့ ပြည်သူလူထုက သင်းတို့ကို မြောင်းထဲ ချက်ချင်း ပို့နိုင်ဖို့ အတွက် ဒီမိုကရေစီ ဆိုတာ (Winston Churchill က ပြောခဲ့သလို) အတော်ဆိုးဝါးတဲ့ စနစ်တစ်ခု ဖြစ်ပေမယ့်လည်း သူ့ကို မတည့် အတူနေ ထားထားရခြင်း ဖြစ်ပါတယ်။ ဒီမိုကရေစီရဲ့ ပင်ရင်းရည်ရွယ်ချက်ဟာ အင်မတန် ဆိုးဝါး နေတဲ့ ၊ များစွာ ဆိုးဝါးသွားဖို့ ခြေလှမ်းလှမ်းနေတဲ့၊ ဒါမှမဟုတ်လည်း ဆန်ကုန် ပလ္လင်လေး ပိန်ဖျင်းတဲ့ မင်းဆိုး မင်းမိုက် မင်းလိမ် မင်းညာ မင်းပျက် တွေကို တမဟုတ်ချင်း လူထုအားနဲ့ (သွေးထွက်သံယိုမရှိဘဲ) ငြိမ်းချမ်းစွာ ဖြုတ်ချ နိုင်ဖို့သာ အဓိကဖြစ်ပါတယ်။ လူအများ နားလည် နေသလို စုံစီနဖာ လူကောင်းသူကောင်းတွေ  စံစားတော်ဝင်လာနိုင်စေရန် အလို့ဌာ ရွေးကောက်တင်မြှောက်ပေးဖို့ တည်ဆောက်ထားတာ မဟုတ်ပါဘူး။
ဒီမိုကရေစီစနစ်ကို ဖော်ဆောင်ရင် အစိုးရဆိုတဲ့ လူတွေကို လူထုဟာ အမြဲ တန်ဖိုးဖြတ် အမှတ်ပေးနေရပါတယ် ။ သည်မှာ ဘာလို့ ဖော်ပြပါ မဟာ ပညာရှင်နှစ်ဦးဟာ အပြင်းအထန်ကို ကန့်ကွက်ခဲ့သလဲ ဆိုတာ  ဘာလို့လဲဆိုရင် PR စနစ်ဟာ လစ်ဘရယ် ဝါဒရဲ့ အူမသည်းချာ အနှစ်သာရဖြစ်တဲ့ Moral sense (responsibility) ဆိုတာကို တက်နင်း ချေဖျက်နေပြီ ဆိုတာကြောင့် ဆိုတာကို ကျွန်တော်တို့ မြင်နိုင်ပါတယ်။ ဘာလို့လဲ ဆိုတော့ မင်းမိုက်မင်းပျက်တွေဟာ ဘယ်လိုပင် သောက်တလွဲတွေ လုပ်နေဦးတော့ PR စနစ်အရ သူတို့ဟာ (ဘယ်တော့မှ မပြုတ်စတမ်း) အချိုးကျ အမြဲ ပါဝင်လာမှာ ဖြစ်ပါတယ် ။ အဲသည် အချိုးကျ ပြဿနာဟာ  ကျွန်တော်တို့ ထင်သလောက် ပေါ့သေးသေး မဟုတ်ပါ။ သည် ပြဿနာဟာ ၁၇ရာစုကတည်းက နေရာဦးနေရာရတွေက အစဉ်အဆက် ယုတ်မာလာတဲ့ ရှေးဟောင်းပြဿနာ ဖြစ်ပါတယ် (ကနေ့ခေတ်မှာဆို ဘုန်းဘုန်း ကျရူံးနေတဲ့ အိန္ဒိယ ဒီမိုကရေစီဟာ အထင်ရှားဆုံး ဥပမာပါ ) ။  ဂျိမ်းမေဒီဆင်က Federalist စာတမ်းတွေမှာ  အရေးကြီးဆုံး အသိပေးခဲ့တာ အချိုးကျ ဆိုတာကို ဗဟို အစိုးရမှာ ပါဝင်လာစတမ်း ဆိုရင် အဲသည် အချိုးကျလောက် ကို လိမ်ဖို့ကောက်ဖို့ ဆိုတာ ဘာမှ ခက်ခဲတဲ့ ကိစ္စ မဟုတ်ပါဘူးတဲ့ ။ ဒါကြောင့်လည်း အချိုးကျလောက်လေးပါလားလို့ လိမ်လို့ ကောက်လို့ မရအောင် နိုင်ငံအဝှမ်း Popular vote နဲ့ Federal Level Government ကို ရွေးကောက်ဖို့ မဖြစ်မနေ လိုတယ်ဆိုပြီး အမေရိကန် သမိုင်းမှာ ကနေ့ခေတ်တိုင် အစဉ်အလာ အဖြစ် တွင်ခဲ့ခြင်း ဖြစ်ပါတယ်။ သည်နေရာမှာလည်း ကနေ့ လက်ရှိ မြန်မာလွှတ်တော်ရဲ့ အချိုးကျ အုပ်စုတွေကနေ သမ္ပတ တင်မြှောက်စတမ်းဆိုတာ ဦးသိန်းညွှန့်တို့ မဦးမချွတ်ကတည်းက အကြံကြီး စစ်အစိုးရဟာ အကြီးစား PR ကို လုပ်ထားပြီး ဖြစ်တယ်ဆိုတာ သိမြင်နိုင်ပါတယ်။
ပြဆိုခဲ့သလို အုပ်စုအလိုက် ကိုယ်စားပြုရေးဆိုတာ နဂိုကမှ အကြီးအကျယ် ဖန်တီးထားပြီး ဖြစ်တဲ့  ဆက်လက် ဖန်တီးလိုတဲ့ စစ်အစိုးရ ကိုယ်တိုင်ရဲ့ အကြိုက်ဖြစ်သလို ပြည်သူဖက်မှာလည်း  (အထူးသဖြင့် နိုင်ငံကြီးက ဝေလေလေပြည်သူ တွေလို အားအားယားယား Lobby မလုပ်နိုင် ကိုယ့်ထမင်းတစ်ခဲ ကိုယ်​လက်လှုပ်ရှာဖွေ စားရတဲ့) ကျွန်တော်တို့ အများပြည်သူအနေနဲ့ မိမိကို ကိုယ်စားပြုသူ ဘယ်သူလဲ ဆိုတာကို ဆုံးဖြတ်ပိုင်ခွင့် မရှိပါ။ ဘာလို့လဲဆိုတော့ အုပ်စုတွေကို လွှမ်းမိုးထားတဲ့ သူတွေက (များသောအားဖြင့် အုပ်စုတွေကို လွှမ်းမိုးထားတဲ့ လူတွေဆိုတာ အကျိုးအမြတ် တစ်ဖက်စောင်းနင်း ရထားပြီးသူ တွေ ဆိုတာကို နားလည်ထားအပ်ပါတယ်။ ငြိမ်းချမ်းရေး အဖွဲ့တို့ ၊ အမျိုးသမီးရေးရာ အဖွဲ့တို့ စသဖြင့်) အုပ်စုကို ကိုယ်စားပြုသူ ဘယ်သူလဲဆိုပြီး မင်းကြီး မှုးကြီး ခေါင်းဆောင်ကြီး ဆိုသူတွေက သူတို့ စစ်ကဲကို သူတို့ တင်မှာ ဖြစ်လို့ပါပဲ ။ နိုင်ငံကြီးတွေမှာ လူထုအားနဲ့ Liberalism ထွန်းလင်းမှုနဲ့ ဒါကို အတန်အသင့် တန်ပြန်ထားနိုင်ပေမယ့် မြန်မာပြည်လိုမျိုး လက်နက်ကိုင်အဖွဲ့တွေ ငြိမ်းချမ်းရေးအဖွဲ့တွေ မှိုလိုပေါတဲ့ နိုင်ငံမှာ ဒါမျိုးကို  ပြည်သူ့အားနဲ့ တန်ပြန် ထိန်းချုပ်ထားနိုင်မှုဟာ  စီးပွားရေး အခြေအနေအရရော လူထုနိုးကြားမှု အရရောပါ  ဒါမျိုး အခွင့်အလမ်း မရှိပါဘူး။ John Stuart Mill က ပြောသလို အုပ်စုတစ်ခုမှာ နေရာယူထားသူကို အခွင့်အရေးသာ ပေးလို့ကတော့ အဲသည် နေရာယူထားသူဟာ တစ်အုပ်စုလုံးကို သူ့အကြိုက်လိုက် လုပ်ပေးအောင် ၊ မဟုတ်တာတွေကို ဒါအမှန်တရားပါပဲ ဆိုပြီး လက်ခံသိမြင်လေအောင် လိမ်ညာဖန်တီးတော့တာ ပါပဲတဲ့ ။ မှတ်ကရော။ မြန်မာပြည်ကို PR နဲ့ ကိုယ်စားပြု ပါဝင်အုပ်ချုပ်မယ့် လက်နက်ကိုင်အဖွဲ့ ကိုယ်စားလှယ် တွေဟာ Mill က ပြောတဲ့ Theory ကနေ exceptionally လွှတ်မြောက်နေသူ ဘုရားလောင်း ရင့်မကြီးတွေ မဟုတ်တန်ရာပါဘူး။
တကယ်တော့လည်း Madison က ရေးခဲ့တဲ့ အမေရိကန် အခြေခံဥပဒေ ရဲ့ Popular government (Note this is opposed to proportional government) ဟာ Social Sciences မှာဆို အမှန်တရားကို စမ်းသပ်မှုကနေ အတိကျဆုံးဖော်ထုတ်ပေးနိုင်တဲ့  Randomization ရဲ့ statistical power ကို ယုံကြည် နှင်းအပ်ထားခြင်း ဖြစ်ပါတယ်။ မှန်ပါတယ်။ ရလေလိုလေ ပိုလိုချင်တဲ့ ပိုပိုခိုင်မာချင်တဲ့ မတရားနေရာရ လူသားရဲ့ အကောက်ဥာဏ် ပုံစံချ ဒီဇိုင်းအားလုံးဟာ မည်မျှပင် အခိုင်အမာ ခြေကုပ်ယူထားစေဦးတော့ ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင်တွေ အလွယ်ဆုံး အကြောင်းပြတဲ့ ဗုဒ္ဓရှင်တော်က လွယ်လွယ်လေး သုဘလုလင်ကို ဖြေကြားခဲ့တဲ့ ကံ (ဝါ) random ကို မကျော်လွှားနိုင်ပါဘူး ခင်ဗျား”

အထက်တွင် ကျွန်တော် မင်နီတားပြထားသော ကိစ္စတို့သည် ဘာကို ညွန်းပြနေသနည်း ဆိုသော် ယနေ့ မြန်မာနိုင်ငံရေး လမ်းကြောင်းတွင် ဆက်သွားမည့် ပင်မကျောရိုး “အထာ” တို့ကို သိမြင်နိုင်စေရန် ပေတည်း။ သည်နေရာမှာ နားလည်ရန်မှာ မြန်မာစစ်အာဏာရှင်တို့က “အပါးနပ်ဆုံး သူတွေသာ ဆက်လက် ရှင်သန်စတမ်း” ဆိုပြီး ပင်ရင်း စိတ္တစရိုက် မှ တုံ့ပြန်မှုသည် တိုင်းပြည် နိုင်ငံရေး သဘောတွင် “မာဖီးယား ကံကျွေးချ စနစ်” ကို မလွဲမသွေသလောက်ကို ဦးတည်သွားနေတာဖြစ်ပြီး ၄င်းကို ပညာရှင်များ အပါဝင် အများက ဒီမိုကရေစီ ဟု ထင်လာတတ်ခြင်းကို ပေတည်း။ သည် နေရာမှာ ပထမဆုံး စဉ်းစားတတ်ဖို့မှာ အစိုးရသည် စေတနာမှန် နှင့် ပြောင်းလဲသည်ဟု ကိုယ်စိတ်ထင်ရာ အလှအပ သဒ္ဓါတရားနှင့် ကြည်ညိုနေခြင်းထက် တကယ့် လက်တွေ့တွင် ဖြစ်ပေါ်နေသော အစိုးရဆိုသူ၊ ပြုပြင်ပြောင်းလဲရန် တက်ကြွနေသူ၊ တိုးတက်ပြောင်းလဲရန် ဥပဒေသစ်တို့ကို ပြုသူ (သို့မဟုတ်လည်း ဥပဒေပြုအမတ်တွေကို အိတ်ထဲထည့်ထားနိုင်သူ) ဆိုသူတို့သည်  မြန်မာပြည်၏ စီးပွားရေးကို အကြီးမားဆုံး ထိန်းချုပ်ထားသူ တို့ပင် ဖြစ်ကြောင်း ဆိုသည်ကို သတိပြု စဉ်းစားရန်ပေတည်း။
သည်နေရာမှာ အရေးကြီးဆုံး အသိပေးရမည်မှာကား မြန်မာပြည်၏ ပြဿနာသည် ဘာမှ နိုင်ငံရေး ပြဿနာ၊ တိုင်းရင်းသား ပြဿနာ၊ ဘာသာရေး ပြဿနာ တို့ မဟုတ်။ မြန်မာပြည်၏ တကယ့် ပြဿနာသည် သဟံဇာတ ကျိန်စာ (Resource Curse) ဟု ခေါ်သော စီးပွားရေး ပြဿနာ တစ်မျိုးတည်း သာတည်း။  မြန်မာစစ်တပ်သည် နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်သော “တပ်မတော်” မဟုတ်၊ ရေမြေတောတောင် တစ်ဝှမ်းက ရှိရှိသမျှ ဥစ္စာ၊ ကိုယ့်ဥစ္စာ ဆိုပြီး လုပ်ချင်လောဘတက်သည့် မသိလည်းခိုး သိလည်းခိုးသည့် ဆွေတစ်ရာ မောင်တစ်ကျိပ်သော သူခိုးဒမြ အကြီးစားတို့ကို ကာကွယ်ပေးထားသော မာဖီးယား ဂိုဏ်းအဆင့်မျိုး အသုံးခံ နေရခြင်း၊ မာဖီးယားဂိုဏ်း စင်စစ်ဖြစ်နေခြင်း ပေတည်း။ ပြန်ဆိုသူ၏ စာကြွင်းစာချဲ့ (ခ) တွင်လည်း မဟားတရား လွှမ်းမိုးထားနိုင်သော စီးပွားရေး အာဏာသည် နိုင်ငံရေး အာဏာနှင့် ထုတည်ကြီးမားစွာ ဆက်စပ်နေကြောင်း ပြထားသည်ကိုလည်း ဂရုတစိုက် ဖတ်ရူပါရန်။
သည်ဘက် ဒီမိုကရေစီခေတ်တွင် စစ်တပ်သည် ယင်းတို့၏ ပင်မ မာဖီးယား စီးပွားရေးအဆောက်အဦ တို့ကို မထိပါးသရွေ့၊ အခု မတရား ရှိပြီးသား စီးပွားရေးကို နိုင်ငံခြားပိတ်ဆို့မှုတို့ ပွင့်သွားခြင်းနှင့် အတူ ၄င်းတို့သည် တိုးချဲ့နိုင်သလောက် တိုးချဲ့နိုင်လာသရွှေ့ ဒီမိုကရေစီ နိုင်ငံရေးလုပ်ငန်းစဉ်  တို့ကို လွှတ်ထားမည် ဖြစ်သလို ပိုပိုပြီး ရစရာရှိသည့် စီးပွားရေး အမြတ်ကို မြင်ထားသောကြောင့် လက်ဝေခံမွေးခြင်း၊ ချွေးသိပ်ခြင်း တို့ကို “ရင်း”လုပ်မည်သာတည်း။ အဲသလို လုပ်လာခဲ့လျှင် အပေါ်မှာ ပြထားသည့် “နိုင်ငံရေးလွတ်လပ်လာမှု” ဆိုပြီး သောက်တလွဲ နားလည်မှုတို့ ဖြစ်သော အာဏာကို ခွဲဝေပေးခြင်း၊ PR စနစ်၊ တိုင်းရင်းသားများအတွက် အထူး အခွင့်အရေး ကမ်းလှမ်းမှုများ ဆိုသော မာဖီးယားကြီးမှ မာဖီးယားခွဲကလေးတွေ ကို လူကောင်းသူကောင်းတွေ အဖြစ် တော်သမုတ် မွေးထုတ်သော Totalitarianian democracy ကျင့်စဉ်တို့သည် ငါတို့ မြန်မာပြည်တွင် ပေါ်ထွန်းလာလိမ့်မည် သာတည်း။
အထူး နားလည်အပ်သည်မှာ အစိုးရဆိုသောသူသည် မည်သည့် အကြောင်းနှင့်မှ အာဏာကို ကလေးတွေ မုန့်ဝေသလို ခွဲဝေပိုင်ခွင့် မရှိ။ အာဏာဆိုသည်မှာ ပြည်သူလူထုမှသာ တိုက်ရိုက် အပ်နှင်းပိုင်ခွင့် ရှိ၏ ။ ထို့အတူ အာဏာကို ခွဲဝေခြင်းသည် အာဏာလျှော့သွားခြင်း မဟုတ်။ ဆတက်ထမ်းပိုး အာဏာရှိသူတို့ တိုးလာခြင်း၊ လူတစ်ဦးချင်းကို အနိုင်ကျင့်နိုင်သူတို့၊ မဟုတ်မတရားအလုပ်တွေကို တရားဝင်လုပ်လာနိုင်သူတို့ တိုးလာခြင်း ဖြစ်၏ ။ မှန်ကန်သည့် နိုင်ငံရေး လမ်းစဉ်ဆိုသည်မှာ အာဏာကို ခွဲကန့် ထား  (သူ့စည်းကိုယ့်စည်းခြားထား) သဖြင့် လူတစ်ဦးချင်းကို အကြွင်းမဲ့ ကာကွယ်ထားခြင်း နှင့် နိုင်ငံရေးအင်အားစု တစ်ဖက်သည် တစ်ခြားတစ်ဖက်ကို မဟုတ် မတရား မလွန်ကျုးလာစေရေး ဖြစ်ပြီး ဆိုခဲ့သည့် အာဏာကို ခွဲဝေပေးရေး၊ အချိုးကျ ကိုယ်စားပြု ရွေးချယ်တင်မြှောက်ရေး သို့မဟုတ်လည်း တိုင်းရင်းသား အခွင့်အရေး(ရည်ရွယ်ရင်းမှာ မာဖီးယား လက်နက်ကိုင် အချင်းချင်း စီးပွားရေးဓာတ်ကျသူ မိတ်ဆွေ အချင်းချင်း တို့၏ အထူး အခွင့်အရေး (ဝါ) အမေရိကန်မှအစ နိုင်ငံတကာအသိုင်းအဝိုင်းမှ သေချာ နားမလည်ဘဲ မှားယွင်းပြီး မြင်နေသော ဘယ်တုန်းကမှ ပြဿနာ မဟုတ်ခဲ့သည့် minority rights ) စသည့် ရိုးသားစွာ လုပ်ကိုင်ရှာဖွေစားသောက်လိုသူ ပြည်သူအပေါင်း၏ လွတ်လပ်မှုကို တိုးပြီး နှိပ်စက်လာမည့် အာဏာအမျိုးမျိုးတို့ ပိုပိုပြီး ကြီးလာသော အာဏာဝေ နိုင်ငံရေးလုပ်ငန်းစဉ် နှင့် တစ်ခြားစီပေတည်း။  ဤမူရင်းအခန်း၏ သိမ်မွေ့နက်နဲသော ပြဆိုချက်များကို နားလည်သူ တစ်ဦးသည် မိမိနိုင်ငံအတွက် ဤသို့ မှန်ကန်စွာ သုံးသပ်နိုင်စကောင်းပါ၏ ။ တန်ဖိုးကြီးမားသလောက် တစ်သက်လုံး သုံးမကုန်သုံးစွဲသွားနိုင်သော ဤကျမ်းစာ မူရင်းစာသားတို့၏ ရသအနက်တို့ကို ဖြည်းဖြည်းစဉ်းစား လေ့လာဖတ်ရူကြပါကုန်။
သည်မှာ တိုင်းရင်းသားအရေး (minority rights) ဆိုကာ ရောထွေးပြီး မာဖီးယားလက်ဝေခံ ဝါဒ ထွန်းကားမည့်အကြောင်းကို ပြောရခြင်းသည် ဥစ္စာ၊ အာဏာ နှင့် လက်နက် သုံးမျိုးပေါင်းလျှင်  မည်သည့် တိုင်းရင်းသား မဆိုသည် “တရားဝင် မာဖီးယား” တွေ လုပ်လာဖို့ရာ မလွဲသေချာသည့် အတွက်ကြောင့်ပါတည်း။ ဗိုလ်ခင်ညွန့် တန်ခိုးထွားစဉ်က လုပ်ခဲ့သည့် ငြိမ်းချမ်းရေး လက်နက်ကိုင်အဖွဲ့တို့၏ “တရားဝင်မှု” သည် မျက်နှာမွဲ ပြည်သူလူထုကို မဆိုထားနှင့် ရဲတပ်ဖွဲ့ နှင့် တပ်ရင်းတပ်မတို့ကပင် ကြောက်နေရပြီး သင်းတို့သည် ဥပဒေမှ အထူးစပယ်ရှယ် ခြွင်းချန်ထားသော လူများအဖြစ် ထင်သလို နိုင်ငံ့ စီးပွားရေး လူမှုရေးတို့တွင် နှစ်ရှည်လများ ပြုကျင့်လာသော ကိစ္စတို့ကို ဘာလို့  ပြုပြင်ပြောင်းလဲမည့် သူရဲကောင်းများ အဖြစ် ကနေ့ခေတ်တွင် လက်ခမောင်း ခတ်လာသူတို့သည် မဝေဖန်ရဲကြပါသနည်း။ အစိုးရနှင့်တကွ ယနေ့ခေတ် စေ့စပ်ပြုပြင်ပြောင်းလဲရေးသမားဆိုသူများ အသေအချာ နားလည်ရန်မှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဆိုသည်မှာ တိုင်းရင်းသားအားလုံး လှည်းနေလှေအောင်းမြင်းဇောင်းမကျန် လူတစ်ဦးချင်း အကြွင်းမဲ့ ငြိမ်းချမ်းရန် (ဝါ) မည်သည့် လက်နက်အာဏာရှိသူကမှ တစ်ဦးတစ်ယောက်ကှို ဥပဒေမဲ့ စည်းလွတ်ဝါးလွတ် အနိုင်ကျင့်ခြင်း အလုပ်မခံရရေး ရည်ရွယ်ချက် တစ်ခုတည်းပေတည်း။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဆိုသည်မှာ တိုင်းရင်းသားတစ်ဖွဲ့တစ်စု၏  ငြိမ်းချမ်းရေး မဟုတ်သလို ထို့ထက် ဆိုးသည်မှာကား တိုင်းရင်းသားခေါင်းဆောင် ဆိုသူတွေ၏ ငြိမ်းချမ်းရေးဟု ထင်နေခြင်းမျိုး ပေတည်း။ အဲသလို ထင်မြင်ခြင်းမျိုးနှင့် ငြိမ်းချမ်းရေးကယ်တင်ရှင်ကြီး လုပ်လိုသော နိုင်ငံရေးသမား ဆိုသူတို့က တိုင်းရင်းသား အခွင့်အရေးဟု ပြောလာခြင်းမျိုးသည် နိုင်ငံရေးဆိုသည်ကို အပေးအယူ ပါးနပ်ဖို့လိုတာလို့ ထင်နေခြင်းမျိုးဖြစ်ပြီး နိုင်ငံပြု ဖြစ်စဉ်၏ အခြေခံအကျဆုံး တည်ဆောက်ရမည်မှာ လောကပါလတရား ဆိုသည်ကို သင်းကယ်တင်မည့်သူ ဆိုသူတို့သည် ဆိုးဆိုးဝါးဝါးကို နားမလည်ခြင်း ပေတည်း။
စစ်မှန်သော အသိပညာနှင့် စေတနာ ရှိသူဟူသည်  “အပေးအယူ” ဆိုသော ရစရာရှိတာကို ကြိုတင်ချိန်ရွယ်မှန်းဆထားသည့် နိုင်ငံရေးကို မလုပ်။ မိမိက သီးသန့်တစ်ခုခုကို မမှန်းဆထားပဲ ပေးလေ့ရှိသည့် နိုင်ငံပြုခြင်းကို  ကြိုးစားကြကုန်၏ ။ နိုင်ငံပြုခြင်းဟူသည် မိမိနှင့် တကွ လူအပေါင်းတို့၏ အသိမိုက်မဲမှုကို ပယ်ဖျောက်ခြင်းပေတည်း။ ငါတို့ မြန်မာတို့တွင် နှစ်ပရိဒေစ္ဆ များစွာ လွှမ်းမိုးနေသလောက် မဖြစ်မနေ အမြစ်ပြတ် ပယ်ဖျောက်ရမည့် အသိမိုက်မဲမှုကို သိလိုသပဆို  လော့အက်တွန်က မာရီကို ပြောခဲ့သော စကားသည် ကောင်းလှသလောက် အပေါ်မှာ ဖွင့်ဆိုပြခဲ့သော သဘောအားလုံး တို့ကို အနှစ်ချုပ်ပေးလိုက်သည့် အရေးကြီးဆုံး ရည်ညွန်း ကပေတည့်

 “ မာရီရေ၊ တကယ့် အန္တရယ်ကတော့ သီးသန့် လူတန်းစားတစ်ရပ်ဟာ အုပ်ချုပ်ဖို့ အရည်အချင်းမမီတဲ့ အကြောင်းကိစ္စ မဟုတ်ပေဘူး ။ တကယ်ဖြစ်နေတာက ရှိရှိသမျှ သီးသန့် လူတန်းစား အုပ်စု ဆိုသူတိုင်းဟာ အုပ်ချုပ်ဖို့ ဘယ်အတန်းအစားကမှ အရည်အချင်း မမှီကြဘူး လေကွဲ့ ။ လောကပါလ တရားဆိုတဲ့ လွတ်လပ်မှုဟာ သည်မှာ အခရာ ကပေပဲ ။ အဲသည် လောကပါလ တရားထွန်းကားမှုသည် သာလျှင် လူမျိုးတစ်မျိုးက နောက်လူမျိုး တစ်မျိုးကို၊ ယုံကြည်မှု တစ်ခုက နောက်ယုံကြည်မှုတစ်ခုကို၊ အတန်းအစားတစ်ခုက နောက်အတန်းအစား တစ်ခုကို စိုးမိုးနယ်ချဲ့တာမျိုးတွေ အပြီးဖယ်ရှင်းပေး နိုင်သဟဲ့၊ မာရီရဲ့”

ည. သည်လိုမျိုး အခွင့်ရေး အသာစီး ရယူဖို့ အတွက် မူရင်း လွတ်လပ်ခြင်းကို စွန့်လွှတ်ပစ်သည် ဆိုသည်မှာ ကျွန်တော်တို့လို သဟံဇာတ ကျိန်စာ (resource curse) ထိသော နိုင်ငံတို့တွင် လွန်စွာ ထင်ရှားပါသတည်း။ နိုင်ငံရေးသိပ္ပံ ပညာရပ် ဝေါဟာရ အားဖြင့် သဟံဇာတ ပေါကြွယ်ဝသလောက် သဟံဇာတ ထောင်ချောက် (resource trap) ထဲသို့ ကျရောက်သွားသော နိုင်ငံတို့၏ နိုင်ငံရေး နှင့် စီးပွားရေး နယ်ပယ်တို့တွင် တူညီစွာ ဖောက်ပြန်ကြသော အမူအယာကို  rent-seeking ဟု ခေါ်လေ့ရှိပြီး မြန်မာလိုပြန်မည်ဆိုလျှင် အနှစ်အားဖြင့် “ပြည်သူပိုင်ပစ္စည်း ငါ့ပစ္စည်းဆိုပြီး လုပ်ဖို့ ကြိုးစား ကြသော ပြဿနာ” ပေတည်း။
           
            သည်ကိစ္စ rent seeking သည် လက်ရှိမြန်မာပြည်၏ အရင်းမူလ ပြဿနာ ဖြစ်ပြီး မြန်မာပြည်၏ ပြဿနာကို လူမျိုးရေး တိုင်းရင်းသားရေး ဟု အမည်မှားခေါ်ပြီး လမ်းလွဲမြင်နေကြတာကို ဖြေဖျောက်နိုင်ဖို့ ကျွန်တော် အခြေခံတကျ သည်ကိစ္စကို ရှင်းပြလိုပါသည်။ သည်နေရာမှာ rent ဆိုတာဟာ ပုဂ္ဂလိက သီးသန့်အနေဖြင့် (စတိုးဆိုင် ပိုင်သလိုမျိုး) မပိုင်နိုင်သော လုပ်ငန်းမျိုးကို ရည်ညွန်း၍ များသောအားဖြင့် ရေနံ၊ သဘာဝဓာတ်ငွေ့ ကျောက်မီးသွေးတို့ စသော သဟံဇာတ ထုတ်လုပ်ရေး လုပ်ငန်းများကို ခေါ်ပါသည်။ အဲသလို အပြီးအပြတ် ကိုယ်ပိုင်လုပ်ငန်း မလုပ်နိုင်သော သဟံဇာတ ထုတ်လုပ်ရေးကို လုပ်မည်ဆိုလျှင် စီးပွားရေးလုပ်ငန်းရှင် (ကော်ပိုရေးရှင်း) တို့သည် နိုင်ငံတော်ထံမှ (rent) အဌားယူပြီး တော့သာ လုပ်ရပါသည် ။ ထိုအခါတွင် နိုင်ငံတော်ဆိုသည်မှာ နိုင်ငံရေးလုပ်ငန်းစဉ်တို့ နှင့် ဆက်စပ်နေရကား အဲသည် အဌားချ လုပ်ငန်းကို လုပ်လိုသူသည် နိုင်ငံရေးလုပ်ငန်းစဉ်ကို မိမိလိုရာဖက်သို့ ဆွဲယူသည့် သဘော (ဝါ) နိုင်ငံရေးလုပ်ငန်းစဉ်ထဲမှာ အဌားရရန် ရှာဖွေခြင်း (seeking) ကို အကြောင်းပြု၍ rent-seeking ဟု ခေါ်ယူခြင်းပေတည်း။ အဲသမှာ အဌားချလုပ်ငန်းမှ ပြန်ဝင်မည့် ဝင်ငွေမှာ တိုင်းဆမသိ ကြီးမားရကား ထို rent-seeking လုပ်ငန်းစဉ်ဆက်ကြီးထဲတွင် အစိုးရဆိုသူများ၊ နိုင်ငံရေးသမားများ၊ ပြည်တွင်း အရင်းရှင်များ၊နိုင်ငံတကာ ကော်ပိုရေးရှင်းများ နှင့် နယ်ခံတိုင်းရင်းသားများတို့သည် ဥစ္စာနောက်လိုက် ဖောက်ပြန်ကုန်ကြခြင်းပေတည်း။
            ဟုတ်ကဲ့၊ ဥစ္စာနောက်လိုက် ဖောက်ပြန်ကုန်ခြင်း ဆိုတာကတော့ ဟုတ်ပါပြီ။ ကပေမယ့် ခုနင် နင်ပြောတဲ့ “သည်လိုမျိုး အခွင့်ရေး အသာစီး ရယူဖို့ အတွက် မူရင်း လွတ်လပ်ခြင်းကို စွန့်လွှတ်ပစ်သည်” ဆိုတာ ဘာဆိုင်လို့လဲလို့ မေးစရာ ရှိပါသည်။ သည်ကိစ္စအတွက် စင်စစ် မူရင်းပညာရှင်က သူ့စာအုပ်တွင် ဆိုလိုထားသော အနှစ်သာရ ဖြစ်ပြီး ပြန်ဆိုသူမှလည်း ခေါင်းစီးတွင် ယူသုံးထားသည့် “ အကြွင်းမဲ့ လွတ်လပ်သော” မှ  ရုတ်တရက် နားလည်လက်ခံဖို့ ခက်သည့် “အကြွင်းမဲ့” ဆိုသော စကားလုံး၏ သဘောသဘာဝကို ဖွင့်ဆိုပြပြီးလျှင် ရှင်းလင်းသွားပါလိမ့်မည်။
            “အကြွင်းမဲ့” လွတ်လပ်ခြင်းဟု ဆိုရာဝယ် ဆိုလိုချက်မှာ နှစ်ပိုင်းရှိပါသည်။ ပထမဆိုလိုချက်မှာ မည်သူတစ်ဦးတစ်ယောက်မှ ခြွင်းချန်ထားခြင်း မရှိသော လူတစ်ဦးချင်း၏ လွတ်လပ်ခြင်း ဖြစ်ပြီး ဒုတိယဆိုလိုချက်မှာ မည်သည့် တစ်ခြားတစ်ပါးသော ပိုကောင်းပါသည် ဆိုသည့် (အုပ်စုဖွဲ့) လွတ်လပ်ခြင်းတို့က မူရင်းအခြေခံ နှင့် အရေးကြီးဆုံး လူတစ်ဦးချင်း၏ လွတ်လပ်ခြင်းကို လာပြီးလွှမ်းမိုးနိုင်ခြင်း မရှိခြင်းအားဖြင့် အားလုံးအတွက် ထို တစ်မျိုးတည်းသာရှိသော (မည်သည့်အကြွင်း မည်သည့်ထပ်ပြီး လွတ်လပ်ခြင်းဟူ၍ မရှိသော) လွတ်လပ်ခြင်းကို အခြေခံဥပဒေမှ ဖော်ဆောင်ထားခြင်း ပေတည်း။ ထို့ကြောင့် သီးသန့်အုပ်စု အဖွဲ့တစ်ဖွဲ့သည် ကျန်သူတို့ထက် ပိုပြီး လွတ်လပ်ပါသည်ဆိုပြီး ဖော်ဆော်ထားသော အခြေခံဥပဒေမျိုးဟူသည် စစ်မှန်သော အခြေခံဥပဒေ၏ စံနှင့် အကြုံးမဝင်၊ အခြေခံ ဥပဒေ မဟုတ်။
ဥပမာအားဖြင့် အကြွင်းမရှိ လွတ်လပ်သဖြင့် စံဝင်သော အခြေခံဥပဒေတွင် မရှိနိုင်သည့် စာသားမျိုးမှာ နိုင်ငံတော်သည် “ကလေးသူငယ် နှင့် အမျိုးသမီးတို့ကို စောင့်ရှောက်ပါမည်” ဟူသော စာသားမျိုးပေတည်း။ လူတစ်ဦးချင်း လွတ်လပ်မှု မှ လွဲ၍ မည်သည့်  အုပ်စုတစ်ဖွဲ့၏ လွတ်လပ်ခြင်းကိုမှ “ပို”မပေးနိုင်သော အခြေခံဥပဒေတွင် ထိုသို့ ရုတ်တရက်ကြည့်လျှင် လက်ခံနိုင်ဖွယ် ဖြစ်ပုံရသည့် ကိစ္စကို စေတနာဖြင့် ထည့်သွင်းလျှင်ပင် အဲသည်စေတနာသည် ရူးမိုက်ခြင်းပေတည်း။ ထို့ထက် ပုဂ္ဂိုလ် အစုအဖွဲ့ တစ်စုံတစ်ရာ၏ ရည်ရွယ်ရာ လမ်းဆုံးပန်းတိုင်ကို ရယူရန် ကြိုပြီးတွက်ဆမြင်ထားသဖြင့် ပုဂ္ဂိုလ် တစ်စုတစ်ဖွဲ့သည် ပိုပြီး လွတ်လပ်ပိုင်ခွင့် ရှိပါသည် ဟု တိတိကျကျ စေတနာဖြင့် ထည့်သွင်းချုပ်ဆိုသော အခြေခံဥပဒေမျိုးသည်ကား ကျပ်မပြည့်သူ ဒါမှမဟုတ်လည်း ကလိန်ကကျစ် လုပ်လိုသလောက် ဦးနှောက်မရှိသောသူတို့က ဆွဲထားသော ဥပဒေမျိုး သာတည်း။
            ထို့ကြောင့် လူတစ်ဦးချင်း လွတ်လပ်ခြင်းမှ လွဲ၍ ပုဂ္ဂိုလ် အဖွဲ့အစည်း တစ်စုံတစ်ရာ၏ လွတ်လပ်ခြင်းကို ရှေ့တန်းတင်လာသော ကိစ္စမျိုးသည် လူတစ်ဦးချင်း၏ လွတ်လပ်ခြင်းကို  အမြဲ  ဆုတ်ယုတ်စေစမြဲ သာတည်း။ ဤ အခန်း၏ ရှေ့ဆုံးတွင် ကိုးကားထားသော အေဘရာဟမ် လင်ကွန်း၏ အဆိုအမိန့်မှ ဆိုသလို ထိုလွတ်လပ်ခြင်း နှစ်မျိုးသည် ယှဉ်တွဲ၍ နေနိုင်အံ့သော အကြောင်းသည်လည်း မဟုတ်၊ ဟိုင်းရက်မှ အကျယ်တဝင့် ရှင်းပြသလို လဲလှယ်ရန် ကြံစည်အပ်ရာသော အကြောင်းသည်လည်း မဟုတ်။ အခြေခံဥပဒေဟူသည် အစဉ် အကြွင်းမဲ့သာတည်း။ မည်သူကိုမှ ခြွင်းချန်ထားခြင်းလည်း မရှိ။ မည်သူကမှလည်း လောကဓမ္မကို ထိန်းသိမ်းရန် တာဝန်ပေးဖို့ကလွဲပြီး ပိုပြီး တစ်စုံတစ်ရာ ရယူရန်လည်း မရှိ။ လောကဓမ္မနှင့် ညီသော ဘာမဆိုကို ရယူနိုင်သလောက် မည်သူကမှ ၄င်းထံမှ ဘာမှ ရစရာ မရှိသော သဘောသည် အခြေခံဥပဒေ၏ ပဓာန လက္ခဏာပေတည်း။
            ဟုတ်ပါပြီ၊ အခြေခံဥပဒေ နှင့် ငြိစွန်းသည် ဆိုတာကတော့ မှန်ပါသည်။ သို့ကလို ပေမယ့် ဥပဒေကို  ကိုယ်လိုချင်တဲ့ လိုင်းထဲရောက်အောင် ဆွဲယူတာမျိုးဟာ ဒီမိုကရေစီ ထွန်းကားသော နိုင်ငံကြီးတို့တွင်ပင် တွေ့ရတာပဲ၊ ဒါကြောင့် rent-seeking ဟာ စီးပွားရေး သဘောဖြစ်စဉ်သက်သက်သာ ဖြစ်ပါသည်၊ လူတစ်ဦးချင်း၏ လွတ်လပ်ခြင်းကို လျော့ပါးသွားစေလိမ့်မည် ဟု မထင်ပါ ဟု တစ်စုံတစ်ဦးသည် ထပ်ပြီး ငြင်းခုံနိုင်ပါသည်။ ထို သံသယကို ဆက်လက်ဖြေရှင်း ပြပါအံ့။
ဟုတ်ကဲ့၊ ဥပဒေကို ကိုယ်လိုချင်တဲ့ လိုင်းရောက်အောင် ဆွဲကြသည် ဆိုသော ဖြစ်အင်တွင် ဖြစ်တာကတော့ မှန်ပါသည်။ သို့သော် ထိုသို့ ဆွဲခြင်းသည် အခြေခံဥပဒေ ၏ ပဓနသဘောတရားဖြစ်သည့် “အကြွင်းမဲ့” သဘောကို လွန်ဆန်ခြင်း မရှိဘဲ လောကဓမ္မကို ပုံဖော်မှု ပိုမိုကောင်းစေရန် အတွက်ဟူသော ရည်ရွယ်ချက်ဖြင့်သာ ဆွဲရပါသည်။ ပြခဲ့သောလောကဓမ္မ၏ ပိုမိုတိုးတက်ထွန်းကားစေရန် ရည်ရွယ်ချက်မှအပ ဥပဒေကို မည်သည့် အကြောင်းနှင့်မှ သီးသန့် အဖွဲ့အစည်း တစ်စုံတစ်ရာ၊ သီးသန့် လူအုပ်စုတစ်စု ၏ သီးသန့် ကောင်းကျိုး တစ်စုံတစ်ရာရရန် ရည်ရွယ်ချက်ဖြင့် ဆွဲနိုင်ပိုင်ခွင့် ဘယ်ခါမှ မရှိ။ ဥပဒေတိုင်းသည် ရှေ့ဆုံးကလာသော အခြေခံဥပဒေက ဦးတိုက်ထားသည့် လောကဓမ္မကို ဦးတိုက်၍သာလျှင် “အကြွင်းမဲ့” ဆိုသော သဘောတရားကို အခြေခံ ရေးဆွဲရပါသတည်း ။ အကြွင်းမဲ့ ဟူသော လောကဓမ္မ သဘောသည်ကား ဥပဒေရေးဆွဲသူသည် နောင်လာမည့် အချိန်မှာ ပေါ်ပေါက်လာမည့် သူများ နှင့် မိမိ မြင်ပင်မမြင်ဘူး ကြားမျှပင် မကြားစဘူးသော သူများသည်ပင် အကြွင်းမဲ့ တန်းတူပါဝင်သော လက္ခဏာပေတည်း။ ထို့ကြောင့် သီးသန့် အဖွဲ့အစည်း၊ လူအုပ်စု တစ်စုံတစ်ရာ၏ ကောင်းကျိုးပန်းတိုင်ကို မလွဲမရှောင်သာလို့ မေတ္တာကရုဏာဖြင့် ပညာအသိရှိရှိ ရှေးရူရပါသည် ဆိုသော ဥပဒေပြုလုပ်ငန်းစဉ် တိုင်းသည် လောကဓမ္မကို ဖောက်ဖျက်ခြင်းသာဖြစ်၍ အခြေခံဥပဒေကို ချိုးဖောက်ခြင်း ပေတည်း။ အမေရိကန် ပြည်ထောင်စုတွင် Superme Court ၏ တာဝန်မှာ ထိုသို့  ပညာ ကရုဏာဖြင့် ပြည့်စုံ၍သာ ပြုရပါသည် ဟူသော ဥပဒေတစ်ရပ်သည် တကယ့်အနှစ်သာရတွင်  အခြေခံဥပဒေမှ ပြောထားသော အကြွင်းမဲ့ ဆိုသော သဘောကို ချိုးဖောက်နေတာလားဟု အမြဲ သံသယထား စစ်ဆေး ဆုံးဖြတ်ပေးရခြင်း ပေတည်း။
သို့ဆိုလျှင် ရှင်းလောက်ပါပြီ။ မာဖီးယား လက်ဝေခံ မွေးလိုသော စစ်အစိုးရသည် နောင်အခါတွင် တိုင်းရင်းသား အခွင့်အရေးဆိုပြီး မာဖီးယားနယ်မြေတို့ကို ခြမ်းလျှင်လည်း ခြမ်းရာ၏ ။ သဟံဇာတ ထုတ်ဝေရေး လုပ်ငန်းအချို့ကို ဆင်သတ် အရပ်ဝေလည်း လုပ်လိုက လုပ်ရာ၏ ။ လက်ရှိ မာဖီးယား ဖြစ်နေသော သို့မဟုတ်လည်း မာဖီးယား ဖြစ်ဖို့ ရှေးရူနေသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တို့သည် (ပြန်ဆိုသူ အမြင်အားဖြင့် ထို တိုင်းရင်းသား အဖွဲ့တို့သည် မည်သို့နည်းနှင့်မှ မရှိဆင်းရဲ တိုင်းရင်းသား တစ်ရပ်လုံးကိုလည်းကောင်း၊ အများစုကိုလည်းကောင်း ကိုယ်စားပြုသူတို့ မဟုတ်) လည်း တရားဝင် rent-seeking အမျိုးမျိုးတို့ကို လုပ်လေရာ၏ ။ မိမိ မျက်နှာမွဲပြည်သူသည် အမှန်တကယ် အကြွင်းမဲ့လွတ်လပ်လာသလား၊ မလာဘူးလား ဆိုတာကို ဤ စာမှရသော အသိဖြင့် ကောင်းစွာ သတိချပ်ကြပါကုန်။ မည်သို့နည်းနှင့်မှ စံတော်ဝင် အခြေခံဥပဒေနှင့် အခုဥပမာ ပြလိုက်သော လုပ်ရပ်တို့သည် တရားဝင်ခြင်း မရှိ။ စင်စစ် အဲသလိုမျိုးလုပ်ရပ်တို့သည် အစိုးရနှင့် အစိုးရနှင့် ဆက်နွယ်နေသော လူပေါင်းစုံတို့က ဥပဒေကို ချိုးဖောက်ခြင်း၊ တစ်နည်း အနှစ်သာရအားဖြင့် ငါတို့ နိုင်ငံတွင် “ The Rule of Law” မရှိခြင်းသာတည်း။
နောက် အရေးကြီးဆုံး တစ်ချက်မှာ အပင်ပန်း တိုင်းရင်းသား အခွင့်အရေး (minority rights) ဆိုသည်ထက် တို့ မြန်မာစစ်တပ်သည် လက်နက်ကိုင်သဖြင့် နေစားထိုင်စား မဟားတရား ချောင်သာ၍လာသလို တိုင်းရင်းသား အဖွဲ့ ဆိုသည်တို့မှာလည်း ထို့အတူပင် လက်နက်ကိုင်၍ နေလျှင် နေစားထိုင်စား လွန်စွာချောင်သာသည်ဟု အတွေးဝင်နေခြင်း၊ လက်နက် ဆက်ကိုင်၍ အဲသလိုပဲ နေစားထိုင်စား ဆက်ပြီး ချောင်လည်လိုခြင်း ဆိုသည့် အခြေခံ စိတ်စေတနာကို သိမြင်ရေးပေတည်း။ ကွဲပြားစွာ သိအပ်သည်မှာ တိုင်းရင်းသားအရေးဟူသည်မှာ လက်နက်ကိုင်ပြီး ချောင်လည်လိုသော တိုင်းရင်းသားတစ်စု တစ်ဖွဲ့၏ အရေး လုံးဝ မဟုတ်။ တိုင်းရင်းသား အားလုံး၏ အရေးပေတည်း။ တိုင်းရင်းသားအားလုံး၏ အရေးဆိုသော်မှ မပြည့်စုံ ချို့ယွင်းလွဲမှား နေပါသေး၏ ။ တကယ်တော့ လူတစ်ဦးချင်း၏ ခြွင်းချက် မရှိသော လွတ်လပ်ရေးပေတည်း။ တပ်မတော်၏ တာဝန်ဆိုသည်မှာ အဲသည် လူတစ်ဦးချင်း ခြွင်းချက်မရှိသော လွတ်လပ်ရေးကို ကာကွယ်ပေးထားသည့် အခြေခံဥပဒေကို သီးသန့် လူတစ်စုတစ်ဖွဲ့က လက်နက်ကိုင်ပြီး ဆန့်ကျင်ခြင်းကို အင်အားသုံး ဖြေရှင်းရန် ကိစ္စသက်သက်တည်း။ ထို့ကြောင့် သီးသန့် လူတစ်စုတစ်ဖွဲ့သည် လက်နက်စွဲကိုင်လာလျှင် အဲဒါ တပ်မတော်သည် ယင်းသီးသန့် လူစုလူဖွဲ့ မှ အကြွင်းမဲ့ လက်နက်ချ၍ ဥပဒေဘောင်ထဲသို့ ဝင်ဖို့ အင်အားသုံးဖြေရှင်းရန် တာဝန်ရှိခြင်းသည် တပ်မတော်၏ အသက် မွေးဝမ်းကျောင်း ပေတည်း။ အဲသည် ကိုယ်လုပ်ရမည့် ပင်ကို အသက်မွေးဝမ်းကျောင်း အလုပ်ကို မလုပ်၊ လက်နက်ကိုင်စွဲထားသော အစုအဖွဲ့တွေ နှင့် ငြိမ်းချမ်းရေးဆိုပြီး လုပ်နေခြင်းသည် အဲဒါ တာဝန်မဲ့ ထင်ရာလုပ်နေတာ ဖြစ်သလို မရှိးသားမှု အစင်းပေတည်း။ သေချာစွာ အတည်ပြု ပြောလိုက်ပါ၏ ။ တိုင်းရင်းသား အဖွဲ့အစည်း တစ်စုံတစ်ရာသည် ခြွင်းချက်မဲ့ လက်နက်ချခြင်းသည်သာလျှင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ၏ ဦးတည်ရာဖြစ်၏ ။ ထိုသို့ မဟုတ်ဘဲ လက်နက်စွဲကိုင်ထားမည်ဆိုလျှင် တပ်မတော်၏ တာဝန်သည် အင်အားသုံးဖြေရှင်း ရမည်သာတည်း။ အဲသလို အသိမရှိ၊ နိုင်ငံရေးရာ နှင့် ဥပဒေ အခြေခံရေးရာတွေကို နားမလည်ဘဲ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေပါ ဆိုပြီး ဦးနှောက်မရှိဘဲ ထင်ရာလျှောက်လုပ်လျှင် နောင်အနာဂါတ်မြန်မာပြည်တွင် ဗမာလူမျိုးက အပ်တိုတစ်ချောင်းပင် မကိုင်နိုင်ဘဲ အခွင့်အရေး မရ၊ ဖိနှိပ်ခံရတဲ့ တိုင်းရင်းသားတွေပါ ခင်ဗျ ဆိုသူတို့က ညူးကလီးယား ဗုံး ပင် ထုတ်လာမည့် ကိစ္စပေတည်း။

ဋ. (ဈ) မှာ ပြသော တပ်မတော်၏ အသက်မွေးဝမ်းကျောင်း တာဝန်မှာ အင်အားသုံးဖြေရှင်းရန်ဖြစ်၏ သဘောနှင့်လည်း ဆက်စပ်စဉ်းစား ကြပါကုန်။ နိုင်ငံတစ်ခုတွင် အင်အားသုံး ဖြေရှင်းနိုင်မှုမှာ တပ်မတော် တစ်ခုတည်းကသာ လက်ဝါးကြီးအုပ်ထား ရမည်ဖြစ်၏ ။
            မြန်မာ အများပင် မသိကြသော်လည်း နယ်များစွာတွင် ငြိမ်းချမ်းရေး လက်နက်ကိုင် အဖွဲ့ဆိုသူတို့မှ ပေါ်ပေါ်ထင်ထင်ဖြစ်စေ၊ သွယ်ဝိုက်၍  ဖြစ်စေ နေ့စဉ် နှိပ်စက်ခံရသော တိုင်းရင်းသား ပြည်သူတို့များစွာ ရှိကုန်၏ ။ ငါတို့ မြန်မာ့တပ်မတော်လောက် အလုံးလိုက်အရင်းလိုက် မနှိပ်စက်၍သာ နိုင်ငံတကာ သတင်းတွေမှာ မပါပါ သတည်း။ စင်စစ် နိုင်ငံတစ်နိုင်ငံတွင် အဲသလိုမျိုး အင်အားသုံးနိုင်သော အစိုးရဟူသည် တစ်ဖွဲ့တည်းသာ ရှိရ၏  ။ နယ်မှ များစွာသော ပြည်သူတို့မှာ အစိုးရ လေးငါးဖွဲ့နှင့် နေနေရသလို ဖြစ်၏ ။ ဥပမာ တစ်နယ်တည်းမှာပင် DKBA, KNU, NMSP စသဖြင့် တရားဝင်လက်နက်ကိုင် အာဏာရှိသူ သုံးဖွဲ့မက ဖြစ်နေခြင်း ပေတည်း။ ထိုသို့ အစိုးရ လေးငါးဖွဲ့ ဖြစ်နေခြင်းသည် မျက်နှာမွဲပြည်သူတစ်ဦးမှာ ရှေ့ကို ခန့်မှန်းနိုင်မှုမှာ လုံးဝ ဝေဝါးနေစေရကား လူတစ်ဦးချင်း၏ တိုးတက်ရင်းဆောင်နိုင်သော စီးပွားကုန်ထုတ်မှုတို့ များစွာ ကျဆင်းစေ၊ မိသားစုများစွာ၏ လူမှုဘဝကိုလည်း များစွာ ထိခိုက်စေသော ပဓာန ကိစ္စပေတည်း။ အကြွင်းမဲ့ လွတ်လပ်ခြင်း ဆိုတာ ဘယ်လောက် အရေးကြီးတယ်ဆိုတာနှင့် ပတ်သက်ပြီး မြန်မာ စစ်အစိုးရ၏ လွဲမှားသော အယူအဆ၊ မူဝါဒ ဦးတည်မှုတို့မှ ယနေ့ထက်တိုင် ကာလရှည်ကြာစွာ ဖြစ်ပေါ်နေသော ပြဿနာတို့နှင့် ယှဉ်ထိုးလေ့လာပြီး သိမြင်ကြပါကုန်။

Also check:
Google search key words: wisdom compassion or compassion wisdom

No comments:

Post a Comment